Bundesliga Ligue1 Match Report

PSG အတွက် MNM ဘာမှလုပ်မရဘဲ ထုံးစံအတိုင်း ကိုမွန်လေးနဲ့ပဲ ကျွေးသွားတဲ့ ဘိုင်ယန်

ပီအက်စ်ဂျီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ မားကင်ညို့စ်၊ ဆာဂျီယို ရာမို့စ်၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒါနီလို ပါရဲရား၊ ဗာရက်တီ၊ ဇိုင်ယာ-အမ်မရီနဲ့ ကားလို့စ် ဆိုလာတို့ကို ပွဲထုတ်ခဲ့သလို တိုက်စစ်မှာတော့ နေမာနဲ့ မက်ဆီတို့နှစ်ဦးကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်တို့ကတော့ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အူပါမီကာနို၊ ဒီလစ်ချ်နဲ့ ပါဗတ်တို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ကင်းမစ်ချ်၊ ဂေါ်ရက်ဇ်ကာ၊ ကန်ဆယ်လိုနဲ့ ကိုမွန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာနေး၊ မူစီယာလာနဲ့ ချူပို-မိုတင်းတို့ကို ကစားစေခဲ့တာပါ။

ဘိုင်ယန်လို အသင်းမျိုးနဲ့ ရင်ဆိုင်ရတဲ့အတွက် ပီအက်စ်ဂျီနည်းပြ ဂယ်လ်တီယေးအနေနဲ့ အသင်းကို အပြောင်းအလဲလုပ်ခဲ့ပေမယ့် ဦးနှောက်ကို အတုံးလိုက် အတစ်လိုက်သုံးခဲ့တာကိုပဲ တွေ့ခဲ့ရပြီး ခံစစ်သန်တဲ့ ဒါနီလို ပါရဲရားနဲ့ ထိုင်ပြီး ဘောလုံးဖြန့်မယ့် ဗာရက်တီတို့ကို နုလွန်းတဲ့ ဇိုင်ယာ-အမ်မရီ၊ အလိမ်အခေါက်များပြီး တိုင်ပတ်နေတဲ့ ကားလို့စ် ဆိုလာတို့နဲ့ တွဲသုံးခဲ့တာကတော့ ဂျာမန်နည်းစနစ်ရှင် နာဂဲလ်စ်မန်းအတွက် ဟားစရာပဲဖြစ်ခဲ့ရပါတယ်။

ပီအက်စ်ဂျီတို့ရဲ့ ကွင်းလယ်က သာမန်သာ ရှိခဲ့သလို ဘယ်တုန်းကမှ တန်းမဝင်ခဲ့ဘဲ ပေါ်တူဂီနဲ့ အီတလီမှာ အသီးသီး တစ်ဆင့်နိမ့်နေခဲ့တဲ့ ဒါနီလို ပါရဲရားနဲ့ ဗာရက်တီတို့ရဲ့ လေးလံမှုတွေက ဘိုင်ယန်တို့ကို ဘောလုံးပေးကိုင်လိုက်သလိုဖြစ်သွားခဲ့ပြီး တကယ်ကစားချိန်မှာ ၃-၇-၀ လိုဖြစ်သွားခဲ့တဲ့ ဂျာမန်သားတွေရဲ့ အုပ်စုလိုက် စည်းလုံးခဲ့တဲ့ ကွင်းလယ် Overload လုပ်ချက်ကြီးနဲ့ Pressing တွေကလည်း ပြင်သစ်တွေကို ကောင်းကောင်းကြီး ပညာပေးသွားခဲ့တာပါ။

မက်ဆီ တစ်ဦးတည်းရဲ့ ဖန်တီးမှုတွေကို Speed ကျနေတဲ့ နေမာက အမီမလိုက်နိုင်ခဲ့ဘဲ နောက်ကျနေခဲ့ပြီး ဘိုင်ယန်တို့အနေနဲ့ကတော့ ဖိဖိစီးစီးနဲ့ အိမ်ကွင်းမှာ ကစားသလို တိုက်စစ်ဆင်နိုင်ခဲ့ချိန်မှာ ရှေ့တန်းမှာ အဆုံးသတ်ကောင်းတဲ့ ကစားသမားမျိုး ပါမလာခဲ့လို့သာ Diagonal Pass တွေနဲ့ လျှပ်တစ်ပြက် ထိုးဖောက်ချက်တွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ဘိုင်ယန်တို့က တစ်ဖက်သတ် ဖိကစားပြီး ဂိုးမသွင်းနိုင်ပေမယ့် အစီးသရေ ရယူထားခဲ့သလို မက်ဆီတို့အဖွဲ့ကတော့ သနားစရာ ဖြစ်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ အိမ်ရှင်တွေဘက်က လူပျောက်တိုင်ရမယ့် ဟာကီမီကို ကင်ပမ်ဘီနဲ့ လဲကစားပြီး ၃-၅-၂ ပြောင်းသွားခဲ့သလို ဧည့်သည်တွေဘက်ကတော့ ကန်ဆယ်လိုနေရာမှာ အယ်လ်ဖွန်ဆို ဒေးဗီးစ်ကို ထည့်ပြီး ကွင်းလယ်ကို အပြောင်းအလဲလုပ်လာခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ ဘိုင်ယန်တို့ အဖွင့်ဂိုး ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံမှာ ချူပို-မိုတင်းက လိုက်လံရယူပြီး နောက်ပြန်ပေးတဲ့ ဘောလုံးကို ဒေးဗီးစ်က ညာခြမ်းကို ဖြတ်တင်ပေးခဲ့ရာမှာ ကိုမွန်က Volley ကန်သွင်းခဲ့တာက ကာကွယ်ပုံ နှေးကွေးခဲ့တဲ့ ဂိုးသမား ဒွန်နာရမ်မာရဲ့ အောက်ကနေ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးအတွက် ပီအက်စ်ဂျီအကယ်ဒမီထွက် ကိုမွန်အနေနဲ့ အောင်ပွဲခံဖို့ ငြင်းဆန်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာဆို အသင်းဟောင်းကို ကောင်းကောင်းချနေတာ ကြာပြီဖြစ်လို့ သူအောင်ပွဲမခံတာက ပြုံးစရာပဲဖြစ်ခဲ့ရသလို နောက်လဲ သွင်းဦးမှာမို့လို့ ခွင့်လွှတ်ပါလို့ ကြိုပြောနေသလိုဖြစ်နေပြီး ပါရီသားတွေအတွက်ကတော့ ဂယ်လ်တီယေးနဲ့ ဒီဖလားကို အိပ်မက်မက်တာက မြန်မာအသင်းကို ကမ္ဘာ့ဖလားဗိုလ်စွဲဖို့ တောင်းဆိုတာနဲ့ အတူတူပဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ဘက်က ဇိုင်ယာ-အမ်မရီနဲ့ ကားလို့စ် ဆိုလာတို့အစား ဖာဘီယန် ရူးဝီးဇ်နဲ့ အမ်ဘာပေတို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့သလို ဒီတော့မှ မက်ဆီရဲ့ ဖန်တီးမှုတွေကို လုပ်စားနိုင်မယ့် အခွင့်အရေးတွေ ပေါ်လာခဲ့ပြီး ဘိုင်ယန်တို့ကတော့ ကောင်တာတွေကနေ ခြိမ်းခြောက်ပြီး ချူပို-မိုတင်းရဲ့ ကန်ချက်တွေကတော့ မျက်လုံးပြူးစရာဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ အမ်ဘာပေက ဂိုးပေါက်ထဲ ကန်သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေခဲ့အပြီးမှာတော့ ကစားကွက်ထဲမှာ ကြီးပေါကြီးဖြစ်တဲ့ ဒါနီလို ပါရဲရားအစား ဗီတင်ညာနဲ့ လူစားလဲခဲ့သလို ကွင်းလယ်မှာ ဘောလုံးပိုကိုင်နိုင်ဖို့ လုပ်ဆောင်လာခဲ့ပေမယ့် ကံကြမ္မာကတော့ ပါရီသားတွေဘက်မှာ မရှိခဲ့ဘဲ ပွဲချိန် ၈၂ မိနစ်မှာ ဘယ်တောင်ပံတိုက်စစ်ကနေ အမ်ဘာပေ ဂိုးထပ်သွင်းခဲ့တာကလည်း နူနို မန်ဒက်စ် လူကျွံနေခဲ့လို့ ပယ်ဖျက်ခံခဲ့ရတာပါ။

ပီအက်စ်ဂျီတို့ဘက်က အီကီတီကီကို ထပ်ထည့်ခဲ့သင့်ပေမယ့် ဂယ်လ်တီယေးက မဆုံးဖြတ်နိုင်ခဲ့ချိန်မှာ ဘိုင်ယန်ရဲ့ နာဂဲလ်စ်မန်းကတော့ ကွင်းလယ်မှာ ကစားအားကျလာတဲ့ ချူပိုမိုတင်း၊ ကိုမွန်၊ ဆာနေးနဲ့ မူစီယာလာတို့အစား မူလာ၊ ဂနာဘရီ၊ စတန်နီရှစ်ချ်နဲ့ ဂရာဗင်ဘာ့ချ်တို့ကို လဲပြီး လန်းဆန်းအောင် ပြန်လည်ပြင်ဆင်သွားခဲ့တာကြောင့် အိမ်ရှင်တွေ ထိုးဖောက်ရခက်နေခဲ့ပါတယ်။

ဗာရက်တီရဲ့ အကောင်သေးလွန်းပြီး ဘောလုံးကို အလျင်အမြန် မပေးနိုင်မှုတွေက ပီအက်စ်ဂျီတို့ကို အထိနာစေခဲ့ပြီး ဘိုင်ယန်တို့ရဲ့ အဖျက်မှာ ကွင်းလယ်တည်ဆောက်မှု ပျက်ယွင်းစေခဲ့သလို နာကျင်အချိန်ပိုမှာတော့ မက်ဆီ ပြေးထွက်သွားတာကို ဘောလုံးကို မထိဘဲ ဖျက်ခဲ့တဲ့ ပါဗတ် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့် အိမ်ရှင်တွေ ဂိုးသွင်းဖို့တော့ မတတ်နိုင်ဘဲဖြစ်ခဲ့ရပြီး ပွဲချိန်အပြည့်မှာ ဘိုင်ယန်တို့ပဲ အောင်ပွဲခံနိုင်ခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် ပီအက်စ်ဂျီတို့အနေနဲ့ အိမ်ကွင်းအားသာချက်ကို မဖြစ်မနေ ရယူပြီး နောက်တစ်ဆင့် တက်နိုင်အောင် ကြိုးစားရမယ့်အစား အလဟဿနဲ့ လွှင့်ပစ်ခဲ့ရသလို ကာလို အန်ချယ်လော့တီ၊ လော့ရင့် ဘလွန့်စ်၊ အူနိုင်း အမ်မရီ၊ သောမတ်စ် တူဟယ်လ်၊ မော်ရီစီယို ပိုချက်တီနိုတို့လို နည်းပြတွေနဲ့တောင် အလုပ်မဖြစ်ခဲ့ဘဲ ဂယ်လ်တီယေးကို အလယ်အလတ်စား ပြည်တွင်းနည်းပြနဲ့ ဘာတွေ မျှော်လင့်နေတာလဲလို့ မေးစရာပဲဖြစ်ခဲ့ပြီး ဘိုင်ယန်တို့ကတော့ ဒီခြေစွမ်းနဲ့ ဒုတိယအကျော့ကို မှုစရာ မလိုတော့ဘူးလို့ ပြောရမလိုပဲ ဖြစ်သွားခဲ့ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ မားကင္ညိဳ႕စ္၊ ဆာဂ်ီယို ရာမို႔စ္၊ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒါနီလို ပါရဲရား၊ ဗာရက္တီ၊ ဇိုင္ယာ-အမ္မရီနဲ႔ ကားလို႔စ္ ဆိုလာတို႔ကို ပြဲထုတ္ခဲ့သလို တိုက္စစ္မွာေတာ့ ေနမာနဲ႔ မက္ဆီတို႔ႏွစ္ဦးကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဂ်ာမန္ဘီလူးႀကီး ဘိုင္ယန္ျမဴးနစ္တို႔ကေတာ့ ဂိုးသမား ဆြမ္းမား၊ ခံစစ္မွာ အူပါမီကာႏို၊ ဒီလစ္ခ်္နဲ႔ ပါဗတ္တို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ကင္းမစ္ခ်္၊ ေဂၚရက္ဇ္ကာ၊ ကန္ဆယ္လိုနဲ႔ ကိုမြန္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာေနး၊ မူစီယာလာနဲ႔ ခ်ဴပို-မိုတင္းတို႔ကို ကစားေစခဲ့တာပါ။

ဘိုင္ယန္လို အသင္းမ်ိဳးနဲ႔ ရင္ဆိုင္ရတဲ့အတြက္ ပီအက္စ္ဂ်ီနည္းျပ ဂယ္လ္တီေယးအေနနဲ႔ အသင္းကို အေျပာင္းအလဲလုပ္ခဲ့ေပမယ့္ ဦးေႏွာက္ကို အတုံးလိုက္ အတစ္လိုက္သုံးခဲ့တာကိုပဲ ေတြ႕ခဲ့ရၿပီး ခံစစ္သန္တဲ့ ဒါနီလို ပါရဲရားနဲ႔ ထိုင္ၿပီး ေဘာလုံးျဖန႔္မယ့္ ဗာရက္တီတို႔ကို ႏုလြန္းတဲ့ ဇိုင္ယာ-အမ္မရီ၊ အလိမ္အေခါက္မ်ားၿပီး တိုင္ပတ္ေနတဲ့ ကားလို႔စ္ ဆိုလာတို႔နဲ႔ တြဲသုံးခဲ့တာကေတာ့ ဂ်ာမန္နည္းစနစ္ရွင္ နာဂဲလ္စ္မန္းအတြက္ ဟားစရာပဲျဖစ္ခဲ့ရပါတယ္။

ပီအက္စ္ဂ်ီတို႔ရဲ႕ ကြင္းလယ္က သာမန္သာ ရွိခဲ့သလို ဘယ္တုန္းကမွ တန္းမဝင္ခဲ့ဘဲ ေပၚတူဂီနဲ႔ အီတလီမွာ အသီးသီး တစ္ဆင့္နိမ့္ေနခဲ့တဲ့ ဒါနီလို ပါရဲရားနဲ႔ ဗာရက္တီတို႔ရဲ႕ ေလးလံမႈေတြက ဘိုင္ယန္တို႔ကို ေဘာလုံးေပးကိုင္လိုက္သလိုျဖစ္သြားခဲ့ၿပီး တကယ္ကစားခ်ိန္မွာ ၃-၇-၀ လိုျဖစ္သြားခဲ့တဲ့ ဂ်ာမန္သားေတြရဲ႕ အုပ္စုလိုက္ စည္းလုံးခဲ့တဲ့ ကြင္းလယ္ Overload လုပ္ခ်က္ႀကီးနဲ႔ Pressing ေတြကလည္း ျပင္သစ္ေတြကို ေကာင္းေကာင္းႀကီး ပညာေပးသြားခဲ့တာပါ။

မက္ဆီ တစ္ဦးတည္းရဲ႕ ဖန္တီးမႈေတြကို Speed က်ေနတဲ့ ေနမာက အမီမလိုက္ႏိုင္ခဲ့ဘဲ ေနာက္က်ေနခဲ့ၿပီး ဘိုင္ယန္တို႔အေနနဲ႔ကေတာ့ ဖိဖိစီးစီးနဲ႔ အိမ္ကြင္းမွာ ကစားသလို တိုက္စစ္ဆင္ႏိုင္ခဲ့ခ်ိန္မွာ ေရွ႕တန္းမွာ အဆုံးသတ္ေကာင္းတဲ့ ကစားသမားမ်ိဳး ပါမလာခဲ့လို႔သာ Diagonal Pass ေတြနဲ႔ လွ်ပ္တစ္ျပက္ ထိုးေဖာက္ခ်က္ေတြကို ဂိုးအျဖစ္ မေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ဘိုင္ယန္တို႔က တစ္ဖက္သတ္ ဖိကစားၿပီး ဂိုးမသြင္းႏိုင္ေပမယ့္ အစီးသေရ ရယူထားခဲ့သလို မက္ဆီတို႔အဖြဲ႕ကေတာ့ သနားစရာ ျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ အိမ္ရွင္ေတြဘက္က လူေပ်ာက္တိုင္ရမယ့္ ဟာကီမီကို ကင္ပမ္ဘီနဲ႔ လဲကစားၿပီး ၃-၅-၂ ေျပာင္းသြားခဲ့သလို ဧည့္သည္ေတြဘက္ကေတာ့ ကန္ဆယ္လိုေနရာမွာ အယ္လ္ဖြန္ဆို ေဒးဗီးစ္ကို ထည့္ၿပီး ကြင္းလယ္ကို အေျပာင္းအလဲလုပ္လာခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဘိုင္ယန္တို႔ အဖြင့္ဂိုး ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံမွာ ခ်ဴပို-မိုတင္းက လိုက္လံရယူၿပီး ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ေဒးဗီးစ္က ညာျခမ္းကို ျဖတ္တင္ေပးခဲ့ရာမွာ ကိုမြန္က Volley ကန္သြင္းခဲ့တာက ကာကြယ္ပုံ ေႏွးေကြးခဲ့တဲ့ ဂိုးသမား ဒြန္နာရမ္မာရဲ႕ ေအာက္ကေန ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒီဂိုးအတြက္ ပီအက္စ္ဂ်ီအကယ္ဒမီထြက္ ကိုမြန္အေနနဲ႔ ေအာင္ပြဲခံဖို႔ ျငင္းဆန္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာဆို အသင္းေဟာင္းကို ေကာင္းေကာင္းခ်ေနတာ ၾကာၿပီျဖစ္လို႔ သူေအာင္ပြဲမခံတာက ၿပဳံးစရာပဲျဖစ္ခဲ့ရသလို ေနာက္လဲ သြင္းဦးမွာမို႔လို႔ ခြင့္လႊတ္ပါလို႔ ႀကိဳေျပာေနသလိုျဖစ္ေနၿပီး ပါရီသားေတြအတြက္ကေတာ့ ဂယ္လ္တီေယးနဲ႔ ဒီဖလားကို အိပ္မက္မက္တာက ျမန္မာအသင္းကို ကမာၻ႔ဖလားဗိုလ္စြဲဖို႔ ေတာင္းဆိုတာနဲ႔ အတူတူပဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ဘက္က ဇိုင္ယာ-အမ္မရီနဲ႔ ကားလို႔စ္ ဆိုလာတို႔အစား ဖာဘီယန္ ႐ူးဝီးဇ္နဲ႔ အမ္ဘာေပတို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္လာခဲ့သလို ဒီေတာ့မွ မက္ဆီရဲ႕ ဖန္တီးမႈေတြကို လုပ္စားႏိုင္မယ့္ အခြင့္အေရးေတြ ေပၚလာခဲ့ၿပီး ဘိုင္ယန္တို႔ကေတာ့ ေကာင္တာေတြကေန ၿခိမ္းေျခာက္ၿပီး ခ်ဴပို-မိုတင္းရဲ႕ ကန္ခ်က္ေတြကေတာ့ မ်က္လုံးျပဴးစရာျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ အမ္ဘာေပက ဂိုးေပါက္ထဲ ကန္သြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံေနခဲ့အၿပီးမွာေတာ့ ကစားကြက္ထဲမွာ ႀကီးေပါႀကီးျဖစ္တဲ့ ဒါနီလို ပါရဲရားအစား ဗီတင္ညာနဲ႔ လူစားလဲခဲ့သလို ကြင္းလယ္မွာ ေဘာလုံးပိုကိုင္ႏိုင္ဖို႔ လုပ္ေဆာင္လာခဲ့ေပမယ့္ ကံၾကမၼာကေတာ့ ပါရီသားေတြဘက္မွာ မရွိခဲ့ဘဲ ပြဲခ်ိန္ ၈၂ မိနစ္မွာ ဘယ္ေတာင္ပံတိုက္စစ္ကေန အမ္ဘာေပ ဂိုးထပ္သြင္းခဲ့တာကလည္း ႏူႏို မန္ဒက္စ္ လူကြၽံေနခဲ့လို႔ ပယ္ဖ်က္ခံခဲ့ရတာပါ။

ပီအက္စ္ဂ်ီတို႔ဘက္က အီကီတီကီကို ထပ္ထည့္ခဲ့သင့္ေပမယ့္ ဂယ္လ္တီေယးက မဆုံးျဖတ္ႏိုင္ခဲ့ခ်ိန္မွာ ဘိုင္ယန္ရဲ႕ နာဂဲလ္စ္မန္းကေတာ့ ကြင္းလယ္မွာ ကစားအားက်လာတဲ့ ခ်ဴပိုမိုတင္း၊ ကိုမြန္၊ ဆာေနးနဲ႔ မူစီယာလာတို႔အစား မူလာ၊ ဂနာဘရီ၊ စတန္နီရွစ္ခ်္နဲ႔ ဂရာဗင္ဘာ့ခ်္တို႔ကို လဲၿပီး လန္းဆန္းေအာင္ ျပန္လည္ျပင္ဆင္သြားခဲ့တာေၾကာင့္ အိမ္ရွင္ေတြ ထိုးေဖာက္ရခက္ေနခဲ့ပါတယ္။

ဗာရက္တီရဲ႕ အေကာင္ေသးလြန္းၿပီး ေဘာလုံးကို အလ်င္အျမန္ မေပးႏိုင္မႈေတြက ပီအက္စ္ဂ်ီတို႔ကို အထိနာေစခဲ့ၿပီး ဘိုင္ယန္တို႔ရဲ႕ အဖ်က္မွာ ကြင္းလယ္တည္ေဆာက္မႈ ပ်က္ယြင္းေစခဲ့သလို နာက်င္အခ်ိန္ပိုမွာေတာ့ မက္ဆီ ေျပးထြက္သြားတာကို ေဘာလုံးကို မထိဘဲ ဖ်က္ခဲ့တဲ့ ပါဗတ္ ႏွစ္ဝါတစ္နီနဲ႔ ထုတ္ပယ္ခံခဲ့ရေပမယ့္ အိမ္ရွင္ေတြ ဂိုးသြင္းဖို႔ေတာ့ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရၿပီး ပြဲခ်ိန္အျပည့္မွာ ဘိုင္ယန္တို႔ပဲ ေအာင္ပြဲခံႏိုင္ခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ ပီအက္စ္ဂ်ီတို႔အေနနဲ႔ အိမ္ကြင္းအားသာခ်က္ကို မျဖစ္မေန ရယူၿပီး ေနာက္တစ္ဆင့္ တက္ႏိုင္ေအာင္ ႀကိဳးစားရမယ့္အစား အလဟႆနဲ႔ လႊင့္ပစ္ခဲ့ရသလို ကာလို အန္ခ်ယ္ေလာ့တီ၊ ေလာ့ရင့္ ဘလြန႔္စ္၊ အူႏိုင္း အမ္မရီ၊ ေသာမတ္စ္ တူဟယ္လ္၊ ေမာ္ရီစီယို ပိုခ်က္တီႏိုတို႔လို နည္းျပေတြနဲ႔ေတာင္ အလုပ္မျဖစ္ခဲ့ဘဲ ဂယ္လ္တီေယးကို အလယ္အလတ္စား ျပည္တြင္းနည္းျပနဲ႔ ဘာေတြ ေမွ်ာ္လင့္ေနတာလဲလို႔ ေမးစရာပဲျဖစ္ခဲ့ၿပီး ဘိုင္ယန္တို႔ကေတာ့ ဒီေျခစြမ္းနဲ႔ ဒုတိယအေက်ာ့ကို မႈစရာ မလိုေတာ့ဘူးလို႔ ေျပာရမလိုပဲ ျဖစ္သြားခဲ့ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.