ဘာစီလိုနာကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ နေမာနဲ့ မက်ဆီတို့ ၂ ဦးစလုံးဟာ ယခုလာမယ့်နွေရာသီမှာ ပီအက်စ်ဂျီကို စွန့်ခွာနိုင်တယ်လို့ ပြင်သစ်က သတင်းတွေအရ သိရပါတယ်။
လီယွန်နယ် မက်ဆီဟာ လာမယ့်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ပီအက်စ်ဂျီက အာဂျင်တီးနားကြယ်ပွင့်ကို ၂၀၂၂ ကမ္ဘာ့ဖလားအပြီးတုန်းက ကာလရှည်စာချုပ်သစ် ချုပ်ဆိုချင်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ တစ်ဖက်က နေမာရဲ့ ပီအက်စ်ဂျီနဲ့ အနာဂတ်ကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ မရေမရာဖြစ်လာခဲ့တာဖြစ်ပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ ဘရာဇီးလ်တိုက်စစ်မှူးကို နွေရာသီမှာ ရောင်းထုတ်သွားနိုင်တယ်လို့ သိရပါတယ်။
ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်မှူး နေမာဟာ ၂၀၂၅ ခုနှစ် နွေရာသီအထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပေမယ့်လည်း စနေနေ့က မိုနာကိုအသင်းကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်း စကားများခဲ့တဲ့ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တာဖြစ်ပါတယ်။
နေမာဟာ ပီအက်စ်ဂျီအသင်းဖော် ခီလီယန် အမ်ဘာပေနဲ့လည်း တင်းမာတဲ့ ဆက်ဆံရေးရှိတယ်လို့ ယုံကြည်ရပြီး Footmercato ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ လက်ရှိမှာ နေမာကိုရော မက်ဆီကိုပါ ယခုရာသီကုန်မှာ ထွက်ခွာခွင့်ပေးသွားချင်တဲ့ စိတ်ကူးရှိနေပြီလို့ သိရပါတယ်။
နေမာဟာ ဂယ်လ်တီယေးရဲ့အသင်းဟာ ၂ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ပီအက်စ်ဂျီအားကစားဒါရိုက်တာ လူးဝစ္စ ကမ်းပို့စ်နဲ့ အပြင်းအထန် အငြင်းပွားခဲ့တာဖြစ်ပြီး အဲဒီဖြစဉ်အပေါ်မှာ နေမာက “အဲဒါက ဖြစ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အဲဒီအချိန်မှာ ပြောခဲ့တဲ့စကားကို သဘောမတူခဲ့ကြဘူး။ အဲဒါကြောင့် ကျွန်တော်တို့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်။ ကျွန်တော့်သူငယ်ချင်းတွေကို နေ့တိုင်း စကားပြောပြီး သူတို့အားလုံးကို ကျွန်တော် ချစ်မြတ်နိုးပါတယ်။ ကျွန်တော့် ကောင်မလေးလည်း အဲဒီအတိုင်းပါပဲ။ ကျွန်တော်တို့ ဘောလုံးအကြောင်းပြောတယ်။ ကျွန်တော်တို့အားလုံးအကြောင်း ပြောကြတယ်”
“ဘောလုံးက ဆက်သွယ်ပြောဆိုမှုပဲ။ ဟုတ်တာပေါ့။ နှစ်ဖက်စလုံးမှာ လေးစားမှုရှိပြီး တစ်ခါတရံမှာ ခင်ဗျား ကိစ္စတွေအပေါ်မှာ သဘောမတူတာရှိတတ်ပါတယ်။ အဲဒီတော့ အသင်း၊ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ ကစားပုံ တိုးတက်အောင်လုပ်ဖို့ ဆွေးနွေးမှုတွေ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ပွဲအနည်းငယ်ရှုံးနိမ့်ခဲ့ပြီး အဲဒီအတွက် ကျွန်တော်တို့ စိတ်ပျက်ခဲ့ရပါတယ်”
“ကျွန်တော်တို့ တစ်ချိန်လုံး အနိုင်ရချင်တယ်။ ရှုံးနိမ့်မှုတွေ ရင်ဆိုင်ရတဲ့အချိန်မှာ နာကျင်ရပါတယ်။ အဲဒီတော့ ဆွေးနွေးမှုတွေက အဲဒါရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အဲဒါက အသင်းအဖွဲ့တစ်ခုအနေနဲ့ ကျွန်တော်တို့ကို တိုးတက်အောင် ကူညီပေးနိုင်တယ်။ အဲဒါက အကူအညီဖြစ်ခဲ့တယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကိစ္စတော်တော်များများကို ရှင်းလင်းနိုင်ခဲ့လို့ပါ။ ကျွန်တော်တို့အားလုံးတွေးနေတာက ဘာလဲဆိုတာကို ကျွန်တော်တို့ သိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ဘာစီလိုနာၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ ေနမာနဲ႔ မက္ဆီတို႔ ၂ ဦးစလုံးဟာ ယခုလာမယ့္ေႏြရာသီမွာ ပီအက္စ္ဂ်ီကို စြန႔္ခြာႏိုင္တယ္လို႔ ျပင္သစ္က သတင္းေတြအရ သိရပါတယ္။
လီယြန္နယ္ မက္ဆီဟာ လာမယ့္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ပီအက္စ္ဂ်ီက အာဂ်င္တီးနားၾကယ္ပြင့္ကို ၂၀၂၂ ကမာၻ႔ဖလားအၿပီးတုန္းက ကာလရွည္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်င္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ တစ္ဖက္က ေနမာရဲ႕ ပီအက္စ္ဂ်ီနဲ႔ အနာဂတ္ကေတာ့ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ မေရမရာျဖစ္လာခဲ့တာျဖစ္ၿပီး သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီဟာ ဘရာဇီးလ္တိုက္စစ္မႉးကို ေႏြရာသီမွာ ေရာင္းထုတ္သြားႏိုင္တယ္လို႔ သိရပါတယ္။
ဘရာဇီးလ္လက္ေ႐ြးစင္တိုက္စစ္မႉး ေနမာဟာ ၂၀၂၅ ခုႏွစ္ ေႏြရာသီအထိ စာခ်ဳပ္သက္တမ္းက်န္ရွိေနေသးသူျဖစ္ေပမယ့္လည္း စေနေန႔က မိုနာကိုအသင္းကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အဝတ္လဲခန္းအတြင္း စကားမ်ားခဲ့တဲ့ျဖစ္စဥ္မွာ ပါဝင္ပတ္သက္ခဲ့တာျဖစ္ပါတယ္။
ေနမာဟာ ပီအက္စ္ဂ်ီအသင္းေဖာ္ ခီလီယန္ အမ္ဘာေပနဲ႔လည္း တင္းမာတဲ့ ဆက္ဆံေရးရွိတယ္လို႔ ယုံၾကည္ရၿပီး Footmercato ရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီဟာ လက္ရွိမွာ ေနမာကိုေရာ မက္ဆီကိုပါ ယခုရာသီကုန္မွာ ထြက္ခြာခြင့္ေပးသြားခ်င္တဲ့ စိတ္ကူးရွိေနၿပီလို႔ သိရပါတယ္။
ေနမာဟာ ဂယ္လ္တီေယးရဲ႕အသင္းဟာ ၂ ပြဲဆက္တိုက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ပီအက္စ္ဂ်ီအားကစားဒါ႐ိုက္တာ လူးဝစၥ ကမ္းပို႔စ္နဲ႔ အျပင္းအထန္ အျငင္းပြားခဲ့တာျဖစ္ၿပီး အဲဒီျဖစဥ္အေပၚမွာ ေနမာက “အဲဒါက ျဖစ္ခဲ့ၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ အဲဒီအခ်ိန္မွာ ေျပာခဲ့တဲ့စကားကို သေဘာမတူခဲ့ၾကဘူး။ အဲဒါေၾကာင့္ ကြၽန္ေတာ္တို႔ အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေဆြးေႏြးခဲ့တယ္။ ကြၽန္ေတာ့္သူငယ္ခ်င္းေတြကို ေန႔တိုင္း စကားေျပာၿပီး သူတို႔အားလုံးကို ကြၽန္ေတာ္ ခ်စ္ျမတ္ႏိုးပါတယ္။ ကြၽန္ေတာ့္ ေကာင္မေလးလည္း အဲဒီအတိုင္းပါပဲ။ ကြၽန္ေတာ္တို႔ ေဘာလုံးအေၾကာင္းေျပာတယ္။ ကြၽန္ေတာ္တို႔အားလုံးအေၾကာင္း ေျပာၾကတယ္”
“ေဘာလုံးက ဆက္သြယ္ေျပာဆိုမႈပဲ။ ဟုတ္တာေပါ့။ ႏွစ္ဖက္စလုံးမွာ ေလးစားမႈရွိၿပီး တစ္ခါတရံမွာ ခင္ဗ်ား ကိစၥေတြအေပၚမွာ သေဘာမတူတာရွိတတ္ပါတယ္။ အဲဒီေတာ့ အသင္း၊ ပတ္ဝန္းက်င္၊ ကြၽန္ေတာ္တို႔ ကစားပုံ တိုးတက္ေအာင္လုပ္ဖို႔ ေဆြးေႏြးမႈေတြ ရွိႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔ ပြဲအနည္းငယ္ရႈံးနိမ့္ခဲ့ၿပီး အဲဒီအတြက္ ကြၽန္ေတာ္တို႔ စိတ္ပ်က္ခဲ့ရပါတယ္”
“ကြၽန္ေတာ္တို႔ တစ္ခ်ိန္လုံး အႏိုင္ရခ်င္တယ္။ ရႈံးနိမ့္မႈေတြ ရင္ဆိုင္ရတဲ့အခ်ိန္မွာ နာက်င္ရပါတယ္။ အဲဒီေတာ့ ေဆြးေႏြးမႈေတြက အဲဒါရဲ႕ အစိတ္အပိုင္းတစ္ခုပါ။ အဲဒါက အသင္းအဖြဲ႕တစ္ခုအေနနဲ႔ ကြၽန္ေတာ္တို႔ကို တိုးတက္ေအာင္ ကူညီေပးႏိုင္တယ္။ အဲဒါက အကူအညီျဖစ္ခဲ့တယ္လို႔ ထင္တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ကိစၥေတာ္ေတာ္မ်ားမ်ားကို ရွင္းလင္းႏိုင္ခဲ့လို႔ပါ။ ကြၽန္ေတာ္တို႔အားလုံးေတြးေနတာက ဘာလဲဆိုတာကို ကြၽန္ေတာ္တို႔ သိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.