La Liga

နည်းပြ အန်ချယ်လော့တီရဲ့သစ္စာဖောက်ခံခဲ့ရတာကြောင့် အသင်းကထွက်တော့မယ့် ဟာဇက်

အီဒင် ဟာဇက်ဟာ ယခုလမှာ ၎င်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘယ်လ်ဂျီယမ်ကြယ်ပွင့် အီဒင် ဟာဇက်ဟာ ပုံမှန်ပွဲကစားချိန် ရရှိချင်နေတာကြောင့် ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲချင်နေတာဖြစ်ပြီး Mario Cortegana ရဲ့ဖော်ပြချက်အရ ဟာဇက်ဟာ ပွဲကစားချိန် လုံလုံလောက်လောက် မရရှိခဲ့တာကြောင့် နည်းပြ အန်ချယ်လော့တီရဲ့ သစ္စာဖောက်ခြင်းကို ခံခဲ့ရတယ်လို့ ခံစားနေရပြီး အီတလီလူမျိုးနည်းပြက ယခုရာသီမှာ ချဲလ်ဆီးကြယ်ပွင့်ဟောင်းကို ပွဲကစားချိန် ပိုမိုရရှိမှာဖြစ်တယ်လို့ ကတိပေးခဲ့ပေမယ့် အဲဒီလို ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

ကစားသမားနဲ့ နည်းပြကြားက ဆက်ဆံရေးကလည်း ပြိုလဲလာခဲ့တာကြောင့် ဟာဇက်ဟာ လက်ရှိမှာ ဘာနေဗျူးကနေ ထွက်ခွာဖို့ တွန်းအားပေးသွားတော့မှာဖြစ်ပေမယ့်လည်း နောက်ထပ် ပြောင်းရွှေ့မယ့်အသင်းကို မဆုံးဖြတ်ရသေးဘူးလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားကို ရရှိခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှာ အီဒင် ဟာဇက်ကို ပေါင်သန်း ၁၄၀ အထိ မြင့်တက်သွားနိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ ချဲလ်ဆီးအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။

အီဒင် ဟာဇက်က ရီးရဲလ်မက်ဒရစ်ကစားသမားဘဝဟာ အဆုံးသတ်တော့မှာဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းကို စွန့်ခွာဖို့ ကြိုးပမ်းခဲ့တယ်လို့ ပြောကြားခဲ့ပေမယ့်လည်း ဇန်နဝါရီမှာ ထွက်ခွာဖို့က မဖြစ်နိုင်ခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဇန်နဝါရီလမှာ အသင်းကို စွန့်ခွာဖို့က မဖြစ်နိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ မိသားစုရှိပြီး ဒီမြို့ကို နှစ်သက်လို့ပါ။ ဒါပေမယ့် နွေရာသီမှာ ကျွန်တော် သွားဖို့ ဖြစ်နိုင်ပါတယ်။ ကျွန်တော့်စာချုပ်က တစ်နှစ်ကျန်သေးပြီး အဲဒါက အသင်းရဲ့ဆုံးဖြတ်ချက်ပါ။ ရီးရဲလ်မက်ဒရစ်သာ ကျွန်တော့်ကို နွေရာသီမှာ ထွက်ရမယ်လို့ ပြောခဲ့ရင် ကျွန်တော် ထွက်မှာပါ။ ကျွန်တော် အဲဒါကို လက်ခံရပါလိမ့်မယ်”

“ဒါပေမယ့် ကျွန်တော် ပွဲပိုပြီး ကစားချင်ပါတယ်။ ကျွန်တော် ကစားနိုင်တယ်ဆိုတာကို ပိုပြီး ပြသချင်တယ်။ ကျွန်တော်က ကစားသမားကောင်းဆိုတာ ပြသချင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အနာဂတ် မရေမရာဖြစ်နေတဲ့ အီဒင်ဟာဇက်ကို ဥရောပထိပ်တန်းကြယ်ပွင့်တွေကို ခေါ်ယူဖို့ အနံ့ခံနေတဲ့ အယ်လ်နာဆာအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Football Mercato က ဖော်ပြခဲ့ပြီး ဆော်ဒီ ပရိုလိဂ်ကလပ်အသင်းနည်းပြ ရူဒီ ဂါစီယာဟာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ကို လီဂူးဝမ်းကလပ် လီလ်အသင်းမှာတုန်းက ပွဲဦးထွက်ခွင့်ပေးခဲ့ပြီး အလားအလာရှိတဲ့ လူငယ်ကြယ်ပွင့်တစ်ဦးအဖြစ် တိုးတက်အောင် နည်းပြပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီဒင္ ဟာဇက္ဟာ ယခုလမွာ ၎ရဲ႕ အနာဂတ္ကို ဆုံးျဖတ္ဖို႔အတြက္ ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႕ဆုံေဆြးေႏြးမႈ ျပဳလုပ္သြားဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ အီဒင္ ဟာဇက္ဟာ ပုံမွန္ပြဲကစားခ်ိန္ ရရွိခ်င္ေနတာေၾကာင့္ ရီးရဲလ္မက္ဒရစ္နဲ႔ လမ္းခြဲခ်င္ေနတာျဖစ္ၿပီး Mario Cortegana ရဲ႕ေဖာ္ျပခ်က္အရ ဟာဇက္ဟာ ပြဲကစားခ်ိန္ လုံလုံေလာက္ေလာက္ မရရွိခဲ့တာေၾကာင့္ နည္းျပ အန္ခ်ယ္ေလာ့တီရဲ႕ သစၥာေဖာက္ျခင္းကို ခံခဲ့ရတယ္လို႔ ခံစားေနရၿပီး အီတလီလူမ်ိဳးနည္းျပက ယခုရာသီမွာ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းကို ပြဲကစားခ်ိန္ ပိုမိုရရွိမွာျဖစ္တယ္လို႔ ကတိေပးခဲ့ေပမယ့္ အဲဒီလို ျဖစ္မလာခဲ့တာျဖစ္ပါတယ္။

ကစားသမားနဲ႔ နည္းျပၾကားက ဆက္ဆံေရးကလည္း ၿပိဳလဲလာခဲ့တာေၾကာင့္ ဟာဇက္ဟာ လက္ရွိမွာ ဘာေနဗ်ဴးကေန ထြက္ခြာဖို႔ တြန္းအားေပးသြားေတာ့မွာျဖစ္ေပမယ့္လည္း ေနာက္ထပ္ ေျပာင္းေ႐ႊ႕မယ့္အသင္းကို မဆုံးျဖတ္ရေသးဘူးလို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ခ်န္ပီယံလိဂ္နဲ႔ လာလီဂါဖလားကို ရရွိခဲ့ၿပီးေနာက္ ၂၀၁၉ ခုႏွစ္မွာ အီဒင္ ဟာဇက္ကို ေပါင္သန္း ၁၄၀ အထိ ျမင့္တက္သြားႏိုင္တဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ခ်ဲလ္ဆီးအသင္းကေန ေခၚယူခဲ့တာျဖစ္ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ထားခဲ့တာျဖစ္ပါတယ္။

အီဒင္ ဟာဇက္က ရီးရဲလ္မက္ဒရစ္ကစားသမားဘဝဟာ အဆုံးသတ္ေတာ့မွာျဖစ္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ၿပီး ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အသင္းကို စြန႔္ခြာဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ဇန္နဝါရီမွာ ထြက္ခြာဖို႔က မျဖစ္ႏိုင္ခဲ့ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ဇန္နဝါရီလမွာ အသင္းကို စြန႔္ခြာဖို႔က မျဖစ္ႏိုင္ခဲ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္မွာ မိသားစုရွိၿပီး ဒီၿမိဳ႕ကို ႏွစ္သက္လို႔ပါ။ ဒါေပမယ့္ ေႏြရာသီမွာ ကြၽန္ေတာ္ သြားဖို႔ ျဖစ္ႏိုင္ပါတယ္။ ကြၽန္ေတာ့္စာခ်ဳပ္က တစ္ႏွစ္က်န္ေသးၿပီး အဲဒါက အသင္းရဲ႕ဆုံးျဖတ္ခ်က္ပါ။ ရီးရဲလ္မက္ဒရစ္သာ ကြၽန္ေတာ့္ကို ေႏြရာသီမွာ ထြက္ရမယ္လို႔ ေျပာခဲ့ရင္ ကြၽန္ေတာ္ ထြက္မွာပါ။ ကြၽန္ေတာ္ အဲဒါကို လက္ခံရပါလိမ့္မယ္”

“ဒါေပမယ့္ ကြၽန္ေတာ္ ပြဲပိုၿပီး ကစားခ်င္ပါတယ္။ ကြၽန္ေတာ္ ကစားႏိုင္တယ္ဆိုတာကို ပိုၿပီး ျပသခ်င္တယ္။ ကြၽန္ေတာ္က ကစားသမားေကာင္းဆိုတာ ျပသခ်င္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ အနာဂတ္ မေရမရာျဖစ္ေနတဲ့ အီဒင္ဟာဇက္ကို ဥေရာပထိပ္တန္းၾကယ္ပြင့္ေတြကို ေခၚယူဖို႔ အနံ႔ခံေနတဲ့ အယ္လ္နာဆာအသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ Football Mercato က ေဖာ္ျပခဲ့ၿပီး ေဆာ္ဒီ ပ႐ိုလိဂ္ကလပ္အသင္းနည္းျပ ႐ူဒီ ဂါစီယာဟာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ကို လီဂူးဝမ္းကလပ္ လီလ္အသင္းမွာတုန္းက ပြဲဦးထြက္ခြင့္ေပးခဲ့ၿပီး အလားအလာရွိတဲ့ လူငယ္ၾကယ္ပြင့္တစ္ဦးအျဖစ္ တိုးတက္ေအာင္ နည္းျပေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.