Premier League

ကိန်းနဲ့ အိုဆီမန် ဘယ်သူ့ကို ရွေးချယ်သင့်လဲဆိုတာ တန်ဟက်ကို ပြောပြနေတဲ့ ကိန်းဂဏန်းများ

မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဟာ ခရစ္စတီယာနို ရော်နယ်လ်ဒို ထွက်ခွာပြီးနောက်ပိုင်း ၎င်းရဲ့ နွေရာသီ ကစားသမားသစ်ခေါ်ယူမယ့်အစီအစဉ်မှာ ကျောနံပါတ် ၉ အသစ်ကို ပထမတန်းဦးစားပေးအဖြစ် သတ်မှတ်ထားပါတယ်။

ဒတ်ချ်လူမျိုးနည်းပြဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဗက်ဟော့စ်ကို အငှားနဲ့ ခေါ်ယူခဲ့ပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နှစ် ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်ချင်တယ်ဆိုရင် ထိပ်တန်းဂိုးသွင်းရှင်တစ်ဦး မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။ တန်ဟက်ဟာ လက်ရှိအချိန်အထိ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ မာစီယယ်လ်နဲ့ ဗက်ဟော့စ်တို့ကို အားထားနေခဲ့ရတာဖြစ်ပေမယ့်လည်း အသင်းရဲ့သွင်းဂိုးတွေကို မားကပ်စ် ရက်ရှ်ဖို့ဒ်က အဓိက တာဝန်ယူနေရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ တော့တင်ဟမ်ဟော့စပါးတိုက်စစ်မှူး ဟာရီ ကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နာပိုလီတိုက်စစ်မှူး ဗစ်တာ အိုဆီမန်ကလည်း လာမယ့်ရာသီ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်နိုင်မယ့် ရွေးချယ်စရာအဖြစ် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ပရိသတ်အများစုက ပရီးမီးယားလိဂ်မှာ သက်သေပြသထားပြီးသားဖြစ်တဲ့ အတွေ့အကြုံရင့်တိုက်စစ်မှူး ဟာရီ ကိန်းကို ခေါ်ယူစေချင်နေကြတာဖြစ်ပြီး တန်ဟက်အနေနဲ့ ယခုနွေရာသီမှာ ကြီးမားတဲ့ငွေကြေးပမာဏ သုံးစွဲသွားမယ်ဆိုရင် ကိန်းနဲ့ အိုဆီမန်တို့ထဲက ဘယ်သူ့ကို ခေါ်ယူသင့်လဲဆိုတာ ကိန်းဂဏန်းတွေက စကားပြောနေပါတယ်။

ကြယ်ပွင့်တိုက်စစ်မှူး ၂ ဦးနဲ့ပတ်သက်တဲ့ ကိန်းဂဏန်းတွေအကြောင်း မပြောခင်မှာ မန်ချက်စတာယူနိုက်တက်ဟာ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူး ဟာရီ ကိန်းထက် ၅ နှစ်ပိုမိုငယ်ရွယ်တဲ့ အိုဆီမန်ရဲ့ အသက်အရွယ်ကိုလည်း ထည့်တွက်လိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။ နာပိုလီကြယ်ပွင့်ဟာ အသက် ၂၄ နှစ်အရွယ်သာရှိသေးပြီး ဟာရီ ကိန်းထက် ကျိန်းသေပေါက် ပိုမို ငယ်ရွယ်တာကြောင့် အိုးထရက်ဖို့ဒ်က ကျောနံပါတ် ၉ နေရာအတွက် ရေရှည်ပိုပြီး သင့်တော်မှာ သေချာပါတယ်။

အိုဆီမန်ဟာ ကျောနံပါတ် ၉ နေရာအတွက် မြန်နှုန်းချင်းနှိုင်းယှဉ်မယ်ဆိုရင်လည်း ယခုရာသီ ချန်ပီယံလိဂ်မှာ ထိပ်တန်းမြန်နှုန်း တစ်နာရီကို ၃၄.၃ ကီလိုမီတာအထိ ရှိခဲ့တာကြောင့် ဟာရီ ကိန်း(တစ်နာရီကို ၃၁.၅ ကီလိုမီတာ)ထက် ပိုမိုလျင်မြန်တဲ့ကစားသမားဆိုတာ သံသယဖြစ်စရာမရှိတာဖြစ်ပါတယ်။ ယခုရာသီမှာ ဟာရီ ကိန်းဟာ တော့တင်ဟမ်ဟော့စပါးအတွက် ပွဲ ၃၀ ပွဲပါဝင်ကစားပေးခဲ့ပြီး ဗစ်တာ အိုဆီမန်ကတော့ ၂၁ ပွဲမှာ ၁၈ ပွဲ ပါဝင်ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟာ မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးခဲ့ချိန်မှာ အိုဆီမန်ကတော့ ပျမ်းမျှ တစ်ပွဲကို ၇၆ မိနစ်ဝန်းကျင်သာ ကစားခဲ့ရတာဖြစ်ပြီး တန်ဟက်နဲ့ ၎င်းရဲ့ကင်းထောက်တွေက အဲဒီအချက်ကိုလည်း ကြည့်မှာ သေချာပါတယ်။ တိုက်စစ်မှူး ၂ ဦးစလုံးဟာ ဂိုးသွင်းကောင်းသူတွေဆိုတာ ငြင်းစရာမရှိဘဲ ဟာရီ ကိန်းဟာ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ ဒီရာသီမှာ ဒီတိုက်စစ်မှူး ၂ ဦးကြားမှာ ကွာခြားချက်က နည်းနည်းလေးသာ ရှိနေတာဖြစ်ပြီး ကိန်းက ပြိုင်ပွဲစုံ သွင်းဂိုး ၁၉ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားသလို အိုဆီမန်ကည်း သွင်းဂိုး ၁၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပြီး စီးရီးအေရဲ့ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက နာပိုလီကြယ်ပွင့်ဟာ ပျမ်းမျှ သွင်းဂိုး ၁ ဂိုးရဖို့ ဘောလုံးထိတွေ့မှု ၃၀.၄ ကြိမ် ပြုလုပ်ခဲ့ချိန်မှာ ဟာရီ ကိန်းက ၆၂.၄ ကြိမ် အထိ ပြုလုပ်ထားခဲ့တာဖြစ်ပြီး အိုဆီမန်ဟာ ၉၄ မိနစ်ဝန်းကျင်တိုင်းမှာ တစ်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဟာရီ ကိန်းကတော့ မိနစ် ၁၄၀ အထိ အချိန်ယူခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးက ယခုရာသီမှာ ကြီးမားတဲ့အခွင့်အရေးတွေရဲ့ တစ်ဝက်ကျော်(၅၄.၂ ရာခိုင်နှုန်း)ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ချိန်မှာ အိုဆီမန်ကတော့ ၄၅.၂ ရာခိုင်နှုန်းသာ ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ဂျီးရီးယားတိုက်စစ်မှူးဟာ ယခုရာသီမှာ ဟာရီ ကိန်း(၁၁ ကြိမ်)နဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့အခွင့်အရေး ၁၇ ကြိမ်အထိ လွဲချော်ခဲ့ပြီးဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာတော့ နာပိုလီကြယ်ပွင့်က ဟာရီ ကိန်း(၅၀.၉ ရာခိုင်နှုန်း)ထက် ကြီးမားတဲ့အခွင့်အရေးတွေ(၅၈.၁ ရာခိုင်နှုန်း)ကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်ပါတယ်။

တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ကျောနံပါတ် ၉ ကို သွင်းဂိုးတွေအပြင် ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်တဲ့ကစားသမားမျိုး လိုချင်နေမှာဖြစ်ပြီး ကိန်းဂဏန်းတွေက ဟာရီ ကိန်းက ပွဲစဉ်တွေမှာ ဂိုးပါဝင်ပတ်သက်မှု ပိုမိုများပြားနေတယ်လို့ ဖော်ပြနေပါတယ်။ ၂၀၂၁-၂၀၂၂ ရာသီအစကတည်းက ဟာရီ ကိန်းဟာ အခွင့်အရေး ၈၇ ကြိမ်အထိ ဖန်တီးနိုင်ခဲ့ချိန်မှာ အိုဆီမန်က ၃၅ ကြိမ်သာ ဖန်တီးနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာလည်း အင်္ဂလန်တိုက်စစ်မှူးက နာပိုလီကြယ်ပွင့်(၄ ကြိမ်)ထက် ၃ ဆနီးပါးပိုမိုများပြားတဲ့ ကြီးမားတဲ့အခွင့်အရေး ၁၁ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

စပါးစ်ကြယ်ပွင့်ဟာ ပွဲစဉ်အတွင်းမှာ ကြီးကြီးမားမား ပါဝင်ပတ်သက်မှု ပိုမို ပြုလုပ်ထားနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အောင်မြင်တဲ့ ဘောလုံးပေးပို့မှု ၉၅၃ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ချန်မှာ အိုဆီမန်က ၃၇၀ ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိန်းဂဏန်းတွေအရ ဟာရီ ကိန်းဟာ အဆုံးသတ်သမားသက်သက်မဟုတ်ဘဲ အသင်းနဲ့ပါ ချိတ်ဆက်ကစားနိုင်စွမ်းရှိတဲ့ ကစားသမားဆိုတာ သိသာနေပြီး တန်ဟက် လိုချင်တဲ့ ကစားသမားမျိုးဆိုတာ ထင်ရှားနေတာဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္နည္းျပ အဲရစ္ တန္ဟက္ဟာ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ထြက္ခြာၿပီးေနာက္ပိုင္း ၎ရဲ႕ ေႏြရာသီ ကစားသမားသစ္ေခၚယူမယ့္အစီအစဥ္မွာ ေက်ာနံပါတ္ ၉ အသစ္ကို ပထမတန္းဦးစားေပးအျဖစ္ သတ္မွတ္ထားပါတယ္။

ဒတ္ခ်္လူမ်ိဳးနည္းျပဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ဗက္ေဟာ့စ္ကို အငွားနဲ႔ ေခၚယူခဲ့ေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္ဟာ လာမယ့္ႏွစ္ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚခ်င္တယ္ဆိုရင္ ထိပ္တန္းဂိုးသြင္းရွင္တစ္ဦး မျဖစ္မေန လိုအပ္မွာ ျဖစ္ပါတယ္။ တန္ဟက္ဟာ လက္ရွိအခ်ိန္အထိ ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနရတဲ့ မာစီယယ္လ္နဲ႔ ဗက္ေဟာ့စ္တို႔ကို အားထားေနခဲ့ရတာျဖစ္ေပမယ့္လည္း အသင္းရဲ႕သြင္းဂိုးေတြကို မားကပ္စ္ ရက္ရွ္ဖို႔ဒ္က အဓိက တာဝန္ယူေနရတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးတိုက္စစ္မႉး ဟာရီ ကိန္းကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး နာပိုလီတိုက္စစ္မႉး ဗစ္တာ အိုဆီမန္ကလည္း လာမယ့္ရာသီ အသင္းရဲ႕တိုက္စစ္ကို ဦးေဆာင္ႏိုင္မယ့္ ေ႐ြးခ်ယ္စရာအျဖစ္ ေပၚထြက္လာခဲ့တာျဖစ္ပါတယ္။ ပရိသတ္အမ်ားစုက ပရီးမီးယားလိဂ္မွာ သက္ေသျပသထားၿပီးသားျဖစ္တဲ့ အေတြ႕အႀကဳံရင့္တိုက္စစ္မႉး ဟာရီ ကိန္းကို ေခၚယူေစခ်င္ေနၾကတာျဖစ္ၿပီး တန္ဟက္အေနနဲ႔ ယခုေႏြရာသီမွာ ႀကီးမားတဲ့ေငြေၾကးပမာဏ သုံးစြဲသြားမယ္ဆိုရင္ ကိန္းနဲ႔ အိုဆီမန္တို႔ထဲက ဘယ္သူ႔ကို ေခၚယူသင့္လဲဆိုတာ ကိန္းဂဏန္းေတြက စကားေျပာေနပါတယ္။

ၾကယ္ပြင့္တိုက္စစ္မႉး ၂ ဦးနဲ႔ပတ္သက္တဲ့ ကိန္းဂဏန္းေတြအေၾကာင္း မေျပာခင္မွာ မန္ခ်က္စတာယူႏိုက္တက္ဟာ အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉး ဟာရီ ကိန္းထက္ ၅ ႏွစ္ပိုမိုငယ္႐ြယ္တဲ့ အိုဆီမန္ရဲ႕ အသက္အ႐ြယ္ကိုလည္း ထည့္တြက္လိမ့္မယ္ဆိုတာ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။ နာပိုလီၾကယ္ပြင့္ဟာ အသက္ ၂၄ ႏွစ္အ႐ြယ္သာရွိေသးၿပီး ဟာရီ ကိန္းထက္ က်ိန္းေသေပါက္ ပိုမို ငယ္႐ြယ္တာေၾကာင့္ အိုးထရက္ဖို႔ဒ္က ေက်ာနံပါတ္ ၉ ေနရာအတြက္ ေရရွည္ပိုၿပီး သင့္ေတာ္မွာ ေသခ်ာပါတယ္။

အိုဆီမန္ဟာ ေက်ာနံပါတ္ ၉ ေနရာအတြက္ ျမန္ႏႈန္းခ်င္းႏႈိင္းယွဥ္မယ္ဆိုရင္လည္း ယခုရာသီ ခ်န္ပီယံလိဂ္မွာ ထိပ္တန္းျမန္ႏႈန္း တစ္နာရီကို ၃၄.၃ ကီလိုမီတာအထိ ရွိခဲ့တာေၾကာင့္ ဟာရီ ကိန္း(တစ္နာရီကို ၃၁.၅ ကီလိုမီတာ)ထက္ ပိုမိုလ်င္ျမန္တဲ့ကစားသမားဆိုတာ သံသယျဖစ္စရာမရွိတာျဖစ္ပါတယ္။ ယခုရာသီမွာ ဟာရီ ကိန္းဟာ ေတာ့တင္ဟမ္ေဟာ့စပါးအတြက္ ပြဲ ၃၀ ပြဲပါဝင္ကစားေပးခဲ့ၿပီး ဗစ္တာ အိုဆီမန္ကေတာ့ ၂၁ ပြဲမွာ ၁၈ ပြဲ ပါဝင္ကစားေပးထားခဲ့တာ ျဖစ္ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟာ မိနစ္ ၉၀ အျပည့္ ပါဝင္ကစားေပးခဲ့ခ်ိန္မွာ အိုဆီမန္ကေတာ့ ပ်မ္းမွ် တစ္ပြဲကို ၇၆ မိနစ္ဝန္းက်င္သာ ကစားခဲ့ရတာျဖစ္ၿပီး တန္ဟက္နဲ႔ ၎ရဲ႕ကင္းေထာက္ေတြက အဲဒီအခ်က္ကိုလည္း ၾကည့္မွာ ေသခ်ာပါတယ္။ တိုက္စစ္မႉး ၂ ဦးစလုံးဟာ ဂိုးသြင္းေကာင္းသူေတြဆိုတာ ျငင္းစရာမရွိဘဲ ဟာရီ ကိန္းဟာ တနဂၤေႏြေန႔က မန္ခ်က္စတာစီးတီးကို အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီရာသီမွာ ဒီတိုက္စစ္မႉး ၂ ဦးၾကားမွာ ကြာျခားခ်က္က နည္းနည္းေလးသာ ရွိေနတာျဖစ္ၿပီး ကိန္းက ၿပိဳင္ပြဲစုံ သြင္းဂိုး ၁၉ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ ျပဳလုပ္ထားသလို အိုဆီမန္ကည္း သြင္းဂိုး ၁၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္ျပဳလုပ္ထားၿပီး စီးရီးေအရဲ႕ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ စိတ္ဝင္စားစရာေကာင္းတာက နာပိုလီၾကယ္ပြင့္ဟာ ပ်မ္းမွ် သြင္းဂိုး ၁ ဂိုးရဖို႔ ေဘာလုံးထိေတြ႕မႈ ၃၀.၄ ႀကိမ္ ျပဳလုပ္ခဲ့ခ်ိန္မွာ ဟာရီ ကိန္းက ၆၂.၄ ႀကိမ္ အထိ ျပဳလုပ္ထားခဲ့တာျဖစ္ၿပီး အိုဆီမန္ဟာ ၉၄ မိနစ္ဝန္းက်င္တိုင္းမွာ တစ္ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္ ဟာရီ ကိန္းကေတာ့ မိနစ္ ၁၄၀ အထိ အခ်ိန္ယူခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ယခုရာသီမွာ ႀကီးမားတဲ့အခြင့္အေရးေတြရဲ႕ တစ္ဝက္ေက်ာ္(၅၄.၂ ရာခိုင္ႏႈန္း)ကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့ခ်ိန္မွာ အိုဆီမန္ကေတာ့ ၄၅.၂ ရာခိုင္ႏႈန္းသာ ေျပာင္းလဲႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးဟာ ယခုရာသီမွာ ဟာရီ ကိန္း(၁၁ ႀကိမ္)နဲ႔ ႏႈိင္းယွဥ္ရင္ ႀကီးမားတဲ့အခြင့္အေရး ၁၇ ႀကိမ္အထိ လြဲေခ်ာ္ခဲ့ၿပီးျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂ ရာသီအတြင္းမွာေတာ့ နာပိုလီၾကယ္ပြင့္က ဟာရီ ကိန္း(၅၀.၉ ရာခိုင္ႏႈန္း)ထက္ ႀကီးမားတဲ့အခြင့္အေရးေတြ(၅၈.၁ ရာခိုင္ႏႈန္း)ကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္ပါတယ္။

တန္ဟက္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေက်ာနံပါတ္ ၉ ကို သြင္းဂိုးေတြအျပင္ ဂိုးဖန္တီးမႈေတြလည္း ျပဳလုပ္ႏိုင္တဲ့ကစားသမားမ်ိဳး လိုခ်င္ေနမွာျဖစ္ၿပီး ကိန္းဂဏန္းေတြက ဟာရီ ကိန္းက ပြဲစဥ္ေတြမွာ ဂိုးပါဝင္ပတ္သက္မႈ ပိုမိုမ်ားျပားေနတယ္လို႔ ေဖာ္ျပေနပါတယ္။ ၂၀၂၁-၂၀၂၂ ရာသီအစကတည္းက ဟာရီ ကိန္းဟာ အခြင့္အေရး ၈၇ ႀကိမ္အထိ ဖန္တီးႏိုင္ခဲ့ခ်ိန္မွာ အိုဆီမန္က ၃၅ ႀကိမ္သာ ဖန္တီးႏိုင္ခဲ့တာျဖစ္ၿပီး ယခုရာသီမွာလည္း အဂၤလန္တိုက္စစ္မႉးက နာပိုလီၾကယ္ပြင့္(၄ ႀကိမ္)ထက္ ၃ ဆနီးပါးပိုမိုမ်ားျပားတဲ့ ႀကီးမားတဲ့အခြင့္အေရး ၁၁ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

စပါးစ္ၾကယ္ပြင့္ဟာ ပြဲစဥ္အတြင္းမွာ ႀကီးႀကီးမားမား ပါဝင္ပတ္သက္မႈ ပိုမို ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ၿပီးခဲ့တဲ့ ၂ ရာသီအတြင္း ေအာင္ျမင္တဲ့ ေဘာလုံးေပးပို႔မႈ ၉၅၃ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ခ်န္မွာ အိုဆီမန္က ၃၇၀ ႀကိမ္သာ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီကိန္းဂဏန္းေတြအရ ဟာရီ ကိန္းဟာ အဆုံးသတ္သမားသက္သက္မဟုတ္ဘဲ အသင္းနဲ႔ပါ ခ်ိတ္ဆက္ကစားႏိုင္စြမ္းရွိတဲ့ ကစားသမားဆိုတာ သိသာေနၿပီး တန္ဟက္ လိုခ်င္တဲ့ ကစားသမားမ်ိဳးဆိုတာ ထင္ရွားေနတာျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.