Analysis Article Premier League Transfer News

ဈေးကြီးတဲ့ လူငယ်လား၊ ဈေးသင့်တဲ့ နည်းစနစ်ရှင်လား ရင်ခုန်ရမယ့် ဂန်းနားပရိသတ်တွေ

အာဆင်နယ်ပရိသတ်တွေအနေနဲ့ သူတို့ရဲ့ အဓိက ကွင်းလယ်လူ သောမတ်စ် ပါတေးရဲ့ နံရိုးဒဏ်ရာ မပြင်းထန်ဘဲ လာမယ့် အဲဗာတန်နဲ့ပွဲကို ကစားနိုင်ဖို့ ရှိနေတယ်လို့ သတင်းပြန်ထွက်လာခဲ့လို့ စိုးရိမ်မှုတွေ လျော့ကျခဲ့ရပေမယ့် ဂါနာသား မရှိရင် အိုးနင်းခွက်နင်းနဲ့ စုတ်ပြတ်သွားလေ့ရှိတဲ့ ကွင်းလယ်ခံစစ်ကြောင်းအတွက်တော့ စိုးရိမ်နေကြပြီး လူချွန်လူကောင်းတစ်ဦးကို အလိုရှိနေခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ အဝေးကွင်းပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ အမှိုက်ပုံးထဲ ထည့်ပစ်လို့ရတဲ့ ခြေစွမ်းမျိုးနဲ့ လူစားဝင်ကစားခဲ့တဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါအနေနဲ့ ပရိသတ်တွေရဲ့ အဆဲတောင်းခဲ့ချိန်မှာ ကွင်းထဲက အသင်းဖော်တွေနဲ့ပါ မကျေမလည်ဖြစ်ခဲ့ပြီး အထူးသဖြင့် အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ရဲ့ အော်ဟစ်ခြင်းခံရချိန်မှာ ကွင်းထဲကနေ ထွက်သွားခဲ့တာကြောင့် သူ့ကို သုံးစားဖို့တော့ မမျှော်လင့်ကြတော့တာလည်းဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်တို့အနေနဲ့ အက်ဖ်အေဖလား ရှုံးပွဲအပြီး နောက်တစ်နေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ဘရိုက်တန်အသင်းရဲ့ မွိုက်ဆက်စ် ကိုင်စီဒိုကို ဦးစားပေး ပစ်မှတ်အဖြစ် စတင်ကမ်းလှမ်းခဲ့သလို ကွင်းလယ်မှာ အင်နဲ့အားနဲ့ ဖြည့်ဆည်းကစားပေးနိုင်မယ့် အီကွေဒေါသားကို အသင်းရဲ့ ကြယ်ပွင့်သစ်အဖြစ် ဈေးကြီးပေးခေါ်ယူဖို့ လုပ်ဆောင်လာခဲ့တာပါ။

လက်ရှိမှာတော့ ဘရိုက်တန်အသင်းဘက်က ပေါင်သန်း ၉၀ အထိ တန်ကြေးမြှင့်ထားခဲ့တာကြောင့် အာဆင်နယ်တို့အနေနဲ့ သူ့ကို နောက်ဆုံး ပေးထားတဲ့ ပေါင်သန်း ၆၀ ထက် ပိုမိုပြီး ပေးသွားနိုင်ပေမယ့် ခေါ်ဈေးလောက်အထိတော့ မပေးနိုင်တာကြောင့် အဆင်ပြေမလား စောင့်ကြည့်ရမှာဖြစ်ပြီး တကယ်လို့ အဆင်မပြေနိုင်ရင်တော့ ဈေးပိုမိုသက်သာတဲ့ ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူဆီ လှည့်ဖို့ ရှိနေတာဖြစ်ပါတယ်။

လာလီဂါ အမှတ်ပေးဇယားမှာ အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့တဲ့ ဘတ်စ်ကေးအခြေစိုက်အသင်းအနေနဲ့ ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ရောင်းချဖို့ စိတ်ကူးမရှိပေမယ့် ထုံးတမ်းစဉ်လာတွေအရတော့ စာချုပ်လျော်ကြေးကို ခေါ်ယူလိုတဲ့ အသင်းက‌ ပေးပြီး ကစားသမားက ခေါင်းညိတ်မယ်ဆိုရင် တားဆီးနိုင်ခွင့် မရှိတာကြောင့် ဂန်းနားတွေရဲ့ နှစ်ရက်အတွင်း ရွှေ့ကွက်တွေကို တွေ့မြင်ရဖို့ ရှိနေတာပါ။

အသက် ၂၂ နှစ်အရွယ် စပိန်ကွင်းလယ်လူ ဇူဘီမန်ဒီအတွက် စာချုပ်လျော်ကြေးအဖြစ် ယူရိုသန်း ၆၀ (ပေါင် ၅၂.၈ သန်း) ရှိနေချိန်မှာ ကိုင်စီဒိုကို ပေးချေရမယ့် ပြောင်းရွှေ့ကြေးထက် ပေါင်သန်း ၃၀ လောက် သက်သာနိုင်တာကြောင့် အာဆင်နယ်တို့အနေနဲ့ ခေါ်ယူသွားနိုင်ဖို့ ပိုမိုလွယ်ကူနေပြီး လာလီဂါမှာ ၉၄ ပွဲ ကစားထားခဲ့ပြီးသလို ပြိုင်ပွဲစုံ ၁၂၁ ပွဲနဲ့ အစမ်းသပ်ခံပြီးတဲ့အတွက် သူ့ရဲ့ ခြေစွမ်းကိုတော့ သိပ်စိုးရိမ်ဖို့ မရှိနိုင်တာဖြစ်ပါတယ်။

အာဆင်နယ်တို့ အလိုရှိနေခဲ့တဲ့ ဒီကစားသမားနှစ်ဦးကတော့ တစ်ဦးနဲ့ တစ်ဦး ကစားပုံချင်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေခဲ့ကြပြီး စွယ်စုံရ ရေဘဝဲကြီး သောမတ်စ် ပါတေးရဲ့ နည်းစနစ်ပိုင်းကို တစ်ဦးက ကိုယ်စားပြုသလို၊ တစ်ဦးက လုပ်အားနှုန်းနဲ့ ကြံ့ခိုင်မှုပိုင်းကို ကိုယ်စားပြုနေခဲ့ပြီး နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ဘယ်သူ့ကို ရရ အဆင်ပြေနိုင်မှာဖြစ်ပါတယ်။

အရပ် ၅ ပေ ၁၀ လက်မသာ ရှိပေမယ့် လေထဲမှာလည်း မညံ့လှတဲ့ ဘရိုက်တန်ကစားသမားအနေနဲ့ လုပ်အားနှုန်းကောင်းမွန်သလို ကျားကုတ်ကျားခဲ ဖျက်ထုတ်နိုင်စွမ်းနဲ့ တိုက်စစ်ကို အချိန်ကိုက် ဖြည့်ဆည်းဝင်ရောက်နိုင်စွမ်းတွေက သူ့ကို အသင်းအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးကို ရယူပေးနိုင်မယ့် ကစားသမားမျိုးဖြစ်လာစေခဲ့သလို စင်ရော်တွေဆီကနေ မြင့်မားရာကို တက်လှမ်းဖို့တော့ အဆင်သင့်ဖြစ်ကြောင်း ပြသနေခဲ့တာပါ။

ဆိုစီဒက်ရဲ့ အရပ် ၅ ပေ ၁၁ လက်မ ရှိတဲ့ စပိန်သားကတော့ သူ့ရဲ့ ဘောလုံးအမြင်နဲ့ နည်းစနစ်ပိုင်းကို အခြေခံပြီး ပွဲအပေါ် ဖတ်ရှုနိုင်သူဖြစ်သလို တစ်ဖက်ကစားသမား ဘာလုပ်မယ်ဆိုတာ ကြိုတင်ခန့်မှန်းပြီး ဖျက်ထုတ်နိုင်သူဖြစ်ပြီး ဘောလုံးခင်းကျင်းပေးပို့မှုနဲ့ အဝေးဘော ဖြန့်ဝေမှုတွေမှာ ကောင်းမွန်သူ ဖြစ်တာကြောင့် သူ့ကို ဘာစီလိုနာအသင်းကပါ အလိုရှိနေခဲ့ပေမယ့် စာချုပ်လျော်ကြေး မတတ်နိုင်တာကြောင့် လက်လျှော့ထားရတာဖြစ်ပါတယ်။

ပွဲအပေါ် ဖတ်ရှုနိုင်မှု၊ နည်းစနစ်ပိုင်းနဲ့ ဘောလုံးပေးပို့မှုအပိုင်းမှာ ကိုင်စီဒိုထက် ဇူဘီမန်ဒီက သာလွန်နေသလို လုပ်အားနှုန်း၊ ကြံ့ခိုင်မှုနဲ့ အမြန်နှုန်းပိုင်းမှာတော့ ဇူဘီမန်ဒီထက် ကိုင်စီဒိုက သာလွန်နေပြီး အာဆင်နယ်တို့အနေနဲ့ ဒီဆောင်းရာသီမှာ တစ်ယောက်သာ ရရှိနိုင်မှာဖြစ်တဲ့အတွက် ဈေးနှုန်း၊ ရရှိနိုင်ဖို့ လွယ်ကူမှုနဲ့ အချိန်အပေါ်မှာ မူတည်ပြီး အဖြူအပြာကျားဝတ်တဲ့ တစ်သင်းသင်းဆီက အီကွေဒါသားလား စပိန်သားလားဆိုတာ အလုပ်လုပ်သွားရဖို့ ရှိနေတာပါ။

လက်ရှိအခြေအနေတွေအရတော့ ပေါင် ၄.၅ သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ ကိုင်စီဒိုကို အဆ ၂၀ ပေးပြီး အာဆင်နယ်တို့ ခေါ်ယူဖို့က မဖြစ်နိုင်ပေမယ့် ဇူဘီမန်ဒီအတွက် စာချုပ်လျော်ကြေးကို သုံးစွဲပြီး ပေါင်သန်း ၃၀ လောက် သက်သာနိုင်ဖို့က ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာဖြစ်နေခဲ့ချိန်မှာ အားကစား ဒါရိုက်တာ အီဒူး ဂက်စ်ပါရဲ့ အဆုံးအဖြတ် ရွှေ့ကွက်ကိုတော့ Deadline Day အထိ ရင်ခုန်စွာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ သူတို႔ရဲ႕ အဓိက ကြင္းလယ္လူ ေသာမတ္စ္ ပါေတးရဲ႕ နံ႐ိုးဒဏ္ရာ မျပင္းထန္ဘဲ လာမယ့္ အဲဗာတန္နဲ႔ပြဲကို ကစားႏိုင္ဖို႔ ရွိေနတယ္လို႔ သတင္းျပန္ထြက္လာခဲ့လို႔ စိုးရိမ္မႈေတြ ေလ်ာ့က်ခဲ့ရေပမယ့္ ဂါနာသား မရွိရင္ အိုးနင္းခြက္နင္းနဲ႔ စုတ္ျပတ္သြားေလ့ရွိတဲ့ ကြင္းလယ္ခံစစ္ေၾကာင္းအတြက္ေတာ့ စိုးရိမ္ေနၾကၿပီး လူခြၽန္လူေကာင္းတစ္ဦးကို အလိုရွိေနခဲ့ၾကတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ မန္ခ်က္စတာစီးတီးနဲ႔ အေဝးကြင္းပြဲစဥ္ရဲ႕ ဒုတိယပိုင္းမွာ အမႈိက္ပုံးထဲ ထည့္ပစ္လို႔ရတဲ့ ေျခစြမ္းမ်ိဳးနဲ႔ လူစားဝင္ကစားခဲ့တဲ့ အဲလ္ဘတ္ ဆမ္ဘီ လိုကြန္ဂါအေနနဲ႔ ပရိသတ္ေတြရဲ႕ အဆဲေတာင္းခဲ့ခ်ိန္မွာ ကြင္းထဲက အသင္းေဖာ္ေတြနဲ႔ပါ မေက်မလည္ျဖစ္ခဲ့ၿပီး အထူးသျဖင့္ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ေအာ္ဟစ္ျခင္းခံရခ်ိန္မွာ ကြင္းထဲကေန ထြက္သြားခဲ့တာေၾကာင့္ သူ႔ကို သုံးစားဖို႔ေတာ့ မေမွ်ာ္လင့္ၾကေတာ့တာလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ အက္ဖ္ေအဖလား ရႈံးပြဲအၿပီး ေနာက္တစ္ေန႔ျဖစ္တဲ့ တနဂၤေႏြေန႔မွာ ဘ႐ိုက္တန္အသင္းရဲ႕ မြိဳက္ဆက္စ္ ကိုင္စီဒိုကို ဦးစားေပး ပစ္မွတ္အျဖစ္ စတင္ကမ္းလွမ္းခဲ့သလို ကြင္းလယ္မွာ အင္နဲ႔အားနဲ႔ ျဖည့္ဆည္းကစားေပးႏိုင္မယ့္ အီေကြေဒါသားကို အသင္းရဲ႕ ၾကယ္ပြင့္သစ္အျဖစ္ ေဈးႀကီးေပးေခၚယူဖို႔ လုပ္ေဆာင္လာခဲ့တာပါ။

လက္ရွိမွာေတာ့ ဘ႐ိုက္တန္အသင္းဘက္က ေပါင္သန္း ၉၀ အထိ တန္ေၾကးျမႇင့္ထားခဲ့တာေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ သူ႔ကို ေနာက္ဆုံး ေပးထားတဲ့ ေပါင္သန္း ၆၀ ထက္ ပိုမိုၿပီး ေပးသြားႏိုင္ေပမယ့္ ေခၚေဈးေလာက္အထိေတာ့ မေပးႏိုင္တာေၾကာင့္ အဆင္ေျပမလား ေစာင့္ၾကည့္ရမွာျဖစ္ၿပီး တကယ္လို႔ အဆင္မေျပႏိုင္ရင္ေတာ့ ေဈးပိုမိုသက္သာတဲ့ ရီးရဲလ္ဆိုစီဒက္ကြင္းလယ္လူဆီ လွည့္ဖို႔ ရွိေနတာျဖစ္ပါတယ္။

လာလီဂါ အမွတ္ေပးဇယားမွာ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနခဲ့တဲ့ ဘတ္စ္ေကးအေျခစိုက္အသင္းအေနနဲ႔ ကြင္းလယ္လူ မာတင္ ဇူဘီမန္ဒီကို ေရာင္းခ်ဖို႔ စိတ္ကူးမရွိေပမယ့္ ထုံးတမ္းစဥ္လာေတြအရေတာ့ စာခ်ဳပ္ေလ်ာ္ေၾကးကို ေခၚယူလိုတဲ့ အသင္းက‌ ေပးၿပီး ကစားသမားက ေခါင္းညိတ္မယ္ဆိုရင္ တားဆီးႏိုင္ခြင့္ မရွိတာေၾကာင့္ ဂန္းနားေတြရဲ႕ ႏွစ္ရက္အတြင္း ေ႐ႊ႕ကြက္ေတြကို ေတြ႕ျမင္ရဖို႔ ရွိေနတာပါ။

အသက္ ၂၂ ႏွစ္အ႐ြယ္ စပိန္ကြင္းလယ္လူ ဇူဘီမန္ဒီအတြက္ စာခ်ဳပ္ေလ်ာ္ေၾကးအျဖစ္ ယူ႐ိုသန္း ၆၀ (ေပါင္ ၅၂.၈ သန္း) ရွိေနခ်ိန္မွာ ကိုင္စီဒိုကို ေပးေခ်ရမယ့္ ေျပာင္းေ႐ႊ႕ေၾကးထက္ ေပါင္သန္း ၃၀ ေလာက္ သက္သာႏိုင္တာေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ ေခၚယူသြားႏိုင္ဖို႔ ပိုမိုလြယ္ကူေနၿပီး လာလီဂါမွာ ၉၄ ပြဲ ကစားထားခဲ့ၿပီးသလို ၿပိဳင္ပြဲစုံ ၁၂၁ ပြဲနဲ႔ အစမ္းသပ္ခံၿပီးတဲ့အတြက္ သူ႔ရဲ႕ ေျခစြမ္းကိုေတာ့ သိပ္စိုးရိမ္ဖို႔ မရွိႏိုင္တာျဖစ္ပါတယ္။

အာဆင္နယ္တို႔ အလိုရွိေနခဲ့တဲ့ ဒီကစားသမားႏွစ္ဦးကေတာ့ တစ္ဦးနဲ႔ တစ္ဦး ကစားပုံခ်င္း ေျဖာင့္ေျဖာင့္ႀကီး ဆန႔္က်င္ေနခဲ့ၾကၿပီး စြယ္စုံရ ေရဘဝဲႀကီး ေသာမတ္စ္ ပါေတးရဲ႕ နည္းစနစ္ပိုင္းကို တစ္ဦးက ကိုယ္စားျပဳသလို၊ တစ္ဦးက လုပ္အားႏႈန္းနဲ႔ ႀကံ့ခိုင္မႈပိုင္းကို ကိုယ္စားျပဳေနခဲ့ၿပီး နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ဘယ္သူ႔ကို ရရ အဆင္ေျပႏိုင္မွာျဖစ္ပါတယ္။

အရပ္ ၅ ေပ ၁၀ လက္မသာ ရွိေပမယ့္ ေလထဲမွာလည္း မညံ့လွတဲ့ ဘ႐ိုက္တန္ကစားသမားအေနနဲ႔ လုပ္အားႏႈန္းေကာင္းမြန္သလို က်ားကုတ္က်ားခဲ ဖ်က္ထုတ္ႏိုင္စြမ္းနဲ႔ တိုက္စစ္ကို အခ်ိန္ကိုက္ ျဖည့္ဆည္းဝင္ေရာက္ႏိုင္စြမ္းေတြက သူ႔ကို အသင္းအတြက္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးကို ရယူေပးႏိုင္မယ့္ ကစားသမားမ်ိဳးျဖစ္လာေစခဲ့သလို စင္ေရာ္ေတြဆီကေန ျမင့္မားရာကို တက္လွမ္းဖို႔ေတာ့ အဆင္သင့္ျဖစ္ေၾကာင္း ျပသေနခဲ့တာပါ။

ဆိုစီဒက္ရဲ႕ အရပ္ ၅ ေပ ၁၁ လက္မ ရွိတဲ့ စပိန္သားကေတာ့ သူ႔ရဲ႕ ေဘာလုံးအျမင္နဲ႔ နည္းစနစ္ပိုင္းကို အေျခခံၿပီး ပြဲအေပၚ ဖတ္ရႈႏိုင္သူျဖစ္သလို တစ္ဖက္ကစားသမား ဘာလုပ္မယ္ဆိုတာ ႀကိဳတင္ခန႔္မွန္းၿပီး ဖ်က္ထုတ္ႏိုင္သူျဖစ္ၿပီး ေဘာလုံးခင္းက်င္းေပးပို႔မႈနဲ႔ အေဝးေဘာ ျဖန႔္ေဝမႈေတြမွာ ေကာင္းမြန္သူ ျဖစ္တာေၾကာင့္ သူ႔ကို ဘာစီလိုနာအသင္းကပါ အလိုရွိေနခဲ့ေပမယ့္ စာခ်ဳပ္ေလ်ာ္ေၾကး မတတ္ႏိုင္တာေၾကာင့္ လက္ေလွ်ာ့ထားရတာျဖစ္ပါတယ္။

ပြဲအေပၚ ဖတ္ရႈႏိုင္မႈ၊ နည္းစနစ္ပိုင္းနဲ႔ ေဘာလုံးေပးပို႔မႈအပိုင္းမွာ ကိုင္စီဒိုထက္ ဇူဘီမန္ဒီက သာလြန္ေနသလို လုပ္အားႏႈန္း၊ ႀကံ့ခိုင္မႈနဲ႔ အျမန္ႏႈန္းပိုင္းမွာေတာ့ ဇူဘီမန္ဒီထက္ ကိုင္စီဒိုက သာလြန္ေနၿပီး အာဆင္နယ္တို႔အေနနဲ႔ ဒီေဆာင္းရာသီမွာ တစ္ေယာက္သာ ရရွိႏိုင္မွာျဖစ္တဲ့အတြက္ ေဈးႏႈန္း၊ ရရွိႏိုင္ဖို႔ လြယ္ကူမႈနဲ႔ အခ်ိန္အေပၚမွာ မူတည္ၿပီး အျဖဴအျပာက်ားဝတ္တဲ့ တစ္သင္းသင္းဆီက အီေကြဒါသားလား စပိန္သားလားဆိုတာ အလုပ္လုပ္သြားရဖို႔ ရွိေနတာပါ။

လက္ရွိအေျခအေနေတြအရေတာ့ ေပါင္ ၄.၅ သန္းနဲ႔ ေခၚယူထားခဲ့တဲ့ ကိုင္စီဒိုကို အဆ ၂၀ ေပးၿပီး အာဆင္နယ္တို႔ ေခၚယူဖို႔က မျဖစ္ႏိုင္ေပမယ့္ ဇူဘီမန္ဒီအတြက္ စာခ်ဳပ္ေလ်ာ္ေၾကးကို သုံးစြဲၿပီး ေပါင္သန္း ၃၀ ေလာက္ သက္သာႏိုင္ဖို႔က ပိုမိုေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာျဖစ္ေနခဲ့ခ်ိန္မွာ အားကစား ဒါ႐ိုက္တာ အီဒူး ဂက္စ္ပါရဲ႕ အဆုံးအျဖတ္ ေ႐ႊ႕ကြက္ကိုေတာ့ Deadline Day အထိ ရင္ခုန္စြာ ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.