Match Report Premier League

ဂျိုကြွနေတဲ့ အဲဗာတန်ကို နှိမ်ကန်ပြီး ချဲလ်ဆီးကို ပြန်ကျော်တက်လိုက်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဂျိုးဂိုမက်ဇ်၊ မာတစ်ပ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ညို၊ ဟန်ဒါဆန်နဲ့ ဘိုင်ချက်တစ်ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ နူးညက်ဇ်၊ ဆာလားနဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ကို နိုင်ထားလို့ ဂျိုကြွနေတဲ့ အဲဗာတန်တို့ကတော့ အဲ့ဒီနေ့က လူစာရင်းကို တစ်ယောက်သာ ပြောင်းလဲလာခဲ့ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ကိုဒီ၊ ကိုးလ်မန်းနဲ့ မစ်ကိုလန်ကိုတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ ဒူကူရေး၊ အိုနာနာ၊ အီဝိုဘီနဲ့ မက်နီးလ်တို့ကို ခင်ကျင်းခဲ့ချိန်မှာ တိုက်စစ်မှာတော့ ကဲလ်ဗတ်-လူဝင် မပါနိုင်လို့ လူငယ်ကစားသမား ဆင်းမ်စ်ကို သုံးခဲ့ရတာပါ။

တိုက်စစ်မှူးသုံးယောက်စလုံး ရွေ့လျားကစားနိုင်တဲ့ လီဗာပူးလ်တို့ကို ကွင်းလယ်မှာ ပိတ်ထားဖို့ကတော့ အဲဗာတန်နည်းပြ ရှောင်ဒိုက်ချ်ရဲ့ မဖြစ်နိုင်တဲ့ အိပ်မက်သာဖြစ်ခဲ့ပြီး နူးညက်ဇ်နဲ့ ဆာလားတို့ရဲ့ လှုပ်ရှားပုံတွေက ကလော့ပ်အနေနဲ့ ဂေးယီ-ဒူကူရေး-အိုနာနာတို့ ကွင်းလယ်လောက်ကို အဟုတ်ကြီးမှတ်နေတဲ့ ရှောင်ဒိုက်ချ်နဲ့ မာဆေးဆိုက်ဒါဘီကို ဘယ်လိုအနိုင်ကန်ရမယ်ဆိုတာ ပြင်ဆင်ထားကြောင်းနဲ့ အာတီတာလောက် အိုင်ဒီယာအောက်ပြီး နုမနေသေးကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။

ဘိုင်ချက်တစ်ချ်ပေးတဲ့‌ ဘောလုံးကို နူးညက်ဇ်က နောက်ပြန်ကန်တာကနေ ဖြတ်တင်ဘောပုံစံ ဖြစ်သွားခဲ့တာကို ဂက်ခ်ပို ခေါင်းတိုက်တာက တိုင်ဘေးကနေ လွဲချော်သွားခဲ့သလို အီဝိုဘီရဲ့ ထောင့်ကန်ဘောကနေ တာကော့ဗ်စကီးက ခေါင်းတိုက်ချက်ကတော့ တိုင်ထိထွက်ခဲ့လို့ နှစ်သင်းစလုံး အားမရစရာဖြစ်ခဲ့သေးတာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ပြီး စောစောက တာကော့ဗ်စကီးရဲ့ ခေါင်းတိုက်ချက်ကို အသည်းအသန်ဖြစ်ပြီး ခံစစ်ကနေ ကောင်တာပြန်လာခဲ့ရာမှာ နူးညက်ဇ်က ဘယ်တောင်ပံတောက်လျှောက် ဆွဲပြေးသွားခဲ့ပြီး ဂိုးရှေ့ကို ပြန်ဖြတ်တင်ပေးရာမှာ နှစ်ယောက် တစ်ယောက်တွေ့နေလို့ ဘယ်သူ ဂိုးသွင်းမယ်မှန်းတောင် မရိပ်မိခဲ့တဲ့ ဂိုးသမား ပစ်ခ်ဖို့ဒ် အခြေမကျခင် ဆာလားက အမြန်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ ညာနောက်ခံလူအဖြစ် ကစားချိန်မှာ နောက်မှာပဲ စောင့်ရမယ့်အစား အရပ်အမောင်းလဲ မရှိဘဲ ဂိုးဧရိယာထဲအထိ ဘာတက်လုပ်မှန်း မသိတဲ့ အသင်းခေါင်းဆောင် ကိုးလ်မန်းကို အဲဗာတန်တို့ အပြစ်တင်ရမှာဖြစ်ပြီး သူ့ရဲ့ နေရာမှန်မှာ မရှိမှုကနေပဲ နူးညက်ဇ်က အလွတ်ကြီး ဆွဲပြေးခဲ့ရာမှာ အသက်ထောက်နေပြီဖြစ်တဲ့ ဂါနာ ဂေးယီက လိုက်မဖျက်နိုင်တော့လို့ ပထမပိုင်းမှာ လီဗာပူးလ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၉ မိနစ်မှာတော့ လီဗာပူးလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်က ရောဘတ်ဆန် ဖောက်ထွက်လာခဲ့ပြီး ညာခြမ်းကို ပေးတဲ့‌ ဘောလုံးကို ဆာလားက အာနိုးလ်ဒ်ကို ခင်းပေးခဲ့ပြီး အာနိုးလ်ဒ်က အဝေးတိုင်ဘက်ကို အနိမ့်ဘော ဖြတ်တင်ပေးရာမှာ ဘယ်သူမှ အကပ်ခံမထားရဘဲ လွတ်နေတဲ့ ဂက်ခ်ပိုက သူ့ရဲ့ ပထမဦးဆုံး ဂိုးအဖြစ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာလည်း တောင်ပံခံစစ်ဖြစ်လျက်နဲ့ တစ်ဖက်တောင်ပံက ဝင်လာတဲ့သူကို မကပ်နိုင်တဲ့ ကိုးလ်မန်းရဲ့ အသုံးမကျမှုကပဲ ထပ်မံ ပေါ်လွင်ခဲ့ပြီး အာဆင်နယ်နဲ့ပွဲမှာ ဘောလုံးကိုင်ပြီး လိမ်ခေါက်နေတဲ့ မာတီနယ်လီနဲ့ ပဏာယူခဲ့သမျှ အလျင်အမြန်တိုက်စစ်ဆင်တဲ့ လီဗာပူးလ်တို့နဲ့မှ အရှက်ကွဲခဲ့ရသလို တစ်သင်းလုံးအနေနဲ့လည်း တည်ငြိမ်မှု မရှိဘဲ အန်းဖီးလ်မှာ ကျီးလန့်စာစားဖြစ်နေခဲ့ကြတာပါ။

လီဗာပူးလ်တို့ကတော့ နှစ်ဂိုးရသွားချိန်မှာ ပိုပြီး‌ အေးအေးဆေးဆေး ကစားခဲ့ကြသလို ပျာယာခတ်သွားတဲ့ အဲဗာတန်တို့ဘက်ကို စနစ်တကျ ထိုးဖောက်နိုင်ခဲ့ပေမယ့် နူးညက်ဇ်ရဲ့ အဆုံးသတ်ပိုင်း မအောင်မြင်မှုတွေက သူတို့ကို နောက်ထပ်ဂိုးတွေနဲ့ ဝေးစေခဲ့ပြီး ဒဏ်ရာက ပြန်လာတဲ့ ဂျိုတာနဲ့ ပွဲချိန် မိနစ် ၇၀ မှာ လူစားလဲခဲ့ရသလို ဒီနောက်မှာတော့ ဟန်ဒါဆန်၊ ဂက်ခ်ပိုနဲ့ ဘိုင်ချက်တစ်ချ်တို့အစား မီလ်နာ၊ ဖာမီနိုနဲ့ ကီတာတို့ ဝင်ကစားခဲ့ကြပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ အိမ်ရှင်တွေပဲ ပွဲကို ထိန်းကစားခဲ့သလို ငယ်နိုင် အဲဗာတန်တို့ကို ဘယ်လိုကစားရတယ်ဆိုတာ ဇယားထိပ်မှာနေပြီး သူတို့နဲ့တွေ့ချိန်မှာ အလူးအလဲ ဖြစ်ခဲ့ရတဲ့ ဂွါဒီယိုလာ ဆရာတပည့်တို့ရဲ့ မန်စီးတီးနဲ့ အာဆင်နယ်တို့ကို လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပညာဒါနအဖြစ် သင်ကြားပေးလိုက်ပြီး နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံခဲ့ကြတာပါ။

ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်တို့အနေနဲ့ နောက်ဆုံးလေးပွဲဆက် နိုင်ပွဲပျောက်မှုကို ရပ်တန့်နိုင်ခဲ့ပြီး ၂၁ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၃၂ မှတ်နဲ့ သုံးပွဲဆက် သရေကျထားတဲ့ ချဲလ်ဆီးတို့ကို ကျော်ဖြတ်နိုင်ခဲ့ကြသလို အဆင့် ၉ နေရာကို ပြန်လည်လက်လွှဲယူနိုင်ခဲ့ပြီး ဒါဘီနိုင်ပွဲနဲ့အတူ ဥရောပဝင်ခွင့်ကို ပြန်လည်ရှာဖွေဖို့ စိတ်အားထက်သန်လာခဲ့ကြချိန်မှာ အဲဗာတန်တို့ကတော့ အဆင့် ၁၈ မှာပဲ ဆက်လက်ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဂ်ိဳးဂိုမက္ဇ္၊ မာတစ္ပ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖာဘင္ညိဳ၊ ဟန္ဒါဆန္နဲ႔ ဘိုင္ခ်က္တစ္ခ်္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ႏူးညက္ဇ္၊ ဆာလားနဲ႔ ဂက္ခ္ပိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ကို ႏိုင္ထားလို႔ ဂ်ိဳႂကြေနတဲ့ အဲဗာတန္တို႔ကေတာ့ အဲ့ဒီေန႔က လူစာရင္းကို တစ္ေယာက္သာ ေျပာင္းလဲလာခဲ့ၿပီး ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ကိုဒီ၊ ကိုးလ္မန္းနဲ႔ မစ္ကိုလန္ကိုတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ဂါနာ ေဂးယီ၊ ဒူကူေရး၊ အိုနာနာ၊ အီဝိုဘီနဲ႔ မက္နီးလ္တို႔ကို ခင္က်င္းခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ကဲလ္ဗတ္-လူဝင္ မပါႏိုင္လို႔ လူငယ္ကစားသမား ဆင္းမ္စ္ကို သုံးခဲ့ရတာပါ။

တိုက္စစ္မႉးသုံးေယာက္စလုံး ေ႐ြ႕လ်ားကစားႏိုင္တဲ့ လီဗာပူးလ္တို႔ကို ကြင္းလယ္မွာ ပိတ္ထားဖို႔ကေတာ့ အဲဗာတန္နည္းျပ ေရွာင္ဒိုက္ခ်္ရဲ႕ မျဖစ္ႏိုင္တဲ့ အိပ္မက္သာျဖစ္ခဲ့ၿပီး ႏူးညက္ဇ္နဲ႔ ဆာလားတို႔ရဲ႕ လႈပ္ရွားပုံေတြက ကေလာ့ပ္အေနနဲ႔ ေဂးယီ-ဒူကူေရး-အိုနာနာတို႔ ကြင္းလယ္ေလာက္ကို အဟုတ္ႀကီးမွတ္ေနတဲ့ ေရွာင္ဒိုက္ခ်္နဲ႔ မာေဆးဆိုက္ဒါဘီကို ဘယ္လိုအႏိုင္ကန္ရမယ္ဆိုတာ ျပင္ဆင္ထားေၾကာင္းနဲ႔ အာတီတာေလာက္ အိုင္ဒီယာေအာက္ၿပီး ႏုမေနေသးေၾကာင္းကို သက္ေသျပႏိုင္ခဲ့ပါတယ္။

ဘိုင္ခ်က္တစ္ခ်္ေပးတဲ့‌ ေဘာလုံးကို ႏူးညက္ဇ္က ေနာက္ျပန္ကန္တာကေန ျဖတ္တင္ေဘာပုံစံ ျဖစ္သြားခဲ့တာကို ဂက္ခ္ပို ေခါင္းတိုက္တာက တိုင္ေဘးကေန လြဲေခ်ာ္သြားခဲ့သလို အီဝိုဘီရဲ႕ ေထာင့္ကန္ေဘာကေန တာေကာ့ဗ္စကီးက ေခါင္းတိုက္ခ်က္ကေတာ့ တိုင္ထိထြက္ခဲ့လို႔ ႏွစ္သင္းစလုံး အားမရစရာျဖစ္ခဲ့ေသးတာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၿပီး ေစာေစာက တာေကာ့ဗ္စကီးရဲ႕ ေခါင္းတိုက္ခ်က္ကို အသည္းအသန္ျဖစ္ၿပီး ခံစစ္ကေန ေကာင္တာျပန္လာခဲ့ရာမွာ ႏူးညက္ဇ္က ဘယ္ေတာင္ပံေတာက္ေလွ်ာက္ ဆြဲေျပးသြားခဲ့ၿပီး ဂိုးေရွ႕ကို ျပန္ျဖတ္တင္ေပးရာမွာ ႏွစ္ေယာက္ တစ္ေယာက္ေတြ႕ေနလို႔ ဘယ္သူ ဂိုးသြင္းမယ္မွန္းေတာင္ မရိပ္မိခဲ့တဲ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္ အေျခမက်ခင္ ဆာလားက အျမန္ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ ညာေနာက္ခံလူအျဖစ္ ကစားခ်ိန္မွာ ေနာက္မွာပဲ ေစာင့္ရမယ့္အစား အရပ္အေမာင္းလဲ မရွိဘဲ ဂိုးဧရိယာထဲအထိ ဘာတက္လုပ္မွန္း မသိတဲ့ အသင္းေခါင္းေဆာင္ ကိုးလ္မန္းကို အဲဗာတန္တို႔ အျပစ္တင္ရမွာျဖစ္ၿပီး သူ႔ရဲ႕ ေနရာမွန္မွာ မရွိမႈကေနပဲ ႏူးညက္ဇ္က အလြတ္ႀကီး ဆြဲေျပးခဲ့ရာမွာ အသက္ေထာက္ေနၿပီျဖစ္တဲ့ ဂါနာ ေဂးယီက လိုက္မဖ်က္ႏိုင္ေတာ့လို႔ ပထမပိုင္းမွာ လီဗာပူးလ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ လီဗာပူးလ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္က ေရာဘတ္ဆန္ ေဖာက္ထြက္လာခဲ့ၿပီး ညာျခမ္းကို ေပးတဲ့‌ ေဘာလုံးကို ဆာလားက အာႏိုးလ္ဒ္ကို ခင္းေပးခဲ့ၿပီး အာႏိုးလ္ဒ္က အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ျဖတ္တင္ေပးရာမွာ ဘယ္သူမွ အကပ္ခံမထားရဘဲ လြတ္ေနတဲ့ ဂက္ခ္ပိုက သူ႔ရဲ႕ ပထမဦးဆုံး ဂိုးအျဖစ္ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာလည္း ေတာင္ပံခံစစ္ျဖစ္လ်က္နဲ႔ တစ္ဖက္ေတာင္ပံက ဝင္လာတဲ့သူကို မကပ္ႏိုင္တဲ့ ကိုးလ္မန္းရဲ႕ အသုံးမက်မႈကပဲ ထပ္မံ ေပၚလြင္ခဲ့ၿပီး အာဆင္နယ္နဲ႔ပြဲမွာ ေဘာလုံးကိုင္ၿပီး လိမ္ေခါက္ေနတဲ့ မာတီနယ္လီနဲ႔ ပဏာယူခဲ့သမွ် အလ်င္အျမန္တိုက္စစ္ဆင္တဲ့ လီဗာပူးလ္တို႔နဲ႔မွ အရွက္ကြဲခဲ့ရသလို တစ္သင္းလုံးအေနနဲ႔လည္း တည္ၿငိမ္မႈ မရွိဘဲ အန္းဖီးလ္မွာ က်ီးလန႔္စာစားျဖစ္ေနခဲ့ၾကတာပါ။

လီဗာပူးလ္တို႔ကေတာ့ ႏွစ္ဂိုးရသြားခ်ိန္မွာ ပိုၿပီး‌ ေအးေအးေဆးေဆး ကစားခဲ့ၾကသလို ပ်ာယာခတ္သြားတဲ့ အဲဗာတန္တို႔ဘက္ကို စနစ္တက် ထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ ႏူးညက္ဇ္ရဲ႕ အဆုံးသတ္ပိုင္း မေအာင္ျမင္မႈေတြက သူတို႔ကို ေနာက္ထပ္ဂိုးေတြနဲ႔ ေဝးေစခဲ့ၿပီး ဒဏ္ရာက ျပန္လာတဲ့ ဂ်ိဳတာနဲ႔ ပြဲခ်ိန္ မိနစ္ ၇၀ မွာ လူစားလဲခဲ့ရသလို ဒီေနာက္မွာေတာ့ ဟန္ဒါဆန္၊ ဂက္ခ္ပိုနဲ႔ ဘိုင္ခ်က္တစ္ခ်္တို႔အစား မီလ္နာ၊ ဖာမီႏိုနဲ႔ ကီတာတို႔ ဝင္ကစားခဲ့ၾကပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အိမ္ရွင္ေတြပဲ ပြဲကို ထိန္းကစားခဲ့သလို ငယ္ႏိုင္ အဲဗာတန္တို႔ကို ဘယ္လိုကစားရတယ္ဆိုတာ ဇယားထိပ္မွာေနၿပီး သူတို႔နဲ႔ေတြ႕ခ်ိန္မွာ အလူးအလဲ ျဖစ္ခဲ့ရတဲ့ ဂြါဒီယိုလာ ဆရာတပည့္တို႔ရဲ႕ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ကို လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ပညာဒါနအျဖစ္ သင္ၾကားေပးလိုက္ၿပီး ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံခဲ့ၾကတာပါ။

ဒီပြဲရလဒ္ေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ ေနာက္ဆုံးေလးပြဲဆက္ ႏိုင္ပြဲေပ်ာက္မႈကို ရပ္တန႔္ႏိုင္ခဲ့ၿပီး ၂၁ ပြဲ ကစားၿပီးခ်ိန္မွာ ရမွတ္ ၃၂ မွတ္နဲ႔ သုံးပြဲဆက္ သေရက်ထားတဲ့ ခ်ဲလ္ဆီးတို႔ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၾကသလို အဆင့္ ၉ ေနရာကို ျပန္လည္လက္လႊဲယူႏိုင္ခဲ့ၿပီး ဒါဘီႏိုင္ပြဲနဲ႔အတူ ဥေရာပဝင္ခြင့္ကို ျပန္လည္ရွာေဖြဖို႔ စိတ္အားထက္သန္လာခဲ့ၾကခ်ိန္မွာ အဲဗာတန္တို႔ကေတာ့ အဆင့္ ၁၈ မွာပဲ ဆက္လက္ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.