Premier League

VAR ဇာတာကျနေတဲ့ မန်ယူကြောင့် စံချိန်တင်သွင်းဂိုးနဲ့ လွဲချော်ခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ရက်ဒင်းအသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်အနေနဲ့ ထူးထူးခြားခြား သူမတူအောင် စံချိန်တင်နိုင်မယ့် သွင်းဂိုးကို လွဲချော်ခဲ့ရတဲ့အတွက် မှတ်တမ်းကောင်းတွေအတွက် တစ်က ပြန်စရဖို့ ဖြစ်လာခဲ့ပါတယ်။

ဒီပွဲမတိုင်ခင်အထိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေထဲမှာ အိမ်ကွင်း ၉ ပွဲဆက်တိုက် ဂိုးသွင်းတဲ့ စံချိန်ကို ထူးထူးခြားခြား ရရှိထားခဲ့တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ဒင်းနစ် ဗိုင်အိုလက်စ်ရဲ့ စံချိန်နဲ့ အမြင့်ဆုံး တူညီထားခဲ့တာဖြစ်ပြီး ဒီနေ့ပွဲမှာ ဂိုးသွင်းနိုင်ရင် စံချိန်သစ် တင်ရှိနိုင်မှာ ဖြစ်ပေမယ့် VAR က သူ့ကို စိတ်ပျက်စေခဲ့တာပါ။

ဒီပွဲရဲ့ ပွဲချိန် ၃၅ မိနစ်မှာ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ အသင်းဖော် ဗောက် ဗက်ဂ်ဟော့စ်ရဲ့ ခေါင်းတိုက်ချပေးမှုကို ထပ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့ရာမှာ ဂိုးသမား ဂျိုး လူမ်လီက ဂိုးစည်းကျော်ပြီးမှ ပုတ်ထုတ်ခဲ့လို့ ဒိုင်လူကြီး ဒါရင်း အင်္ဂလန်ရဲ့ နာရီက တစ်ဆင့် အတည်ပြုခဲ့ပေမယ့် VAR ကတော့ ကာစီမီရို လူပေးချိန်မှာ ဗက်ဟော့စ် လူကျွံနေတယ်ဆိုပြီး ပယ်ဖျက်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီမှာတော့ အရင်ရာသီတွေတုန်းကလို VAR ဆုံးဖြတ်ချက်တွေမှာ အသာစီးမရဘဲဖြစ်နေခဲ့ပြီး သူတို့ကို အထိနာစေခဲ့တဲ့ ဆုံးဖြတ်ချက်များစွာနဲ့ ကြုံတွေ့ခဲ့ရချိန်မှာ အိုးလ်ထရက်ဖို့ဒ်ရဲ့ ဂန္ထဝင်တစ်ယောက်လို့ စောစောစီးစီး ဂုဏ်ခံနိုင်စေမယ့် သွင်းဂိုးကို ရက်ရှ်ဖို့ဒ်အနေနဲ့ ဆုံးရှုံးခဲ့ရတာပါ။

ပွဲအပြီးမှာတော့ “ကံဆိုးစွာနဲ့ပဲ VAR က ကျွန်တော့်ကို မျက်နှာသာ မပေးခဲ့ဘူး။ ဒီနေ့နဲ့ဆိုရင် ဒီရာသီမှာ သုံးကြိမ်ရှိခဲ့ပြီလေ”လို့ ဒေါသထွက်နေတဲ့ အီမိုဂျီနဲ့ ရက်ရှ်ဖို့ဒ်က တွစ်တာမှာ ရေးသားသွားခဲ့ပြီး “အိုးလ်ထရက်ဖို့ဒ်ရဲ့ ပွဲဆက်ဂိုးသွင်းစံချိန်ကို ချိုးဖျက်ရမှာက မယုံနိုင်စရာဖြစ်ခဲ့ပေမယ့် ဒီလောက်နဲ့ပဲ ဒင်းနစ် ဗိုင်အိုလက်စ်ရဲ့ မှတ်တမ်းကို လိုက်မီရုံနဲ့ ဂုဏ်ယူရမှာပေါ့”လို့ ပို့စ်တင်သွားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီရာသီမှာ မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်အထိ ၇ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ စံချိန်ကောင်းတစ်ရပ်ကိုလည်း ရရှိခဲ့ဖူးပြီး အဲ့ဒီစံချိန်ကတော့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲစဉ်မှာ ရပ်တန့်ခဲ့ရပေမယ့် သရဲနီတွေအတွက်တော့ ဂိုးသွင်းဘုရင်အဖြစ် ဆက်လက်ရပ်တည်နေခဲ့တာပါ။

ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၉ ဂိုး အပါအဝင် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၁၈ ဂိုးအထိ ရယူထားခဲ့ပြီး အာလင်း ဟားလန်းရဲ့ နောက်မှာ အင်္ဂလန်အသင်းဖော် ဟာရီကိန်းနဲ့အတူ ဒုတိယ အကောင်းဆုံး မှတ်တမ်းနဲ့ ရပ်တည်နိုင်ခဲ့သလို မန်ချက်စတာယူနိုက်တက်တို့အတွက် ပြီးခဲ့တဲ့ ရာသီက ဝေးကွာခဲ့တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့အတူ ပြည်တွင်းဖလားနှစ်လုံးကိုလည်း ရယူပေးနိုင်ဖို့ နီးစပ်နေကြောင်း သိရှိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ရက္ဒင္းအသင္းကို အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ အႏိုင္ရရွိခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ ပြဲစဥ္မွာ တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ထူးထူးျခားျခား သူမတူေအာင္ စံခ်ိန္တင္ႏိုင္မယ့္ သြင္းဂိုးကို လြဲေခ်ာ္ခဲ့ရတဲ့အတြက္ မွတ္တမ္းေကာင္းေတြအတြက္ တစ္က ျပန္စရဖို႔ ျဖစ္လာခဲ့ပါတယ္။

ဒီပြဲမတိုင္ခင္အထိ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားေတြထဲမွာ အိမ္ကြင္း ၉ ပြဲဆက္တိုက္ ဂိုးသြင္းတဲ့ စံခ်ိန္ကို ထူးထူးျခားျခား ရရွိထားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဒင္းနစ္ ဗိုင္အိုလက္စ္ရဲ႕ စံခ်ိန္နဲ႔ အျမင့္ဆုံး တူညီထားခဲ့တာျဖစ္ၿပီး ဒီေန႔ပြဲမွာ ဂိုးသြင္းႏိုင္ရင္ စံခ်ိန္သစ္ တင္ရွိႏိုင္မွာ ျဖစ္ေပမယ့္ VAR က သူ႔ကို စိတ္ပ်က္ေစခဲ့တာပါ။

ဒီပြဲရဲ႕ ပြဲခ်ိန္ ၃၅ မိနစ္မွာ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေနနဲ႔ အသင္းေဖာ္ ေဗာက္ ဗက္ဂ္ေဟာ့စ္ရဲ႕ ေခါင္းတိုက္ခ်ေပးမႈကို ထပ္ဆင့္ ေခါင္းတိုက္သြင္းယူခဲ့ရာမွာ ဂိုးသမား ဂ်ိဳး လူမ္လီက ဂိုးစည္းေက်ာ္ၿပီးမွ ပုတ္ထုတ္ခဲ့လို႔ ဒိုင္လူႀကီး ဒါရင္း အဂၤလန္ရဲ႕ နာရီက တစ္ဆင့္ အတည္ျပဳခဲ့ေပမယ့္ VAR ကေတာ့ ကာစီမီ႐ို လူေပးခ်ိန္မွာ ဗက္ေဟာ့စ္ လူကြၽံေနတယ္ဆိုၿပီး ပယ္ဖ်က္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီမွာေတာ့ အရင္ရာသီေတြတုန္းကလို VAR ဆုံးျဖတ္ခ်က္ေတြမွာ အသာစီးမရဘဲျဖစ္ေနခဲ့ၿပီး သူတို႔ကို အထိနာေစခဲ့တဲ့ ဆုံးျဖတ္ခ်က္မ်ားစြာနဲ႔ ႀကဳံေတြ႕ခဲ့ရခ်ိန္မွာ အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ဂႏၴဝင္တစ္ေယာက္လို႔ ေစာေစာစီးစီး ဂုဏ္ခံႏိုင္ေစမယ့္ သြင္းဂိုးကို ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဆုံးရႈံးခဲ့ရတာပါ။

ပြဲအၿပီးမွာေတာ့ “ကံဆိုးစြာနဲ႔ပဲ VAR က ကြၽန္ေတာ့္ကို မ်က္ႏွာသာ မေပးခဲ့ဘူး။ ဒီေန႔နဲ႔ဆိုရင္ ဒီရာသီမွာ သုံးႀကိမ္ရွိခဲ့ၿပီေလ”လို႔ ေဒါသထြက္ေနတဲ့ အီမိုဂ်ီနဲ႔ ရက္ရွ္ဖို႔ဒ္က တြစ္တာမွာ ေရးသားသြားခဲ့ၿပီး “အိုးလ္ထရက္ဖို႔ဒ္ရဲ႕ ပြဲဆက္ဂိုးသြင္းစံခ်ိန္ကို ခ်ိဳးဖ်က္ရမွာက မယုံႏိုင္စရာျဖစ္ခဲ့ေပမယ့္ ဒီေလာက္နဲ႔ပဲ ဒင္းနစ္ ဗိုင္အိုလက္စ္ရဲ႕ မွတ္တမ္းကို လိုက္မီ႐ုံနဲ႔ ဂုဏ္ယူရမွာေပါ့”လို႔ ပို႔စ္တင္သြားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ အဂၤလန္အသင္းရဲ႕ အဓိက တိုက္စစ္မႉးတစ္ဦးျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဒီရာသီမွာ မန္ခ်က္စတာစီးတီးနဲ႔ ပြဲစဥ္အထိ ၇ ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္တဲ့ စံခ်ိန္ေကာင္းတစ္ရပ္ကိုလည္း ရရွိခဲ့ဖူးၿပီး အဲ့ဒီစံခ်ိန္ကေတာ့ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ အေဝးကြင္းပြဲစဥ္မွာ ရပ္တန႔္ခဲ့ရေပမယ့္ သရဲနီေတြအတြက္ေတာ့ ဂိုးသြင္းဘုရင္အျဖစ္ ဆက္လက္ရပ္တည္ေနခဲ့တာပါ။

ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၉ ဂိုး အပါအဝင္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၁၈ ဂိုးအထိ ရယူထားခဲ့ၿပီး အာလင္း ဟားလန္းရဲ႕ ေနာက္မွာ အဂၤလန္အသင္းေဖာ္ ဟာရီကိန္းနဲ႔အတူ ဒုတိယ အေကာင္းဆုံး မွတ္တမ္းနဲ႔ ရပ္တည္ႏိုင္ခဲ့သလို မန္ခ်က္စတာယူႏိုက္တက္တို႔အတြက္ ၿပီးခဲ့တဲ့ ရာသီက ေဝးကြာခဲ့တဲ့ ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔အတူ ျပည္တြင္းဖလားႏွစ္လုံးကိုလည္း ရယူေပးႏိုင္ဖို႔ နီးစပ္ေနေၾကာင္း သိရွိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.