Ligue1

ပြိုင်ဘက်ကစားသမားဆေးရုံတန်းတင်ရအောင် ဖျက်ထုတ်ခဲ့တဲ့ ဘိုင်လီ

မာဆေးလ်အသင်းကို မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့ လာကစားနေတဲ့ အဲရစ် ဘိုင်လီဟာ စနေနေ့က ရဲစ်နဲ့ ကစားခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ် ပထမပိုင်း ၁၅ မိနစ်မှာပဲ ကြောက်မက်ဖွယ် ဆိုးရွားတဲ့ဖျက်ထုတ်မှုကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။

ဘိုင်လီဟာ ရဲစ်ရဲ့ တန်ပြန်တိုက်စစ်ကို ဟန့်တားဖို့အတွက် ဘောလုံးကို ကြားဖြတ်ရယူဖို့ကြိုးပမ်းခဲ့ရာမှာ ပြိုင်ဘက်ကစားသမား မူဆာ အန်ဒိုင်ယဲရဲ့ ရင်ဘတ်ကို ကန်မိခဲ့ပြီးနောက် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ဘောလုံးနောက်ကို ပြေးလိုက်နေတဲ့ အန်ဒိုင်ယဲကို နမော်နမဲ့နိုင်စွာနဲ့ ဖျက်ထုတ်ခဲ့တာဖြစ်ပါတယ်။

အန်ဒိုင်ယဲဟာ ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ကန်ခံခဲ့ရတာကြောင့် ပြင်းထန်တဲ့ နာကျင်မှုနဲ့အတူ ကွင်းမြက်ခင်းပြင်ပေါ်မှာ အော်ဟစ်လဲကျသွားခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက မန်ချက်စတာယူနိုက်တက်နောက်ခံလူကို ချက်ချင်းပဲ အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

အန်ဒိုင်ယဲကို ကွင်းထဲကနေ ထမ်းစင်နဲ့ သယ်ထုတ်ပြီး ဆေးရုံကို တန်းပို့ခဲ့ရပေမယ့်လည်း လက်ရှိအချိန်အထိ ရဲစ်ကစားသမားရဲ့ ဒဏ်ရာက ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာကို မသိရသေးတာဖြစ်ပြီး မာဆေးလ်အသင်းဟာ စောစောစီးစီး တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမယ့်လည်း ၂-၀ နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ အလက်ဆစ် ဆန်းချက်ဇ်က ပထမပိုင်းနာကျင်အချိန်ပိုမှာ မာဆေးလ်အတွက် ပင်နယ်တီကနေ အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး နောက်ထပ်ဦးဆောင်ဂိုးကို အမ်မာဒူ ဘမ်ဘာ ဒီယန်းက ဒုတိယပိုင်း မိနစ် ၇၀ မှာ သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

အဲရစ် ဘိုင်လီအနေနဲ့ ပွဲပယ်ပြစ်ဒဏ်ကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ချိန်မှာ ပြင်သစ်နောက်ခံလူ မပါဝင်နိုင်မှုကြောင့် လာမယ့်ပွဲစဉ်တွေမှာ အသင်းရဲ့ စွမ်းဆောင်ရည်က ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကို စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

အဲရစ် ဘိုင်လီဟာ မာဆေးလ်အသင်းမှာ ရှိနေတဲ့ကာလအတွင်း ကြံ့ခိုင်မှုပြည့်ဝအောင် နေဖို့အတွက် ရုန်းကန်ခဲ့ရပြီး ယခုရာသီမှာ ပေါင်နဲ့ ခြေထောက်ဒဏ်ရာတွေကြောင့် ၁၂ ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မာေဆးလ္အသင္းကို မန္ခ်က္စတာယူႏိုက္တက္ကေန အငွားနဲ႔ လာကစားေနတဲ့ အဲရစ္ ဘိုင္လီဟာ စေနေန႔က ရဲစ္နဲ႔ ကစားခဲ့တဲ့ ျပင္သစ္ဖလားပြဲစဥ္ ပထမပိုင္း ၁၅ မိနစ္မွာပဲ ေၾကာက္မက္ဖြယ္ ဆိုး႐ြားတဲ့ဖ်က္ထုတ္မႈေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရပါတယ္။

ဘိုင္လီဟာ ရဲစ္ရဲ႕ တန္ျပန္တိုက္စစ္ကို ဟန႔္တားဖို႔အတြက္ ေဘာလုံးကို ၾကားျဖတ္ရယူဖို႔ႀကိဳးပမ္းခဲ့ရာမွာ ၿပိဳင္ဘက္ကစားသမား မူဆာ အန္ဒိုင္ယဲရဲ႕ ရင္ဘတ္ကို ကန္မိခဲ့ၿပီးေနာက္ တိုက္႐ိုက္ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတာျဖစ္ၿပီး ေဘာလုံးေနာက္ကို ေျပးလိုက္ေနတဲ့ အန္ဒိုင္ယဲကို နေမာ္နမဲ့ႏိုင္စြာနဲ႔ ဖ်က္ထုတ္ခဲ့တာျဖစ္ပါတယ္။

အန္ဒိုင္ယဲဟာ ရင္ဘတ္ကို ျပင္းျပင္းထန္ထန္ ကန္ခံခဲ့ရတာေၾကာင့္ ျပင္းထန္တဲ့ နာက်င္မႈနဲ႔အတူ ကြင္းျမက္ခင္းျပင္ေပၚမွာ ေအာ္ဟစ္လဲက်သြားခဲ့တာျဖစ္ၿပီး ဒိုင္လူႀကီးက မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူကို ခ်က္ခ်င္းပဲ အနီကတ္ျပ ထုတ္ပယ္ခဲ့တာျဖစ္ပါတယ္။

အန္ဒိုင္ယဲကို ကြင္းထဲကေန ထမ္းစင္နဲ႔ သယ္ထုတ္ၿပီး ေဆး႐ုံကို တန္းပို႔ခဲ့ရေပမယ့္လည္း လက္ရွိအခ်ိန္အထိ ရဲစ္ကစားသမားရဲ႕ ဒဏ္ရာက ဘယ္ေလာက္အထိ ျပင္းထန္လဲဆိုတာကို မသိရေသးတာျဖစ္ၿပီး မာေဆးလ္အသင္းဟာ ေစာေစာစီးစီး တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရေပမယ့္လည္း ၂-၀ နဲ႔ အႏိုင္ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေနာက္ထပ္ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္းျဖစ္တဲ့ အလက္ဆစ္ ဆန္းခ်က္ဇ္က ပထမပိုင္းနာက်င္အခ်ိန္ပိုမွာ မာေဆးလ္အတြက္ ပင္နယ္တီကေန အဖြင့္ဂိုးကို သြင္းယူေပးခဲ့ၿပီး ေနာက္ထပ္ဦးေဆာင္ဂိုးကို အမ္မာဒူ ဘမ္ဘာ ဒီယန္းက ဒုတိယပိုင္း မိနစ္ ၇၀ မွာ သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

အဲရစ္ ဘိုင္လီအေနနဲ႔ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ခ်ိန္မွာ ျပင္သစ္ေနာက္ခံလူ မပါဝင္ႏိုင္မႈေၾကာင့္ လာမယ့္ပြဲစဥ္ေတြမွာ အသင္းရဲ႕ စြမ္းေဆာင္ရည္က ဘယ္လို အက်ိဳးသက္ေရာက္မႈေတြ ရွိလာမလဲဆိုတာကို ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

အဲရစ္ ဘိုင္လီဟာ မာေဆးလ္အသင္းမွာ ရွိေနတဲ့ကာလအတြင္း ႀကံ့ခိုင္မႈျပည့္ဝေအာင္ ေနဖို႔အတြက္ ႐ုန္းကန္ခဲ့ရၿပီး ယခုရာသီမွာ ေပါင္နဲ႔ ေျခေထာက္ဒဏ္ရာေတြေၾကာင့္ ၁၂ ပြဲသာ ပါဝင္ကစားေပးထားႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.