Premier League Transfer News

ေနာက္ဆုံးရ ပရီးမီးယားလိဂ္ အေျပာင္းအေရႊ႕သတင္းမ်ား – ၁၉.၉.၂၀၂၀

– အက္စတန္ဗီလာအသင္းအေနနဲ႔ လီယြန္ေတာင္ပံကစားသမား ဘာထရန္ ထရာအုိေရးကို ေျပာင္းေရႊ႕ေၾကး ေပါင္ ၁၇ သန္း + ခံစားခြင့္ ၂ သန္းနဲ႔ ေခၚယူႏုိင္ခဲ့ၿပီျဖစ္ၿပီး ဗီလာပါ့ခ္မွာ ၄ ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိသြားခဲ့။

– ဂြတ္ဒီဆန္ပါ့ခ္မွာ ေျခစြမ္းျပႏုိင္ျခင္းမရွိတဲ့ အဲဗာတန္ရဲ႕ အီတလီတုိက္စစ္မွဴး မြဳိက္စ္ ကီးန္ကို ျပန္လည္အလိုရွိေနၿပီး ျပန္လည္ေခၚယူခြင့္ကို အသုံးျပဳဖို႔ အငွားနဲ႔ စတင္စမ္းသပ္ေခၚယူသြားဖြယ္ရွိၿပီး ေပါင္ ၂၅ သန္း ေပးေခ်ႏုိင္။

– ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းကို ျပန္လည္ေရာက္ရွိလာခဲ့တဲ့ ဂါရက္ ေဘးလ္အေနနဲ႔ အသင္းနဲ႔ ဒုတိယအႀကိမ္ေျမာက္ ကစားခြင့္အတြက္ ေစာင့္ဆုိင္းရဖြယ္ရွိေနၿပီး ေဝးလ္စ္အသင္းနဲ႔ ရရွိခဲ့တဲ့ ဒဏ္ရာက တစ္လေလာက္ နားရဖို႔ ရွိေန။

– ႐ိုးမားေတာင္ပံကစားသမား ဆန္ဂ်စ္ အန္ဒါအတြက္ လက္စတာစီးတီးအသင္းအေနနဲ႔ သေဘာတူညီမွဳ ရယူႏုိင္ခဲ့တဲ့ေနာက္ အသင္းရဲ႕ ေတာင္ပံတုိက္စစ္မွဴး ဒီမာ႐ိုင္ ဂေရးကို ျပန္လည္ေရာင္းခ်သြားဖို႔ ကမ္းလွမ္းမွဳေတြကို ေစာင့္ေမွ်ာ္ေန။

– ဘာစီလုိနာအသင္းရဲ႕ ေဈးကြက္ထဲက လွဳပ္ရွားမွဳေတြကေတာ့ ေလွာင္ရယ္စရာသက္သက္ျဖစ္ေနၿပီး ပရီးမီးယားလိဂ္တန္းဆင္း ေနာ့ဝစ္ခ်္ရဲ႕ ညာေနာက္ခံလူ မက္စ္ အာရြန္စ္ကို အငွားနဲ႔ ေခၚယူမွဳမွာ ရာသီကုန္အၿပီးသတ္ ေခၚယူမွဳ မပါဝင္လို႔ ပယ္ခ်ခံခဲ့ရ။

– ဂါရက္ ေဘးလ္ကို အငွားေခၚယူမွဳနဲ႔အတူ ေနာက္ခံလူ ဆာဂ်ီယို ရက္ဂီလြန္ကိုလည္း စပါးစ္အသင္းက လစာေငြ ေပါင္ ၃၂ သန္း စုစုေပါင္း ေပးေခ်ရမယ့္ ငါးႏွစ္စာခ်ဳပ္နဲ႔ ေခၚယူႏုိင္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ဘက္က ပထမႏွစ္ႏွစ္မွာ ျပန္လည္ေခၚယူႏုိင္ခြင့္ ထည့္သြင္းထား။

– အရန္ေနာက္ခံလူေတြျဖစ္ၾကတဲ့ ေမဆန္ ဟိုလ္ဂိတ္နဲ႔ ဂ်ားရက္ ဘရန္႔သ္ဝိတ္တို႔ ႏွစ္ဦးစလုံး ဒဏ္ရာရရွိထားတဲ့ အဲဗာတန္အသင္းအေနနဲ႔ ခ်ဲလ္ဆီးေနာက္ခံလူ ဖီကာယို တိုမိုရီကို အငွားေခၚယူဖို႔ ႀကဳိးစားေနၿပီး ရင္းေနးကလည္း အလိုရွိေနတာေၾကာင့္ ယွဥ္ၿပဳိင္ေနရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အက်စတန်ဗီလာအသင်းအနေနဲ့ လီယွန်တောင်ပံကစားသမား ဘာထရန် ထရာအိုရေးကို ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်း + ခံစားခွင့် ၂ သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ဗီလာပါ့ခ်မှာ ၄ နှစ်စာချုပ်ချုပ်ဆိုသွားခဲ့။

– ဂွတ်ဒီဆန်ပါ့ခ်မှာ ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ အဲဗာတန်ရဲ့ အီတလီတိုက်စစ်မှူး မွိုက်စ် ကီးန်ကို ပြန်လည်အလိုရှိနေပြီး ပြန်လည်ခေါ်ယူခွင့်ကို အသုံးပြုဖို့ အငှားနဲ့ စတင်စမ်းသပ်ခေါ်ယူသွားဖွယ်ရှိပြီး ပေါင် ၂၅ သန်း ပေးချေနိုင်။

– တော့တင်ဟမ်ဟော့စပါးစ်အသင်းကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဂါရက် ဘေးလ်အနေနဲ့ အသင်းနဲ့ ဒုတိယအကြိမ်မြောက် ကစားခွင့်အတွက် စောင့်ဆိုင်းရဖွယ်ရှိနေပြီး ဝေးလ်စ်အသင်းနဲ့ ရရှိခဲ့တဲ့ ဒဏ်ရာက တစ်လလောက် နားရဖို့ ရှိနေ။

– ရိုးမားတောင်ပံကစားသမား ဆန်ဂျစ် အန်ဒါအတွက် လက်စတာစီးတီးအသင်းအနေနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တဲ့နောက် အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ဒီမာရိုင် ဂရေးကို ပြန်လည်ရောင်းချသွားဖို့ ကမ်းလှမ်းမှုတွေကို စောင့်မျှော်နေ။

– ဘာစီလိုနာအသင်းရဲ့ ဈေးကွက်ထဲက လှုပ်ရှားမှုတွေကတော့ လှောင်ရယ်စရာသက်သက်ဖြစ်နေပြီး ပရီးမီးယားလိဂ်တန်းဆင်း နော့ဝစ်ချ်ရဲ့ ညာနောက်ခံလူ မက်စ် အာရွန်စ်ကို အငှားနဲ့ ခေါ်ယူမှုမှာ ရာသီကုန်အပြီးသတ် ခေါ်ယူမှု မပါဝင်လို့ ပယ်ချခံခဲ့ရ။

– ဂါရက် ဘေးလ်ကို အငှားခေါ်ယူမှုနဲ့အတူ နောက်ခံလူ ဆာဂျီယို ရက်ဂီလွန်ကိုလည်း စပါးစ်အသင်းက လစာငွေ ပေါင် ၃၂ သန်း စုစုပေါင်း ပေးချေရမယ့် ငါးနှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီး ရီးရဲလ်မက်ဒရစ်ဘက်က ပထမနှစ်နှစ်မှာ ပြန်လည်ခေါ်ယူနိုင်ခွင့် ထည့်သွင်းထား။

– အရန်နောက်ခံလူတွေဖြစ်ကြတဲ့ မေဆန် ဟိုလ်ဂိတ်နဲ့ ဂျားရက် ဘရန့်သ်ဝိတ်တို့ နှစ်ဦးစလုံး ဒဏ်ရာရရှိထားတဲ့ အဲဗာတန်အသင်းအနေနဲ့ ချဲလ်ဆီးနောက်ခံလူ ဖီကာယို တိုမိုရီကို အငှားခေါ်ယူဖို့ ကြိုးစားနေပြီး ရင်းနေးကလည်း အလိုရှိနေတာကြောင့် ယှဉ်ပြိုင်နေရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.