La Liga Ligue1

နေမာရဲ့နေရာမှာ အစားထိုးဖို့ ဘာဆာကြယ်ပွင့်ကို စိတ်ဝင်စားနေတဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ လာမယ့်အနာဂတ်မှာ နေမာရဲ့နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ် ဘာစီလိုနာကြယ်ပွင့် အူ့စ်မန် ဒမ်ဘီလီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လိဂန်းထိပ်သီးအသင်းကြီးဟာ ယူရိုသန်း ၁၀၀ လောက် ပေးချေရမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး ဒမ်ဘီလီဟာ ဒေါ့မွန်ကနေ ယူရို ၁၀၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ဘာစီလိုနာရဲ့ အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ပြင်သစ်တောင်ပံကစားသမားဟာ လာလီဂါဖလား ၂ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၂ ကြိမ်အပါအဝင် ဘာစီလိုနာနဲ့ ဆုဖလား ၅ လုံးအထိ ကိုင်မြှောက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

အလွန်တောက်ပတဲ့ မြန်နှုန်းနဲ့ အလိမ်အခေါက်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ဒမ်ဘီလီဟာ လက်ရှိ ၂၀၂၂-၂၀၂၃ ရာသီ နူးကမ့်မှာ ပထမအသင်း ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားအဖြစ် သက်သေပြသထားနိုင်သူဖြစ်ပြီး ဒဏ်ရာပြဿနာတွေကနေ ပြန်လာနိုင်ပြီးကတည်းက ပြိုင်ပွဲစုံ ၂၁ ပွဲမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

SPORT ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ ဒမ်ဘီလီရဲ့ နည်းစနစ်ပိုင်းကောင်းမွန်မှု၊ ခီလီယန် အမ်ဘာပေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးပိုင်ဆိုင်ထားမှုကြောင့် နေမာရဲ့နေရာမှာ ပြီးပြည့်စုံတဲ့ အစားထိုးခေါ်ယူမှုအဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံရဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၅၀ ကို အသက်သွင်းဖို့ ကြိုတင်ပြင်ဆင်နေပေမယ့်လည်း ဘာစီလိုနာဟာ ကြယ်ပွင့်ကစားသမားရဲ့ စာချုပ်လျော်ကြေးကနေ ယူရို ၂၅ သန်းသာ ရရှိနိုင်မယ်လို့ သိရပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းဟာ အူ့စ်မန် ဒမ်ဘီလီအတွက် ယူရို သန်း ၁၀၀ ဝန်းကျင်လောက် ကြောက်မက်ဖွယ်ကောင်းတဲ့ပမာဏကို တောင်းဆိုသွားမှာဖြစ်ပြီး အဲဒီအပြင် ကတ်တလန်ထိပ်သီးအသင်းကြီးဟာ ယခုနွေရာသီအစောပိုင်းတုန်းက စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပြင်သစ်တောင်ပံကစားသမားကို ဒုတိယအကြိမ်မြောက် စာချုပ်သက်တမ်းတိုးသွားနိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။

ရင်းနေးလူငယ်အကယ်ဒမီထွက် ကစားသမားရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ လာမယ့်ရာသီကုန်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဒမ်ဘီလီဟာ ဘာစီလိုနာအတွက် ပြိင်ပွဲစုံ ၁၇၁ ပွဲမှာ သွင်းဂိုး ၃၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄၁ ကြိမ်အထိပြုလုပ်ထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။

တစ်ဖက်မှာတော့ နေမာဟာ ပီအက်စ်ဂျီအသင်းအတွက် စုစုပေါင်း ၁၆၅ ပွဲမှာ သွင်းဂိုး ၁၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၃ ကြိမ်ပြုလုပ်ပေးထားတဲ့ကစားသမားဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာကနေ ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက စုစုပေါင်း ဆုဖလား ၁၃ လုံး ကိုင်မြှောက်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းဟာ လာမယ့္အနာဂတ္မွာ ေနမာရဲ႕ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္ ဘာစီလိုနာၾကယ္ပြင့္ အူ႔စ္မန္ ဒမ္ဘီလီကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း လိဂန္းထိပ္သီးအသင္းႀကီးဟာ ယူ႐ိုသန္း ၁၀၀ ေလာက္ ေပးေခ်ရမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး ဒမ္ဘီလီဟာ ေဒါ့မြန္ကေန ယူ႐ို ၁၀၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ပိုင္း ဘာစီလိုနာရဲ႕ အဓိကကစားသမားတစ္ဦး ျဖစ္လာခဲ့သူျဖစ္ပါတယ္။ လက္ရွိအခ်ိန္အထိ ျပင္သစ္ေတာင္ပံကစားသမားဟာ လာလီဂါဖလား ၂ ႀကိမ္၊ ကိုပါဒယ္ေရးဖလား ၂ ႀကိမ္အပါအဝင္ ဘာစီလိုနာနဲ႔ ဆုဖလား ၅ လုံးအထိ ကိုင္ေျမႇာက္ထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

အလြန္ေတာက္ပတဲ့ ျမန္ႏႈန္းနဲ႔ အလိမ္အေခါက္စြမ္းရည္ကို ပိုင္ဆိုင္ထားတဲ့ ဒမ္ဘီလီဟာ လက္ရွိ ၂၀၂၂-၂၀၂၃ ရာသီ ႏူးကမ့္မွာ ပထမအသင္း ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားအျဖစ္ သက္ေသျပသထားႏိုင္သူျဖစ္ၿပီး ဒဏ္ရာျပႆနာေတြကေန ျပန္လာႏိုင္ၿပီးကတည္းက ၿပိဳင္ပြဲစုံ ၂၁ ပြဲမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

SPORT ရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီဟာ ဒမ္ဘီလီရဲ႕ နည္းစနစ္ပိုင္းေကာင္းမြန္မႈ၊ ခီလီယန္ အမ္ဘာေပနဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးပိုင္ဆိုင္ထားမႈေၾကာင့္ ေနမာရဲ႕ေနရာမွာ ၿပီးျပည့္စုံတဲ့ အစားထိုးေခၚယူမႈအျဖစ္ သတ္မွတ္ခဲ့တယ္လို႔ သိရပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ၂၀၁၈ ကမာၻ႔ဖလားခ်န္ပီယံရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကး ယူ႐ိုသန္း ၅၀ ကို အသက္သြင္းဖို႔ ႀကိဳတင္ျပင္ဆင္ေနေပမယ့္လည္း ဘာစီလိုနာဟာ ၾကယ္ပြင့္ကစားသမားရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးကေန ယူ႐ို ၂၅ သန္းသာ ရရွိႏိုင္မယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဘာစီလိုနာအသင္းဟာ အူ႔စ္မန္ ဒမ္ဘီလီအတြက္ ယူ႐ို သန္း ၁၀၀ ဝန္းက်င္ေလာက္ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ပမာဏကို ေတာင္းဆိုသြားမွာျဖစ္ၿပီး အဲဒီအျပင္ ကတ္တလန္ထိပ္သီးအသင္းႀကီးဟာ ယခုေႏြရာသီအေစာပိုင္းတုန္းက စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈ ရရွိခဲ့ၿပီးေနာက္ ျပင္သစ္ေတာင္ပံကစားသမားကို ဒုတိယအႀကိမ္ေျမာက္ စာခ်ဳပ္သက္တမ္းတိုးသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။

ရင္းေနးလူငယ္အကယ္ဒမီထြက္ ကစားသမားရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ရာသီကုန္မွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဒမ္ဘီလီဟာ ဘာစီလိုနာအတြက္ ၿပိင္ပြဲစုံ ၁၇၁ ပြဲမွာ သြင္းဂိုး ၃၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄၁ ႀကိမ္အထိျပဳလုပ္ထားႏိုင္ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။

တစ္ဖက္မွာေတာ့ ေနမာဟာ ပီအက္စ္ဂ်ီအသင္းအတြက္ စုစုေပါင္း ၁၆၅ ပြဲမွာ သြင္းဂိုး ၁၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇၃ ႀကိမ္ျပဳလုပ္ေပးထားတဲ့ကစားသမားျဖစ္ၿပီး ၂၀၁၇ ခုႏွစ္မွာ ဘာစီလိုနာကေန ယူ႐ို ၂၂၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက စုစုေပါင္း ဆုဖလား ၁၃ လုံး ကိုင္ေျမႇာက္ထားႏိုင္ခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.