Ligue1

နေမာရဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်လိုက်ပြီး ကမ်းလှမ်းမှုတွေကို နားထောင်သွားမယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးလ်ကြယ်ပွင့်တိုက်စစ်မှူး နေမာအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေးလိုက်ပြီး ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ နေမာဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာအသင်းကနေ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ ကစားသမားဘဝတလျှောက်လုံး ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပေမယ့်လည်း ပီအက်စ်ဂျီအသင်းရဲ့ ရည်မှန်းချက်တွေမှာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။

နေမာဟာ ၂၀၂၁ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ ပဲရစ်အခြေစိုက်ကလပ်အသင်းဟာ သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရောက်ရှိလာမယ်ဆိုရင် ဘရာဇီးလ်ကြယ်ပွင့်ကို ရောင်းချချင်နေတယ်လို့ သိရပါတယ်။

Fichajes ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ ဘာစီလိုနာကြယ်ပွင့်ဟောင်းအတွက် ပြောင်းရွှေ့ကြေးကို သိသိသာသာ လျှော့ချပေးလိုက်ပြီဖြစ်ပြီး ယူရိုသန်း ၅၀ ကနေ ၆၀ ကြားလောက် ကမ်းလှမ်းမှုတွေကို အကဲဖြတ်သွားမယ်လို့ သိရပါတယ်။

နေမာကို ရောင်းထုတ်လိုက်ခြင်းအားဖြင့် ပီအက်စ်ဂျီအသင်းဟာ ကြီးမားတဲ့ လစာပမာဏကို ပေးချေနေရတဲ့ဒုက္ခကနေ လွတ်မြောက်သွားမှာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ပဲရစ်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၆၀၆၀၀၀ အထိ ရရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

နေမာရဲ့ ပြောင်းရွှေ့ကြေးကို လျှော့ချပေးလိုက်မှုက မန်ချက်စတာစီးတီး၊ ချဲလ်ဆီးနဲ့ နယူးကာဆယ်လ် ယူနိုက်တက်တို့လို ပရီးမီးယားလိဂ်တွေအတွက် အချက်ပေးသံဖြစ်လာပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီမှာ ရှိနေခဲ့တဲ့ ၆ ရာသီအတွင်း ၁၆၅ ပွဲမှာ သွင်းဂိုး ၁၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းဟာ ဘရာဇီးလ္ၾကယ္ပြင့္တိုက္စစ္မႉး ေနမာအတြက္ သတ္မွတ္ထားတဲ့ ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ေပးလိုက္ၿပီး ကမ္းလွမ္းမႈေတြကို နားေထာင္သြားဖို႔ အဆင္သင့္ျဖစ္ေနတယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းနဲ႔ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးတဲ့ ေနမာဟာ ၂၀၁၇ ခုႏွစ္မွာ ဘာစီလိုနာအသင္းကေန ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၂၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ ကစားသမားဘဝတေလွ်ာက္လုံး ဒဏ္ရာျပႆနာေတြရဲ႕ ႏွိပ္စက္ျခင္းကို ခံခဲ့ရေပမယ့္လည္း ပီအက္စ္ဂ်ီအသင္းရဲ႕ ရည္မွန္းခ်က္ေတြမွာ အေရးႀကီးတဲ့အစိတ္အပိုင္းအျဖစ္ ရွိေနခဲ့တာျဖစ္ပါတယ္။

ေနမာဟာ ၂၀၂၁ ခုႏွစ္မွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ေပမယ့္လည္း လက္ရွိမွာေတာ့ ပဲရစ္အေျခစိုက္ကလပ္အသင္းဟာ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈသာ ေရာက္ရွိလာမယ္ဆိုရင္ ဘရာဇီးလ္ၾကယ္ပြင့္ကို ေရာင္းခ်ခ်င္ေနတယ္လို႔ သိရပါတယ္။

Fichajes ရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီဟာ ဘာစီလိုနာၾကယ္ပြင့္ေဟာင္းအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို သိသိသာသာ ေလွ်ာ့ခ်ေပးလိုက္ၿပီျဖစ္ၿပီး ယူ႐ိုသန္း ၅၀ ကေန ၆၀ ၾကားေလာက္ ကမ္းလွမ္းမႈေတြကို အကဲျဖတ္သြားမယ္လို႔ သိရပါတယ္။

ေနမာကို ေရာင္းထုတ္လိုက္ျခင္းအားျဖင့္ ပီအက္စ္ဂ်ီအသင္းဟာ ႀကီးမားတဲ့ လစာပမာဏကို ေပးေခ်ေနရတဲ့ဒုကၡကေန လြတ္ေျမာက္သြားမွာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ ပဲရစ္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၆၀၆၀၀၀ အထိ ရရွိေနတာျဖစ္တယ္လို႔ သိရပါတယ္။

ေနမာရဲ႕ ေျပာင္းေ႐ႊ႕ေၾကးကို ေလွ်ာ့ခ်ေပးလိုက္မႈက မန္ခ်က္စတာစီးတီး၊ ခ်ဲလ္ဆီးနဲ႔ နယူးကာဆယ္လ္ ယူႏိုက္တက္တို႔လို ပရီးမီးယားလိဂ္ေတြအတြက္ အခ်က္ေပးသံျဖစ္လာၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီမွာ ရွိေနခဲ့တဲ့ ၆ ရာသီအတြင္း ၁၆၅ ပြဲမွာ သြင္းဂိုး ၁၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇၃ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.