Premier League

လီယွန်နယ် မက်ဆီနဲ့ပတ်သက်ပြီး အမှန်တရားကို ဝန်ခံလိုက်တဲ့ ရာမို့စ်

ဆာဂျီယို ရာမို့စ်ဟာ တစ်ခါတုန်းက ပြိုင်ဘက်အဖြစ် နှစ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရာမှာ ခံစားခဲ့ရပြီးနောက် လီယွန်နယ် မက်ဆီဟာ အကောင်းဆုံးကစားသမားဖြစ်တယ်လို့ နောက်ဆုံးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ရာမို့စ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ မရေမတွက်နိုင်တဲ့ ဆုဖလားပေါင်းများစွာ အတူတူ ရရှိခဲ့တာကြောင့် ခရစ္စတီယာနို ရော်နယ်လ်ဒိုက တသက်တာအကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ဖို့များပြီး အနည်းဆုံးတော့ စပိန်နောက်ခံလူက မက်ဆီဟာ ရီးရဲလ်အသင်းဖော်ဟောင်းနဲ့ တစ်တန်းတည်းဆိုတာကို သိနေခဲ့ပါတယ်။

ဆန့်ကျင်ဘက် ၂ သင်းရဲ့ ပြိုင်ဆိုင်မှုကို ကိုယ်စားပြုပေးခဲ့ကြတဲ့ စပိန်နောက်ခံလူနဲ့ အာဂျင်တီးနားတိုက်စစ်မှူးတို့ဟာ အယ်လ် ကလက်စီကိုပွဲစဉ်တွေမှာ မကြာခဏ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ပြိုင်ဘက်အဖြစ် တွေ့ဆုံခဲ့ချိန်တုန်းက ရာမို့စ်ဟာ မက်ဆီကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။

ရာမို့စ်ဟာ လီယွန်နယ် မက်ဆီ ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးနောက်ခံလူတွေထဲက တစ်ဦးဖြစ်ခဲ့မှာ ဖြစ်ပေမယ့်လည်း ဒီနေ့မှာတော့ အရာအားလုံးက ကွဲပြားခြားနားနေခဲ့ပြီဖြစ်ပြီး လက်ရှိမှာ ရာမို့စ်နဲ့ မက်ဆီတို့ဟာ ပီအက်စ်ဂျီမှာ အသင်းဖော်တွေအဖြစ် အတူတူ ကစားနေကြပြီ ဖြစ်ပါတယ်။

တစ်ချိန်တုန်းက မဟာရန်သူတော်တွေဖြစ်ခဲ့တဲ့ ဆာဂျီယို ရာမို့စ်နဲ့ လီယွန်နယ် မက်ဆီတို့ကို အသင်းဖော်တွေအဖြစ် ပထမဆုံး မြင်တွေ့ခဲ့ရချိန်မှာ ပရိသတ်တွေအတွက် တော်တော်လေး ထူးဆန်းခဲ့မှာဖြစ်ပြီး ၁၈ လအထိ အတူတူ တွဲကစားပြီးနောက်မှာ စပိန်နောက်ခံလူဟာ အာဂျင်တီးနားဂန္တဝင်က တသက်တာအကောင်းဆုံးကစားသမားဆိုတာကို ဝန်ခံဖို့အတွက် လုံလုံလောက်လောက် မြင်တွေ့ခဲ့ပြီဖြစ်ပုံပေါ်ပါတယ်။

“မက်ဆီနဲ့ နှစ်ပေါင်းများစွာ ယှဉ်ပြိုင်ကစားပြီး ခံစားခဲ့ရတာတွေ ရှိပါတယ်။ ကျွန်တော် ခုသူနဲ့ ကစားရတာကို ပျော်ရွှင်နေပါတယ်။ သူက ဘောလုံးက မွေးထုတ်ခဲ့သမျှထဲမှာ အကောင်းဆုံး ကစားသမားပဲ”လို့ ပြောကြားခဲ့ပါတယ်။ ဆာဂျီယို ရာမို့စ်ရဲ့ မှတ်ချက်စကားဟာ ဘောလုံးလောကရဲ့ အရှည်လျားဆုံး အငြင်းအခုံမှာ ၎င်းရဲ့ဘက်က အမြဲတမ်းအားထောက်ခံမယ်လို့ မျှော်မှန်းထားတဲ့ ရော်နယ်လ်ဒိုအတွက်တော့ ထိုးနှက်ချက် ဖြစ်လာကောင်း ဖြစ်လာနိုင်ပေမယ့် ပေါ်တူဂီကြယ်ပွင့်က ၂၀၁၈ ခုနှစ်မှာ ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားခဲ့ပြီးနောက် စပိန်နောက်ခံလူနဲ့ စကားမပြောဘဲ နှစ်အတော်ကြာ နေခဲ့ကြတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုနဲ့ ရာမို့စ်တို့ဟာ ပြီးခဲ့တဲ့လက ပီအက်စ်ဂျီအသင်းက ဆော်ဒီ အာရေဗျကို ခြေစမ်းပွဲစဉ်အဖြစ် လာရောက်ယှဉ်ပြိုင်ခဲ့ချိန်မှာ ပြန်လည်ဆုံစည်းခဲ့ကြပြီး ပြုံးရွှင်စွာနဲ့ စကားတွေ ပြောနေခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

PHOTOS CREDIT TO OWNERS

SPORTS A2Z.

ZAWGYI:

ဆာဂ်ီယို ရာမို႔စ္ဟာ တစ္ခါတုန္းက ၿပိဳင္ဘက္အျဖစ္ ႏွစ္ေပါင္းမ်ားစြာ ရင္ဆိုင္ခဲ့ရာမွာ ခံစားခဲ့ရၿပီးေနာက္ လီယြန္နယ္ မက္ဆီဟာ အေကာင္းဆုံးကစားသမားျဖစ္တယ္လို႔ ေနာက္ဆုံးမွာ ဆုံးျဖတ္ခဲ့ပါတယ္။

ရာမို႔စ္ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ႏွစ္ေပါင္းမ်ားစြာ မေရမတြက္ႏိုင္တဲ့ ဆုဖလားေပါင္းမ်ားစြာ အတူတူ ရရွိခဲ့တာေၾကာင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက တသက္တာအေကာင္းဆုံးကစားသမားအျဖစ္ သတ္မွတ္ခဲ့တာ ျဖစ္ဖို႔မ်ားၿပီး အနည္းဆုံးေတာ့ စပိန္ေနာက္ခံလူက မက္ဆီဟာ ရီးရဲလ္အသင္းေဖာ္ေဟာင္းနဲ႔ တစ္တန္းတည္းဆိုတာကို သိေနခဲ့ပါတယ္။

ဆန႔္က်င္ဘက္ ၂ သင္းရဲ႕ ၿပိဳင္ဆိုင္မႈကို ကိုယ္စားျပဳေပးခဲ့ၾကတဲ့ စပိန္ေနာက္ခံလူနဲ႔ အာဂ်င္တီးနားတိုက္စစ္မႉးတို႔ဟာ အယ္လ္ ကလက္စီကိုပြဲစဥ္ေတြမွာ မၾကာခဏ ထိပ္တိုက္ေတြ႕ဆုံခဲ့ၾကတာျဖစ္ၿပီး ၿပိဳင္ဘက္အျဖစ္ ေတြ႕ဆုံခဲ့ခ်ိန္တုန္းက ရာမို႔စ္ဟာ မက္ဆီကို ၾကမ္းၾကမ္းတမ္းတမ္း ကိုင္တြယ္ခဲ့တာျဖစ္ပါတယ္။

ရာမို႔စ္ဟာ လီယြန္နယ္ မက္ဆီ ရင္ဆိုင္ခဲ့ဖူးသမွ်ထဲမွာ အေကာင္းဆုံးေနာက္ခံလူေတြထဲက တစ္ဦးျဖစ္ခဲ့မွာ ျဖစ္ေပမယ့္လည္း ဒီေန႔မွာေတာ့ အရာအားလုံးက ကြဲျပားျခားနားေနခဲ့ၿပီျဖစ္ၿပီး လက္ရွိမွာ ရာမို႔စ္နဲ႔ မက္ဆီတို႔ဟာ ပီအက္စ္ဂ်ီမွာ အသင္းေဖာ္ေတြအျဖစ္ အတူတူ ကစားေနၾကၿပီ ျဖစ္ပါတယ္။

တစ္ခ်ိန္တုန္းက မဟာရန္သူေတာ္ေတြျဖစ္ခဲ့တဲ့ ဆာဂ်ီယို ရာမို႔စ္နဲ႔ လီယြန္နယ္ မက္ဆီတို႔ကို အသင္းေဖာ္ေတြအျဖစ္ ပထမဆုံး ျမင္ေတြ႕ခဲ့ရခ်ိန္မွာ ပရိသတ္ေတြအတြက္ ေတာ္ေတာ္ေလး ထူးဆန္းခဲ့မွာျဖစ္ၿပီး ၁၈ လအထိ အတူတူ တြဲကစားၿပီးေနာက္မွာ စပိန္ေနာက္ခံလူဟာ အာဂ်င္တီးနားဂႏၲဝင္က တသက္တာအေကာင္းဆုံးကစားသမားဆိုတာကို ဝန္ခံဖို႔အတြက္ လုံလုံေလာက္ေလာက္ ျမင္ေတြ႕ခဲ့ၿပီျဖစ္ပုံေပၚပါတယ္။

“မက္ဆီနဲ႔ ႏွစ္ေပါင္းမ်ားစြာ ယွဥ္ၿပိဳင္ကစားၿပီး ခံစားခဲ့ရတာေတြ ရွိပါတယ္။ ကြၽန္ေတာ္ ခုသူနဲ႔ ကစားရတာကို ေပ်ာ္႐ႊင္ေနပါတယ္။ သူက ေဘာလုံးက ေမြးထုတ္ခဲ့သမွ်ထဲမွာ အေကာင္းဆုံး ကစားသမားပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။ ဆာဂ်ီယို ရာမို႔စ္ရဲ႕ မွတ္ခ်က္စကားဟာ ေဘာလုံးေလာကရဲ႕ အရွည္လ်ားဆုံး အျငင္းအခုံမွာ ၎ရဲ႕ဘက္က အၿမဲတမ္းအားေထာက္ခံမယ္လို႔ ေမွ်ာ္မွန္းထားတဲ့ ေရာ္နယ္လ္ဒိုအတြက္ေတာ့ ထိုးႏွက္ခ်က္ ျဖစ္လာေကာင္း ျဖစ္လာႏိုင္ေပမယ့္ ေပၚတူဂီၾကယ္ပြင့္က ၂၀၁၈ ခုႏွစ္မွာ ဂ်ဴဗင္တပ္ကို ေျပာင္းေ႐ႊ႕သြားခဲ့ၿပီးေနာက္ စပိန္ေနာက္ခံလူနဲ႔ စကားမေျပာဘဲ ႏွစ္အေတာ္ၾကာ ေနခဲ့ၾကတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ ရာမို႔စ္တို႔ဟာ ၿပီးခဲ့တဲ့လက ပီအက္စ္ဂ်ီအသင္းက ေဆာ္ဒီ အာေရဗ်ကို ေျခစမ္းပြဲစဥ္အျဖစ္ လာေရာက္ယွဥ္ၿပိဳင္ခဲ့ခ်ိန္မွာ ျပန္လည္ဆုံစည္းခဲ့ၾကၿပီး ၿပဳံး႐ႊင္စြာနဲ႔ စကားေတြ ေျပာေနခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

PHOTOS CREDIT TO OWNERS

SPORTS A2Z.