La Liga Match Report

အုန်းဂိုးပေး၊ ပင်နယ်တီလွဲခဲ့တဲ့ အရှုံးနဲ့ ဘာစီလိုနာနောက် ရှစ်မှတ်ပြတ်သွားတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လူနင်၊ ခံစစ်မှာ နာချို ဖာနန်ဒက်ဇ်၊ ရူဒီဂါ၊ ကာဗာဟယ်လ်နဲ့ ကာမာဗင်ဂါတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ချွာမင်နီ၊ ဗယ်လ်ဗာဒီနဲ့ ဒါနီ စီဘာယော့စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဆန်စီယို၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ရိုဒရီဂိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် မာယော့ကာတို့ကတော့ ဂိုးသမား ရိုင်ကိုဗစ်ချ်၊ ခံစစ်မှာ နက်စတာဆစ်ချ်၊ ရေးယို၊ ဂျိုဗန်နီ ဂွန်ဇာလက်ဇ်၊ ဟော်မီ ကော့စတာနဲ့ ပါလို မက်ဖီယိုတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဒီဂါလာရီတာ၊ ဘာဘာ၊ လီဂန်းအင်းနဲ့ ဒါနီ ရိုဒရီးရက်ဇ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ မူရီကျီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ရီးရဲလ်တို့အနေနဲ့ တိုက်စစ်မှူး ဘင်ဇီးမားနဲ့ နောက်ခံလူ မီလီတိုတို့ကို ပေါင်နောက်ကြောဒဏ်ရာတွေကြောင့် ဆုံးရှုံးထားခဲ့ရသလို ဘယ်ခြမ်း ခံစစ်မှူး ပြင်သစ်သား ဖယ်လွန် မန်ဒီကလည်း ထိခိုက်မှုကနေ ပြန်မလာနိုင်သေးဘဲဖြစ်နေခဲ့ပြီး ဂိုးသမား ကူတွာကတော့ သွေးပူလေ့ကျင့်ရင်း ပေါင်ကြော ထိသွားခဲ့လို့ လူနင်ကို သုံးခဲ့ရချိန်မှာ သက်တော်ရှည် မိုဒရစ်ချ်ကိုပါ အရန်ခုံမှာ အနားပေးထားခဲ့လို့ အသင်းရဲ့ အထိုင်က ပျက်ပြားပြီး ရုန်းကန်နေခဲ့ရပါတယ်။

ပွဲချိန် ၁၃ မိနစ်မှာပဲ ရီးရဲလ်မက်ဒရစ်တို့ ဂိုးပေးလိုက်ရပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ပြေးထွက်လာခဲ့တဲ့ ဒါနီ ရိုဒရီးရက်ဇ်က ဘယ်ခြမ်း အရောက်မှာ လူပေးမှားခဲ့သေးပေမယ့် ဝင်ဖျက်မယ့်လူ မရှိတာကြောင့် သူပဲ ပြန်ရပြီး ဖြတ်တင်ပေးရာမှာ တိုက်စစ်မှူး မူကျီရီရဲ့ ခေါင်းတိုက်ချက်က တားဆီးဖို့ ကြိုးစားခဲ့တဲ့ နာချိုရဲ့ ခေါင်းနဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ အရန်ဂိုးသမား လူနင် ဘာမှ မတတ်နိုင်ဘဲဖြစ်ခဲ့ရတာပါ။

ရီးရဲလ်တို့ရဲ့ တိုက်စစ်ပိုင်း ပုံဖော်မှုတွေက ထိန်းကစားပေးမယ့် ဝါရင့်ကစားသမား တစ်ဦးမှ မပါချိန်မှာ ဖရိုဖရဲဖြစ်နေခဲ့ပြီး ကလေးတွေ တောင်ကန်မြောက်ကန် ကန်သလိုဖြစ်နေခဲ့ချိန်မှာ မာယော့ကာတို့ရဲ့ ခံစစ်ငါးယောက်အထိ ထားခဲ့တဲ့ နောက်တန်းကို ထိုးဖောက်ဖို့ ခက်နေခဲ့သလို စောစောစီးစီး နေပူထဲမှာ အဝေးကွင်း ကစားခဲ့ရမှုကလည်း သူတို့အတွက် ကြီးမားတဲ့ အတားအဆီးဖြစ်နေခဲ့ပါတယ်။

ကွင်းလယ်က ငှက်ပစ်နေခဲ့ကြတဲ့ ကန်ချက်တွေကြောင့် ရီးရဲလ်တို့ ပထမပိုင်းမှာ တစ်ကြိမ်မှ ဂိုးပေါက် မတည့်ခဲ့တာကြောင့် ချေပဂိုးရဖို့ မဖြစ်နိုင်ခဲ့ဘဲ အိမ်ရှင် မာယော့ကာတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်သွားခဲ့သလို ဒုတိယပိုင်းမှာလည်း ဖိကစားခဲ့ပေမယ့် သူတို့ရဲ့ တိုက်စစ်ဆင်မှုတွေက အားရစရာ မရှိခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာ ဗီနီးရှပ်စ်ရဲ့ ခြေထောက်ကို ဆွဲမိတဲ့ ဂိုးသမား ရိုင်ကိုဗစ်ချ်ကြောင့် မာယော့ကာတို့ ပင်နယ်တီ ပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ အဆန်စီယိုက ကန်သွင်းခဲ့ရာမှာ သူ့ကို စိတ်ဓာတ်ပိုင်းအရ လွှမ်းမိုးနိုင်ခဲ့တဲ့ ဆားဘီးယားဂိုးသမားက ခြေယောင်ပြတာကို တုံ့ဆိုင်းတာကို စောင့်ပြီးမှ နောက်ဆုံးအချိန်မှာ မှန်မှန်ကန်ကန် ဒိုက်ပစ်ပုတ်ထုတ်နိုင်ခဲ့လို့ ရီးရဲလ်တို့ ဘဲဥကွဲခွင့်နဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ရီးရဲလ်တို့ဘက်က ဗယ်လ်ဗာဒီ၊ စီဘာယော့စ်၊ အဆန်စီယိုနဲ့ ချွာမင်နီတို့အစား မိုဒရစ်ချ်၊ အလာဘာ၊ မာရီယာနို ဒီယက်ဇ်နဲ့ တိုနီ ခရူးစ်တို့ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် မာယော့ကာတို့ဘက်ကတော့ ဒါနီ ရိုဒရီးရက်ဇ်၊ ဘာဘာ၊ လီဂန်းအင်းနဲ့ ဒီဂါလာရီတာတို့အစား အန်ဒီယေး၊ ဘက်တာဂလီယာ၊ အန်တိုနီယို ဆန်ချက်ဇ်နဲ့ ဂရင်နီယေးတို့ကို ထည့်သွင်းပြီး ထိန်းသိမ်းကစားသွားခဲ့ကြတာပါ။

လက်ကျန်ပွဲချိန်တွေမှာ ရီးရဲလ်တို့ ဖိကစားခဲ့ပေမယ့် မာယော့ကာတို့ကလည်း ကောင်တာတွေကနေ သူတင်ကိုယ်တင် ပြန်ကစားနိုင်ခဲ့လို့ ဂိုးထပ်မရပေးရတာကတောင် ကံကောင်းခဲ့တယ်လို့ ဆိုရမှာဖြစ်သလို နည်းပြ အန်ချယ်လော့တီအတွက်တော့ အတွက်လွဲခဲ့တဲ့ လူထုတ်ပုံနဲ့အတူ အင်အား မတောင့်တင်းတဲ့ အရန်ကစားသမားတွေကို အားကိုးမှုက ကိုယ့်ဒုက္ခကိုယ်ရှာမိတာပဲ ဖြစ်ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ မာယော့ကာတို့က ရီးရဲလ်မက်ဒရစ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြပြီး ဒီရလဒ်ကြောင့် အဆင့် ၁၀ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ နောက်က အုန်းသလို ရှေ့က ပင်နယ်တီ မဝင်အောင် လူညီခဲ့တဲ့ လက်ရှိချန်ပီယံတွေကတော့ ဆီဗီလာကို နူးကမ့်မှာ အပိုင်ထုခဲ့တဲ့ ဘာစီလိုနာတို့ရဲ့နောက် ၈ မှတ်အထိ အဖြတ်ခံလိုက်ရပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လူနင္၊ ခံစစ္မွာ နာခ်ိဳ ဖာနန္ဒက္ဇ္၊ ႐ူဒီဂါ၊ ကာဗာဟယ္လ္နဲ႔ ကာမာဗင္ဂါတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခြၽာမင္နီ၊ ဗယ္လ္ဗာဒီနဲ႔ ဒါနီ စီဘာေယာ့စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အဆန္စီယို၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ႐ိုဒရီဂိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ မာေယာ့ကာတို႔ကေတာ့ ဂိုးသမား ႐ိုင္ကိုဗစ္ခ်္၊ ခံစစ္မွာ နက္စတာဆစ္ခ်္၊ ေရးယို၊ ဂ်ိဳဗန္နီ ဂြန္ဇာလက္ဇ္၊ ေဟာ္မီ ေကာ့စတာနဲ႔ ပါလို မက္ဖီယိုတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဒီဂါလာရီတာ၊ ဘာဘာ၊ လီဂန္းအင္းနဲ႔ ဒါနီ ႐ိုဒရီးရက္ဇ္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ မူရီက်ီတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ရီးရဲလ္တို႔အေနနဲ႔ တိုက္စစ္မႉး ဘင္ဇီးမားနဲ႔ ေနာက္ခံလူ မီလီတိုတို႔ကို ေပါင္ေနာက္ေၾကာဒဏ္ရာေတြေၾကာင့္ ဆုံးရႈံးထားခဲ့ရသလို ဘယ္ျခမ္း ခံစစ္မႉး ျပင္သစ္သား ဖယ္လြန္ မန္ဒီကလည္း ထိခိုက္မႈကေန ျပန္မလာႏိုင္ေသးဘဲျဖစ္ေနခဲ့ၿပီး ဂိုးသမား ကူတြာကေတာ့ ေသြးပူေလ့က်င့္ရင္း ေပါင္ေၾကာ ထိသြားခဲ့လို႔ လူနင္ကို သုံးခဲ့ရခ်ိန္မွာ သက္ေတာ္ရွည္ မိုဒရစ္ခ်္ကိုပါ အရန္ခုံမွာ အနားေပးထားခဲ့လို႔ အသင္းရဲ႕ အထိုင္က ပ်က္ျပားၿပီး ႐ုန္းကန္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၃ မိနစ္မွာပဲ ရီးရဲလ္မက္ဒရစ္တို႔ ဂိုးေပးလိုက္ရၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေျပးထြက္လာခဲ့တဲ့ ဒါနီ ႐ိုဒရီးရက္ဇ္က ဘယ္ျခမ္း အေရာက္မွာ လူေပးမွားခဲ့ေသးေပမယ့္ ဝင္ဖ်က္မယ့္လူ မရွိတာေၾကာင့္ သူပဲ ျပန္ရၿပီး ျဖတ္တင္ေပးရာမွာ တိုက္စစ္မႉး မူက်ီရီရဲ႕ ေခါင္းတိုက္ခ်က္က တားဆီးဖို႔ ႀကိဳးစားခဲ့တဲ့ နာခ်ိဳရဲ႕ ေခါင္းနဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ အရန္ဂိုးသမား လူနင္ ဘာမွ မတတ္ႏိုင္ဘဲျဖစ္ခဲ့ရတာပါ။

ရီးရဲလ္တို႔ရဲ႕ တိုက္စစ္ပိုင္း ပုံေဖာ္မႈေတြက ထိန္းကစားေပးမယ့္ ဝါရင့္ကစားသမား တစ္ဦးမွ မပါခ်ိန္မွာ ဖ႐ိုဖရဲျဖစ္ေနခဲ့ၿပီး ကေလးေတြ ေတာင္ကန္ေျမာက္ကန္ ကန္သလိုျဖစ္ေနခဲ့ခ်ိန္မွာ မာေယာ့ကာတို႔ရဲ႕ ခံစစ္ငါးေယာက္အထိ ထားခဲ့တဲ့ ေနာက္တန္းကို ထိုးေဖာက္ဖို႔ ခက္ေနခဲ့သလို ေစာေစာစီးစီး ေနပူထဲမွာ အေဝးကြင္း ကစားခဲ့ရမႈကလည္း သူတို႔အတြက္ ႀကီးမားတဲ့ အတားအဆီးျဖစ္ေနခဲ့ပါတယ္။

ကြင္းလယ္က ငွက္ပစ္ေနခဲ့ၾကတဲ့ ကန္ခ်က္ေတြေၾကာင့္ ရီးရဲလ္တို႔ ပထမပိုင္းမွာ တစ္ႀကိမ္မွ ဂိုးေပါက္ မတည့္ခဲ့တာေၾကာင့္ ေခ်ပဂိုးရဖို႔ မျဖစ္ႏိုင္ခဲ့ဘဲ အိမ္ရွင္ မာေယာ့ကာတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္သြားခဲ့သလို ဒုတိယပိုင္းမွာလည္း ဖိကစားခဲ့ေပမယ့္ သူတို႔ရဲ႕ တိုက္စစ္ဆင္မႈေတြက အားရစရာ မရွိခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာ ဗီနီးရွပ္စ္ရဲ႕ ေျခေထာက္ကို ဆြဲမိတဲ့ ဂိုးသမား ႐ိုင္ကိုဗစ္ခ်္ေၾကာင့္ မာေယာ့ကာတို႔ ပင္နယ္တီ ေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ အဆန္စီယိုက ကန္သြင္းခဲ့ရာမွာ သူ႔ကို စိတ္ဓာတ္ပိုင္းအရ လႊမ္းမိုးႏိုင္ခဲ့တဲ့ ဆားဘီးယားဂိုးသမားက ေျခေယာင္ျပတာကို တုံ႔ဆိုင္းတာကို ေစာင့္ၿပီးမွ ေနာက္ဆုံးအခ်ိန္မွာ မွန္မွန္ကန္ကန္ ဒိုက္ပစ္ပုတ္ထုတ္ႏိုင္ခဲ့လို႔ ရီးရဲလ္တို႔ ဘဲဥကြဲခြင့္နဲ႔ လြဲခဲ့ရတာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ရီးရဲလ္တို႔ဘက္က ဗယ္လ္ဗာဒီ၊ စီဘာေယာ့စ္၊ အဆန္စီယိုနဲ႔ ခြၽာမင္နီတို႔အစား မိုဒရစ္ခ်္၊ အလာဘာ၊ မာရီယာႏို ဒီယက္ဇ္နဲ႔ တိုနီ ခ႐ူးစ္တို႔ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ မာေယာ့ကာတို႔ဘက္ကေတာ့ ဒါနီ ႐ိုဒရီးရက္ဇ္၊ ဘာဘာ၊ လီဂန္းအင္းနဲ႔ ဒီဂါလာရီတာတို႔အစား အန္ဒီေယး၊ ဘက္တာဂလီယာ၊ အန္တိုနီယို ဆန္ခ်က္ဇ္နဲ႔ ဂရင္နီေယးတို႔ကို ထည့္သြင္းၿပီး ထိန္းသိမ္းကစားသြားခဲ့ၾကတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာ ရီးရဲလ္တို႔ ဖိကစားခဲ့ေပမယ့္ မာေယာ့ကာတို႔ကလည္း ေကာင္တာေတြကေန သူတင္ကိုယ္တင္ ျပန္ကစားႏိုင္ခဲ့လို႔ ဂိုးထပ္မရေပးရတာကေတာင္ ကံေကာင္းခဲ့တယ္လို႔ ဆိုရမွာျဖစ္သလို နည္းျပ အန္ခ်ယ္ေလာ့တီအတြက္ေတာ့ အတြက္လြဲခဲ့တဲ့ လူထုတ္ပုံနဲ႔အတူ အင္အား မေတာင့္တင္းတဲ့ အရန္ကစားသမားေတြကို အားကိုးမႈက ကိုယ့္ဒုကၡကိုယ္ရွာမိတာပဲ ျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မာေယာ့ကာတို႔က ရီးရဲလ္မက္ဒရစ္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကၿပီး ဒီရလဒ္ေၾကာင့္ အဆင့္ ၁၀ ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့ၾကခ်ိန္မွာ ေနာက္က အုန္းသလို ေရွ႕က ပင္နယ္တီ မဝင္ေအာင္ လူညီခဲ့တဲ့ လက္ရွိခ်န္ပီယံေတြကေတာ့ ဆီဗီလာကို ႏူးကမ့္မွာ အပိုင္ထုခဲ့တဲ့ ဘာစီလိုနာတို႔ရဲ႕ေနာက္ ၈ မွတ္အထိ အျဖတ္ခံလိုက္ရၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.