Carabao & FA Match Report Premier League

အိမ်ကွင်းကျမှ ကြက်မ,ဖြစ်သွားတဲ့ ဝုလ်ဗ်စ်ကို ထိုက်ထိုက်တန်တန် အနိုင်ယူတဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကယ်လေဟာ၊ ခံစစ်မှာ ဂျိုးဂိုမက်ဇ်၊ ကိုနာတေ၊ ဆီမီကတ်စ်နဲ့ မီလ်နာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ သီယာဂို အယ်လ်ကန်တာရာ၊ ဘိုင်ချက်တစ်ချ်နဲ့ ကီတာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အဲလီးယော့၊ ကာဗာလ်ယိုနဲ့ ဂက်ခ်ပိုတို့ကို ပွဲထုတ်ပြီး ချဲလ်ဆီးနဲ့ပွဲအတွက် လူချန်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဝုလ်ဗ်စ်တို့ကတော့ ထူးထူးဆန်းဆန်းပဲ နုံနုံအအ လူစာရင်းကို ထုတ်သုံးခဲ့ပြီး ဂိုးသမား ဂျိုဆေးဆား၊ ခံစစ်မှာ ကောလင်းစ်၊ တိုတီ၊ ဂျွန်နီ အော့တိုနဲ့ လမ်ဘီကီးဆာတို့ကို နေရာချထားခဲ့သလို ကွင်းလယ်မှာတော့ အိုက်နူရီ၊ ဂျာအို မော်တင်ညို၊ ရူဘင် နာဗက်စ်၊ ဟော့ချ်နဲ့ အဒါမာ ထရာအိုရေးတို့ကို အထိုင်ချခဲ့ချိန်မှာ တိုက်စစ်မှာတော့ ရာအူးလ် ဟီမီနက်ဇ် တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

လီဗာပူးလ်ကွင်းမှာ ယှဉ်ကစားခဲ့ပြီး သရေယူခဲ့ပြီးမှ အိမ်ကွင်းမှာ ဘာကြောင်တာလဲလို့ လိုပီတီဂီကို မေးခွန်းထုတ်ရမယ့် ပုံစံအဖြစ် ဆာလားနဲ့ နူးညက်ဇ်တို့ မပါတဲ့ လူစာရင်းကို ခံစစ်နှစ်ထပ်နဲ့ ကစားခဲ့တဲ့ စပိန်သား နည်းပြရဲ့ တစ်ဖက်အသင်းရဲ့ ပွဲစဉ်ဇယားနဲ့ အခြေအနေကို နားမလည်မှုက ဆိုးရွားလွန်းခဲ့သလို ကွင်းလယ်မှာ အားနဲ့ ဖိကစားပြီး အနိုင်ယူရမယ့် အချိန်မှာ မက်သီယူး နူးနက်စ်နဲ့ ပိုဒင့်စ်ကို ပွဲမထုတ်ခဲ့တာကလည်း စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။

အရန်လူတွေနဲ့ လီဗာပူးလ်တို့ကတော့ ဒီနေ့ပွဲမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ခံစစ်မှာ ကျစ်ကျစ်လျစ်လျစ်နဲ့ အမှားအယွင်းမရှိခဲ့သလို ဝုလ်ဗ်စ်တို့ရဲ့ အချိတ်အဆက် မမိမှုတိုင်းကို အခွင့်ကောင်းယူသွားနိုင်ခဲ့လို့ ယာဂန် ကလော့ပ်ရဲ့ လူငယ်တွေက ချီးကျူးစရာဖြစ်ခဲ့ပြီး ကိုနာတေနဲ့ ဂိုမက်ဇ်တို့ အတွဲကလည်း မာကျောမှုကို ပြသနိုင်ခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာတော့ လီဗာပူးလ်တို့က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ သီယာဂို ချပေးတာကို အဲလီးယော့က သဘောကောင်းလွန်းလို့ ဝင်မဖျက်ဘဲ ဆုတ်ခံနေတဲ့ ဝုလ်ဗ်စ်တို့ရဲ့ ကွင်းလယ်တောက်လျှောက်ကို အေးအေးဆေးဆေး ဆွဲပြေးပြီးမှ ရှေ့ရောက်နေတဲ့ ဂိုးသမား ဂျိုဆေးဆားရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဧရိယာနဲ့ မလှမ်းမကမ်းကနေ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဒေးဗစ် လူးဝစ်ဇ်ကြောင့် ခေါင်းထိပြီးကတည်း ဉာဏ်နည်းသွားပုံပေါ်တဲ့ ရာအူးလ် ဟီမီနက်ဇ်ရဲ့ ဂိုးရှေ့က ဘောင်မဝင်တဲ့ နေရာယူမှုတွေကို ထရာအိုရေးလည်း ဖန်တီးဖို့ မတတ်ဘဲဖြစ်ခဲ့ပြီး ကွင်းလယ်ကနေလည်း ပံ့ပိုးမှုတွေ မလုပ်နိုင်ဘဲ မဖြစ်ညစ်ကျယ် ဘယ်တောင်ပံက အလုပ်မဖြစ်ခဲ့လို့ ပထမပိုင်းမှာ လီဗာပူးလ်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

ဒုတိယပိုင်းအစမှာတော့ ဘာလုပ်ဖို့ ပွဲထွက်လူစာရင်းထဲ ထည့်နေမှန်း မသိတဲ့ ညာနောက်ခံလူ လမ်ဘီကီးဆာအစား ဆီမီဒိုနဲ့ ကွင်းလယ်က ဟော့ချ်ရဲ့ နေရာမှာ မက်သီယူး နူးနက်စ်တို့ ဝင်ကစားလာခဲ့သလို တိုက်စစ်မြှင့်လာခဲ့ပေမယ့် ဟန်ချက်မညီတဲ့ ကစားကွက်က လီဗာပူးလ်တို့ကို ကျော်ဖြတ်ဖို့ ခက်နေခဲ့ပါတယ်။

လီဗာပူးလ်တို့ဘက်ကတော့ ဂက်ခ်ပိုက တော်တော်လေး ဆိုးရွားလွန်းနေခဲ့ပြီး တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်စွမ်း မရှိခဲ့သလို အသင်းရဲ့ ဘယ်ညာ ခံစစ်တောင်ပံတွေကလည်း အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့လိုမျိုး ဖြတ်တင်ဘောတွေ မတိကျချိန်မှာတော့ ဒတ်ချ်တိုက်စစ်မှူးအနေနဲ့ နာမည်ပျက်ရဖို့ပဲ ဖြစ်လာခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ ကျော်မှာ ဂျွန်နီ အော့တိုနဲ့ မော်တင်ညိုတို့အစား ပိုဒင့်စ်နဲ့ မက်သီယူး ကွန်ညာတို့ကို ဝုလ်ဗ်စ်တို့ ထည့်သွင်းသွားခဲ့ပေမယ့် စုတ်ပြတ်နေတဲ့ ဟီမီနက်ဇ်ကို မထုတ်ဘဲ ဆက်ကစားနေခဲ့တာကြောင့် အားအင်တွေ အလဟဿ ပြုန်းတီးခဲ့ပြီး ပထမပိုင်း အစကတည်းက ရုန်းနေတဲ့ ထရာအိုရေးနဲ့ ကပ္ပတိန် ရူဘင် နာဗက်စ်တို့ရဲ့ ကြိုးစားမှုတွေက အရာမထင်ဘဲဖြစ်ခဲ့ပါတယ်။

လီဗာပူးလ်တို့ကတော့ အလုပ်မဖြစ်တဲ့ ဂက်ခ်ပိုနဲ့ ကာဗာလ်ယိုတို့အစား ဆာလားနဲ့ ကားတစ်ဂျုံးစ်တို့ကို ထည့်သွင်းသွားခဲ့သလို မီလ်နာ၊ ဘိုင်ချက်တစ်ချ်နဲ့ သီယာဂိုတို့အစား နက်ဖိလစ်၊ ဖာဘင်ညိုနဲ့ ဘန်ဒုတ်ခ်တို့ကို ထပ်ထည့်ခဲ့ပြီး ခံစစ်နဲ့ ကောင်တာအားပြုဖို့ပဲ လုပ်သွားခဲ့ပေမယ့် ဖိကစားတဲ့ ဝုလ်ဗ်ခံစစ်ကို အသည်းအသန်ဖြစ်စေမယ့် တန်ပြန်တိုက်စစ်နဲ့ ပေးပို့မှုမျိုး မလုပ်နိုင်ခဲ့တာကြောင့် ပွဲကို အိမ်ရှင်တွေပဲ ထိန်းချုပ်သွားခဲ့တာပါ။

ဝုလ်ဗ်စ်နည်းပြ လိုပီတီဂီအနေနဲ့ တိုက်စစ်က သုံးစားမရတဲ့ ဟီမီနက်ဇ်ကို ပွဲပြီးခါနီးမှာ ဟွမ်းဟီးချန်းနဲ့ လဲရမယ့်အစား ဒီယေဂို ကော်စတာနဲ့ လဲသွားခဲ့တာက ပရိသတ်တွေ ငိုအားထက် ရယ်အားသန်ဖြစ်ခဲ့ရပြီး ပိုဒင့်စ်၊ နူးနက်စ်နဲ့ ကွန်ညာတို့ရဲ့ ဖန်တီးမှုနဲ့ ကြိုးစားအားထုတ်မှုတွေကလည်း ဂိုးရလောက်တဲ့ အဆင့်မျိုးမှာ ရှိမနေခဲ့တာကြောင့် ပွဲချိန်အပြည့်နဲ့ နာကျင်အချိန်ပို ၅ မိနစ် အပြီးမှာတော့ လီဗာပူးလ်တို့ပဲ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အရန်ကစားသမားတွေနဲ့ အဝေးကွင်းမှာ ရဲရဲရင့်ရင့် ကစားလာခဲ့တဲ့ လီဗာပူးလ်တို့က အက်ဖ်အေဖလား ပြန်ကန်ပွဲစဉ်မှာ ထိုက်ထိုက်တန်တန် အောင်ပွဲခံသွားခဲ့ပြီး ကြောက်ဆုတ်ကြောက်ဆုတ်နဲ့ နုံအခဲ့တဲ့ ဝုလ်ဗ်စ်တို့ကတော့ သူတို့နဲ့ သင့်တော်တဲ့ ရှုံးပွဲကိုပဲ ပိုင်ဆိုင်သွားခဲ့ပြီး အင်္ဂလန်ပါးမဝသေးတဲ့ စပိန်သားနည်းပြ လိုပီတီဂီအတွက်တော့ သင်ခန်းစာကြီးကြီး ရရှိသွားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကယ္ေလဟာ၊ ခံစစ္မွာ ဂ်ိဳးဂိုမက္ဇ္၊ ကိုနာေတ၊ ဆီမီကတ္စ္နဲ႔ မီလ္နာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ သီယာဂို အယ္လ္ကန္တာရာ၊ ဘိုင္ခ်က္တစ္ခ်္နဲ႔ ကီတာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အဲလီးေယာ့၊ ကာဗာလ္ယိုနဲ႔ ဂက္ခ္ပိုတို႔ကို ပြဲထုတ္ၿပီး ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ လူခ်န္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဝုလ္ဗ္စ္တို႔ကေတာ့ ထူးထူးဆန္းဆန္းပဲ ႏုံႏုံအအ လူစာရင္းကို ထုတ္သုံးခဲ့ၿပီး ဂိုးသမား ဂ်ိဳေဆးဆား၊ ခံစစ္မွာ ေကာလင္းစ္၊ တိုတီ၊ ဂြၽန္နီ ေအာ့တိုနဲ႔ လမ္ဘီကီးဆာတို႔ကို ေနရာခ်ထားခဲ့သလို ကြင္းလယ္မွာေတာ့ အိုက္ႏူရီ၊ ဂ်ာအို ေမာ္တင္ညိဳ၊ ႐ူဘင္ နာဗက္စ္၊ ေဟာ့ခ်္နဲ႔ အဒါမာ ထရာအိုေရးတို႔ကို အထိုင္ခ်ခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ရာအူးလ္ ဟီမီနက္ဇ္ တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

လီဗာပူးလ္ကြင္းမွာ ယွဥ္ကစားခဲ့ၿပီး သေရယူခဲ့ၿပီးမွ အိမ္ကြင္းမွာ ဘာေၾကာင္တာလဲလို႔ လိုပီတီဂီကို ေမးခြန္းထုတ္ရမယ့္ ပုံစံအျဖစ္ ဆာလားနဲ႔ ႏူးညက္ဇ္တို႔ မပါတဲ့ လူစာရင္းကို ခံစစ္ႏွစ္ထပ္နဲ႔ ကစားခဲ့တဲ့ စပိန္သား နည္းျပရဲ႕ တစ္ဖက္အသင္းရဲ႕ ပြဲစဥ္ဇယားနဲ႔ အေျခအေနကို နားမလည္မႈက ဆိုး႐ြားလြန္းခဲ့သလို ကြင္းလယ္မွာ အားနဲ႔ ဖိကစားၿပီး အႏိုင္ယူရမယ့္ အခ်ိန္မွာ မက္သီယူး ႏူးနက္စ္နဲ႔ ပိုဒင့္စ္ကို ပြဲမထုတ္ခဲ့တာကလည္း စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။

အရန္လူေတြနဲ႔ လီဗာပူးလ္တို႔ကေတာ့ ဒီေန႔ပြဲမွာ အေကာင္းဆုံး ကစားႏိုင္ခဲ့ၿပီး ခံစစ္မွာ က်စ္က်စ္လ်စ္လ်စ္နဲ႔ အမွားအယြင္းမရွိခဲ့သလို ဝုလ္ဗ္စ္တို႔ရဲ႕ အခ်ိတ္အဆက္ မမိမႈတိုင္းကို အခြင့္ေကာင္းယူသြားႏိုင္ခဲ့လို႔ ယာဂန္ ကေလာ့ပ္ရဲ႕ လူငယ္ေတြက ခ်ီးက်ဴးစရာျဖစ္ခဲ့ၿပီး ကိုနာေတနဲ႔ ဂိုမက္ဇ္တို႔ အတြဲကလည္း မာေက်ာမႈကို ျပသႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ လီဗာပူးလ္တို႔က တစ္လုံးတည္းေသာ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန သီယာဂို ခ်ေပးတာကို အဲလီးေယာ့က သေဘာေကာင္းလြန္းလို႔ ဝင္မဖ်က္ဘဲ ဆုတ္ခံေနတဲ့ ဝုလ္ဗ္စ္တို႔ရဲ႕ ကြင္းလယ္ေတာက္ေလွ်ာက္ကို ေအးေအးေဆးေဆး ဆြဲေျပးၿပီးမွ ေရွ႕ေရာက္ေနတဲ့ ဂိုးသမား ဂ်ိဳေဆးဆားရဲ႕ အားနည္းခ်က္ကို အခြင့္ေကာင္းယူၿပီး ဧရိယာနဲ႔ မလွမ္းမကမ္းကေန ကန္သြင္းသြားခဲ့တာ ျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ေဒးဗစ္ လူးဝစ္ဇ္ေၾကာင့္ ေခါင္းထိၿပီးကတည္း ဉာဏ္နည္းသြားပုံေပၚတဲ့ ရာအူးလ္ ဟီမီနက္ဇ္ရဲ႕ ဂိုးေရွ႕က ေဘာင္မဝင္တဲ့ ေနရာယူမႈေတြကို ထရာအိုေရးလည္း ဖန္တီးဖို႔ မတတ္ဘဲျဖစ္ခဲ့ၿပီး ကြင္းလယ္ကေနလည္း ပံ့ပိုးမႈေတြ မလုပ္ႏိုင္ဘဲ မျဖစ္ညစ္က်ယ္ ဘယ္ေတာင္ပံက အလုပ္မျဖစ္ခဲ့လို႔ ပထမပိုင္းမွာ လီဗာပူးလ္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းအစမွာေတာ့ ဘာလုပ္ဖို႔ ပြဲထြက္လူစာရင္းထဲ ထည့္ေနမွန္း မသိတဲ့ ညာေနာက္ခံလူ လမ္ဘီကီးဆာအစား ဆီမီဒိုနဲ႔ ကြင္းလယ္က ေဟာ့ခ်္ရဲ႕ ေနရာမွာ မက္သီယူး ႏူးနက္စ္တို႔ ဝင္ကစားလာခဲ့သလို တိုက္စစ္ျမႇင့္လာခဲ့ေပမယ့္ ဟန္ခ်က္မညီတဲ့ ကစားကြက္က လီဗာပူးလ္တို႔ကို ေက်ာ္ျဖတ္ဖို႔ ခက္ေနခဲ့ပါတယ္။

လီဗာပူးလ္တို႔ဘက္ကေတာ့ ဂက္ခ္ပိုက ေတာ္ေတာ္ေလး ဆိုး႐ြားလြန္းေနခဲ့ၿပီး တိုက္စစ္ပိုင္းကို ဦးေဆာင္ႏိုင္စြမ္း မရွိခဲ့သလို အသင္းရဲ႕ ဘယ္ညာ ခံစစ္ေတာင္ပံေတြကလည္း အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔လိုမ်ိဳး ျဖတ္တင္ေဘာေတြ မတိက်ခ်ိန္မွာေတာ့ ဒတ္ခ်္တိုက္စစ္မႉးအေနနဲ႔ နာမည္ပ်က္ရဖို႔ပဲ ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၆၀ ေက်ာ္မွာ ဂြၽန္နီ ေအာ့တိုနဲ႔ ေမာ္တင္ညိဳတို႔အစား ပိုဒင့္စ္နဲ႔ မက္သီယူး ကြန္ညာတို႔ကို ဝုလ္ဗ္စ္တို႔ ထည့္သြင္းသြားခဲ့ေပမယ့္ စုတ္ျပတ္ေနတဲ့ ဟီမီနက္ဇ္ကို မထုတ္ဘဲ ဆက္ကစားေနခဲ့တာေၾကာင့္ အားအင္ေတြ အလဟႆ ျပဳန္းတီးခဲ့ၿပီး ပထမပိုင္း အစကတည္းက ႐ုန္းေနတဲ့ ထရာအိုေရးနဲ႔ ကပၸတိန္ ႐ူဘင္ နာဗက္စ္တို႔ရဲ႕ ႀကိဳးစားမႈေတြက အရာမထင္ဘဲျဖစ္ခဲ့ပါတယ္။

လီဗာပူးလ္တို႔ကေတာ့ အလုပ္မျဖစ္တဲ့ ဂက္ခ္ပိုနဲ႔ ကာဗာလ္ယိုတို႔အစား ဆာလားနဲ႔ ကားတစ္ဂ်ဳံးစ္တို႔ကို ထည့္သြင္းသြားခဲ့သလို မီလ္နာ၊ ဘိုင္ခ်က္တစ္ခ်္နဲ႔ သီယာဂိုတို႔အစား နက္ဖိလစ္၊ ဖာဘင္ညိဳနဲ႔ ဘန္ဒုတ္ခ္တို႔ကို ထပ္ထည့္ခဲ့ၿပီး ခံစစ္နဲ႔ ေကာင္တာအားျပဳဖို႔ပဲ လုပ္သြားခဲ့ေပမယ့္ ဖိကစားတဲ့ ဝုလ္ဗ္ခံစစ္ကို အသည္းအသန္ျဖစ္ေစမယ့္ တန္ျပန္တိုက္စစ္နဲ႔ ေပးပို႔မႈမ်ိဳး မလုပ္ႏိုင္ခဲ့တာေၾကာင့္ ပြဲကို အိမ္ရွင္ေတြပဲ ထိန္းခ်ဳပ္သြားခဲ့တာပါ။

ဝုလ္ဗ္စ္နည္းျပ လိုပီတီဂီအေနနဲ႔ တိုက္စစ္က သုံးစားမရတဲ့ ဟီမီနက္ဇ္ကို ပြဲၿပီးခါနီးမွာ ဟြမ္းဟီးခ်န္းနဲ႔ လဲရမယ့္အစား ဒီေယဂို ေကာ္စတာနဲ႔ လဲသြားခဲ့တာက ပရိသတ္ေတြ ငိုအားထက္ ရယ္အားသန္ျဖစ္ခဲ့ရၿပီး ပိုဒင့္စ္၊ ႏူးနက္စ္နဲ႔ ကြန္ညာတို႔ရဲ႕ ဖန္တီးမႈနဲ႔ ႀကိဳးစားအားထုတ္မႈေတြကလည္း ဂိုးရေလာက္တဲ့ အဆင့္မ်ိဳးမွာ ရွိမေနခဲ့တာေၾကာင့္ ပြဲခ်ိန္အျပည့္နဲ႔ နာက်င္အခ်ိန္ပို ၅ မိနစ္ အၿပီးမွာေတာ့ လီဗာပူးလ္တို႔ပဲ ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အရန္ကစားသမားေတြနဲ႔ အေဝးကြင္းမွာ ရဲရဲရင့္ရင့္ ကစားလာခဲ့တဲ့ လီဗာပူးလ္တို႔က အက္ဖ္ေအဖလား ျပန္ကန္ပြဲစဥ္မွာ ထိုက္ထိုက္တန္တန္ ေအာင္ပြဲခံသြားခဲ့ၿပီး ေၾကာက္ဆုတ္ေၾကာက္ဆုတ္နဲ႔ ႏုံအခဲ့တဲ့ ဝုလ္ဗ္စ္တို႔ကေတာ့ သူတို႔နဲ႔ သင့္ေတာ္တဲ့ ရႈံးပြဲကိုပဲ ပိုင္ဆိုင္သြားခဲ့ၿပီး အဂၤလန္ပါးမဝေသးတဲ့ စပိန္သားနည္းျပ လိုပီတီဂီအတြက္ေတာ့ သင္ခန္းစာႀကီးႀကီး ရရွိသြားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.