Analysis Article Bundesliga La Liga Premier League Transfer News

အာတီတာ၊ အီဒူးနဲ့ အာဆင်နယ်တို့ရဲ့ ဇန်နဝါရီ တောင်ပံလူသစ် ပစ်မှတ် ၆ ဦး

အာဆင်နယ်အသင်းအနေနဲ့ ယူကရိန်းနေမာလို့ အမည်တွင်နေတဲ့ မိုက်ခေလို မူဒရစ်ခ်ကို ချဲလ်ဆီးအသင်းဆီ ဆုံးရှုံးလိုက်ရအပြီးမှာ သူတို့တွေ အနေနဲ့ ဈေးကွက်ထဲက လက်ကျန်ကစားသမားတွေကို ပြောင်းလဲချိတ်ဆက်နေခဲ့ပြီး ဒီထဲကမှ ဖြစ်နိုင်ဖွယ် ကစားသမား ၆ ဦးကို ရွေးထုတ်ဖော်ပြလိုက်ပါတယ်။

၆။ ရာဖင်ညာ (ဘာစီလိုနာ)
လိဒ်စ်ကနေ ထွက်ခွာတော့ ဘာစီလိုနာမှ ဘာစီလိုနာပဲဆိုပြီး သေချင်တဲ့ကျား တောပြောင်းဖြစ်ခဲ့တဲ့ ကောင်ဇိုးလေးဟာ နူးကမ့်မှာတော့ ပက်ပက်စက်စက် ရုန်းကန်နေရပြီး ဘရာဇီးလ် လက်ရွေးစင်အသင်းကိုပါ ကြီးကြီးမားမား ထိခိုက်စေခဲ့သူဖြစ်ပါတယ်။ လာလီဂါ အဖွင့်ပွဲစဉ်တချို့မှာ ခြေစွမ်း ပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အူစမွန် ဒမ်ဘေလေတောင် ဆရာတင်ယူရတဲ့ စံချိန်တင် ဖြုန်းတီးမှုတွေနဲ့အတူ အရန်ခုံထိုင်ခဲ့ရပြီး အာဆင်နယ်ကို မပြောင်းခဲ့တာ မှားယွင်းကြောင်းကို သက်သေ သာဓကနဲ့ ကြုံတွေ့နေခဲ့ရတာပါ။ ဘာစီလိုနာကရော ကစားသမားဘက်ကပါ အရှက်ပြေ တစ်ရာသီတော့ ဆက်ရုန်းကြမယ်လို့ ဆိုတဲ့အနေနဲ့ အင်တင်တင်လုပ်ပြနေပေမယ့် တကယ်တမ်းမှာတော့ အောင်မြင်မှုနဲ့ ငွေကြေးထက် သိက္ခာက အရေးမပါတာကြောင့် ဇန်နဝါရီ မကုန်ခင် စိတ်ပြောင်းသွားမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

၅။ လီယန်ဒရို ထရော့ဆတ် (ဘရိုက်တန်)
ဘရိုက်တန်မှာ နည်းပြသစ် ရောဘတ်တို ဒီဇာဘီနဲ့ ပြဿနာဖြစ်ခဲ့ပြီး ဂရေဟမ် ပေါ့တာလက်ထက်ကလို မင်းသားမဖြစ်တော့တဲ့ အသက် ၂၈ နှစ် အရွယ် ဘယ်လ်ဂျီယမ်သားဟာ လီဗာပူးလ်ကို အန်းဖီးလ်မှာ ဟက်ထရစ်သွင်းပြမှုနဲ့အတူ လိုချင်သူတွေ ပေါများနေခဲ့တာဖြစ်ပါတယ်။ ဒီနွေရာသီမှာ အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ထရော့ဆတ်ကို ဘရိုက်တန်ဘက်ကလည်း ရောင်းချသွားချင်နေပြီး ပေါင် ၂၅ သန်းကနေ သန်း ၃၀ လို့ အော်ထားပေမယ့် သူ့ထက် ပိုငယ်ပြီး ပိုတန်ဖိုးရှိတဲ့ လက်စတာရဲ့ ယူရီ တီးလီးမန်းစ်တောင် ၂၅ သန်းနဲ့ ရောင်းမထွက်ချိန်မှာ အာဆင်နယ်တို့အနေနဲ့ ခပ်တင်းတင်းပဲ ပေါင်သန်း ၂၀ အောက်မှာ ကမ်းလှမ်းသွားပြီး တစ်ခုခုတော့ ဖြစ်လာနိုင်မှာပါ။

၄။ ယယ်ရမီ ပီနို (ဗီလာရီးရဲလ်)
အာတီတာအတွက် သူ့ရဲ့ စပိန်နိုင်ငံက လူငယ်တောင်ပံသမားကို ခေါ်ယူမယ်ဆိုရင်တော့ ပေါင် ၅၅ သန်းလောက် ကျသင့်နိုင်ဖွယ်ရှိတယ်လို့ ဆိုနေကြပါတယ်။ ဗီလာရီးရဲလ်အသင်းရဲ့ ဒီထက်ပိုပြီး မအောင်မြင်နိုင်တော့တဲ့ အခြေအနေမှာ နည်းပြ ကီကေး ဆီတီယန်အနေနဲ့ လူအစွဲအလမ်းကြီးသူလည်း မဟုတ်လို့ ဈေးကောင်းရမယ်ဆိုရင် ဆောင်းရာသီမှာ ရောင်းချသွားနိုင်ပြီး အသင်းမှာ ချူကွယ်ဇီ၊ အဲလက်စ် ဘေနာတို့လို အသင့်သုံး တောင်ပံသမားတွေလည်း ရှိနေချိန်မှာ ပီနိုကို လက်လွှတ်သွားနိုင်ပေမယ့် အတွေ့အကြုံ လိုသေးတဲ့ အသက် ၂၀ အရွယ် ကစားသမားကို အာဆင်နယ်တို့ တကယ်ခေါ်ပါ့မလားဆိုတာကတော့ သံသယဖြစ်စရာပါ။

၃။ မားကပ်စ် သူရမ် (မွန်ချန်ဂလာဘက်ချ်)
ဂရာနစ် ချာကာကို ဟိုခေတ်ကတောင် ပေါင် ၃၄ သန်း ပေးခေါ်ထားလို့ ဆက်ဆံရေးကောင်းရှိတဲ့ မွန်ချန်ဂလာဘက်ချ်နဲ့ အာဆင်နယ်တို့ စီးပွားရေးလုပ်မယ်ဆိုရင် သိပ်ကို ကောင်းတဲ့ ကော်ဇောနီနဲ့ ကြိုဆိုလာနိုင်ပါတယ်။ နွေရာသီမှာ ကုန်မယ့် စာချုပ်ကို သက်တမ်း မတိုးတော့ဘူးလို့ဆိုထားတဲ့ ပြင်သစ်တောင်ပံကစားသမားဟာ အထောင်တိုက်စစ်မှာ ကစားနိုင်အောင် ကြံ့ခိုင်သူလည်းဖြစ်ပြီး သူ့ကို ခေါ်ယူမယ်ဆိုရင်တော့ တစ်ချက်ခုတ် နှစ်ချက်၊ သုံးချက်လောက် ပြတ်လာနိုင်တာပါ။ အသက် ၂၅ နှစ်အရွယ် ကစားသမားအတွက် ခေါ်ဈေးကတော့ ပေါင် ၁၃.၂ သန်းဖြစ်ပြီး တစ်ချက် စဉ်းစားဖွယ် ရှိနေတာက သူရမ်ဟာ နည်းစနစ်ပိုင်းထက် ကြံ့ခိုင်မှု အားကိုးသူဖြစ်နေလို့ နောက်ဆုံးမှာ ဘယ်သူ့မှ ခေါ်မရတော့မှသာ ကမ်းလှမ်းဖို့ ရှိနေနိုင်ပါတယ်။

၂။ ဝီလ်ဖရီးဒ် ဇာဟာ (ပဲလေ့စ်)
ဇာဟာကလည်း အာဆင်နယ်ဖန်ဖြစ်နေသလို ပဲလေ့စ်နဲ့ နောက်ဆုံး ၆ လ သက်တမ်း စာချုပ်ကို ရောက်ရှိနေသူဖြစ်ပါတယ်။ သူ့ကို ခေါ်ယူရင် အထောင်တိုက်စစ်ရော ဘယ်တောင်ပံမှာပါ သုံးစွဲနိုင်မှာဖြစ်ပေမယ့် အသက် ၃၀ ပြည့်သွားမှုကတော့ အာတီတာနဲ့ အီဒူးတို့ လက်တွန့်စရာဖြစ်နေနိုင်တာပါ။ အနာဂတ်မှာ သူ့ဆီက ပြောင်းရွှေ့ကြေး ပြန်မရနိုင်သလို လန်ဒန်မှာ ကြီးပြင်းလာတဲ့ မြို့ကြီးသားပီပီ စာအတတ်လွန်နေလို့ လုပ်ခလစာ မြင့်မြင့်မားမား ပေးရနိုင်တဲ့ အချက်ကလည်း ခေါ်ယူဖို့ စဉ်းစားရမယ့်အချက်ဖြစ်ပြီး ပဲလေ့စ်တို့ဘက်ကတော့ ရသလောက် ငွေဖော်ဖို့ လုပ်နေလို့ ဝယ်မယ်ဆိုရင်တော့ ရောင်းချသွားဖို့ ရှိနေပါတယ်။

၁။ မူဆာ ဒီယာဘီ (လေဗာကူဆင်)
အာဆင်နယ်ရဲ့ ပစ်မှတ်ထဲမှာ ခေါ်ယူဖို့ အထိုက်တန်ဆုံးနဲ့ အသက်အရွယ်၊ မှတ်တမ်းမှတ်ရာ၊ ဈေးနှုန်းတွေအရ အသင့်တော်ဆုံးဖြစ်မယ့်သူက လေဗာကူဆင်ရဲ့ ပြင်သစ်သားပါ။ ပီအက်စ်ဂျီအကယ်ဒမီထွက် အသက် ၂၃ နှစ်အရွယ် တောင်ပံသမားဟာ ဘယ်ညာတောင်ပံတွေမှာ အဆင်ပြေပြေနဲ့ အံဝင်အောင် ကစားနိုင်သူဖြစ်ပြီး ဖန်တီးမှုမြင့်မားသလို လျင်မြန်မှုနဲ့လည်း ပြည့်စုံတာကြောင့် ပရီးမီးယားလိဂ်မှာ အလွယ်တကူ အသားကျနိုင်သူအဖြစ် ကျွမ်းကျင်သူတွေက ရှုမြင်သုံးသပ်ထားပါတယ်။ ယူရိုသန်း ၆၀ ဝန်းကျင်မှာ ခေါ်ယူနိုင်မယ့် ပြင်သစ်သားအတွက် အာဆင်နယ်တို့ သိပ်ပြီး စဉ်းစားစရာ မလိုဘဲ ရေတိုအတွက်ရော ရေရှည်အတွက်ပါ အားကိုးနိုင်မယ့်သူဖြစ်တာကြောင့် လက်မနှေးသင့်ဘူးလို့ပဲ ပြောရမှာပါ။

ဒီကစားသမားတွေအနေနဲ့ ဘယ်သူပဲဖြစ်ဖြစ် အာဆင်နယ်ကို တစ်နည်းတစ်ဖုံ အကျိုးပြုနိုင်မယ့် လက်ရှိ ဈေးကွက်ထဲက လက်ရွေးစင်တွေ ဖြစ်နေခဲ့သလို အာတီတာနဲ့ အီဒူးတို့ မူဒရစ်ခ်ကို မရလိုက်ပေမယ့် သူတို့ထဲက တစ်ယောက်ကိုသာ ခေါ်ယူနိုင်ခဲ့ရင်လည်း ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်းကြောင်းမှာ အရှိန်လျော့မသွားစေအောင် ထောက်ပံ့ပေးနိုင်မှာကြောင့် ဘယ်သူ့ကို ဂန်းနားသစ်အဖြစ် တွေ့မြင်ရမလဲတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ယူကရိန္းေနမာလို႔ အမည္တြင္ေနတဲ့ မိုက္ေခလို မူဒရစ္ခ္ကို ခ်ဲလ္ဆီးအသင္းဆီ ဆုံးရႈံးလိုက္ရအၿပီးမွာ သူတို႔ေတြ အေနနဲ႔ ေဈးကြက္ထဲက လက္က်န္ကစားသမားေတြကို ေျပာင္းလဲခ်ိတ္ဆက္ေနခဲ့ၿပီး ဒီထဲကမွ ျဖစ္ႏိုင္ဖြယ္ ကစားသမား ၆ ဦးကို ေ႐ြးထုတ္ေဖာ္ျပလိုက္ပါတယ္။

၆။ ရာဖင္ညာ (ဘာစီလိုနာ)
လိဒ္စ္ကေန ထြက္ခြာေတာ့ ဘာစီလိုနာမွ ဘာစီလိုနာပဲဆိုၿပီး ေသခ်င္တဲ့က်ား ေတာေျပာင္းျဖစ္ခဲ့တဲ့ ေကာင္ဇိုးေလးဟာ ႏူးကမ့္မွာေတာ့ ပက္ပက္စက္စက္ ႐ုန္းကန္ေနရၿပီး ဘရာဇီးလ္ လက္ေ႐ြးစင္အသင္းကိုပါ ႀကီးႀကီးမားမား ထိခိုက္ေစခဲ့သူျဖစ္ပါတယ္။ လာလီဂါ အဖြင့္ပြဲစဥ္တခ်ိဳ႕မွာ ေျခစြမ္း ျပႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာေတာ့ အူစမြန္ ဒမ္ေဘေလေတာင္ ဆရာတင္ယူရတဲ့ စံခ်ိန္တင္ ျဖဳန္းတီးမႈေတြနဲ႔အတူ အရန္ခုံထိုင္ခဲ့ရၿပီး အာဆင္နယ္ကို မေျပာင္းခဲ့တာ မွားယြင္းေၾကာင္းကို သက္ေသ သာဓကနဲ႔ ႀကဳံေတြ႕ေနခဲ့ရတာပါ။ ဘာစီလိုနာကေရာ ကစားသမားဘက္ကပါ အရွက္ေျပ တစ္ရာသီေတာ့ ဆက္႐ုန္းၾကမယ္လို႔ ဆိုတဲ့အေနနဲ႔ အင္တင္တင္လုပ္ျပေနေပမယ့္ တကယ္တမ္းမွာေတာ့ ေအာင္ျမင္မႈနဲ႔ ေငြေၾကးထက္ သိကၡာက အေရးမပါတာေၾကာင့္ ဇန္နဝါရီ မကုန္ခင္ စိတ္ေျပာင္းသြားမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

၅။ လီယန္ဒ႐ို ထေရာ့ဆတ္ (ဘ႐ိုက္တန္)
ဘ႐ိုက္တန္မွာ နည္းျပသစ္ ေရာဘတ္တို ဒီဇာဘီနဲ႔ ျပႆနာျဖစ္ခဲ့ၿပီး ဂေရဟမ္ ေပါ့တာလက္ထက္ကလို မင္းသားမျဖစ္ေတာ့တဲ့ အသက္ ၂၈ ႏွစ္ အ႐ြယ္ ဘယ္လ္ဂ်ီယမ္သားဟာ လီဗာပူးလ္ကို အန္းဖီးလ္မွာ ဟက္ထရစ္သြင္းျပမႈနဲ႔အတူ လိုခ်င္သူေတြ ေပါမ်ားေနခဲ့တာျဖစ္ပါတယ္။ ဒီေႏြရာသီမွာ အသင္းနဲ႔ စာခ်ဳပ္ကုန္ဆုံးမယ့္ ထေရာ့ဆတ္ကို ဘ႐ိုက္တန္ဘက္ကလည္း ေရာင္းခ်သြားခ်င္ေနၿပီး ေပါင္ ၂၅ သန္းကေန သန္း ၃၀ လို႔ ေအာ္ထားေပမယ့္ သူ႔ထက္ ပိုငယ္ၿပီး ပိုတန္ဖိုးရွိတဲ့ လက္စတာရဲ႕ ယူရီ တီးလီးမန္းစ္ေတာင္ ၂၅ သန္းနဲ႔ ေရာင္းမထြက္ခ်ိန္မွာ အာဆင္နယ္တို႔အေနနဲ႔ ခပ္တင္းတင္းပဲ ေပါင္သန္း ၂၀ ေအာက္မွာ ကမ္းလွမ္းသြားၿပီး တစ္ခုခုေတာ့ ျဖစ္လာႏိုင္မွာပါ။

၄။ ယယ္ရမီ ပီႏို (ဗီလာရီးရဲလ္)
အာတီတာအတြက္ သူ႔ရဲ႕ စပိန္ႏိုင္ငံက လူငယ္ေတာင္ပံသမားကို ေခၚယူမယ္ဆိုရင္ေတာ့ ေပါင္ ၅၅ သန္းေလာက္ က်သင့္ႏိုင္ဖြယ္ရွိတယ္လို႔ ဆိုေနၾကပါတယ္။ ဗီလာရီးရဲလ္အသင္းရဲ႕ ဒီထက္ပိုၿပီး မေအာင္ျမင္ႏိုင္ေတာ့တဲ့ အေျခအေနမွာ နည္းျပ ကီေကး ဆီတီယန္အေနနဲ႔ လူအစြဲအလမ္းႀကီးသူလည္း မဟုတ္လို႔ ေဈးေကာင္းရမယ္ဆိုရင္ ေဆာင္းရာသီမွာ ေရာင္းခ်သြားႏိုင္ၿပီး အသင္းမွာ ခ်ဴကြယ္ဇီ၊ အဲလက္စ္ ေဘနာတို႔လို အသင့္သုံး ေတာင္ပံသမားေတြလည္း ရွိေနခ်ိန္မွာ ပီႏိုကို လက္လႊတ္သြားႏိုင္ေပမယ့္ အေတြ႕အႀကဳံ လိုေသးတဲ့ အသက္ ၂၀ အ႐ြယ္ ကစားသမားကို အာဆင္နယ္တို႔ တကယ္ေခၚပါ့မလားဆိုတာကေတာ့ သံသယျဖစ္စရာပါ။

၃။ မားကပ္စ္ သူရမ္ (မြန္ခ်န္ဂလာဘက္ခ်္)
ဂရာနစ္ ခ်ာကာကို ဟိုေခတ္ကေတာင္ ေပါင္ ၃၄ သန္း ေပးေခၚထားလို႔ ဆက္ဆံေရးေကာင္းရွိတဲ့ မြန္ခ်န္ဂလာဘက္ခ်္နဲ႔ အာဆင္နယ္တို႔ စီးပြားေရးလုပ္မယ္ဆိုရင္ သိပ္ကို ေကာင္းတဲ့ ေကာ္ေဇာနီနဲ႔ ႀကိဳဆိုလာႏိုင္ပါတယ္။ ေႏြရာသီမွာ ကုန္မယ့္ စာခ်ဳပ္ကို သက္တမ္း မတိုးေတာ့ဘူးလို႔ဆိုထားတဲ့ ျပင္သစ္ေတာင္ပံကစားသမားဟာ အေထာင္တိုက္စစ္မွာ ကစားႏိုင္ေအာင္ ႀကံ့ခိုင္သူလည္းျဖစ္ၿပီး သူ႔ကို ေခၚယူမယ္ဆိုရင္ေတာ့ တစ္ခ်က္ခုတ္ ႏွစ္ခ်က္၊ သုံးခ်က္ေလာက္ ျပတ္လာႏိုင္တာပါ။ အသက္ ၂၅ ႏွစ္အ႐ြယ္ ကစားသမားအတြက္ ေခၚေဈးကေတာ့ ေပါင္ ၁၃.၂ သန္းျဖစ္ၿပီး တစ္ခ်က္ စဥ္းစားဖြယ္ ရွိေနတာက သူရမ္ဟာ နည္းစနစ္ပိုင္းထက္ ႀကံ့ခိုင္မႈ အားကိုးသူျဖစ္ေနလို႔ ေနာက္ဆုံးမွာ ဘယ္သူ႔မွ ေခၚမရေတာ့မွသာ ကမ္းလွမ္းဖို႔ ရွိေနႏိုင္ပါတယ္။

၂။ ဝီလ္ဖရီးဒ္ ဇာဟာ (ပဲေလ့စ္)
ဇာဟာကလည္း အာဆင္နယ္ဖန္ျဖစ္ေနသလို ပဲေလ့စ္နဲ႔ ေနာက္ဆုံး ၆ လ သက္တမ္း စာခ်ဳပ္ကို ေရာက္ရွိေနသူျဖစ္ပါတယ္။ သူ႔ကို ေခၚယူရင္ အေထာင္တိုက္စစ္ေရာ ဘယ္ေတာင္ပံမွာပါ သုံးစြဲႏိုင္မွာျဖစ္ေပမယ့္ အသက္ ၃၀ ျပည့္သြားမႈကေတာ့ အာတီတာနဲ႔ အီဒူးတို႔ လက္တြန႔္စရာျဖစ္ေနႏိုင္တာပါ။ အနာဂတ္မွာ သူ႔ဆီက ေျပာင္းေ႐ႊ႕ေၾကး ျပန္မရႏိုင္သလို လန္ဒန္မွာ ႀကီးျပင္းလာတဲ့ ၿမိဳ႕ႀကီးသားပီပီ စာအတတ္လြန္ေနလို႔ လုပ္ခလစာ ျမင့္ျမင့္မားမား ေပးရႏိုင္တဲ့ အခ်က္ကလည္း ေခၚယူဖို႔ စဥ္းစားရမယ့္အခ်က္ျဖစ္ၿပီး ပဲေလ့စ္တို႔ဘက္ကေတာ့ ရသေလာက္ ေငြေဖာ္ဖို႔ လုပ္ေနလို႔ ဝယ္မယ္ဆိုရင္ေတာ့ ေရာင္းခ်သြားဖို႔ ရွိေနပါတယ္။

၁။ မူဆာ ဒီယာဘီ (ေလဗာကူဆင္)
အာဆင္နယ္ရဲ႕ ပစ္မွတ္ထဲမွာ ေခၚယူဖို႔ အထိုက္တန္ဆုံးနဲ႔ အသက္အ႐ြယ္၊ မွတ္တမ္းမွတ္ရာ၊ ေဈးႏႈန္းေတြအရ အသင့္ေတာ္ဆုံးျဖစ္မယ့္သူက ေလဗာကူဆင္ရဲ႕ ျပင္သစ္သားပါ။ ပီအက္စ္ဂ်ီအကယ္ဒမီထြက္ အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံသမားဟာ ဘယ္ညာေတာင္ပံေတြမွာ အဆင္ေျပေျပနဲ႔ အံဝင္ေအာင္ ကစားႏိုင္သူျဖစ္ၿပီး ဖန္တီးမႈျမင့္မားသလို လ်င္ျမန္မႈနဲ႔လည္း ျပည့္စုံတာေၾကာင့္ ပရီးမီးယားလိဂ္မွာ အလြယ္တကူ အသားက်ႏိုင္သူအျဖစ္ ကြၽမ္းက်င္သူေတြက ရႈျမင္သုံးသပ္ထားပါတယ္။ ယူ႐ိုသန္း ၆၀ ဝန္းက်င္မွာ ေခၚယူႏိုင္မယ့္ ျပင္သစ္သားအတြက္ အာဆင္နယ္တို႔ သိပ္ၿပီး စဥ္းစားစရာ မလိုဘဲ ေရတိုအတြက္ေရာ ေရရွည္အတြက္ပါ အားကိုးႏိုင္မယ့္သူျဖစ္တာေၾကာင့္ လက္မေႏွးသင့္ဘူးလို႔ပဲ ေျပာရမွာပါ။

ဒီကစားသမားေတြအေနနဲ႔ ဘယ္သူပဲျဖစ္ျဖစ္ အာဆင္နယ္ကို တစ္နည္းတစ္ဖုံ အက်ိဳးျပဳႏိုင္မယ့္ လက္ရွိ ေဈးကြက္ထဲက လက္ေ႐ြးစင္ေတြ ျဖစ္ေနခဲ့သလို အာတီတာနဲ႔ အီဒူးတို႔ မူဒရစ္ခ္ကို မရလိုက္ေပမယ့္ သူတို႔ထဲက တစ္ေယာက္ကိုသာ ေခၚယူႏိုင္ခဲ့ရင္လည္း ပရီးမီးယားလိဂ္ ခ်န္ပီယံ ေျပးလမ္းေၾကာင္းမွာ အရွိန္ေလ်ာ့မသြားေစေအာင္ ေထာက္ပံ့ေပးႏိုင္မွာေၾကာင့္ ဘယ္သူ႔ကို ဂန္းနားသစ္အျဖစ္ ေတြ႕ျမင္ရမလဲေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.