Premier League

မန်ယူနိုက်တက်ကို ဖလားရဖို့ မမျှော်လင့်နဲ့လို့ ပြောလိုက်တဲ့ စီးတီးကြယ်ပွင့်ဟောင်း

မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း မီကာ ရစ်ချက်က ဘန်လေကနေ အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဗောက် ဗက်ဟော့စ်က လုံလောက်တဲ့သွင်းဂိုးတွေ မသွင်းယူနိုင်တာကြောင့် မန်ချက်စတာယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ဖလားရဖို့ မဖြစ်နိုင်ဘူးလို့ ယုံကြည်နေပါတယ်။

အာဆင်နယ်အသင်းက ဘရန့်တ်ဖို့ဒ်နဲ့ အငြင်းပွားဖွယ် သရေကျခဲ့ပြီးနောက်မှာ မန်ချက်စတာ ၂ သင်းစလုံးက တနင်္ဂနွေနေ့မှာ နိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်က လိဒ်စ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့သလို မန်စီးတီးကလည်း အက်စတန် ဗီလာကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်နဲ့ ၅ မှတ်အကွာ၊ ဒုတိယနေရာက မန်စီးတီးနဲ့ ၂ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပေမယ့်လည်း စီးတီးထက် ၁ ပွဲ၊ အာဆင်နယ်ထက် ၂ ပွဲပိုကစားထားတာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲထဲမှာ ရှိလာလိမ့်မယ်လို့ ဘယ်သူမှ မမျှော်မှန်းထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဆာအဲလက်စ် ဖာဂူဆန်အနားယူပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိဖို့ ဖြစ်နိုင်ခြေရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာစီးတီးကြယ်ပွင့်ဟောင်း မီကာ ရစ်ချက်က အဲဒီလို မဖြစ်နိုင်ဘူးလို့ ယုံကြည်နေပြီး မန်ချက်စတာယူနိုက်တက်မှာ ကမ္ဘာ့အဆင့် ကျောနံပါတ် ၉ ကစားသမားမျိုး ကင်းမဲ့နေတာကြောင့် ဖြစ်တယ်လို့ Sky Sports ကို ပြောကြားခဲ့ပါတယ်။

“မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီး ကျွန်တော် မြင်တဲ့တစ်ခုတည်းသော ပြဿနာက ကျောနံပါတ် ၉ နေရာပဲ။ ဗောက် ဗက်ဟော့စ်က ကစားသမားကောင်းပါ။ သူက ကောင်းကောင်း ချိတ်ဆက်ကစားနိုင်ပေမယ့် သူက သူတို့ကို ဆုဖလားပြိုင်ပွဲထဲမှာ ဆက်ရှိနေစေမယ့် သွင်းဂိုးတွေ လုံလုံလောက်လောက် သွင်းယူပေးနိုင်မှာလား”

“ရက်ရှ်ဖို့ဒ်က အရမ်းကောင်းမွန်နေခဲ့ပေမယ့်လည်း သူ ရာသီကုန်တဲ့အထိ ဒီခြေစွမ်းကို ဆက်ထိန်းသိမ်းထားနိုင်မှာလား။ အာဆင်နယ်မှာက ဂျေးဇု ပြန်လာဖို့ ရှိနေပြီး မန်စီးတီးမှာလည်း ဟာလန်းရှိသလို အရန်ခုံမှာ ကမ္ဘာ့ဖလားချန်ပီယံ ယူလီယန် အယ်လ်ဗာရက်ဇ်ရှိတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗက်ဟော့စ်ဟာ ဇန်နဝါရီလမှာ အိုးထရက်ဖို့ဒ်ကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပေမယ့်လည်း ပထမဆုံး ပါဝင်ကစားပေးခဲ့တဲ့ ၈ ပွဲအတွင်းမှာ သွင်းဂိုး ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး တန်ဟက်မှာ လက်ရှိအချိန် အထောင်တိုက်စစ်မှူးစစ်စစ်ဆိုလို့ ဒဏ်ရာရနေတဲ့ အန်သိုနီ မာစီယယ်လ် တစ်ဦးတည်းသာ ရှိနေတာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးေနာက္ခံကစားသမားေဟာင္း မီကာ ရစ္ခ်က္က ဘန္ေလကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ေဗာက္ ဗက္ေဟာ့စ္က လုံေလာက္တဲ့သြင္းဂိုးေတြ မသြင္းယူႏိုင္တာေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ဖလားရဖို႔ မျဖစ္ႏိုင္ဘူးလို႔ ယုံၾကည္ေနပါတယ္။

အာဆင္နယ္အသင္းက ဘရန႔္တ္ဖို႔ဒ္နဲ႔ အျငင္းပြားဖြယ္ သေရက်ခဲ့ၿပီးေနာက္မွာ မန္ခ်က္စတာ ၂ သင္းစလုံးက တနဂၤေႏြေန႔မွာ ႏိုင္ပြဲ ရရွိခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္က လိဒ္စ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့သလို မန္စီးတီးကလည္း အက္စတန္ ဗီလာကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္နဲ႔ ၅ မွတ္အကြာ၊ ဒုတိယေနရာက မန္စီးတီးနဲ႔ ၂ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ေပမယ့္လည္း စီးတီးထက္ ၁ ပြဲ၊ အာဆင္နယ္ထက္ ၂ ပြဲပိုကစားထားတာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ဆုဖလားၿပိဳင္ပြဲထဲမွာ ရွိလာလိမ့္မယ္လို႔ ဘယ္သူမွ မေမွ်ာ္မွန္းထားခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဆာအဲလက္စ္ ဖာဂူဆန္အနားယူၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရရွိဖို႔ ျဖစ္ႏိုင္ေျခရွိလာခဲ့ၿပီ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးၾကယ္ပြင့္ေဟာင္း မီကာ ရစ္ခ်က္က အဲဒီလို မျဖစ္ႏိုင္ဘူးလို႔ ယုံၾကည္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္မွာ ကမာၻ႔အဆင့္ ေက်ာနံပါတ္ ၉ ကစားသမားမ်ိဳး ကင္းမဲ့ေနတာေၾကာင့္ ျဖစ္တယ္လို႔ Sky Sports ကို ေျပာၾကားခဲ့ပါတယ္။

“မန္ခ်က္စတာယူႏိုက္တက္နဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ ျမင္တဲ့တစ္ခုတည္းေသာ ျပႆနာက ေက်ာနံပါတ္ ၉ ေနရာပဲ။ ေဗာက္ ဗက္ေဟာ့စ္က ကစားသမားေကာင္းပါ။ သူက ေကာင္းေကာင္း ခ်ိတ္ဆက္ကစားႏိုင္ေပမယ့္ သူက သူတို႔ကို ဆုဖလားၿပိဳင္ပြဲထဲမွာ ဆက္ရွိေနေစမယ့္ သြင္းဂိုးေတြ လုံလုံေလာက္ေလာက္ သြင္းယူေပးႏိုင္မွာလား”

“ရက္ရွ္ဖို႔ဒ္က အရမ္းေကာင္းမြန္ေနခဲ့ေပမယ့္လည္း သူ ရာသီကုန္တဲ့အထိ ဒီေျခစြမ္းကို ဆက္ထိန္းသိမ္းထားႏိုင္မွာလား။ အာဆင္နယ္မွာက ေဂ်းဇု ျပန္လာဖို႔ ရွိေနၿပီး မန္စီးတီးမွာလည္း ဟာလန္းရွိသလို အရန္ခုံမွာ ကမာၻ႔ဖလားခ်န္ပီယံ ယူလီယန္ အယ္လ္ဗာရက္ဇ္ရွိတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဗက္ေဟာ့စ္ဟာ ဇန္နဝါရီလမွာ အိုးထရက္ဖို႔ဒ္ကို အငွားနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ေပမယ့္လည္း ပထမဆုံး ပါဝင္ကစားေပးခဲ့တဲ့ ၈ ပြဲအတြင္းမွာ သြင္းဂိုး ၁ ဂိုးသာ သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး တန္ဟက္မွာ လက္ရွိအခ်ိန္ အေထာင္တိုက္စစ္မႉးစစ္စစ္ဆိုလို႔ ဒဏ္ရာရေနတဲ့ အန္သိုနီ မာစီယယ္လ္ တစ္ဦးတည္းသာ ရွိေနတာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.