Premier League

သရဲနီတွေကို ထိတ်ထိတ်ကြဲအသင်းပြန်ဖြစ်အောင် လုပ်ပေးမယ့် ကာတာရင်းနှီးမြှုပ်နှံသူတွေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းကို ထိပ်တန်းအဆင့်ကို ပြန်လည်ပို့ဆောင်ပေးဖို့ ပေါင် ၈ ဘီလီယံအထိ သုံးစွဲသွားနိုင်တဲ့ ကာတာပိုင်ရှင်တွေဆီကနေ ကမ်းလှမ်းခြင်းခံရဖွယ်ရှိတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ ဆာအဲလက်စ် ဖာဂူဆန်လက်အောက် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ရာသီ ၂၁ ရာသီမှာ ၁၃ ကြိမ်အထိ ဆုဖလားရရှိခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ဖလားကို မမြင်တွေ့ရတာ ၁၀ နှစ်တင်းတင်းရှိခဲ့ပြီ ဖြစ်ပါတယ်။ စကော့တလန်လူမျိုးနည်းပြကြီး အနားယူပြီးကတည်းက ဂလေဇာမိသားစုဟာ အသင်းကို လုပ်ချင်သလို လုပ်နေခဲ့တာဖြစ်ပြီး ဆုဖလားတွေ အနိုင်ရရှိဖို့ ရည်မှန်းချက်ထက် မကြာခဏ စီးပွားရေးဆန်ဆန်သဘောတူညီမှုတွေသာ ပြုလုပ်ပြီး ငွေရှာခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ အမေရိကန်လူမျိုး ပိုင်ရှင်တွေဟာ အသင်းမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေကို ရှာဖွေနေတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီး အပြီးသတ်ရောင်းချဖို့ကိုလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။ ပရိသတ်တွေဟာ ဂလေဇာ မိသားစုက အသင်းကို ရောင်းချတော့မှာဖြစ်တဲ့အတွက် စိတ်သက်သာရာရခဲ့ပေမယ့်လည်း ဆန္ဒပြတောင်းဆိုမှုက ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး Tampa Bay Buccaneers ပိုင်ရှင်တွေအတွက် ကြီးမားတဲ့ကမ်းလှမ်းမှု ရရှိမှ ရောင်းချလိမ့်မယ်ဆိုတာကို ကောင်းကောင်းသိနေကြတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို ကလေးဘဝကတည်းက အားပေးခဲ့တဲ့ ဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ် ဆာ ဂျင်မ် ရက်ကလစ်ဖ်ကလည်း အသင်းကို ဝယ်ယူမယ်လို့ မျှော်မှန်းမှုတွေ ရှိနေခဲ့ပေမယ်လည်း လက်ရှိ ပိုင်ရှင်တွေဟာ ကြီးမားတဲ့ဈေးနှုန်းတောင်းဆိုသွားမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ Daily Mail ရဲ့ ဖော်ပြချက်အရ ဂလေဇာမိသားစု တောင်းဆိုမယ့်ပမာဏကို ကာတာ ရင်းနှီးမြှုပ်နှံသူတွေက ပေးချေနိုင်ဖွယ်ရှိတယ်လို့ Daily Mail က ဖော်ပြခဲ့ပြီး အသင်းကို ဝယ်ယူဖို့အတွက် ပေါင် ၆ ဘီလီယံအထိ သုံးစွဲသွားဖို့ အဆင်သင့်ဖြစ်နေတာ ဖြစ်ပါတယ်။

ကာတာ ရင်းနှီးမြှုပ်နှံသူတွေဟာ အပြောင်းအရွှေ့အတွက် ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အသင်းတွေနဲ့ မယှဉ်ပြိုင်မီ အိုးထရက်ဖို့ဒ်ကို ပြန်လည်မွမ်းမံဖို့ သို့မဟုတ် ပြန်လည်တည်ဆောက်ဖို့အတွက် နောက်ထပ် ပေါင် ၂ ဘီလီယံ သုံးစွဲသွားမယ်လို့ မျှော်မှန်းခြင်း ခံထားရတာဖြစ်ပါတယ်။ အရှေ့အလယ်ပိုင်း ရင်းနှီးမြှုပ်နှံသူတွေဟာ ဘောလုံးလောကရဲ့ သရဖူကို ဝယ်ယူဖို့ ကြိုးပမ်းနေတာကြောင့် ကျန်တဲ့ယှဉ်ပြိုင်သူတွေအားလုံးကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့လည်း ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

“သိသာထင်ရှားတဲ့ ငွေကြေးအင်အားရှိနေပါတယ်။ ဒီလူတွေက အလေးအနက်သဘောထားနေပါတယ်။ သူတို့တွေက ယူနိုက်တက်ကို ရှိသင့်တဲ့နေရာမှာ ရှိအောင်လုပ်ပေးချင်နေပြီး သူတို့ရဲ့ကမ်းလှမ်းမှုက အားအကောင်းဆုံးကမ်းလှမ်းမှုဖြစ်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။ သူတို့တွေက မန်ယူနိုက်တက်ကို ထိပ်ဆုံးကို ပြန်ပို့ပေးဖို့ လူစာရင်းကို အင်အားဖြည့်တင်းပေးချင်နေသလို ဒီဝယ်ယူမှုက လူမှုအသိုင်းအဝိုင်းအတွက် ကောင်းမွန်မှု ဖြစ်လာစေချင်နေပါတယ်။ သူတို့တွေက ကမ္ဘာ့ဖလားအောင်မြင်မှုအပေါ်မှာ တည်ဆောက်သွားချင်နေပါတယ်”

“သူတို့တွေက မန်ချက်စတာယူနိုက်တက်ကို ကမ္ဘာပေါ်က အကြီးမားဆုံးဘောလုံးကလပ်အသင်းလို့ အသိအမှတ်ပြုထားကြပြီး သရဖူပေါ်က ရတနာတစ်ပါးလို သဘောထားကြပါတယ်။ အသင်းကို ဝယ်ယူပြီး ရှိသင့်တဲ့နေရာကို ပြန်ပို့ပေးဖို့ ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုရှိနေပါတယ်”လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အသင္းကို ထိပ္တန္းအဆင့္ကို ျပန္လည္ပို႔ေဆာင္ေပးဖို႔ ေပါင္ ၈ ဘီလီယံအထိ သုံးစြဲသြားႏိုင္တဲ့ ကာတာပိုင္ရွင္ေတြဆီကေန ကမ္းလွမ္းျခင္းခံရဖြယ္ရွိတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ နည္းျပ ဆာအဲလက္စ္ ဖာဂူဆန္လက္ေအာက္ ၿပီးခဲ့တဲ့ ပရီးမီးယားလိဂ္ရာသီ ၂၁ ရာသီမွာ ၁၃ ႀကိမ္အထိ ဆုဖလားရရွိခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္မွာ ပရီးမီးယားလိဂ္ဖလားကို မျမင္ေတြ႕ရတာ ၁၀ ႏွစ္တင္းတင္းရွိခဲ့ၿပီ ျဖစ္ပါတယ္။ စေကာ့တလန္လူမ်ိဳးနည္းျပႀကီး အနားယူၿပီးကတည္းက ဂေလဇာမိသားစုဟာ အသင္းကို လုပ္ခ်င္သလို လုပ္ေနခဲ့တာျဖစ္ၿပီး ဆုဖလားေတြ အႏိုင္ရရွိဖို႔ ရည္မွန္းခ်က္ထက္ မၾကာခဏ စီးပြားေရးဆန္ဆန္သေဘာတူညီမႈေတြသာ ျပဳလုပ္ၿပီး ေငြရွာခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေႏွာင္းပိုင္းမွာ အေမရိကန္လူမ်ိဳး ပိုင္ရွင္ေတြဟာ အသင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈအသစ္ေတြကို ရွာေဖြေနတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး အၿပီးသတ္ေရာင္းခ်ဖို႔ကိုလည္း စဥ္းစားေနတယ္လို႔ သိရပါတယ္။ ပရိသတ္ေတြဟာ ဂေလဇာ မိသားစုက အသင္းကို ေရာင္းခ်ေတာ့မွာျဖစ္တဲ့အတြက္ စိတ္သက္သာရာရခဲ့ေပမယ့္လည္း ဆႏၵျပေတာင္းဆိုမႈက ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ၿပီး Tampa Bay Buccaneers ပိုင္ရွင္ေတြအတြက္ ႀကီးမားတဲ့ကမ္းလွမ္းမႈ ရရွိမွ ေရာင္းခ်လိမ့္မယ္ဆိုတာကို ေကာင္းေကာင္းသိေနၾကတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကို ကေလးဘဝကတည္းက အားေပးခဲ့တဲ့ ၿဗိတိန္ရဲ႕အခ်မ္းသာဆုံးပုဂၢိဳလ္ ဆာ ဂ်င္မ္ ရက္ကလစ္ဖ္ကလည္း အသင္းကို ဝယ္ယူမယ္လို႔ ေမွ်ာ္မွန္းမႈေတြ ရွိေနခဲ့ေပမယ္လည္း လက္ရွိ ပိုင္ရွင္ေတြဟာ ႀကီးမားတဲ့ေဈးႏႈန္းေတာင္းဆိုသြားမွာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ဂေလဇာမိသားစု ေတာင္းဆိုမယ့္ပမာဏကို ကာတာ ရင္းႏွီးျမႇဳပ္ႏွံသူေတြက ေပးေခ်ႏိုင္ဖြယ္ရွိတယ္လို႔ Daily Mail က ေဖာ္ျပခဲ့ၿပီး အသင္းကို ဝယ္ယူဖို႔အတြက္ ေပါင္ ၆ ဘီလီယံအထိ သုံးစြဲသြားဖို႔ အဆင္သင့္ျဖစ္ေနတာ ျဖစ္ပါတယ္။

ကာတာ ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ အေျပာင္းအေ႐ႊ႕အတြက္ ကမာၻေပၚမွာ အခ်မ္းသာဆုံး အသင္းေတြနဲ႔ မယွဥ္ၿပိဳင္မီ အိုးထရက္ဖို႔ဒ္ကို ျပန္လည္မြမ္းမံဖို႔ သို႔မဟုတ္ ျပန္လည္တည္ေဆာက္ဖို႔အတြက္ ေနာက္ထပ္ ေပါင္ ၂ ဘီလီယံ သုံးစြဲသြားမယ္လို႔ ေမွ်ာ္မွန္းျခင္း ခံထားရတာျဖစ္ပါတယ္။ အေရွ႕အလယ္ပိုင္း ရင္းႏွီးျမႇဳပ္ႏွံသူေတြဟာ ေဘာလုံးေလာကရဲ႕ သရဖူကို ဝယ္ယူဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ က်န္တဲ့ယွဥ္ၿပိဳင္သူေတြအားလုံးကို အႏိုင္ယူႏိုင္မယ္လို႔ ယုံၾကည္ခ်က္ရွိေနတယ္လို႔လည္း ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

“သိသာထင္ရွားတဲ့ ေငြေၾကးအင္အားရွိေနပါတယ္။ ဒီလူေတြက အေလးအနက္သေဘာထားေနပါတယ္။ သူတို႔ေတြက ယူႏိုက္တက္ကို ရွိသင့္တဲ့ေနရာမွာ ရွိေအာင္လုပ္ေပးခ်င္ေနၿပီး သူတို႔ရဲ႕ကမ္းလွမ္းမႈက အားအေကာင္းဆုံးကမ္းလွမ္းမႈျဖစ္လိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိေနပါတယ္။ သူတို႔ေတြက မန္ယူႏိုက္တက္ကို ထိပ္ဆုံးကို ျပန္ပို႔ေပးဖို႔ လူစာရင္းကို အင္အားျဖည့္တင္းေပးခ်င္ေနသလို ဒီဝယ္ယူမႈက လူမႈအသိုင္းအဝိုင္းအတြက္ ေကာင္းမြန္မႈ ျဖစ္လာေစခ်င္ေနပါတယ္။ သူတို႔ေတြက ကမာၻ႔ဖလားေအာင္ျမင္မႈအေပၚမွာ တည္ေဆာက္သြားခ်င္ေနပါတယ္”

“သူတို႔ေတြက မန္ခ်က္စတာယူႏိုက္တက္ကို ကမာၻေပၚက အႀကီးမားဆုံးေဘာလုံးကလပ္အသင္းလို႔ အသိအမွတ္ျပဳထားၾကၿပီး သရဖူေပၚက ရတနာတစ္ပါးလို သေဘာထားၾကပါတယ္။ အသင္းကို ဝယ္ယူၿပီး ရွိသင့္တဲ့ေနရာကို ျပန္ပို႔ေပးဖို႔ ခိုင္မာတဲ့ စိတ္ပိုင္းျဖတ္မႈရွိေနပါတယ္”လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.