Match Report Premier League

ပဲလေ့စ်နဲ့ နောက်ဆုံးမိနစ်မှာ သရေကျပြီး အခါခါ နာခဲ့ရတဲ့ မိအေး မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ လူသစ် ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ခရစ္စတယ်လ် ပဲလေ့စ်တို့ကတော့ ဂိုးသမား ဂွိုင်တာ၊ ခံစစ်မှာ ဂေးဟီ၊ ရစ်ချတ်စ်၊ ကလိုင်းန်နဲ့ မစ်ချဲလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရှိတ်ခ် ဒူကူရေး၊ ဝေလ် ဟယူးချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်ပိုင်းမှာတော့ အေဒူယာ၊ အိုလီဆေး၊ ဇာဟာနဲ့ မာတက်တာတို့ကို စုဖွဲ့လာခဲ့တာပါ။

ပဲလေ့စ်နည်းပြ ဗီယာရာရဲ့ တိုက်စစ်မှူးနှစ်ဦးနဲ့ တောင်ပံနှစ်ဦးကို စိန်ပွင့်ပုံ နေရာချလာတဲ့ အကွက်ဆန်းကြီးက အလုပ်မဖြစ်သလို မန်ယူလို အသင်းမျိုးနဲ့ ပွဲမှာ ပေါရဲလှချည်လားလို့ လှောင်ရယ်စရာပဲဖြစ်ခဲ့ရပြီး ကွင်းလယ်မှာ လူနှစ်ယောက်သာ ရှိတာကြောင့် သရဲနီတွေကို မယှဉ်နိုင်ဘဲ ခါးပြတ်နေခဲ့သလို တန်ဟတ်ရဲ့ လူတွေအတွက်တော့ ကစားရ ပိုမိုလွယ်ကူသွားခဲ့ပါတယ်။

ညာနောက်ခံလူ ကလိုင်းန်ကတော့ ပြီးခဲ့တဲ့ ပွဲတွေကလိုပဲ တစ်ဖက်အသင်းရဲ့ တိုက်စစ်ကို လုံးဝမဖတ်တတ်ဘဲ အတက်အဆင်း အပိတ်အဆို့ လူကပ်ပုံကအစ လွဲနေခဲ့တာကြောင့် ယူနိုက်တက်တို့ရဲ့ ဘယ်ခြမ်းက ဆက်တိုက်ဖိကစားနိုင်ခဲ့ပြီး Pressing Game ကို လုံးဝနားမလည်တဲ့ ပဲလေ့စ်တို့ကြောင့်လည်း ကွင်းလယ်က အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ စိတ်ကြိုက် လှုပ်ရှားခွင့်ရခဲ့တာပါ။

ပွဲချိန် ၄၄ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးရလာတဲ့ အဲရစ်ဆန်က ရက်ရှ်ဖို့ဒ်နဲ့ ဝမ်းတူးရိုက်ပြီး ကလိုင်းန်ကို ကျော်ဖြတ်သွားခဲ့ပြီးမှ ဧရိယာထဲကနေ အလယ်ပြန်ချိုးပေးရာမှာ ဘရူနို ဖာနန်ဒက်စ်က လွတ်လွတ်ကျွတ်ကျွတ် အချိန်ယူကန်သွင်းပြီး ပဲလေ့စ်ဂိုးသမား ဂွိုင်တာကို ကူကယ်ရာမဲ့စေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာတော့ ယူနိုက်တက်တို့က ပဲလေ့စ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဇာဟာနဲ့ အိုလီဆေးတို့ လှုပ်ကစားပြီး အိမ်ရှင်တွေ ပြန်လည်ထိုးဖောက်လာနိုင်ခဲ့ကြပေမယ့် ဦးနှောက် မပါတဲ့ အေဒူယာနဲ့ မာတက်တာတို့ကတော့ ပရီးမီးယားလိဂ်မှာ ဘာလုပ်ဖို့ ရောက်လာကြတာလဲလို့ မေးရမလိုပဲဖြစ်နေခဲ့တာကြောင့် ချေပဂိုးပြန်ရဖို့တော့ လမ်းပျောက်နေခဲ့တာပါ။

ပွဲချိန် ၅၆ မိနစ်မှာတော့ ဗီယာရာက မာတက်တာအစား ကွင်းလယ်ဖန်တီးရှင် အီဇီကို လဲထည့်ခဲ့ပြီး ဇာဟာက ဘယ်ခြမ်းထွက်ကစားခဲ့ပေမယ့် ဘောလုံးတောင် အသုံးကျအောင် မထိန်းနိုင်တဲ့ အထောင်တိုက်စစ်မှူး အေဒူယာကြောင့် ဘာမှ မလုပ်နိုင်ခဲ့လို့ အာယူးနဲ့ ထပ်လဲခဲ့ရသလို ယူနိုက်တက်တို့ကတော့ ဗက်ဂ်ဟော့စ်နဲ့ အန်တိုနီတို့အစား မက်တော်မီနေးနဲ့ ဂါနာချိုတို့ကို ထည့်ပြီး ထိန်းကစားလာခဲ့ပါတယ်။

ပွဲချိန် ၇၂ မိနစ်မှာ မက်တော်မီနေးကို ဧရိယာထဲမှာ အဖျက်ကြမ်းခဲ့တဲ့ ရစ်ချတ်စ်ကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ တောင်းဆိုခဲ့ကြပေမယ့် ပယ်ချခံခဲ့ရသလို ပွဲချိန် ၇၅ မိနစ်မှာတော့ အိုလီဆေးရဲ့ ထောင့်ကန်ဘောကနေ ပဲလေ့စ်အသင်းခေါင်းဆောင် ဂေးဟီက အပိုင်ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဒဟေးယား ပုတ်ထုတ်သွားနိုင်ခဲ့လို့ အိမ်ရှင်တွေ စိတ်ပျက်ခဲ့ရတာပါ။

တိုက်စစ်ပိုင်းမှာ ပန်းထိမ် မတတ်ဘဲ ရွှေခိုးနေတဲ့ အီဇီကြောင့် အခွင့်အရေးတော်တော်များများ ဆုံးရှုံးခဲ့ရပြီး ဇာဟာကို မိုက်ရူးရဲဆန်ဆန်ဖျက်တဲ့ ကာစီမီရိုကတော့ ၅ ဝါ စုဆောင်းမိသွားခဲ့တာကြောင့် အာဆင်နယ်နဲ့ပွဲကို လွဲချော်ရဖို့ ဖြစ်လာခဲ့သလို ဒါကို သိလိုက်တဲ့ ဘရူနို ဖာနန်ဒက်စ်ကတော့ စိတ်ပျက်တဲ့ အမူအရာပြသခဲ့ပြီး တန်ဟတ်ကတော့ အဖျက်ကို ကူဖို့ အဲရစ်ဆန်အစား ဖရက်ဒ်နဲ့ လူစားလဲသွားခဲ့ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ပဲလေ့စ်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဆွဲပြေးတဲ့ ရှလု(ပ်)ကို ဥပဒေပ ဖျက်ကစားတဲ့ လုခ်ရှောကြောင့် ပေးခဲ့ရတဲ့ ဖရီးကစ်ကို တစ်ပွဲလုံး အလုပ်မဖြစ်လို့ စိတ်ပျက်စရာဖြစ်နေခဲ့တဲ့ အိုလီဆေးက တိုက်ရိုက်ကန်သွင်းခဲ့ရာမှာ ဘားအောက်ကို ရှပ်ထိပြီး ဝင်သွားခဲ့လို့ ဒဟေးယားတစ်ယောက် အသည်းကွဲခဲ့ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင့်ကန်ဘောကနေ လွတ်ထွက်သွားတာကို ကာစီမီရို ပိတ်သွင်းခွင့်ရခဲ့ပေမယ့် ဘောလုံးက ပေါင်နဲ့ထိပြီး လွဲချော်သွားခဲ့သလို တန်ပြန်တိုက်စစ်ကနေ ဇာဟာရဲ့ ဧရိယာထဲအထိ တိုးဝင်လာမှုကိုတော့ ဝန်ဘစ်ဆာကာက နောက်ဆုံး ထိချက်နဲ့ ကြိုးစားဖျက်ထုတ်နိုင်ခဲ့လို့ ဒရာမာတွေကို မြင်ခဲ့ရပေမယ့် တစ်ဂိုးစီသရေနဲ့ပဲ ပွဲပြီးခဲ့တာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် နိုင်ရင် အဆင့် ၂ အထိ ရောက်နိုင်မယ့် မန်ချက်စတာယူနိုက်တက်တို့ ဆဲလ်ဟာ့စ်ပါ့ခ်မှာ သရေကျပြီး အဆင့် ၃ နဲ့ ရပ်ခဲ့ရသလို ကာစီမီရို ပွဲပယ်ခံရတော့မှာကြောင့် မိအေးနှစ်ခါနာခဲ့ရပြီး အဆင့် ၁၂ က အိမ်ရှင် ခရစ္စတယ်လ်ပဲလေ့စ်တို့ကတော့ အသင်းကြီးနဲ့ပွဲမှာ တစ်မှတ်ခွဲယူပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အရေးပါတဲ့ ရမှတ်တစ်မှတ်ကို ရရှိခဲ့ပါကြောင်း‌ ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဗာ႐ြန္း၊ မာတီနက္ဇ္၊ ဝန္ဘစ္ဆာကာနဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ လူသစ္ ဗက္ဂ္ေဟာ့စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ခရစၥတယ္လ္ ပဲေလ့စ္တို႔ကေတာ့ ဂိုးသမား ဂြိဳင္တာ၊ ခံစစ္မွာ ေဂးဟီ၊ ရစ္ခ်တ္စ္၊ ကလိုင္းန္နဲ႔ မစ္ခ်ဲလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရွိတ္ခ္ ဒူကူေရး၊ ေဝလ္ ဟယူးခ်္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္ပိုင္းမွာေတာ့ ေအဒူယာ၊ အိုလီေဆး၊ ဇာဟာနဲ႔ မာတက္တာတို႔ကို စုဖြဲ႕လာခဲ့တာပါ။

ပဲေလ့စ္နည္းျပ ဗီယာရာရဲ႕ တိုက္စစ္မႉးႏွစ္ဦးနဲ႔ ေတာင္ပံႏွစ္ဦးကို စိန္ပြင့္ပုံ ေနရာခ်လာတဲ့ အကြက္ဆန္းႀကီးက အလုပ္မျဖစ္သလို မန္ယူလို အသင္းမ်ိဳးနဲ႔ ပြဲမွာ ေပါရဲလွခ်ည္လားလို႔ ေလွာင္ရယ္စရာပဲျဖစ္ခဲ့ရၿပီး ကြင္းလယ္မွာ လူႏွစ္ေယာက္သာ ရွိတာေၾကာင့္ သရဲနီေတြကို မယွဥ္ႏိုင္ဘဲ ခါးျပတ္ေနခဲ့သလို တန္ဟတ္ရဲ႕ လူေတြအတြက္ေတာ့ ကစားရ ပိုမိုလြယ္ကူသြားခဲ့ပါတယ္။

ညာေနာက္ခံလူ ကလိုင္းန္ကေတာ့ ၿပီးခဲ့တဲ့ ပြဲေတြကလိုပဲ တစ္ဖက္အသင္းရဲ႕ တိုက္စစ္ကို လုံးဝမဖတ္တတ္ဘဲ အတက္အဆင္း အပိတ္အဆို႔ လူကပ္ပုံကအစ လြဲေနခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ရဲ႕ ဘယ္ျခမ္းက ဆက္တိုက္ဖိကစားႏိုင္ခဲ့ၿပီး Pressing Game ကို လုံးဝနားမလည္တဲ့ ပဲေလ့စ္တို႔ေၾကာင့္လည္း ကြင္းလယ္က အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ စိတ္ႀကိဳက္ လႈပ္ရွားခြင့္ရခဲ့တာပါ။

ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးရလာတဲ့ အဲရစ္ဆန္က ရက္ရွ္ဖို႔ဒ္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ကလိုင္းန္ကို ေက်ာ္ျဖတ္သြားခဲ့ၿပီးမွ ဧရိယာထဲကေန အလယ္ျပန္ခ်ိဳးေပးရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္က လြတ္လြတ္ကြၽတ္ကြၽတ္ အခ်ိန္ယူကန္သြင္းၿပီး ပဲေလ့စ္ဂိုးသမား ဂြိဳင္တာကို ကူကယ္ရာမဲ့ေစခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာေတာ့ ယူႏိုက္တက္တို႔က ပဲေလ့စ္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ဇာဟာနဲ႔ အိုလီေဆးတို႔ လႈပ္ကစားၿပီး အိမ္ရွင္ေတြ ျပန္လည္ထိုးေဖာက္လာႏိုင္ခဲ့ၾကေပမယ့္ ဦးေႏွာက္ မပါတဲ့ ေအဒူယာနဲ႔ မာတက္တာတို႔ကေတာ့ ပရီးမီးယားလိဂ္မွာ ဘာလုပ္ဖို႔ ေရာက္လာၾကတာလဲလို႔ ေမးရမလိုပဲျဖစ္ေနခဲ့တာေၾကာင့္ ေခ်ပဂိုးျပန္ရဖို႔ေတာ့ လမ္းေပ်ာက္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ဗီယာရာက မာတက္တာအစား ကြင္းလယ္ဖန္တီးရွင္ အီဇီကို လဲထည့္ခဲ့ၿပီး ဇာဟာက ဘယ္ျခမ္းထြက္ကစားခဲ့ေပမယ့္ ေဘာလုံးေတာင္ အသုံးက်ေအာင္ မထိန္းႏိုင္တဲ့ အေထာင္တိုက္စစ္မႉး ေအဒူယာေၾကာင့္ ဘာမွ မလုပ္ႏိုင္ခဲ့လို႔ အာယူးနဲ႔ ထပ္လဲခဲ့ရသလို ယူႏိုက္တက္တို႔ကေတာ့ ဗက္ဂ္ေဟာ့စ္နဲ႔ အန္တိုနီတို႔အစား မက္ေတာ္မီေနးနဲ႔ ဂါနာခ်ိဳတို႔ကို ထည့္ၿပီး ထိန္းကစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၂ မိနစ္မွာ မက္ေတာ္မီေနးကို ဧရိယာထဲမွာ အဖ်က္ၾကမ္းခဲ့တဲ့ ရစ္ခ်တ္စ္ေၾကာင့္ ယူႏိုက္တက္တို႔ ပင္နယ္တီ ေတာင္းဆိုခဲ့ၾကေပမယ့္ ပယ္ခ်ခံခဲ့ရသလို ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ အိုလီေဆးရဲ႕ ေထာင့္ကန္ေဘာကေန ပဲေလ့စ္အသင္းေခါင္းေဆာင္ ေဂးဟီက အပိုင္ေခါင္းတိုက္ခြင့္ရခဲ့ေပမယ့္ ဒေဟးယား ပုတ္ထုတ္သြားႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ စိတ္ပ်က္ခဲ့ရတာပါ။

တိုက္စစ္ပိုင္းမွာ ပန္းထိမ္ မတတ္ဘဲ ေ႐ႊခိုးေနတဲ့ အီဇီေၾကာင့္ အခြင့္အေရးေတာ္ေတာ္မ်ားမ်ား ဆုံးရႈံးခဲ့ရၿပီး ဇာဟာကို မိုက္႐ူးရဲဆန္ဆန္ဖ်က္တဲ့ ကာစီမီ႐ိုကေတာ့ ၅ ဝါ စုေဆာင္းမိသြားခဲ့တာေၾကာင့္ အာဆင္နယ္နဲ႔ပြဲကို လြဲေခ်ာ္ရဖို႔ ျဖစ္လာခဲ့သလို ဒါကို သိလိုက္တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ကေတာ့ စိတ္ပ်က္တဲ့ အမူအရာျပသခဲ့ၿပီး တန္ဟတ္ကေတာ့ အဖ်က္ကို ကူဖို႔ အဲရစ္ဆန္အစား ဖရက္ဒ္နဲ႔ လူစားလဲသြားခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ပဲေလ့စ္တို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ဆြဲေျပးတဲ့ ရွလု(ပ္)ကို ဥပေဒပ ဖ်က္ကစားတဲ့ လုခ္ေရွာေၾကာင့္ ေပးခဲ့ရတဲ့ ဖရီးကစ္ကို တစ္ပြဲလုံး အလုပ္မျဖစ္လို႔ စိတ္ပ်က္စရာျဖစ္ေနခဲ့တဲ့ အိုလီေဆးက တိုက္႐ိုက္ကန္သြင္းခဲ့ရာမွာ ဘားေအာက္ကို ရွပ္ထိၿပီး ဝင္သြားခဲ့လို႔ ဒေဟးယားတစ္ေယာက္ အသည္းကြဲခဲ့ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေထာင့္ကန္ေဘာကေန လြတ္ထြက္သြားတာကို ကာစီမီ႐ို ပိတ္သြင္းခြင့္ရခဲ့ေပမယ့္ ေဘာလုံးက ေပါင္နဲ႔ထိၿပီး လြဲေခ်ာ္သြားခဲ့သလို တန္ျပန္တိုက္စစ္ကေန ဇာဟာရဲ႕ ဧရိယာထဲအထိ တိုးဝင္လာမႈကိုေတာ့ ဝန္ဘစ္ဆာကာက ေနာက္ဆုံး ထိခ်က္နဲ႔ ႀကိဳးစားဖ်က္ထုတ္ႏိုင္ခဲ့လို႔ ဒရာမာေတြကို ျမင္ခဲ့ရေပမယ့္ တစ္ဂိုးစီသေရနဲ႔ပဲ ပြဲၿပီးခဲ့တာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ ႏိုင္ရင္ အဆင့္ ၂ အထိ ေရာက္ႏိုင္မယ့္ မန္ခ်က္စတာယူႏိုက္တက္တို႔ ဆဲလ္ဟာ့စ္ပါ့ခ္မွာ သေရက်ၿပီး အဆင့္ ၃ နဲ႔ ရပ္ခဲ့ရသလို ကာစီမီ႐ို ပြဲပယ္ခံရေတာ့မွာေၾကာင့္ မိေအးႏွစ္ခါနာခဲ့ရၿပီး အဆင့္ ၁၂ က အိမ္ရွင္ ခရစၥတယ္လ္ပဲေလ့စ္တို႔ကေတာ့ အသင္းႀကီးနဲ႔ပြဲမွာ တစ္မွတ္ခြဲယူၿပီး စိတ္ဓာတ္ပိုင္းဆိုင္ရာအရ အေရးပါတဲ့ ရမွတ္တစ္မွတ္ကို ရရွိခဲ့ပါေၾကာင္း‌ ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.