Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂၂.၉.၂၀၂၀

– လာမယ့္ ဘန္စေလနဲ႔ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္မွာ ေနာက္ခံလူသစ္ ဝါရင့္ကစားသမား သီယာဂို ေဆးလ္ဗား စတင္ ပြဲထြက္လာႏုိင္ဖြယ္ရွိၿပီး ဒဏ္ရာရွိေနခဲ့တဲ့ ဘန္ ေခ်းလ္ဝဲလ္နဲ႔ ဇီယက္ရွ္တုိ႔အတြက္ေတာ့ ျပန္ကစားဖို႔ ေစာလြန္းေသးတယ္လုိ႔ လမ္းပတ္ ေျပာၾကား။

– ဘ႐ိုက္တန္အသင္းကို ခ်ဲလ္ဆီးအသင္းက ေရာင္းခ်ထားခဲ့တဲ့ လူငယ္ေနာက္ခံလူ တာရစ္ခ္ လမ့္ပ္ေတဟာ လီဗာပူးလ္ရဲ႕ ေရာဘတ္ဆန္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္တုိ႔ထက္ ပုိမိုေကာင္းမြန္တဲ့ ေဘာလုံးဆြဲေျပးမွဳေတြကို ျပဳလုပ္ႏုိင္သူျဖစ္ၿပီး ပုိေကာင္းလာဦးမယ္လို႔ ေနာက္ခံလူေဟာင္း အက္ရွ္လီ ကိုးလ္သုံးသပ္။

– ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးသမားသစ္ ေခၚယူမွဳ ေအဒူယာ မန္ဒီဟာ ဂ်ာမနီမွာ ေဆးစစ္ၿပီး လာမယ့္ ၂၄ နာရီအတြင္းမွာ စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေရာက္လာဖို႔ ရွိေနတယ္လုိ႔ စကိုင္းစပုိ႔စ္ ေဖာ္ျပ။

– ေဂ်ာ္ဂ်င္ညဳိရဲ႕ ၁၀၀ ရာခိုင္ႏွဳန္း ခ်ဲလ္ဆီးပင္နယ္တီမွတ္တမ္းကို ရပ္တန္႔ခဲ့တာအတြက္ လီဗာပူးလ္ဂိုးသမား အယ္လစ္ဆန္က ေျပာျပခဲ့ၿပီး ကြင္းလယ္လူရဲ႕ ကန္ပုံကန္နည္းဟာ အထူးအဆန္းမဟုတ္ဘဲ ဂိုးသမားေတြကို လွဳပ္ရွားေစဖို႔ သူေစာင့္ၿပီးမွ ကန္သလို ဒါကို သိထားတဲ့ မိမိအေနနဲ႔ သူမကန္မခ်င္း မလွဳပ္ဘဲ ေစာင့္ခဲ့တယ္လို႔ ရွင္းျပ။

– နည္းျပ လမ္းပတ္ရဲ႕ အလိုခ်င္ဆုံးကစားသမားျဖစ္တဲ့ ဝက္စ္ဟမ္းအသင္းရဲ႕ လက္ေထာက္အသင္းေခါင္းေဆာင္ ဒက္ကလန္ ႐ိုက္စ္ကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဘယ္လိုနည္းလမ္းသုံးၿပီး ေခၚယူရမယ္ဆုိတာ ေကာင္းေကာင္းသိရွိထားတယ္လို႔ ၿဗိတိန္သတင္းေတြ ေဖာ္ျပ။

– ပီ႐ူးေတာင္ပံကစားသမား အန္ဒေရး ကာရီယိုအတြက္ Third Party Ownership အေနနဲ႔ ခ်ဲလ္ဆီးအသင္းပုိင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ခ်္က ရင္းႏွီးျမႇဳပ္ႏွံခဲ့ဖူးတယ္လို႔ စြပ္စြဲမွဳေတြအေပၚ ခုိင္လုံတဲ့ သက္ေသမရွိေၾကာင္း ကိုယ္စားလွယ္ေတြက ျငင္းဆုိခဲ့ၿပီး တကယ္လို႔ ဟုတ္မွန္ခဲ့တယ္ဆိုရင္ေတာင္ ကစားသမားဟာ အဂၤလန္မွာ မဟုတ္ဘဲ ေပၚတူဂီမွာျဖစ္ေနလို႔ တရားဝင္ကိစၥျဖစ္ေနတဲ့အတြက္ စဥ္းစားစရာမလို။

– အသင္းရဲ႕ ပိုလွ်ံအင္အားျဖစ္တဲ့ အသက္ ၂၆ ႏွစ္အရြယ္ အီတလီဘယ္ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီကို ဂ်ဴဗင္တပ္စ္အသင္းက ကနဦး အငွားနဲ႔ ေခၚယူၿပီး ရာသီကုန္မွာ အၿပီးသတ္ေခၚယူမွု သေဘာတူညီမွဳမ်ဳိးနဲ႔ ေဆြးေႏြးသြားဖို႔ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လာမယ့် ဘန်စလေနဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ နောက်ခံလူသစ် ဝါရင့်ကစားသမား သီယာဂို ဆေးလ်ဗား စတင် ပွဲထွက်လာနိုင်ဖွယ်ရှိပြီး ဒဏ်ရာရှိနေခဲ့တဲ့ ဘန် ချေးလ်ဝဲလ်နဲ့ ဇီယက်ရှ်တို့အတွက်တော့ ပြန်ကစားဖို့ စောလွန်းသေးတယ်လို့ လမ်းပတ် ပြောကြား။

– ဘရိုက်တန်အသင်းကို ချဲလ်ဆီးအသင်းက ရောင်းချထားခဲ့တဲ့ လူငယ်နောက်ခံလူ တာရစ်ခ် လမ့်ပ်တေဟာ လီဗာပူးလ်ရဲ့ ရောဘတ်ဆန်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်တို့ထက် ပိုမိုကောင်းမွန်တဲ့ ဘောလုံးဆွဲပြေးမှုတွေကို ပြုလုပ်နိုင်သူဖြစ်ပြီး ပိုကောင်းလာဦးမယ်လို့ နောက်ခံလူဟောင်း အက်ရှ်လီ ကိုးလ်သုံးသပ်။

– ချဲလ်ဆီးအသင်းရဲ့ ဂိုးသမားသစ် ခေါ်ယူမှု အေဒူယာ မန်ဒီဟာ ဂျာမနီမှာ ဆေးစစ်ပြီး လာမယ့် ၂၄ နာရီအတွင်းမှာ စတမ်းဖို့ဒ်ဘရစ်ချ်ကို ရောက်လာဖို့ ရှိနေတယ်လို့ စကိုင်းစပို့စ် ဖော်ပြ။

– ဂျော်ဂျင်ညိုရဲ့ ၁၀၀ ရာခိုင်နှုန်း ချဲလ်ဆီးပင်နယ်တီမှတ်တမ်းကို ရပ်တန့်ခဲ့တာအတွက် လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်က ပြောပြခဲ့ပြီး ကွင်းလယ်လူရဲ့ ကန်ပုံကန်နည်းဟာ အထူးအဆန်းမဟုတ်ဘဲ ဂိုးသမားတွေကို လှုပ်ရှားစေဖို့ သူစောင့်ပြီးမှ ကန်သလို ဒါကို သိထားတဲ့ မိမိအနေနဲ့ သူမကန်မချင်း မလှုပ်ဘဲ စောင့်ခဲ့တယ်လို့ ရှင်းပြ။

– နည်းပြ လမ်းပတ်ရဲ့ အလိုချင်ဆုံးကစားသမားဖြစ်တဲ့ ဝက်စ်ဟမ်းအသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင် ဒက်ကလန် ရိုက်စ်ကို ချဲလ်ဆီးအသင်းအနေနဲ့ ဘယ်လိုနည်းလမ်းသုံးပြီး ခေါ်ယူရမယ်ဆိုတာ ကောင်းကောင်းသိရှိထားတယ်လို့ ဗြိတိန်သတင်းတွေ ဖော်ပြ။

– ပီရူးတောင်ပံကစားသမား အန်ဒရေး ကာရီယိုအတွက် Third Party Ownership အနေနဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ချ်က ရင်းနှီးမြှုပ်နှံခဲ့ဖူးတယ်လို့ စွပ်စွဲမှုတွေအပေါ် ခိုင်လုံတဲ့ သက်သေမရှိကြောင်း ကိုယ်စားလှယ်တွေက ငြင်းဆိုခဲ့ပြီး တကယ်လို့ ဟုတ်မှန်ခဲ့တယ်ဆိုရင်တောင် ကစားသမားဟာ အင်္ဂလန်မှာ မဟုတ်ဘဲ ပေါ်တူဂီမှာဖြစ်နေလို့ တရားဝင်ကိစ္စဖြစ်နေတဲ့အတွက် စဉ်းစားစရာမလို။

– အသင်းရဲ့ ပိုလျှံအင်အားဖြစ်တဲ့ အသက် ၂၆ နှစ်အရွယ် အီတလီဘယ်နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီကို ဂျူဗင်တပ်စ်အသင်းက ကနဦး အငှားနဲ့ ခေါ်ယူပြီး ရာသီကုန်မှာ အပြီးသတ်ခေါ်ယူမှု သဘောတူညီမှုမျိုးနဲ့ ဆွေးနွေးသွားဖို့ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.