Analysis Article Match Preview Premier League

အသင်းကြီးတွေ နေကောင်းမယ့် EPL ပွဲစဉ် ၂၃ အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

ဝက်စ်ဟမ်းယူနိုက်တက်-ချဲလ်ဆီး
စနေနေ့မှာ အစောဆုံးကစားမယ့်ပွဲစဉ်က နှစ်သင်းလုံးအတွက်တော့ အရေးပါတဲ့ ပွဲစဉ်ဖြစ်ပြီး တန်းဆင်းဇုန်က ရုန်းထွက်ဖို့ ကြိုးစားနေတဲ့ ဝက်စ်ဟမ်းနဲ့ ပေါင်သန်း ၃၀၀ ကျော်သုံးပြီး နိုင်ပွဲပုံမှန်ရဖို့ ကြိုးစားနေတဲ့ ချဲလ်ဆီးတို့အတွက် ဖိဖိစီးစီး ကစားလာကြမှာပါ။ နယူးကာဆယ်လ်ကို အဝေးမှာ သရေကျခဲ့တာက ဟမ်းမားတွေအတွက် ယုံကြည်မှု မြင့်မားလာခဲ့သလို ချဲလ်ဆီးတို့ကတော့ ဖူလ်ဟမ်ကို အိမ်ကွင်းမှာ သရေကျခဲ့တဲ့အတွက် တနုံ့နုံ့နဲ့ ပေါက်ကွဲပြနိုင်ဖို့ လုပ်လာကြမှာဖြစ်ပါတယ်။ ဂျာအို ဖဲလစ္စ ပြန်လာပါလာမှဖြစ်တဲ့အတွက် ချဲလ်ဆီးတို့ ပိုကောင်းလာဖို့ ရှိနေသလို လန်ဒန်ဒါဘီမှာ အနိုင်ရဖို့ ဖြစ်လာနိုင်ပြီး ဝက်စ်ဟမ်းတို့ အမှတ်ရဖို့တော့ နောက်တစ်ပွဲ ထပ်စောင့်သွားရနိုင်ပါတယ်။ (ဝက်စ်ဟမ်း 1-2 ချဲလ်ဆီး)

ဖူလ်ဟမ်-နော့တင်ဟမ်ဖောရက်စ်
ဖောရက်စ်တို့အနေနဲ့ လူတွေ ၃၀ ကျော်လောက် ဝယ်အပြီးမှာတော့ အနိုင်ရနိုင်မယ့် နည်းလမ်းကို ရှာတွေ့နိုင်ခဲ့သလိုပါပဲ။ သူတို့အတွက် အရေးပါတဲ့ နိုင်ပွဲတွေနဲ့ အဆင့် ၁၃ အထိ တက်ရောက်လာနိုင်ခဲ့ပြီး တန်းဆင်းဇုန်နဲ့လည်း ဝေးလာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖူလ်ဟမ်ကွင်းကတော့ အသင်းကြီးတွေအတွက်တောင် ခက်ခဲတာဖြစ်လို့ စိတ်အေးလက်အေးဖြစ်လာချိန်မှာ ရှုံးပွဲပြန်တွေ့ဖို့ ဖြစ်လာနိုင်တာပါ။ အိမ်ရှင်တွေအနေနဲ့ အရန်တွေနဲ့ပဲ အက်ဖ်အေဖလားမှာ အနိုင်ကန်ထားခဲ့သလို ပြီးခဲ့တဲ့ ပွဲမှာလည်း ချဲလ်ဆီးကွင်းမှာ သရေကန်ထားခဲ့တာကြောင့် လက်ရှိအဆင့်ကို ဆက်ထိန်းဖို့ အနိုင် ကစားမှာဖြစ်ပြီး ဖောရက်စ်တို့ကတော့ အားမတန် မာန်လျှော့ရဖို့ ရှိနေပါတယ်။ (ဖူလ်ဟမ် 2-0 ဖောရက်စ်)

လက်စတာစီးတီး-တော့တင်ဟမ်ဟော့စပါး
ပြီးခဲ့တဲ့ နှစ်ပွဲမှာ ခြောက်မှတ် ယူထားခဲ့တဲ့ စပါးစ်တို့အနေနဲ့ လက်စတာကွင်းမှာ အစမ်းသပ်ခံဖို့ဖြစ်လာခဲ့ပါတယ်။ ဟာရီကိန်း ပါနိုင်ရင် သူတို့အတွက် နိုင်ပွဲသေချာတယ်လို့ ပြောရမလိုဖြစ်နေချိန်မှာ မြောက်လန်ဒန်သားတွေအနေနဲ့ မန်စီးတီးကို ဖုတ်ပြီး စိတ်ဓာတ်တွေလည်း တက်ကြွနေလို့ အဆင့် ၄ ကို နယူးကာဆယ်လ်ဆီက လုယူဖို့ ကြိုးစားလာတော့မှာပါ။ လက်စတာတို့ကတော့ ဗီလာခံစစ်အမှားတွေကနေ နိုင်ပွဲယူနိုင်ခဲ့ပေမယ့် ခြေစွမ်းက အကောင်းကြီး မဟုတ်သေးသလို တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာကြောင့်သာ ရုန်းအားပြနေတာဖြစ်ပါတယ်။ ကောင်တာသန်တဲ့ နှစ်သင်းစလုံး ဂိုးအပြိုင်သွင်းကြဖို့ ရှိပြီး မြေခွေးအသိုက်မှာ သရေကျဖို့ များနေပါတယ်။ (လက်စတာ 2-2 စပါးစ်)

အာဆင်နယ်-ဘရန့်ဖို့ဒ်
အာဆင်နယ်တို့အတွက်တော့ ဒီပွဲက အရေးပါတဲ့ ပွဲဖြစ်ပြီး အဲဗာတန်နဲ့ အရှုံးအတွက် လမ်းကြောင်းမှန်ပေါ်မှာ ပေါက်ကွဲပြရမယ့် Must Win Game တစ်ပွဲဖြစ်နေခဲ့ပါတယ်။ ဒီပွဲကန်ပြီးရင် ကြာသပတေးနေ့မှာ မန်စီးတီးနဲ့ ပွဲကျန်ကစားရဖို့ ရှိနေပြီး အမှတ်ဆုံးရှုံးနိုင်တာကြောင့် ဘရန့်ဖို့ဒ်ဆီကနေ သုံးမှတ် အပြည့်ရယူထားနိုင်ဖို့လည်း လိုအပ်နေတာပါ။ ဘရန့်ဖို့ဒ်တို့ကတော့ အဝေးကွင်းမှာဆိုရင် ကောင်တာကို ပိုမိုအားပြုတတ်တဲ့ အသင်းမျိုးဖြစ်ပေမယ့် မျက်နှာပြောင်ပြောင်နဲ့ တရားလွန် ပိတ်ကစားတတ်ခြင်းမျိုး မရှိတာကြောင့် အာဆင်နယ်တို့ ကစားရခက်ဖို့တော့ မဖြစ်နိုင်ဘူးလို့ ဆိုရပါလိမ့်မယ်။ ဂန်းနားတို့ ရလဒ်ကျဉ်းမြောင်းနိုင်ပေမယ့် အမှားမခံဘဲ သုံးမှတ်ယူသွားကြမှာပါ။ (အာဆင်နယ် 2-1 ဘရန့်ဖို့ဒ်)

ခရစ္စတယ်လ်ပဲလေ့စ်-ဘရိုက်တန်
ပဲလေ့စ်တို့အနေနဲ့ အမှတ်လျော့တာတွေ များနေခဲ့ပြီး ကစားပုံကောင်းပေမယ့် သုံးစားမရတဲ့ ရှေ့တန်းကြောင့် ဂိုးပေးလိုက်ရရင် ပြဿနာတွေ များကုန်တတ်ပါတယ်။ ဘရိုက်တန်တို့ကတော့ ကွင်းလယ်လူ ကိုင်စီဒိုရဲ့ အခြေအနေ မတည်ငြိမ်ပေမယ့် ရှိတဲ့သူနဲ့ အကောင်းဆုံး ရှေ့ဆက်နေပြီး ဒီတစ်ပတ်မှာတော့ အီကွေဒေါသား ပြန်လည်ပါဝင်လာနိုင်သလို ပုံမှန်အတိုင်း ကစားလာနိုင်ပါတယ်။ ဗီယာရာအနေနဲ့ အသင်းကို လူသစ်တွေ အားဖြည့်ထားခဲ့ပေမယ့် ပုံစံကောင်းရဖို့ ရုန်းကန်နေခဲ့ရချိန်မှာ ရောဘတ်တို ဒီဇာဘီကတော့ မီတိုမာအစွမ်းနဲ့ မျက်နှာပန်းလှနေတာကြောင့် လင်းယုန်တွေကို စင်ရော်တွေ သုတ်ခဲ့ရင် မအံ့ဩဖို့ပဲ သတိပေးထားရမှာပါ။ (ပဲလေ့စ် 1-2 ဘရိုက်တန်)

ဆောက်သမ်တန်-ဝုလ်ဗာဟမ့်ပ်တန်
နှစ်သင်းစလုံးအတွက် အရေးပါတဲ့ပွဲတစ်ပွဲဖြစ်ပြီး ဇယားအောက်ဆုံးက ဆောက်သမ်တန်တို့အဖို့ သူတို့နဲ့ အမှတ်မကွာလှတဲ့ ပြိုင်ဘက်ကို အိမ်ကွင်းမှာ ကစားရချိန်မှာ ဝါ့ဒ်-ပရောက်စ် ခေါင်းဆောင်ပြီး လူသစ်တွေနဲ့ ညှစ်ထုတ်လာနိုင်တာဖြစ်ပါတယ်။ ပုံစံကောင်း ပြန်ရနေပြီး လီဗာပူးလ်ကိုတောင် ဗျင်းထားခဲ့တဲ့ ဝုလ်ဗ်စ်တို့ကတော့ တိုက်စစ်နဲ့ ကွင်းလယ်က နည်းပြ လိုပီတီဂီရဲ့ ဗျူဟာတွေနဲ့ အသားကျလာခဲ့သလို နိုင်သင့်တဲ့ပွဲတွေကို အနိုင်ရဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားနိုင်ခဲ့တာပါ။ စိန့်မေရီမှာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကို ကြည့်ရနိုင်ပေမယ့် အခြေအနေအရပ်ရပ်အရ တန်းဆင်းဖို့ကို ဦးတည်သလို ဖြစ်နေတဲ့ စိန့်တို့ကို ဝုလ်ဗ်စ်တို့ကပဲ ကပ်နိုင်သွားပါလိမ့်မယ်။ (စိန့် 0-1 ဝုလ်ဗ်စ်)

ဘုန်းမောက်-နယူးကာဆယ်လ်ယူနိုက်တက်
ဝက်စ်ဟမ်းနဲ့ပွဲမှာ အမှတ်လျော့ထားတဲ့ နယူးကာဆယ်လ်တို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကို လက်မလွှတ်ချင်ရင် တုံ့ပြန်ပြရမယ့်ပွဲဖြစ်ပါတယ်။ ခံစစ်ကောင်းပေမယ့် တိုက်စစ်က တစ်ဂိုးထက် ပိုသွင်းဖို့ ခက်နေတာက ငှက်ကျားတွေအတွက် ကြီးမားတဲ့ ပြဿနာဖြစ်နေပြီး အဲ့ဒီတစ်ဂိုးနဲ့ပဲ နိုင်ပွဲတွေရဖို့ ခံစစ်ကိုပဲ အားကိုးနေရတာပါ။ ဘုန်းမောက်တို့ကတော့ Form ပျက်နေပြီး ဂိုးတွေ ကောင်းကောင်းသွင်းယူတတ်ခြင်း မရှိဘဲဖြစ်နေခဲ့သလို တိုက်စစ်မှာ ဘယ်သူ ကစားကစား အဆင်မပြေဘဲ နည်းပြ အိုနီးလ်အတွက်တော့ အဆိုးတွေပဲ ဖြစ်ပျက်နေခဲ့ပါတယ်။ အက်ဒီဟောင်းအနေနဲ့ နည်းပြကောင်းတစ်ဦး ဆိုတာ ပြသရမယ့် ပွဲစဉ်လည်းဖြစ်ပြီး တစ်ဂိုးတည်းကပဲ ဧည့်သည်တွေအတွက် အလုပ်ဖြစ်မယ်ထင်ပါတယ်။ (ဘုန်းမောက် 0-1 နယူးကာဆယ်လ်)

လိဒ်စ်ယူနိုက်တက်-မန်ချက်စတာယူနိုက်တက်
မသိရင် ဖလားပွဲ Play-off ကို ဆက်တိုက်ကစားသလား ထင်ရအောင် လိဒ်စ်နဲ့ မန်ယူတို့ နှင်းဆီဒါဘီကို လေးရက်အတွင်းမှာ အိမ်ကွင်း အဝေးကွင်း ပြန်လည်ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ ကာစီမီရိုနဲ့ အဲရစ်ဆန်တို့ မရှိချိန်မှာ မန်ယူတို့ ရုန်းကန်နေခဲ့ရပေမယ့် ဆာဘစ်ဇာက တဖြည်းဖြည်း အသားကျလာနိုင်သလို တိုက်စစ်မှာလည်း ဆန်ချိုကို ပြန်သုံးပြီး ရက်ရှ်ဖို့ဒ်ကို အထောင်ထားခဲ့ရင် ဂိုးရဖို့ မခက်နိုင်တာပါ။ အိုးလ်ထရက်ဖို့ဒ်မှာ ခံစစ်အမှားနဲ့ နောက်က လိုက်ကစားပြီး သရေကျခဲ့ရပေမယ့် နယူးကာဆယ်လ်နဲ့ စပါးစ်တို့ရဲ့ ခြိမ်းခြောက်မှုတွေအတွက် ပေါ့လို့မဖြစ်ချိန်မှာ နည်းပြသစ် မရသေးတဲ့ လိဒ်စ်ကို အယ်လန်ရုတ်ဒ်မှာ အနိုင်ယူဖို့ ဖိဖိစီးစီး ကစားမှာဖြစ်လို့ တန်ဟတ်ရဲ့လူတွေ ဂိုးပြတ်မပြတ်ပဲ ကြည့်ရပါလိမ့်မယ်။ (လိဒ်စ် 0-3 မန်ယူ)

မန်ချက်စတာစီးတီး-အက်စ်တန်ဗီလာ
စပါးစ်ကွင်းမှာ သွားယားပြီး မှောက်လျက်လဲ နဖူးကွဲလာခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ ဒဏ်ရာကို အနိုင်သုံးမှတ်ဆေးသိပ်ဖို့ လိုအပ်နေတာပါ။ ဗီလာတို့ကတော့ ပထမအကျော့က သရေကစားနိုင်ခဲ့ပေမယ့် သူတို့ရဲ့ လက်ရှိခြေစွမ်းက မတည်ငြိမ်ဘဲ ဝပ်ကင်းစ်တစ်ယောက်တည်းကိုပဲ မှီခိုနေရပါတယ်။ ဒီဘရိုင်းနားနဲ့ ဂွန်ဒိုးဝမ်ဆိုတဲ့ ဟားလန်းရဲ့ အစာကြော၊ ရေကြောတွေကို ဖြတ်တောက်မထားဖို့ လိုအပ်နေသလို ဂွါဒီယိုလာအနေနဲ့ ခေါင်းမာတာလား ဂတုံးမာတာလား ပြချင်တဲ့ စိတ်ကို လျှော့လိုက်ရင် ပုံမှန်အတိုင်း ပြန်ဖြစ်နိုင်ပါလိမ့်မယ်။ အာဆင်နယ်တို့ နိုင်ပွဲရဖို့ နီးစပ်နေချိန်မှာ မန်စီးတီးတို့ အမှားခံလို့ မရဘဲ ဒီထက် အမှတ်ပြတ်မသွားရအောင် သုံးမှတ်လိုက်ယူကြမှာပါ။ (မန်စီးတီး 2-0 ဗီလာ)

လီဗာပူးလ်-အဲဗာတန်
ဒီတစ်ပတ်ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မာဆေးဆိုက်ဒါဘီမှာတော့ ဘယ်အသင်းက အပေါ်ကဆိုတာတောင် ပြောဖို့ ခက်နေပါတယ်။ အိမ်ရှင် အနီရောင်တွေရဲ့ ခြေစွမ်းက ဆိုးရွားလွန်းနေခဲ့ချိန်မှာ ရှောင်ဒိုက်ချ်လက်ထဲ တစ်ပွဲဆိုတစ်ပွဲ တိုးတက်လာခဲ့တဲ့ အပြာရောင်တွေကတော့ မာမာကျောကျောနဲ့ ပိတ်ကစားဖို့ပဲ ထပ်ပြီး ပြင်ဆင်လာကြပါလိမ့်မယ်။ အိမ်ကွင်းလည်းဖြစ်၊ ဒါဘီလည်းဖြစ်နေလို့ လီဗာပူးလ်တို့ သိက္ခာမကျရဖို့ အကောင်းဆုံး ကစားလာမှာဖြစ်ပြီး တန်းဆင်းဇုန်က ရုန်းထွက်နိုင်ဖို့ မိုတီဗေးရှင်းရသွားတဲ့ အဲဗာတန်တို့ကတော့ ဒီပွဲကို ကောင်တာနဲ့ပဲ အမှတ်ခွဲယူဖို့ ကြိုးစားလာနိုင်ပေမယ့် အိမ်ရှင်တွေ ပရိသတ် အဆဲမခံရဖို့ ကလော့ပ်ရဲ့ ဉာဏ်နီဉာဏ်နက်တွေနဲ့အတူ အနိုင်ယူသွားကြမှာပါ။ (လီဗာပူးလ် 2-0 အဲဗာတန်)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းယူႏိုက္တက္-ခ်ဲလ္ဆီး
စေနေန႔မွာ အေစာဆုံးကစားမယ့္ပြဲစဥ္က ႏွစ္သင္းလုံးအတြက္ေတာ့ အေရးပါတဲ့ ပြဲစဥ္ျဖစ္ၿပီး တန္းဆင္းဇုန္က ႐ုန္းထြက္ဖို႔ ႀကိဳးစားေနတဲ့ ဝက္စ္ဟမ္းနဲ႔ ေပါင္သန္း ၃၀၀ ေက်ာ္သုံးၿပီး ႏိုင္ပြဲပုံမွန္ရဖို႔ ႀကိဳးစားေနတဲ့ ခ်ဲလ္ဆီးတို႔အတြက္ ဖိဖိစီးစီး ကစားလာၾကမွာပါ။ နယူးကာဆယ္လ္ကို အေဝးမွာ သေရက်ခဲ့တာက ဟမ္းမားေတြအတြက္ ယုံၾကည္မႈ ျမင့္မားလာခဲ့သလို ခ်ဲလ္ဆီးတို႔ကေတာ့ ဖူလ္ဟမ္ကို အိမ္ကြင္းမွာ သေရက်ခဲ့တဲ့အတြက္ တႏုံ႔ႏုံ႔နဲ႔ ေပါက္ကြဲျပႏိုင္ဖို႔ လုပ္လာၾကမွာျဖစ္ပါတယ္။ ဂ်ာအို ဖဲလစၥ ျပန္လာပါလာမွျဖစ္တဲ့အတြက္ ခ်ဲလ္ဆီးတို႔ ပိုေကာင္းလာဖို႔ ရွိေနသလို လန္ဒန္ဒါဘီမွာ အႏိုင္ရဖို႔ ျဖစ္လာႏိုင္ၿပီး ဝက္စ္ဟမ္းတို႔ အမွတ္ရဖို႔ေတာ့ ေနာက္တစ္ပြဲ ထပ္ေစာင့္သြားရႏိုင္ပါတယ္။ (ဝက္စ္ဟမ္း 1-2 ခ်ဲလ္ဆီး)

ဖူလ္ဟမ္-ေနာ့တင္ဟမ္ေဖာရက္စ္
ေဖာရက္စ္တို႔အေနနဲ႔ လူေတြ ၃၀ ေက်ာ္ေလာက္ ဝယ္အၿပီးမွာေတာ့ အႏိုင္ရႏိုင္မယ့္ နည္းလမ္းကို ရွာေတြ႕ႏိုင္ခဲ့သလိုပါပဲ။ သူတို႔အတြက္ အေရးပါတဲ့ ႏိုင္ပြဲေတြနဲ႔ အဆင့္ ၁၃ အထိ တက္ေရာက္လာႏိုင္ခဲ့ၿပီး တန္းဆင္းဇုန္နဲ႔လည္း ေဝးလာႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဖူလ္ဟမ္ကြင္းကေတာ့ အသင္းႀကီးေတြအတြက္ေတာင္ ခက္ခဲတာျဖစ္လို႔ စိတ္ေအးလက္ေအးျဖစ္လာခ်ိန္မွာ ရႈံးပြဲျပန္ေတြ႕ဖို႔ ျဖစ္လာႏိုင္တာပါ။ အိမ္ရွင္ေတြအေနနဲ႔ အရန္ေတြနဲ႔ပဲ အက္ဖ္ေအဖလားမွာ အႏိုင္ကန္ထားခဲ့သလို ၿပီးခဲ့တဲ့ ပြဲမွာလည္း ခ်ဲလ္ဆီးကြင္းမွာ သေရကန္ထားခဲ့တာေၾကာင့္ လက္ရွိအဆင့္ကို ဆက္ထိန္းဖို႔ အႏိုင္ ကစားမွာျဖစ္ၿပီး ေဖာရက္စ္တို႔ကေတာ့ အားမတန္ မာန္ေလွ်ာ့ရဖို႔ ရွိေနပါတယ္။ (ဖူလ္ဟမ္ 2-0 ေဖာရက္စ္)

လက္စတာစီးတီး-ေတာ့တင္ဟမ္ေဟာ့စပါး
ၿပီးခဲ့တဲ့ ႏွစ္ပြဲမွာ ေျခာက္မွတ္ ယူထားခဲ့တဲ့ စပါးစ္တို႔အေနနဲ႔ လက္စတာကြင္းမွာ အစမ္းသပ္ခံဖို႔ျဖစ္လာခဲ့ပါတယ္။ ဟာရီကိန္း ပါႏိုင္ရင္ သူတို႔အတြက္ ႏိုင္ပြဲေသခ်ာတယ္လို႔ ေျပာရမလိုျဖစ္ေနခ်ိန္မွာ ေျမာက္လန္ဒန္သားေတြအေနနဲ႔ မန္စီးတီးကို ဖုတ္ၿပီး စိတ္ဓာတ္ေတြလည္း တက္ႂကြေနလို႔ အဆင့္ ၄ ကို နယူးကာဆယ္လ္ဆီက လုယူဖို႔ ႀကိဳးစားလာေတာ့မွာပါ။ လက္စတာတို႔ကေတာ့ ဗီလာခံစစ္အမွားေတြကေန ႏိုင္ပြဲယူႏိုင္ခဲ့ေပမယ့္ ေျခစြမ္းက အေကာင္းႀကီး မဟုတ္ေသးသလို တန္းဆင္းဇုန္ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာေၾကာင့္သာ ႐ုန္းအားျပေနတာျဖစ္ပါတယ္။ ေကာင္တာသန္တဲ့ ႏွစ္သင္းစလုံး ဂိုးအၿပိဳင္သြင္းၾကဖို႔ ရွိၿပီး ေျမေခြးအသိုက္မွာ သေရက်ဖို႔ မ်ားေနပါတယ္။ (လက္စတာ 2-2 စပါးစ္)

အာဆင္နယ္-ဘရန႔္ဖို႔ဒ္
အာဆင္နယ္တို႔အတြက္ေတာ့ ဒီပြဲက အေရးပါတဲ့ ပြဲျဖစ္ၿပီး အဲဗာတန္နဲ႔ အရႈံးအတြက္ လမ္းေၾကာင္းမွန္ေပၚမွာ ေပါက္ကြဲျပရမယ့္ Must Win Game တစ္ပြဲျဖစ္ေနခဲ့ပါတယ္။ ဒီပြဲကန္ၿပီးရင္ ၾကာသပေတးေန႔မွာ မန္စီးတီးနဲ႔ ပြဲက်န္ကစားရဖို႔ ရွိေနၿပီး အမွတ္ဆုံးရႈံးႏိုင္တာေၾကာင့္ ဘရန႔္ဖို႔ဒ္ဆီကေန သုံးမွတ္ အျပည့္ရယူထားႏိုင္ဖို႔လည္း လိုအပ္ေနတာပါ။ ဘရန႔္ဖို႔ဒ္တို႔ကေတာ့ အေဝးကြင္းမွာဆိုရင္ ေကာင္တာကို ပိုမိုအားျပဳတတ္တဲ့ အသင္းမ်ိဳးျဖစ္ေပမယ့္ မ်က္ႏွာေျပာင္ေျပာင္နဲ႔ တရားလြန္ ပိတ္ကစားတတ္ျခင္းမ်ိဳး မရွိတာေၾကာင့္ အာဆင္နယ္တို႔ ကစားရခက္ဖို႔ေတာ့ မျဖစ္ႏိုင္ဘူးလို႔ ဆိုရပါလိမ့္မယ္။ ဂန္းနားတို႔ ရလဒ္က်ဥ္းေျမာင္းႏိုင္ေပမယ့္ အမွားမခံဘဲ သုံးမွတ္ယူသြားၾကမွာပါ။ (အာဆင္နယ္ 2-1 ဘရန႔္ဖို႔ဒ္)

ခရစၥတယ္လ္ပဲေလ့စ္-ဘ႐ိုက္တန္
ပဲေလ့စ္တို႔အေနနဲ႔ အမွတ္ေလ်ာ့တာေတြ မ်ားေနခဲ့ၿပီး ကစားပုံေကာင္းေပမယ့္ သုံးစားမရတဲ့ ေရွ႕တန္းေၾကာင့္ ဂိုးေပးလိုက္ရရင္ ျပႆနာေတြ မ်ားကုန္တတ္ပါတယ္။ ဘ႐ိုက္တန္တို႔ကေတာ့ ကြင္းလယ္လူ ကိုင္စီဒိုရဲ႕ အေျခအေန မတည္ၿငိမ္ေပမယ့္ ရွိတဲ့သူနဲ႔ အေကာင္းဆုံး ေရွ႕ဆက္ေနၿပီး ဒီတစ္ပတ္မွာေတာ့ အီေကြေဒါသား ျပန္လည္ပါဝင္လာႏိုင္သလို ပုံမွန္အတိုင္း ကစားလာႏိုင္ပါတယ္။ ဗီယာရာအေနနဲ႔ အသင္းကို လူသစ္ေတြ အားျဖည့္ထားခဲ့ေပမယ့္ ပုံစံေကာင္းရဖို႔ ႐ုန္းကန္ေနခဲ့ရခ်ိန္မွာ ေရာဘတ္တို ဒီဇာဘီကေတာ့ မီတိုမာအစြမ္းနဲ႔ မ်က္ႏွာပန္းလွေနတာေၾကာင့္ လင္းယုန္ေတြကို စင္ေရာ္ေတြ သုတ္ခဲ့ရင္ မအံ့ဩဖို႔ပဲ သတိေပးထားရမွာပါ။ (ပဲေလ့စ္ 1-2 ဘ႐ိုက္တန္)

ေဆာက္သမ္တန္-ဝုလ္ဗာဟမ့္ပ္တန္
ႏွစ္သင္းစလုံးအတြက္ အေရးပါတဲ့ပြဲတစ္ပြဲျဖစ္ၿပီး ဇယားေအာက္ဆုံးက ေဆာက္သမ္တန္တို႔အဖို႔ သူတို႔နဲ႔ အမွတ္မကြာလွတဲ့ ၿပိဳင္ဘက္ကို အိမ္ကြင္းမွာ ကစားရခ်ိန္မွာ ဝါ့ဒ္-ပေရာက္စ္ ေခါင္းေဆာင္ၿပီး လူသစ္ေတြနဲ႔ ညႇစ္ထုတ္လာႏိုင္တာျဖစ္ပါတယ္။ ပုံစံေကာင္း ျပန္ရေနၿပီး လီဗာပူးလ္ကိုေတာင္ ဗ်င္းထားခဲ့တဲ့ ဝုလ္ဗ္စ္တို႔ကေတာ့ တိုက္စစ္နဲ႔ ကြင္းလယ္က နည္းျပ လိုပီတီဂီရဲ႕ ဗ်ဴဟာေတြနဲ႔ အသားက်လာခဲ့သလို ႏိုင္သင့္တဲ့ပြဲေတြကို အႏိုင္ရဖို႔အတြက္ အေကာင္းဆုံး ျပင္ဆင္ထားႏိုင္ခဲ့တာပါ။ စိန႔္ေမရီမွာ ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ပြဲကို ၾကည့္ရႏိုင္ေပမယ့္ အေျခအေနအရပ္ရပ္အရ တန္းဆင္းဖို႔ကို ဦးတည္သလို ျဖစ္ေနတဲ့ စိန႔္တို႔ကို ဝုလ္ဗ္စ္တို႔ကပဲ ကပ္ႏိုင္သြားပါလိမ့္မယ္။ (စိန႔္ 0-1 ဝုလ္ဗ္စ္)

ဘုန္းေမာက္-နယူးကာဆယ္လ္ယူႏိုက္တက္
ဝက္စ္ဟမ္းနဲ႔ပြဲမွာ အမွတ္ေလ်ာ့ထားတဲ့ နယူးကာဆယ္လ္တို႔အေနနဲ႔ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို လက္မလႊတ္ခ်င္ရင္ တုံ႔ျပန္ျပရမယ့္ပြဲျဖစ္ပါတယ္။ ခံစစ္ေကာင္းေပမယ့္ တိုက္စစ္က တစ္ဂိုးထက္ ပိုသြင္းဖို႔ ခက္ေနတာက ငွက္က်ားေတြအတြက္ ႀကီးမားတဲ့ ျပႆနာျဖစ္ေနၿပီး အဲ့ဒီတစ္ဂိုးနဲ႔ပဲ ႏိုင္ပြဲေတြရဖို႔ ခံစစ္ကိုပဲ အားကိုးေနရတာပါ။ ဘုန္းေမာက္တို႔ကေတာ့ Form ပ်က္ေနၿပီး ဂိုးေတြ ေကာင္းေကာင္းသြင္းယူတတ္ျခင္း မရွိဘဲျဖစ္ေနခဲ့သလို တိုက္စစ္မွာ ဘယ္သူ ကစားကစား အဆင္မေျပဘဲ နည္းျပ အိုနီးလ္အတြက္ေတာ့ အဆိုးေတြပဲ ျဖစ္ပ်က္ေနခဲ့ပါတယ္။ အက္ဒီေဟာင္းအေနနဲ႔ နည္းျပေကာင္းတစ္ဦး ဆိုတာ ျပသရမယ့္ ပြဲစဥ္လည္းျဖစ္ၿပီး တစ္ဂိုးတည္းကပဲ ဧည့္သည္ေတြအတြက္ အလုပ္ျဖစ္မယ္ထင္ပါတယ္။ (ဘုန္းေမာက္ 0-1 နယူးကာဆယ္လ္)

လိဒ္စ္ယူႏိုက္တက္-မန္ခ်က္စတာယူႏိုက္တက္
မသိရင္ ဖလားပြဲ Play-off ကို ဆက္တိုက္ကစားသလား ထင္ရေအာင္ လိဒ္စ္နဲ႔ မန္ယူတို႔ ႏွင္းဆီဒါဘီကို ေလးရက္အတြင္းမွာ အိမ္ကြင္း အေဝးကြင္း ျပန္လည္ယွဥ္ၿပိဳင္ၾကရမွာျဖစ္ပါတယ္။ ကာစီမီ႐ိုနဲ႔ အဲရစ္ဆန္တို႔ မရွိခ်ိန္မွာ မန္ယူတို႔ ႐ုန္းကန္ေနခဲ့ရေပမယ့္ ဆာဘစ္ဇာက တျဖည္းျဖည္း အသားက်လာႏိုင္သလို တိုက္စစ္မွာလည္း ဆန္ခ်ိဳကို ျပန္သုံးၿပီး ရက္ရွ္ဖို႔ဒ္ကို အေထာင္ထားခဲ့ရင္ ဂိုးရဖို႔ မခက္ႏိုင္တာပါ။ အိုးလ္ထရက္ဖို႔ဒ္မွာ ခံစစ္အမွားနဲ႔ ေနာက္က လိုက္ကစားၿပီး သေရက်ခဲ့ရေပမယ့္ နယူးကာဆယ္လ္နဲ႔ စပါးစ္တို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြအတြက္ ေပါ့လို႔မျဖစ္ခ်ိန္မွာ နည္းျပသစ္ မရေသးတဲ့ လိဒ္စ္ကို အယ္လန္႐ုတ္ဒ္မွာ အႏိုင္ယူဖို႔ ဖိဖိစီးစီး ကစားမွာျဖစ္လို႔ တန္ဟတ္ရဲ႕လူေတြ ဂိုးျပတ္မျပတ္ပဲ ၾကည့္ရပါလိမ့္မယ္။ (လိဒ္စ္ 0-3 မန္ယူ)

မန္ခ်က္စတာစီးတီး-အက္စ္တန္ဗီလာ
စပါးစ္ကြင္းမွာ သြားယားၿပီး ေမွာက္လ်က္လဲ နဖူးကြဲလာခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ ဒဏ္ရာကို အႏိုင္သုံးမွတ္ေဆးသိပ္ဖို႔ လိုအပ္ေနတာပါ။ ဗီလာတို႔ကေတာ့ ပထမအေက်ာ့က သေရကစားႏိုင္ခဲ့ေပမယ့္ သူတို႔ရဲ႕ လက္ရွိေျခစြမ္းက မတည္ၿငိမ္ဘဲ ဝပ္ကင္းစ္တစ္ေယာက္တည္းကိုပဲ မွီခိုေနရပါတယ္။ ဒီဘ႐ိုင္းနားနဲ႔ ဂြန္ဒိုးဝမ္ဆိုတဲ့ ဟားလန္းရဲ႕ အစာေၾကာ၊ ေရေၾကာေတြကို ျဖတ္ေတာက္မထားဖို႔ လိုအပ္ေနသလို ဂြါဒီယိုလာအေနနဲ႔ ေခါင္းမာတာလား ဂတုံးမာတာလား ျပခ်င္တဲ့ စိတ္ကို ေလွ်ာ့လိုက္ရင္ ပုံမွန္အတိုင္း ျပန္ျဖစ္ႏိုင္ပါလိမ့္မယ္။ အာဆင္နယ္တို႔ ႏိုင္ပြဲရဖို႔ နီးစပ္ေနခ်ိန္မွာ မန္စီးတီးတို႔ အမွားခံလို႔ မရဘဲ ဒီထက္ အမွတ္ျပတ္မသြားရေအာင္ သုံးမွတ္လိုက္ယူၾကမွာပါ။ (မန္စီးတီး 2-0 ဗီလာ)

လီဗာပူးလ္-အဲဗာတန္
ဒီတစ္ပတ္ရဲ႕ ေနာက္ဆုံးပြဲစဥ္ျဖစ္တဲ့ မာေဆးဆိုက္ဒါဘီမွာေတာ့ ဘယ္အသင္းက အေပၚကဆိုတာေတာင္ ေျပာဖို႔ ခက္ေနပါတယ္။ အိမ္ရွင္ အနီေရာင္ေတြရဲ႕ ေျခစြမ္းက ဆိုး႐ြားလြန္းေနခဲ့ခ်ိန္မွာ ေရွာင္ဒိုက္ခ်္လက္ထဲ တစ္ပြဲဆိုတစ္ပြဲ တိုးတက္လာခဲ့တဲ့ အျပာေရာင္ေတြကေတာ့ မာမာေက်ာေက်ာနဲ႔ ပိတ္ကစားဖို႔ပဲ ထပ္ၿပီး ျပင္ဆင္လာၾကပါလိမ့္မယ္။ အိမ္ကြင္းလည္းျဖစ္၊ ဒါဘီလည္းျဖစ္ေနလို႔ လီဗာပူးလ္တို႔ သိကၡာမက်ရဖို႔ အေကာင္းဆုံး ကစားလာမွာျဖစ္ၿပီး တန္းဆင္းဇုန္က ႐ုန္းထြက္ႏိုင္ဖို႔ မိုတီေဗးရွင္းရသြားတဲ့ အဲဗာတန္တို႔ကေတာ့ ဒီပြဲကို ေကာင္တာနဲ႔ပဲ အမွတ္ခြဲယူဖို႔ ႀကိဳးစားလာႏိုင္ေပမယ့္ အိမ္ရွင္ေတြ ပရိသတ္ အဆဲမခံရဖို႔ ကေလာ့ပ္ရဲ႕ ဉာဏ္နီဉာဏ္နက္ေတြနဲ႔အတူ အႏိုင္ယူသြားၾကမွာပါ။ (လီဗာပူးလ္ 2-0 အဲဗာတန္)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.