Premier League

မန်စီးတီးဘက်ကို အငြင်းပွားဖွယ် ချေပဂိုး သွင်းယူခဲ့တဲ့ ဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒုတိယပိုင်း ၇၈ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်သွင်းယူခဲ့တဲ့ သွင်းဂိုးဟာ အငြင်းပွားစရာ သွင်းဂိုးဖြစ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဟာ ဒုတိယပိုင်း မိနစ် ၆၀ မှာ ကီဗင် ဒီဘရိုင်းနားရဲ့ ဖြတ်တင်ပေးပို့မှုကနေတဆင့် ဂျက်ခ် ဂရီးလစ်ရှ်က ခေါင်းခုန်တိုက်ပြီး ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့ အသင်းဟာ မန်ချက်စတာဒါဘီမှာ အနိုင်ရရှိသွားတော့မယ်ပုံ ပေါ်ခဲ့ပေမယ့်လည်း ပြီးတဲ့နောက်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ချေပဂိုး ပြန်လည် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ကာစီမီရို ဘောလုံး မျှောထိုးပေးလိုက်ပြီး ဂိုးရှေ့ကို ပြေးလွှားသွားခဲ့ချိန်မှာ ရှင်းရှင်းလင်းလင်းကို လူကျွံနေခဲ့တာဖြစ်ပေမယ့်လည်း ဘောလုံးကို မထိတွေ့ဘဲ လူကျွံအနေအထားကနေ ဖာနန်ဒက်စ်ကို ကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

စည်းကြပ်ဒိုင်ဟာ ကနဦးမှာ လူကျွံဘောအဖြစ် အလံကို ထောင်ခဲ့ပေမယ့်လည်း ရက်ရှ်ဖို့ဒ်က ပွဲကစားနေတာကို ကြားဝင်ခဲ့ခြင်းမရှိတာကြောင့် ဂိုးကို ခွင့်ပြု ပေးခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာဟာ တော်တော်လေး ဒေါသပေါက်ကွဲခဲ့ပြီး မန်ချက်စတာစီးတီးအသင်း ကစားသမားတွေက ကွင်းလယ်ဒိုင်ကို စောဒကဝိုင်းတက်နေချိန်မှာ စပိန်လူမျိုးနည်းပြက စတုတ္ထဒိုင်ကို မကျေမချမ်း ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်မှာ ၎င်းတို့ရဲ့ ထင်မြင်ချက်တွေကို မျှဝေခဲ့ကြပြီး ပရိသတ်တစ်ဦးက “ဒီဂိုးက လူကျွံဘောဖြစ်ရမယ်။ တကယ်လို့ ရက်ရှ်ဖို့ဒ်က အဲဒီမှာ ရှိမနေခဲ့ဘဲ ဝေါ်ကာက ဖာနန်ဒက်စ်ကို ဖျက်ထုတ်မှု ပြုလုပ်ခဲ့ရင်ပေါ့။ ရက်ရှ်ဖို့ဒ်ပုံစံက ဂိုးကန်သွင်းတော့မယ့်ပုံ ဖြစ်နေတော့ ဝေါ်ကာလည်း ဂိုးဆီကို ပြန်ပြေးသွားခဲ့ရတယ်”လို့ ပြောကြားခဲ့ပြီး နောက်ထပ် ပရိသတ်တစ်ဦးကလည်း “ဒီဂိုးကို ဘာကြောင့်ပေးခဲ့တာလဲ စိတ်ရှုပ်လိုက်တာ။ ရက်ရှ်ဖို့ဒ်သာ အဲဒီမှာ ရှိမနေခဲ့ရင် ဖာနန်ဒက်စ် ဘောလုံးကို ရစရာအကြောင်းမရှိဘူး”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ချေပဂိုးအပြီး နောက်ထပ် ၄ မိနစ်အကြာမှာ ဂါနာချိုရဲ့ ဘယ်တောင်ပံကနေ ဖြတ်တင်ပေးပို့မှုကို မားကပ်စ် ရက်ရှ်ဖို့ဒ်က ပိတ်သွင်းယူနိုင်ခဲ့တာကြောင့် ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာကြောင့် မန်ချက်စတာဒါဘီကနေ အဖိုးတန် အနိုင် ၃ မှတ်ရယူပြီး ဒုတိယနေရာက မန်စီးတီးနဲ့ ၁ မှတ်အကွာကို တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ဒုတိယပိုင္း ၇၈ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္သြင္းယူခဲ့တဲ့ သြင္းဂိုးဟာ အျငင္းပြားစရာ သြင္းဂိုးျဖစ္ခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးအသင္းဟာ ဒုတိယပိုင္း မိနစ္ ၆၀ မွာ ကီဗင္ ဒီဘ႐ိုင္းနားရဲ႕ ျဖတ္တင္ေပးပို႔မႈကေနတဆင့္ ဂ်က္ခ္ ဂရီးလစ္ရွ္က ေခါင္းခုန္တိုက္ၿပီး ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕ အသင္းဟာ မန္ခ်က္စတာဒါဘီမွာ အႏိုင္ရရွိသြားေတာ့မယ္ပုံ ေပၚခဲ့ေပမယ့္လည္း ၿပီးတဲ့ေနာက္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းက ေခ်ပဂိုး ျပန္လည္ သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

မားကပ္စ္ ရက္ရွ္ဖို႔ဒ္ဟာ ကာစီမီ႐ို ေဘာလုံး ေမွ်ာထိုးေပးလိုက္ၿပီး ဂိုးေရွ႕ကို ေျပးလႊားသြားခဲ့ခ်ိန္မွာ ရွင္းရွင္းလင္းလင္းကို လူကြၽံေနခဲ့တာျဖစ္ေပမယ့္လည္း ေဘာလုံးကို မထိေတြ႕ဘဲ လူကြၽံအေနအထားကေန ဖာနန္ဒက္စ္ကို ကန္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။

စည္းၾကပ္ဒိုင္ဟာ ကနဦးမွာ လူကြၽံေဘာအျဖစ္ အလံကို ေထာင္ခဲ့ေပမယ့္လည္း ရက္ရွ္ဖို႔ဒ္က ပြဲကစားေနတာကို ၾကားဝင္ခဲ့ျခင္းမရွိတာေၾကာင့္ ဂိုးကို ခြင့္ျပဳ ေပးခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာဟာ ေတာ္ေတာ္ေလး ေဒါသေပါက္ကြဲခဲ့ၿပီး မန္ခ်က္စတာစီးတီးအသင္း ကစားသမားေတြက ကြင္းလယ္ဒိုင္ကို ေစာဒကဝိုင္းတက္ေနခ်ိန္မွာ စပိန္လူမ်ိဳးနည္းျပက စတုတၳဒိုင္ကို မေက်မခ်မ္း ေျပာဆိုေနခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚမွာ ၎တို႔ရဲ႕ ထင္ျမင္ခ်က္ေတြကို မွ်ေဝခဲ့ၾကၿပီး ပရိသတ္တစ္ဦးက “ဒီဂိုးက လူကြၽံေဘာျဖစ္ရမယ္။ တကယ္လို႔ ရက္ရွ္ဖို႔ဒ္က အဲဒီမွာ ရွိမေနခဲ့ဘဲ ေဝၚကာက ဖာနန္ဒက္စ္ကို ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့ရင္ေပါ့။ ရက္ရွ္ဖို႔ဒ္ပုံစံက ဂိုးကန္သြင္းေတာ့မယ့္ပုံ ျဖစ္ေနေတာ့ ေဝၚကာလည္း ဂိုးဆီကို ျပန္ေျပးသြားခဲ့ရတယ္”လို႔ ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ ပရိသတ္တစ္ဦးကလည္း “ဒီဂိုးကို ဘာေၾကာင့္ေပးခဲ့တာလဲ စိတ္ရႈပ္လိုက္တာ။ ရက္ရွ္ဖို႔ဒ္သာ အဲဒီမွာ ရွိမေနခဲ့ရင္ ဖာနန္ဒက္စ္ ေဘာလုံးကို ရစရာအေၾကာင္းမရွိဘူး”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေခ်ပဂိုးအၿပီး ေနာက္ထပ္ ၄ မိနစ္အၾကာမွာ ဂါနာခ်ိဳရဲ႕ ဘယ္ေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈကို မားကပ္စ္ ရက္ရွ္ဖို႔ဒ္က ပိတ္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဒုတိယေျမာက္ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၿပီး ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာေၾကာင့္ မန္ခ်က္စတာဒါဘီကေန အဖိုးတန္ အႏိုင္ ၃ မွတ္ရယူၿပီး ဒုတိယေနရာက မန္စီးတီးနဲ႔ ၁ မွတ္အကြာကို တက္လွမ္းႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.