La Liga

ဘာစီလိုနာမှာ ရှိစေချင်တဲ့ သရဲနီကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ရာဖင်ညာ

ရာဖင်ညာက ဘာစီလိုနာအသင်း ခေါ်ယူစေချင်တဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားတစ်ဦးရဲ့နာမည်ကို ယူရိုပါလိဂ် Play-off ပွဲစဉ် ပထမအကျော့မတိုင်ခင် ပြောပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ယနေ့ည နူးကမ့်မှာ ဘာစီလိုနာအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး တစ်ချိန်တုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ထွန်းလင်းစေခဲ့တဲ့ ကြယ်ပွင့်ကစားသမားတွေ ပြည့်နှက်နေခဲ့တဲ့ ပွဲစဉ်အဖြစ် တွေ့ဆုံခဲ့ဖူးတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ဗစ်တိုးရီးယား ပလာဇန်အသင်းကို အနိုင်ရရှိခဲ့ပေမယ့်လည်း အင်တာမီလန်နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့အထက်မှာ ရပ်တည်နိုင်ခြင်းမရှိခဲ့တဲ့နောက် ယူရိုပါလိဂ်ကို ဆင်းကစားခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးကတည်းက ဇာဗီရဲ့အသင်းဟာ ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ လာလီဂါမှတ်ပေးဇယား ထိပ်ဆုံးမှာ ၁၁ မှတ်အသာနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။

ယခုရာသီချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ တန်ဟက်လက်အောက်မှာ ပြန်လည်သက်ဝင်လာနေပြီး သရဲနီတွေဟာ ကာရာဘောင်းဖလားဗိုလ်လုပွဲကို တက်ရောက်ထားနိုင်ခဲ့ပြီးဖြစ်တာကြောင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံး ဆုဖလားကို ကိုင်မြှောက်သွားဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ ယနေ့ညမှာ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ကြီးမားတဲ့ ယူရိုပါလိဂ်ရှုံးထွက်အဆင့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေတာဖြစ်ပြီး ဘာဆာတောင်ပံကြယ်ပွင့် ရာဖင်ညာက ၎င်းရဲ့ဘရာဇီးလ်လက်ရွေးစင်အသင်းဖော် ကာစီမီရိုကို နူးကမ့်မှာ ရှိနေစေချင်တယ်လို့ ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကိုယ့်လူ။ ကာစီမီရိုက ကျွန်တော့်မိသားစုတွေနဲ့ သူငယ်ချင်းတွေကို အမြဲတမ်း ပြောဖြစ်တဲ့ ကစားသမားပါ။ သူက ကျွန်တော့်အသင်းမှာ ရှိစေချင်တဲ့ ကစားသမားမျိုးပါ။ ဘောလုံးလောကမှာ သူ ရရှိထားတဲ့ အတွေ့အကြုံတွေနဲ့ အောင်မြင်မှုတွေအားလုံးအပြင် သူက အရမ်းတော်တဲ့ ခေါင်းဆောင်ပါ။ အရမ်းတော်တဲ့ ပုဂ္ဂိုလ်ပါ။ သူ့မှာရှိတဲ့ အရည်အသွေးနဲ့ အသင်းကို ပြီးပြည့်စုံအောင် လုပ်ပေးနိုင်တယ်။ ကျွန်တော့်အတွက်တော့ သူက ကမ္ဘာပေါ်က အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားတွေထဲက တစ်ဦးပဲ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကာစီမီရိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၇၀ နဲ့ ရီးရဲလ်မက်ဒရစ်ကနေ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တဲ့ကစားသမားဖြစ်ပြီး ဘာစီလိုနာရဲ့ အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်မှာ ဆယ်စုနှစ်တစ်ခုနီးပါး အချိန်ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် လျင်လျင်မြန်မြန် သက်သေပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရာဖင္ညာက ဘာစီလိုနာအသင္း ေခၚယူေစခ်င္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကစားသမားတစ္ဦးရဲ႕နာမည္ကို ယူ႐ိုပါလိဂ္ Play-off ပြဲစဥ္ ပထမအေက်ာ့မတိုင္ခင္ ေျပာျပခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ယေန႔ည ႏူးကမ့္မွာ ဘာစီလိုနာအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး တစ္ခ်ိန္တုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ထြန္းလင္းေစခဲ့တဲ့ ၾကယ္ပြင့္ကစားသမားေတြ ျပည့္ႏွက္ေနခဲ့တဲ့ ပြဲစဥ္အျဖစ္ ေတြ႕ဆုံခဲ့ဖူးတာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းဟာ ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ေနာက္ဆုံးပြဲစဥ္မွာ ဗစ္တိုးရီးယား ပလာဇန္အသင္းကို အႏိုင္ရရွိခဲ့ေပမယ့္လည္း အင္တာမီလန္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕အထက္မွာ ရပ္တည္ႏိုင္ျခင္းမရွိခဲ့တဲ့ေနာက္ ယူ႐ိုပါလိဂ္ကို ဆင္းကစားခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးကတည္းက ဇာဗီရဲ႕အသင္းဟာ ၿပိဳင္ပြဲစုံ ၁၆ ပြဲမွာ ရႈံးပြဲမရွိခဲ့ဘဲ လာလီဂါမွတ္ေပးဇယား ထိပ္ဆုံးမွာ ၁၁ မွတ္အသာနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။

ယခုရာသီခ်န္ပီယံလိဂ္ဝင္ခြင့္ကို လြဲေခ်ာ္ခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နည္းျပ တန္ဟက္လက္ေအာက္မွာ ျပန္လည္သက္ဝင္လာေနၿပီး သရဲနီေတြဟာ ကာရာေဘာင္းဖလားဗိုလ္လုပြဲကို တက္ေရာက္ထားႏိုင္ခဲ့ၿပီးျဖစ္တာေၾကာင့္ ၂၀၁၇ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ဆုဖလားကို ကိုင္ေျမႇာက္သြားဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။

ႏွစ္သင္းစလုံးဟာ ယေန႔ညမွာ ေတြ႕ဆုံယွဥ္ၿပိဳင္ရမယ့္ ႀကီးမားတဲ့ ယူ႐ိုပါလိဂ္ရႈံးထြက္အဆင့္ပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္ေနတာျဖစ္ၿပီး ဘာဆာေတာင္ပံၾကယ္ပြင့္ ရာဖင္ညာက ၎ရဲ႕ဘရာဇီးလ္လက္ေ႐ြးစင္အသင္းေဖာ္ ကာစီမီ႐ိုကို ႏူးကမ့္မွာ ရွိေနေစခ်င္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကိုယ့္လူ။ ကာစီမီ႐ိုက ကြၽန္ေတာ့္မိသားစုေတြနဲ႔ သူငယ္ခ်င္းေတြကို အၿမဲတမ္း ေျပာျဖစ္တဲ့ ကစားသမားပါ။ သူက ကြၽန္ေတာ့္အသင္းမွာ ရွိေစခ်င္တဲ့ ကစားသမားမ်ိဳးပါ။ ေဘာလုံးေလာကမွာ သူ ရရွိထားတဲ့ အေတြ႕အႀကဳံေတြနဲ႔ ေအာင္ျမင္မႈေတြအားလုံးအျပင္ သူက အရမ္းေတာ္တဲ့ ေခါင္းေဆာင္ပါ။ အရမ္းေတာ္တဲ့ ပုဂၢိဳလ္ပါ။ သူ႔မွာရွိတဲ့ အရည္အေသြးနဲ႔ အသင္းကို ၿပီးျပည့္စုံေအာင္ လုပ္ေပးႏိုင္တယ္။ ကြၽန္ေတာ့္အတြက္ေတာ့ သူက ကမာၻေပၚက အေကာင္းဆုံးကြင္းလယ္ခံစစ္ကစားသမားေတြထဲက တစ္ဦးပဲ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကာစီမီ႐ိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၇၀ နဲ႔ ရီးရဲလ္မက္ဒရစ္ကေန မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ကစားသမားျဖစ္ၿပီး ဘာစီလိုနာရဲ႕ အဓိကၿပိဳင္ဘက္ ရီးရဲလ္မက္ဒရစ္မွာ ဆယ္စုႏွစ္တစ္ခုနီးပါး အခ်ိန္ကုန္ဆုံးခဲ့တာ ျဖစ္ပါတယ္။ ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ဟာ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အေရးအပါဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ လ်င္လ်င္ျမန္ျမန္ သက္ေသျပသႏိုင္ခဲ့သူ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.