Match Report Premier League

အာဆင်နယ်ကို အမီမလိုက်ချင်တဲ့ မန်စီးတီးကို တစ်ဂိုးတည်းနဲ့ အနိုင်ယူတဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ ရိုမဲရိုးနဲ့ ဒေးဗီးစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘင်တန်ကာ၊ ဟွိုင်ဘယာ့ဂ်၊ အီမာဆန် ရိုယဲလ်နဲ့ ပါရီရှစ်ချ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်နဲ့ ဟာရီကိန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် မန်ချက်စတာစီးတီးအသင်းကတော့ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ အာကန်ဂျီ၊ အာကေ၊ ဝေါ်လ်ကာနဲ့ ရီကို လူးဝစ္စတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ရိုဒရီ၊ ဂရီးလစ်ရှ်နဲ့ မာရက်ဇ်တို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းနောက်က အယ်လ်ဗာရက်ဇ်ကို လိုက်ကစားစေခဲ့တာပါ။

ထုံးစံအတိုင်းပဲ ဘောလုံးပိုင်ဆိုင်မှု ယူတဲ့ မန်စီးတီးနဲ့ ကောင်တာကစားတဲ့ စပါးစ်တို့ရဲ့ မဲပြာပုဆိုးပွဲကိုပဲ မြင်ခဲ့ရပေမယ့် ရူဘင် ဒီယက်စ်၊ ဂွန်ဒိုးဝမ်၊ ဒီဘရိုင်းနားတို့ကို အရန်ခုံမှာ ထားခဲ့ပြီး အသင်းကို အင်အားချိနဲ့စေခဲ့တဲ့ ဂွါဒီယိုလာရဲ့ ဗျူဟာက ပြောစရာဖြစ်ခဲ့ပြီး အာဆင်နယ်ကို လိုက်မမီအောင်လုပ်ဖို့ သန္နိဋ္ဌာန်ချထားသလားလို့ မေးစရာလည်းဖြစ်ခဲ့ရပါတယ်။

မန်စီးတီးဘက်က မာရက်ဇ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ ပူးပေါင်းပြီး ညာခြမ်းကနေ အဓိက ဖောက်သွားခဲ့ပေမယ့် စပါးစ်ခံစစ်က စေ့စပ်လွန်းသလို ရှေ့မှာ ဟာရီကိန်းတစ်ယောက်တည်း ကွင်းလယ်လောက်မှာ နေရာယူပြီး ကျန်တဲ့သူတွေအားလုံးက ပိတ်ဆို့သွားခဲ့လို့ ပွဲက ကြည့်မကောင်းခဲ့ပေမယ့် ဧည့်သည်တွေ ဂိုးသွင်းဖို့တော့ မတတ်နိုင်ခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ဇုန်မှာ ဂိုးသမားကို ပြန်ပေးရမယ့်အစား လူကြားထဲကို ပြန်ထိုးပေးတဲ့ ရိုဒရီရဲ့ ခပ်ပေါပေါ အမှားကနေ ဟွိုင်ဘယာ့ဂ်က ဖြတ်ယူသွားပြီး ဧရိယာထဲအရောက် ဟာရီကိန်းဆီ ထိုးအပေးမှာ အင်္ဂလန်ကပ္ပတိန်က ငှက်ပျောသီး အခွံနွှာစားတာထက် လွယ်တဲ့ ဂိုးကို အသာအယာ ကန်သွင်းရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂိုးကတော့ ဟာရီကိန်းကို စပါးစ်အသင်းရဲ့ ထာဝရဂိုးသွင်းဘုရင်ဖြစ်လာစေတဲ့ ဂိုးလည်းဖြစ်ခဲ့ပြီး ဂျင်မီ ဂရိဗ်စ်ရဲ့ ၂၆၆ ဂိုးစံချိန်ကို ၂၆၇ ဂိုးနဲ့ ဖြတ်ကျော်သွားနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှတ်တိုင်တစ်ခုအဖြစ်တော့ သွင်းဂိုး ၂၀၀ ပြည့်မြောက်ခဲ့တဲ့ တတိယအများဆုံး သွင်းဂိုးရှင်လည်း ဖြစ်လာစေခဲ့ပြီး အနီးဆုံးက ဝိန်းရွန်နီ (၂၀၈ ဂိုး)နဲ့ ထိပ်ဆုံးက အလန် ရှီးရား (၂၆၀ ဂိုး)တွေကိုတော့ လိုက်မီနိုင်မလား စောင့်ကြည့်ရဦးမှာပါ။

ဂိုးပေးရအပြီးမှာတော့ မန်စီးတီးတို့ ဖိကစားခဲ့ပေမယ့် စပါးစ်ခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ဧရိယာအပြင်နဲ့ ဧရိယာအစပ်တွေကနေပဲ ကန်သွင်းခွင့်တွေ ရခဲ့ရာမှာ ဂိုးသမား လိုရစ်က အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့သလို စပါးစ်ခံစစ်အမှားကနေ လွတ်ထွက်သွားတဲ့ မာရက်ဇ်က အပိုင်ကန်ခွင့်ရခဲ့ပေမယ့် ဘားထိထွက်ခဲ့လို့ ပထမပိုင်းမှာ အိမ်ရှင်တွေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းအစမှာ စပါးစ်တို့ တန်ပြန်တိုက်စစ်ကနေ ကန်ခွင့်ရခဲ့ပေမယ့် ဟာရီကိန်း ချော်ကန်မိခဲ့လို့ အခွင့်အရေးတစ်ခု နစ်နာခဲ့ရသလို အလုပ်မဖြစ်တဲ့ မန်စီးတီးတို့ကတော့ သူတို့ရဲ့ ကွင်းလယ်ကို ပြင်ဆင်ဖို့ မာရက်ဇ်အစား ဒီဘရိုင်းနားကို ပွဲချိန် ၅၉ မိနစ်မှာ စလဲခဲ့ပြီး ပိုမိုဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် ဧရိယာထဲကို ဝင်မရဘဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ပါရီရှစ်ချ် ပေးတာ နည်းနည်းလေး အားပိုသွားခဲ့လို့ ဟာရီကိန်း ပြေးပိတ်ပေမယ့် လွဲချော်သွားခဲ့ပြီး ဂိုးတိုင်နဲ့ ပေါင်ခွကြားနဲ့ပဲ မိတ်ဆက်ခဲ့ရတာကြောင့် နှလုံးသား ဒဏ်ရာမရတာ ကံကောင်းခဲ့သလို မန်စီးတီးတို့ မျှော်လင့်ချက် အသက်ဆက်နိုင်ခဲ့ပြီး ဧရိယာ အပြင်က ကန်ချက်တွေနဲ့ ဆက်လက်ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာ ဆွန်ဟောင်မင် ပေးတာကို ဟာရီကိန်း တစ်ကိုယ်တော် ဖောက်ထွက်ပြီး ကန်ရာမှာ အီဒါဆန် ပိတ်ဆို့နိုင်လို့သာ ဂိုးမဖြစ်ခဲ့ရဘဲ မန်စီးတီးတို့ ကံကောင်းခဲ့ပြီး ခံစစ်က ဝေါ်လ်ကာနဲ့ အာကန်ဂျီတို့ရဲ့ ခြေစွမ်းကို မေးခွန်းထုတ်စရာဖြစ်ခဲ့သလို ရူဘင် ဒီယက်စ် မရှိချိန်မှာ မာမာထန်ထန် တားဆီးနိုင်မှုမျိုး မရှိတာကိုလည်း တွေ့ခဲ့ရတာပါ။

ပွဲချိန် ၈၇ မိနစ်မှာ စပါးစ်တို့ဘက်က ရိုမဲရိုး နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရပေမယ့် ခွဲစိတ်ကုသမှု ခံယူနေရတဲ့ နည်းပြ ကွန်တီ မပါနိုင်ချိန်မှာ ကိုင်တွယ်ခဲ့ရတဲ့ လက်ထောက် စတယ်လီနီကတော့ ခံစစ်သမားတွေကို ထည့်ပြီး ပိတ်ဆို့ ကစားသွားခဲ့တာကြောင့် လူချန်ရှုံး ဂွါဒီယိုလာတစ်ယောက် ရလဒ်ကို ပြင်ဆင်ဖို့ မတတ်နိုင်ခဲ့ဘဲ ရိုဒရီရဲ့ ပေါပေါပဲပဲ အမှားတစ်ချက်ကနေ ရှုံးပွဲတစ်ပွဲနဲ့ ထပ်မံရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

တစ်ဂိုး-ဂိုးမရှိနဲ့ ပြီးဆုံးခဲ့တဲ့ ဒီပွဲရလဒ်ကြောင့် ရှုံးနိမ့်ခဲ့တဲ့ မန်ချက်စတာစီးတီးတို့အနေနဲ့ အာဆင်နယ်နဲ့ နှစ်မှတ်အထိ ပြန်ကပ်နိုင်မယ့်အရေးကို လက်လွှတ်ခဲ့ရသလို တပည့်ဟောင်း အာတီတာကို ဖလားပေးချင်တာလားလို့ မေးခွန်းထုတ်ခံခဲ့ရချိန်မှာ စပါးစ်တို့ကတော့ သရေချည်းလှိမ့်ကျနေတဲ့ နယူးကာဆယ်လ်တို့ဆီက အဆင့် ၄ ကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ လမ်းကြောင်းမှန်ပေါ်ကို ရောက်ရှိလာနိုင်ခဲ့ပါကြောင့် ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ဒိုင္ယာ၊ ႐ိုမဲ႐ိုးနဲ႔ ေဒးဗီးစ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘင္တန္ကာ၊ ဟြိဳင္ဘယာ့ဂ္၊ အီမာဆန္ ႐ိုယဲလ္နဲ႔ ပါရီရွစ္ခ်္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ကူလူရွက္ဗ္စကီး၊ ဆြန္ေဟာင္မင္နဲ႔ ဟာရီကိန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ မန္ခ်က္စတာစီးတီးအသင္းကေတာ့ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ အာကန္ဂ်ီ၊ အာေက၊ ေဝၚလ္ကာနဲ႔ ရီကို လူးဝစၥတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘာနာဒို ေဆးလ္ဗား၊ ႐ိုဒရီ၊ ဂရီးလစ္ရွ္နဲ႔ မာရက္ဇ္တို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းေနာက္က အယ္လ္ဗာရက္ဇ္ကို လိုက္ကစားေစခဲ့တာပါ။

ထုံးစံအတိုင္းပဲ ေဘာလုံးပိုင္ဆိုင္မႈ ယူတဲ့ မန္စီးတီးနဲ႔ ေကာင္တာကစားတဲ့ စပါးစ္တို႔ရဲ႕ မဲျပာပုဆိုးပြဲကိုပဲ ျမင္ခဲ့ရေပမယ့္ ႐ူဘင္ ဒီယက္စ္၊ ဂြန္ဒိုးဝမ္၊ ဒီဘ႐ိုင္းနားတို႔ကို အရန္ခုံမွာ ထားခဲ့ၿပီး အသင္းကို အင္အားခ်ိနဲ႔ေစခဲ့တဲ့ ဂြါဒီယိုလာရဲ႕ ဗ်ဴဟာက ေျပာစရာျဖစ္ခဲ့ၿပီး အာဆင္နယ္ကို လိုက္မမီေအာင္လုပ္ဖို႔ သႏၷိ႒ာန္ခ်ထားသလားလို႔ ေမးစရာလည္းျဖစ္ခဲ့ရပါတယ္။

မန္စီးတီးဘက္က မာရက္ဇ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ ပူးေပါင္းၿပီး ညာျခမ္းကေန အဓိက ေဖာက္သြားခဲ့ေပမယ့္ စပါးစ္ခံစစ္က ေစ့စပ္လြန္းသလို ေရွ႕မွာ ဟာရီကိန္းတစ္ေယာက္တည္း ကြင္းလယ္ေလာက္မွာ ေနရာယူၿပီး က်န္တဲ့သူေတြအားလုံးက ပိတ္ဆို႔သြားခဲ့လို႔ ပြဲက ၾကည့္မေကာင္းခဲ့ေပမယ့္ ဧည့္သည္ေတြ ဂိုးသြင္းဖို႔ေတာ့ မတတ္ႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာေတာ့ စပါးစ္တို႔ အဖြင့္ဂိုး ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ဇုန္မွာ ဂိုးသမားကို ျပန္ေပးရမယ့္အစား လူၾကားထဲကို ျပန္ထိုးေပးတဲ့ ႐ိုဒရီရဲ႕ ခပ္ေပါေပါ အမွားကေန ဟြိဳင္ဘယာ့ဂ္က ျဖတ္ယူသြားၿပီး ဧရိယာထဲအေရာက္ ဟာရီကိန္းဆီ ထိုးအေပးမွာ အဂၤလန္ကပၸတိန္က ငွက္ေပ်ာသီး အခြံႏႊာစားတာထက္ လြယ္တဲ့ ဂိုးကို အသာအယာ ကန္သြင္းရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီဂိုးကေတာ့ ဟာရီကိန္းကို စပါးစ္အသင္းရဲ႕ ထာဝရဂိုးသြင္းဘုရင္ျဖစ္လာေစတဲ့ ဂိုးလည္းျဖစ္ခဲ့ၿပီး ဂ်င္မီ ဂရိဗ္စ္ရဲ႕ ၂၆၆ ဂိုးစံခ်ိန္ကို ၂၆၇ ဂိုးနဲ႔ ျဖတ္ေက်ာ္သြားႏိုင္ခဲ့သလို ပရီးမီးယားလိဂ္ရဲ႕ သမိုင္းမွတ္တိုင္တစ္ခုအျဖစ္ေတာ့ သြင္းဂိုး ၂၀၀ ျပည့္ေျမာက္ခဲ့တဲ့ တတိယအမ်ားဆုံး သြင္းဂိုးရွင္လည္း ျဖစ္လာေစခဲ့ၿပီး အနီးဆုံးက ဝိန္း႐ြန္နီ (၂၀၈ ဂိုး)နဲ႔ ထိပ္ဆုံးက အလန္ ရွီးရား (၂၆၀ ဂိုး)ေတြကိုေတာ့ လိုက္မီႏိုင္မလား ေစာင့္ၾကည့္ရဦးမွာပါ။

ဂိုးေပးရအၿပီးမွာေတာ့ မန္စီးတီးတို႔ ဖိကစားခဲ့ေပမယ့္ စပါးစ္ခံစစ္ကို မေက်ာ္ႏိုင္ခဲ့ဘဲ ဧရိယာအျပင္နဲ႔ ဧရိယာအစပ္ေတြကေနပဲ ကန္သြင္းခြင့္ေတြ ရခဲ့ရာမွာ ဂိုးသမား လိုရစ္က အမွားအယြင္းမရွိ ကာကြယ္သြားႏိုင္ခဲ့သလို စပါးစ္ခံစစ္အမွားကေန လြတ္ထြက္သြားတဲ့ မာရက္ဇ္က အပိုင္ကန္ခြင့္ရခဲ့ေပမယ့္ ဘားထိထြက္ခဲ့လို႔ ပထမပိုင္းမွာ အိမ္ရွင္ေတြ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းအစမွာ စပါးစ္တို႔ တန္ျပန္တိုက္စစ္ကေန ကန္ခြင့္ရခဲ့ေပမယ့္ ဟာရီကိန္း ေခ်ာ္ကန္မိခဲ့လို႔ အခြင့္အေရးတစ္ခု နစ္နာခဲ့ရသလို အလုပ္မျဖစ္တဲ့ မန္စီးတီးတို႔ကေတာ့ သူတို႔ရဲ႕ ကြင္းလယ္ကို ျပင္ဆင္ဖို႔ မာရက္ဇ္အစား ဒီဘ႐ိုင္းနားကို ပြဲခ်ိန္ ၅၉ မိနစ္မွာ စလဲခဲ့ၿပီး ပိုမိုဖိအားေပးႏိုင္ဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဧရိယာထဲကို ဝင္မရဘဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ပါရီရွစ္ခ်္ ေပးတာ နည္းနည္းေလး အားပိုသြားခဲ့လို႔ ဟာရီကိန္း ေျပးပိတ္ေပမယ့္ လြဲေခ်ာ္သြားခဲ့ၿပီး ဂိုးတိုင္နဲ႔ ေပါင္ခြၾကားနဲ႔ပဲ မိတ္ဆက္ခဲ့ရတာေၾကာင့္ ႏွလုံးသား ဒဏ္ရာမရတာ ကံေကာင္းခဲ့သလို မန္စီးတီးတို႔ ေမွ်ာ္လင့္ခ်က္ အသက္ဆက္ႏိုင္ခဲ့ၿပီး ဧရိယာ အျပင္က ကန္ခ်က္ေတြနဲ႔ ဆက္လက္ၿခိမ္းေျခာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာ ဆြန္ေဟာင္မင္ ေပးတာကို ဟာရီကိန္း တစ္ကိုယ္ေတာ္ ေဖာက္ထြက္ၿပီး ကန္ရာမွာ အီဒါဆန္ ပိတ္ဆို႔ႏိုင္လို႔သာ ဂိုးမျဖစ္ခဲ့ရဘဲ မန္စီးတီးတို႔ ကံေကာင္းခဲ့ၿပီး ခံစစ္က ေဝၚလ္ကာနဲ႔ အာကန္ဂ်ီတို႔ရဲ႕ ေျခစြမ္းကို ေမးခြန္းထုတ္စရာျဖစ္ခဲ့သလို ႐ူဘင္ ဒီယက္စ္ မရွိခ်ိန္မွာ မာမာထန္ထန္ တားဆီးႏိုင္မႈမ်ိဳး မရွိတာကိုလည္း ေတြ႕ခဲ့ရတာပါ။

ပြဲခ်ိန္ ၈၇ မိနစ္မွာ စပါးစ္တို႔ဘက္က ႐ိုမဲ႐ိုး ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရေပမယ့္ ခြဲစိတ္ကုသမႈ ခံယူေနရတဲ့ နည္းျပ ကြန္တီ မပါႏိုင္ခ်ိန္မွာ ကိုင္တြယ္ခဲ့ရတဲ့ လက္ေထာက္ စတယ္လီနီကေတာ့ ခံစစ္သမားေတြကို ထည့္ၿပီး ပိတ္ဆို႔ ကစားသြားခဲ့တာေၾကာင့္ လူခ်န္ရႈံး ဂြါဒီယိုလာတစ္ေယာက္ ရလဒ္ကို ျပင္ဆင္ဖို႔ မတတ္ႏိုင္ခဲ့ဘဲ ႐ိုဒရီရဲ႕ ေပါေပါပဲပဲ အမွားတစ္ခ်က္ကေန ရႈံးပြဲတစ္ပြဲနဲ႔ ထပ္မံရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

တစ္ဂိုး-ဂိုးမရွိနဲ႔ ၿပီးဆုံးခဲ့တဲ့ ဒီပြဲရလဒ္ေၾကာင့္ ရႈံးနိမ့္ခဲ့တဲ့ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ အာဆင္နယ္နဲ႔ ႏွစ္မွတ္အထိ ျပန္ကပ္ႏိုင္မယ့္အေရးကို လက္လႊတ္ခဲ့ရသလို တပည့္ေဟာင္း အာတီတာကို ဖလားေပးခ်င္တာလားလို႔ ေမးခြန္းထုတ္ခံခဲ့ရခ်ိန္မွာ စပါးစ္တို႔ကေတာ့ သေရခ်ည္းလွိမ့္က်ေနတဲ့ နယူးကာဆယ္လ္တို႔ဆီက အဆင့္ ၄ ကို ျပန္လည္သိမ္းပိုက္ႏိုင္ဖို႔ လမ္းေၾကာင္းမွန္ေပၚကို ေရာက္ရွိလာႏိုင္ခဲ့ပါေၾကာင့္ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.