La Liga

ဒိုင်ကို လာဘ်ထိုးခဲ့လို့ တန်းဆင်းပြစ်ဒဏ်ချမှတ်ခံရနိုင်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ စပိန်ဒိုင်ကော်မတီ ဒုဥက္ကဌကို ယူရို ၁.၄ သန်း ပေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီးနောက် ပြင်းထန်တဲ့ အပြစ်ပေးမှုတွေ ခံရဖွယ်ရှိနေပါတယ်။

စပိန်သတင်းဌာန Cadena SER ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ဘာတိုမြူ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ကာလအတွင်း ဒိုင်လူကြီးကော်မတီ ဒုဥက္ကဌဟောင်း ဟိုဆေး မာရီယာ အန်နရီကက်ဇ် နက်ဂရေရာကို ငွေပေးချေမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတယ်လို့ သိရပါတယ်။ ဘာတိုမြူက စုစုပေါင်း ၃ ကြိမ်အထိ ပေးချေခဲ့တဲ့ ပေးချေမှုဟာ တရားဝင်ပြီး ၂၀၀၃ ခုနှစ်ကတည်းက စတင်ပေးချေနေတာဖြစ်ပေမယ့်လည်း အသင်းရဲ့ ကုန်ကျစရိတ်ကို ဖြတ်တောက်ဖို့ လိုအပ်တာကြောင့် ရပ်ဆိုင်းသွားခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Cadena SER ရဲ့ Que t’hi jugues အစီအစဉ်အရ ၂၀၁၆ ခုနှစ်မှာ ယူရို ၅၃၂၂၇၈၊ ၂၀၁၇ ခုနှစ်မှာ ယူရို ၅၄၁၇၅၂၊ ၂၀၁၈ ခုနှစ်မှာ ယူရို ၃၁၉၂၀၀ လွှဲပြောင်းပေးခဲ့တယ်လို့သိရပြီး အဲဒီပေးချေမှုတွေကို အန်နရီကက်ဇ် နက်ဂရေရာနဲ့ ၎င်းရဲ့သားဖြစ်သူ တည်ထောင်ထားတဲ့ DASNIL 95 လို့ အမည်ရတဲ့ ကုမ္ပဏီကနေတဆင့် ပေးချေခဲ့တာလို့ The Atheletic က ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာဟာ စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ် ဒိုင်လူကြီး ကော်မတီရဲ့ ဒုဥက္ကဌဟောင်းကို ယူရို ၁.၄ သန်း ပေးချေခဲ့မှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ခံနေရတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီးနောက် ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ဘာအမှားအယွင်းမှ မလုပ်ထားဘူးလို့ ငြင်းပယ်တဲ့ ထုတ်ပြန်ကြေညာချက်ကို ထုတ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနည်းပြ ဇာဗီကလည်း လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး မေးမြန်းခြင်းကို ခံခဲ့ရပြီး လာလီဂါအမှတ်ပေးဇယားဦးဆောင်သူတွေ ရင်ဆိုင်နေရတဲ့ကိစ္စကို ကာကွယ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော် ဘောလုံးအပေါ်မှာပဲ အာရုံစိုက်ဖို့ ကြိုးပမ်းနေတယ်။ ဒါပေမယ့် ဒီအသင်းက ဒီလို ဇာတ်လမ်းမျိုးတွေ ရှိတတ်ပါတယ်။ ကျွန်တော်တို့ လူသိရှင်ကြားထုတ်ပြန်ကြေညာချက် ထုတ်ခဲ့တယ်လို့ ကျွန်တော့်ကို ပြောခဲ့ပြီး အသင်းက ပြောတာကို သိပါတယ်။ အဲဒါက ကျွန်တော် အသင်းကို မရောက်ခင်ကတည်းက နှစ်တွေတုန်းက ဖြစ်ပျက်ခဲ့တာလို့ ထင်ပေမယ့် ကျွန်တော် အမြဲတမ်း အဖွဲ့အစည်းကို ကာကွယ်သွားမှာပါ။ ကျွန်တော်တို့ အသင်းအတွင်းပိုင်း ရှုထောင့်ကနေ ဒိုင်လူကြီးတွေကို အမြဲတမ်း ခွဲခြမ်းစိတ်ဖြာပါတယ်။ သူတို့တွေ ပွဲကို ဘယ်လို ကိုင်တွယ်လဲနဲ့ သူတို့တွေက ဆက်သွယ်ပြောဆိုလို့ကောင်း၊ မကောင်းဆိုတာကို စစ်ဆေးပါတယ်။ ဒီလိုအရာတွေက ဟိုးအရင်ကတည်းက ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတွေဖြစ်ပေမယ့် အသင်းအတွင်းပိုင်း အဆင့်မှာပဲ လုပ်ဆောင်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဥက္ကဌ ယိုအန်း လာပေါ်တာကလည်း စွပ်စွဲမှုတွေအပေါ် တုံ့ပြန်ခဲ့ပြီး ပရိသတ်တွေအားလုံးကို အကုန်လုံး အဆင်ပြေပြေရှိတဲ့အကြောင်း အာမခံဖို့ ကြိုးပမ်းခဲ့ပါတယ်။ “ကျွန်တော် ဒါကို ဘာစီလိုနာ ပရိသတ်တွေကို ပြောတာပါ။ ဘာစီလိုနာက ကောင်းကောင်းလုပ်နိုင်နေတဲ့ ဒီလိုအချိန်မှာ ဒီစွပ်စွဲချက်တွေထွက်လာတာက တိုက်ဆိုင်မှုမဟုတ်ပါဘူး။ အဲဒါက တိုက်ဆိုင်မှုမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကြာသပတေးနေ့ နူးကမ့်မှာ ယူရိုပါလိဂ် Play-off ပွဲစဉ် ပထမအကျော့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းဟာ စပိန္ဒိုင္ေကာ္မတီ ဒုဥကၠဌကို ယူ႐ို ၁.၄ သန္း ေပးခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီးေနာက္ ျပင္းထန္တဲ့ အျပစ္ေပးမႈေတြ ခံရဖြယ္ရွိေနပါတယ္။

စပိန္သတင္းဌာန Cadena SER ရဲ႕ ေဖာ္ျပခ်က္အရ ဘာစီလိုနာဟာ ဘာတိုျမဴ ဥကၠဌအျဖစ္ ေဆာင္႐ြက္ခဲ့တဲ့ကာလအတြင္း ဒိုင္လူႀကီးေကာ္မတီ ဒုဥကၠဌေဟာင္း ဟိုေဆး မာရီယာ အန္နရီကက္ဇ္ နက္ဂေရရာကို ေငြေပးေခ်မႈ ျပဳလုပ္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရတယ္လို႔ သိရပါတယ္။ ဘာတိုျမဴက စုစုေပါင္း ၃ ႀကိမ္အထိ ေပးေခ်ခဲ့တဲ့ ေပးေခ်မႈဟာ တရားဝင္ၿပီး ၂၀၀၃ ခုႏွစ္ကတည္းက စတင္ေပးေခ်ေနတာျဖစ္ေပမယ့္လည္း အသင္းရဲ႕ ကုန္က်စရိတ္ကို ျဖတ္ေတာက္ဖို႔ လိုအပ္တာေၾကာင့္ ရပ္ဆိုင္းသြားခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Cadena SER ရဲ႕ Que t’hi jugues အစီအစဥ္အရ ၂၀၁၆ ခုႏွစ္မွာ ယူ႐ို ၅၃၂၂၇၈၊ ၂၀၁၇ ခုႏွစ္မွာ ယူ႐ို ၅၄၁၇၅၂၊ ၂၀၁၈ ခုႏွစ္မွာ ယူ႐ို ၃၁၉၂၀၀ လႊဲေျပာင္းေပးခဲ့တယ္လို႔သိရၿပီး အဲဒီေပးေခ်မႈေတြကို အန္နရီကက္ဇ္ နက္ဂေရရာနဲ႔ ၎ရဲ႕သားျဖစ္သူ တည္ေထာင္ထားတဲ့ DASNIL 95 လို႔ အမည္ရတဲ့ ကုမၸဏီကေနတဆင့္ ေပးေခ်ခဲ့တာလို႔ The Atheletic က ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာဟာ စပိန္ေတာ္ဝင္ေဘာလုံးအဖြဲ႕ခ်ဳပ္ ဒိုင္လူႀကီး ေကာ္မတီရဲ႕ ဒုဥကၠဌေဟာင္းကို ယူ႐ို ၁.၄ သန္း ေပးေခ်ခဲ့မႈအတြက္ စုံစမ္းစစ္ေဆးမႈေတြ ခံေနရတယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ၿပီးေနာက္ ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ဘာအမွားအယြင္းမွ မလုပ္ထားဘူးလို႔ ျငင္းပယ္တဲ့ ထုတ္ျပန္ေၾကညာခ်က္ကို ထုတ္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာနည္းျပ ဇာဗီကလည္း လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ေမးျမန္းျခင္းကို ခံခဲ့ရၿပီး လာလီဂါအမွတ္ေပးဇယားဦးေဆာင္သူေတြ ရင္ဆိုင္ေနရတဲ့ကိစၥကို ကာကြယ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္ ေဘာလုံးအေပၚမွာပဲ အာ႐ုံစိုက္ဖို႔ ႀကိဳးပမ္းေနတယ္။ ဒါေပမယ့္ ဒီအသင္းက ဒီလို ဇာတ္လမ္းမ်ိဳးေတြ ရွိတတ္ပါတယ္။ ကြၽန္ေတာ္တို႔ လူသိရွင္ၾကားထုတ္ျပန္ေၾကညာခ်က္ ထုတ္ခဲ့တယ္လို႔ ကြၽန္ေတာ့္ကို ေျပာခဲ့ၿပီး အသင္းက ေျပာတာကို သိပါတယ္။ အဲဒါက ကြၽန္ေတာ္ အသင္းကို မေရာက္ခင္ကတည္းက ႏွစ္ေတြတုန္းက ျဖစ္ပ်က္ခဲ့တာလို႔ ထင္ေပမယ့္ ကြၽန္ေတာ္ အၿမဲတမ္း အဖြဲ႕အစည္းကို ကာကြယ္သြားမွာပါ။ ကြၽန္ေတာ္တို႔ အသင္းအတြင္းပိုင္း ရႈေထာင့္ကေန ဒိုင္လူႀကီးေတြကို အၿမဲတမ္း ခြဲျခမ္းစိတ္ျဖာပါတယ္။ သူတို႔ေတြ ပြဲကို ဘယ္လို ကိုင္တြယ္လဲနဲ႔ သူတို႔ေတြက ဆက္သြယ္ေျပာဆိုလို႔ေကာင္း၊ မေကာင္းဆိုတာကို စစ္ေဆးပါတယ္။ ဒီလိုအရာေတြက ဟိုးအရင္ကတည္းက ကြၽန္ေတာ္တို႔ လုပ္ေဆာင္ေနတဲ့အရာေတြျဖစ္ေပမယ့္ အသင္းအတြင္းပိုင္း အဆင့္မွာပဲ လုပ္ေဆာင္ခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာဥကၠဌ ယိုအန္း လာေပၚတာကလည္း စြပ္စြဲမႈေတြအေပၚ တုံ႔ျပန္ခဲ့ၿပီး ပရိသတ္ေတြအားလုံးကို အကုန္လုံး အဆင္ေျပေျပရွိတဲ့အေၾကာင္း အာမခံဖို႔ ႀကိဳးပမ္းခဲ့ပါတယ္။ “ကြၽန္ေတာ္ ဒါကို ဘာစီလိုနာ ပရိသတ္ေတြကို ေျပာတာပါ။ ဘာစီလိုနာက ေကာင္းေကာင္းလုပ္ႏိုင္ေနတဲ့ ဒီလိုအခ်ိန္မွာ ဒီစြပ္စြဲခ်က္ေတြထြက္လာတာက တိုက္ဆိုင္မႈမဟုတ္ပါဘူး။ အဲဒါက တိုက္ဆိုင္မႈမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။ ဘာစီလိုနာအသင္းဟာ ၾကာသပေတးေန႔ ႏူးကမ့္မွာ ယူ႐ိုပါလိဂ္ Play-off ပြဲစဥ္ ပထမအေက်ာ့အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.