Premier League

လီဆန်ဒရို မာတီနက်ဇ်အတွက် သူမှားပါတယ်လို့ ရှက်ရှက်နဲ့ ဝန်ခံလိုက်ရတဲ့ ကာရေဂါ

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းကို ဒီရာသီအစမှာ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်အနေနဲ့ အဆင့်အတန်းမီအောင် ကစားနိုင်မှာ မဟုတ်ဘဲ ရုန်းကန်ရလိမ့်မယ်ဆိုတဲ့ သုံးသပ်ချက်အတွက် ဘောလုံးကျွမ်းကျင်သူ ခံစစ်မှူးဟောင်း ဂျေမီ ကာရေဂါအနေနဲ့ သူကိုယ်တိုင်ပဲ မှားယွင်းကြောင်း ရှက်ရှက်နဲ့ပဲ ဝန်ခံလိုက်ရပြီဖြစ်ပါတယ်။

လီဗာပူးလ်နောက်ခံလူဟောင်းအနေနဲ့ အိုင်းယက်စ်ကနေ မန်ယူဆီ ပြောင်းရွှေ့လာခဲ့တဲ့ အာဂျင်တီးနားသားရဲ့ လူလုံးလူဖန်နဲ့ အရပ်အမောင်းကို အထင်သေးခဲ့တာဖြစ်ပြီး ရာသီအစ ရောက်လာခဲ့ချိန်မှာ ဝေဖန်မှု စောခဲ့ရာကနေ လက်ရှိမှာတော့ ခြေစွမ်းပြနေခဲ့တဲ့ ၂၄ နှစ်သားကို နှုတ်ကျွံမိတာအတွက် ဝန်ချတောင်းပန်ခဲ့ရတာပါ။

ကာရေဂါအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာခဲ့တဲ့ မာတီနက်ဇ်ရဲ့ ၅ ပေ ၉ လက်မ အရွယ် အရပ်အမြင့်ကို ဝေဖန်ခဲ့ဖူးသလို ဒီကစားသမားအနေနဲ့ ဘယ်နောက်ခံလူအဖြစ် ကစားရင်ကစား၊ မဟုတ်ရင် ၃-၅-၂ ခံစစ်ရဲ့ ဘယ်အစွန်မှာ ကစားတာကလွဲပြီး လေးယောက်တန်းရဲ့ ဗဟိုခံစစ်မှူးအဖြစ် ကစားနိုင်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ဖူးတာလည်းဖြစ်ပါတယ်။

ဒါပေမယ့် အမ်စတာဒမ်ရဲ့ သားသတ်သမားလို့ နာမည်ကြီးခဲ့တဲ့ မာတီနက်ဇ်အနေနဲ့ အာဂျင်တီးနားနဲ့ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့သလို မန်ချက်စတာယူနိုက်တက်မှာတော့ လက်ရင်းကစားသမား ရာဖေးလ် ဗာရွန်းနဲ့ တွဲဖက်ပြီး မာကျောတဲ့ ခံစစ်အတွက် ခြေစွမ်းပြနိုင်ခဲ့တာကြောင့် နည်းပြ အဲရစ် တန်ဟတ်ရဲ့ ခေါ်ယူမှု မှန်ကန်ကြောင်းကို သက်သေပြနိုင်ခဲ့တာပါ။

လက်ရှိမှာတော့ ကာရေဂါက သူ့အမှားကို ဝန်ခံလိုက်ပြီဖြစ်သလို “ကျွန်တော့်အမြင်တော့ သူက လက်ဖျားခါလောက်တဲ့ ကစားသမားမျိုးပါပဲ”လို့ ဝန်ခံသွားခဲ့ပြီး မန်ချက်စတာယူနိုက်တက်အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၃၁ ပွဲကစားပြီး အာဆင်နယ်နဲ့ပွဲမှာ ပထမဆုံးဂိုးကို စရခဲ့တဲ့ နောက်ခံလူကို “ထူးခြားကောင်းမွန်တဲ့ ကစားသမားလို့ပါ” နာမည်တပ်လိုက်တာဖြစ်ပါတယ်။

“ကျွန်တော် ထင်ခဲ့တာက ဒီအရွယ်အစားနဲ့ ကစားသမားမျိုးဟာ ပရီးမီးယားလိဂ်ရဲ့ ခံစစ်ပိုင်းမှာ ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ပေါ့။ ဒါပေမယ့် သူက ကောင်းကောင်း ရပ်တည်နိုင်ခဲ့သလို မန်ချက်စတာယူနိုက်တက်ရဲ့ သရဲနီစိတ်ဓာတ်ကို တည်ဆောက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး သူထွက်သွားမှ တစ်ဖက်အသင်းက ဂိုးသွင်းတာမျိုးကို မြင်လိုက်ရတော့မှ သူ့ရဲ့ အရေးပါမှုကို ပိုသေချာစေခဲ့ပါတယ်”လို့ ဝန်ခံသွားတာပါ။

ကာရေဂါက လီဆန်ဒရို မာတီနက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်နေပြီလို့လည်း ဆိုလိုက်ပြီး အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ရဲရဲရင့်ရင့် တိုက်ပွဲဝင်ပြီး ဆုဖလားကို ရရှိလာခဲ့မှုက သူ့ရဲ့ တိုက်ရည်ခိုက်ရည်နဲ့ စိတ်ဓာတ်ကို ပြသလိုက်သလိုပဲလို့လည်း ဆိုသွားခဲ့ပါတယ်။

မာတီနက်ဇ်အနေနဲ့ ကာရေဂါတစ်ယောက် ကောက်ချက်ချခဲ့ဖူးသလို ရာသီအစမှာတော့ ရုန်းကန်ခဲ့ရပြီး ဘရန့်ဖို့ဒ်နဲ့ ဘရိုက်တန်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်တွေမှာ သူ့ရဲ့ အရပ်အမောင်းနဲ့ နေရာယူပုံတွေ အားနည်းခဲ့တာအတွက် တစ်ဖက်အသင်းတွေရဲ့ အဓိက ပစ်မှတ်အဖြစ် အသုံးချခြင်းကို ခံခဲ့ရပြီး လီဗာပူးလ်ဂန္ထဝင်တစ်ယောက် အဲ့ဒီတုန်းက မှန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဘာမှ မဆိုင်အောင် တိုးတက်လာခဲ့တာပါ။

သူ့ရဲ့ အရပ်အမောင်းအရ အားနည်းမှုကို အကွက်မြင်တဲ့ ဖျက်ထုတ်မှုနဲ့အတူ ဘောလုံးလမ်းကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် တွက်ဆနိုင်မှုက ကျားကန်ပေးနိုင်ခဲ့ပြီး အသင်းဖော် ဗာရွန်းရဲ့ အမြင့်ဘော အကူအညီတွေလည်း ရရှိထားခဲ့လို့ မာတီနက်ဇ်တစ်ယောက် ကာရေဂါရဲ့ စကားကို ဟာသအဖြစ် ပြောင်းလဲနိုင်ခဲ့တာဖြစ်တယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဒီရာသီအစမွာ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တဲ့ ေနာက္ခံလူ လီဆန္ဒ႐ို မာတီနက္ဇ္အေနနဲ႔ အဆင့္အတန္းမီေအာင္ ကစားႏိုင္မွာ မဟုတ္ဘဲ ႐ုန္းကန္ရလိမ့္မယ္ဆိုတဲ့ သုံးသပ္ခ်က္အတြက္ ေဘာလုံးကြၽမ္းက်င္သူ ခံစစ္မႉးေဟာင္း ေဂ်မီ ကာေရဂါအေနနဲ႔ သူကိုယ္တိုင္ပဲ မွားယြင္းေၾကာင္း ရွက္ရွက္နဲ႔ပဲ ဝန္ခံလိုက္ရၿပီျဖစ္ပါတယ္။

လီဗာပူးလ္ေနာက္ခံလူေဟာင္းအေနနဲ႔ အိုင္းယက္စ္ကေန မန္ယူဆီ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ အာဂ်င္တီးနားသားရဲ႕ လူလုံးလူဖန္နဲ႔ အရပ္အေမာင္းကို အထင္ေသးခဲ့တာျဖစ္ၿပီး ရာသီအစ ေရာက္လာခဲ့ခ်ိန္မွာ ေဝဖန္မႈ ေစာခဲ့ရာကေန လက္ရွိမွာေတာ့ ေျခစြမ္းျပေနခဲ့တဲ့ ၂၄ ႏွစ္သားကို ႏႈတ္ကြၽံမိတာအတြက္ ဝန္ခ်ေတာင္းပန္ခဲ့ရတာပါ။

ကာေရဂါအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာခဲ့တဲ့ မာတီနက္ဇ္ရဲ႕ ၅ ေပ ၉ လက္မ အ႐ြယ္ အရပ္အျမင့္ကို ေဝဖန္ခဲ့ဖူးသလို ဒီကစားသမားအေနနဲ႔ ဘယ္ေနာက္ခံလူအျဖစ္ ကစားရင္ကစား၊ မဟုတ္ရင္ ၃-၅-၂ ခံစစ္ရဲ႕ ဘယ္အစြန္မွာ ကစားတာကလြဲၿပီး ေလးေယာက္တန္းရဲ႕ ဗဟိုခံစစ္မႉးအျဖစ္ ကစားႏိုင္မွာ မဟုတ္ဘူးလို႔ ဆိုခဲ့ဖူးတာလည္းျဖစ္ပါတယ္။

ဒါေပမယ့္ အမ္စတာဒမ္ရဲ႕ သားသတ္သမားလို႔ နာမည္ႀကီးခဲ့တဲ့ မာတီနက္ဇ္အေနနဲ႔ အာဂ်င္တီးနားနဲ႔ ကမာၻ႔ဖလား ခ်န္ပီယံျဖစ္ခဲ့သလို မန္ခ်က္စတာယူႏိုက္တက္မွာေတာ့ လက္ရင္းကစားသမား ရာေဖးလ္ ဗာ႐ြန္းနဲ႔ တြဲဖက္ၿပီး မာေက်ာတဲ့ ခံစစ္အတြက္ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ နည္းျပ အဲရစ္ တန္ဟတ္ရဲ႕ ေခၚယူမႈ မွန္ကန္ေၾကာင္းကို သက္ေသျပႏိုင္ခဲ့တာပါ။

လက္ရွိမွာေတာ့ ကာေရဂါက သူ႔အမွားကို ဝန္ခံလိုက္ၿပီျဖစ္သလို “ကြၽန္ေတာ့္အျမင္ေတာ့ သူက လက္ဖ်ားခါေလာက္တဲ့ ကစားသမားမ်ိဳးပါပဲ”လို႔ ဝန္ခံသြားခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္အတြက္ ဒီရာသီမွာ ၿပိဳင္ပြဲစုံ ၃၁ ပြဲကစားၿပီး အာဆင္နယ္နဲ႔ပြဲမွာ ပထမဆုံးဂိုးကို စရခဲ့တဲ့ ေနာက္ခံလူကို “ထူးျခားေကာင္းမြန္တဲ့ ကစားသမားလို႔ပါ” နာမည္တပ္လိုက္တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ ထင္ခဲ့တာက ဒီအ႐ြယ္အစားနဲ႔ ကစားသမားမ်ိဳးဟာ ပရီးမီးယားလိဂ္ရဲ႕ ခံစစ္ပိုင္းမွာ ရပ္တည္ႏိုင္မွာ မဟုတ္ဘူးလို႔ေပါ့။ ဒါေပမယ့္ သူက ေကာင္းေကာင္း ရပ္တည္ႏိုင္ခဲ့သလို မန္ခ်က္စတာယူႏိုက္တက္ရဲ႕ သရဲနီစိတ္ဓာတ္ကို တည္ေဆာက္ရာမွာ အေရးပါတဲ့ အခန္းက႑က ပါဝင္ခဲ့ၿပီး သူထြက္သြားမွ တစ္ဖက္အသင္းက ဂိုးသြင္းတာမ်ိဳးကို ျမင္လိုက္ရေတာ့မွ သူ႔ရဲ႕ အေရးပါမႈကို ပိုေသခ်ာေစခဲ့ပါတယ္”လို႔ ဝန္ခံသြားတာပါ။

ကာေရဂါက လီဆန္ဒ႐ို မာတီနက္ဇ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ႀကီးမားတဲ့ အစိတ္အပိုင္းတစ္ခုျဖစ္ေနၿပီလို႔လည္း ဆိုလိုက္ၿပီး အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းနဲ႔အတူ ကမာၻ႔ဖလားမွာ ရဲရဲရင့္ရင့္ တိုက္ပြဲဝင္ၿပီး ဆုဖလားကို ရရွိလာခဲ့မႈက သူ႔ရဲ႕ တိုက္ရည္ခိုက္ရည္နဲ႔ စိတ္ဓာတ္ကို ျပသလိုက္သလိုပဲလို႔လည္း ဆိုသြားခဲ့ပါတယ္။

မာတီနက္ဇ္အေနနဲ႔ ကာေရဂါတစ္ေယာက္ ေကာက္ခ်က္ခ်ခဲ့ဖူးသလို ရာသီအစမွာေတာ့ ႐ုန္းကန္ခဲ့ရၿပီး ဘရန႔္ဖို႔ဒ္နဲ႔ ဘ႐ိုက္တန္တို႔ကို ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္ေတြမွာ သူ႔ရဲ႕ အရပ္အေမာင္းနဲ႔ ေနရာယူပုံေတြ အားနည္းခဲ့တာအတြက္ တစ္ဖက္အသင္းေတြရဲ႕ အဓိက ပစ္မွတ္အျဖစ္ အသုံးခ်ျခင္းကို ခံခဲ့ရၿပီး လီဗာပူးလ္ဂႏၴဝင္တစ္ေယာက္ အဲ့ဒီတုန္းက မွန္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ ဘာမွ မဆိုင္ေအာင္ တိုးတက္လာခဲ့တာပါ။

သူ႔ရဲ႕ အရပ္အေမာင္းအရ အားနည္းမႈကို အကြက္ျမင္တဲ့ ဖ်က္ထုတ္မႈနဲ႔အတူ ေဘာလုံးလမ္းေၾကာင္းကို ကြၽမ္းကြၽမ္းက်င္က်င္ တြက္ဆႏိုင္မႈက က်ားကန္ေပးႏိုင္ခဲ့ၿပီး အသင္းေဖာ္ ဗာ႐ြန္းရဲ႕ အျမင့္ေဘာ အကူအညီေတြလည္း ရရွိထားခဲ့လို႔ မာတီနက္ဇ္တစ္ေယာက္ ကာေရဂါရဲ႕ စကားကို ဟာသအျဖစ္ ေျပာင္းလဲႏိုင္ခဲ့တာျဖစ္တယ္လို႔လည္း ကြၽမ္းက်င္သူေတြက သုံးသပ္ထားၾကေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.