Match Report Premier League

အဲဗာတန်ကို အဝေးကွင်းမှာ ဝုန်းပြီး လမ်းပတ်ကို ပြုတ်စော်နံစေခဲ့တဲ့ ဘရိုက်တန်

ဘရိုက်တန်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဆန်ချက်ဇ်၊ ခံစစ်မှာ လူးဝစ္စ ဒန့်ခ်၊ ကောလ်ဝီလ်၊ ဗဲ့လ်မန်းနဲ့ အက်စ်တူပီညန်တို့ကို ပွဲထုတ်ခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂရော့စ်၊ ဆာမီယန်တို၊ ဆော်လီ မာ့ချ်နဲ့ မီတိုမာတို့ကို စုဖွဲ့ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အာဆင်နယ်နဲ့ပွဲမှာ ဂိုးရခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဖာဂူဆန်ကို ပထမဆုံး ပွဲထွက်အဖြစ် အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အဲဗာတန်တို့ကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ တာကော့ဗ်စကီး၊ ကိုဒီ၊ ပက်တာဆန်နဲ့ မစ်ကိုလန်ကိုတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ တွမ်ဒေးဗီးစ်၊ အီဝိုဘီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရေး၊ မက်နီးလ်နဲ့ ကဲလ်ဗတ်-လူဝင်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၅ မိနစ်မှာ ဖရီးကစ်ကနေ ဒေးဗီးစ် ခေါင်းတိုက်ရာမှာ ဘရိုက်တန်နောက်ခံလူ ဒန့်ခ်ရဲ့ လက်နဲ့ ထိခဲ့ပေမယ့် ပင်နယ်တီ မပေးခဲ့လို့ အဲဗာတန်တို့ နစ်နာခဲ့ရသလို နောက်ဆုံး ၁၀ ပွဲမှာ နိုင်ပွဲတစ်ပွဲသာ ရှိခဲ့တဲ့ အိမ်ရှင်တွေအနေနဲ့ ပွဲအစ မိနစ်တွေမှာ တိုက်စစ်ဆင်ကစားခဲ့ပြီး ဂိုးရနိုင်ဖို့ အထူး အားထုတ်နေခဲ့တာဖြစ်ပါတယ်။

ခံစစ်ပိုင်းမှာ အညစ်တကာ့ထိပ်ခေါင် လူမိုက်ကောင် ဂေါ့ဖရီကို မထည့်ခဲ့တာက သူ့ရဲ့ ကြမ်းတမ်းမှုကို ပေါင်းမထည့်နိုင်ခဲ့လို့ ဘရိုက်တန်ရဲ့ တန်ပြန်တိုက်စစ်တွေနဲ့ တွဲလုံးတွေကို မဖျက်ဆီးနိုင်ခဲ့တာကတော့ လမ်းပတ်အတွက် အဖြစ်ဆိုးစေခဲ့သလို အဲဗာတန်ခံစစ်ရဲ့ စုဖွဲ့မှုနဲ့ အမြန်နှုန်းပိုင်းမှာက အားရစရာမရှိခဲ့ဘဲ တဖြည်းဖြည်းနဲ့ အရှိန်ကုန်လာခဲ့တာပါ။

ပွဲချိန် ၁၄ မိနစ်မှာတော့ ဘရိုက်တန်တို့ အဝေးကွင်းမှာ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘယ်ခြမ်းကို လှမ်းပို့ပေးတဲ့ ကိုင်စီဒိုရဲ့ အဝေးဘောကို လိုက်ဖျက်တာ မမီခဲ့တဲ့ ပက်တာဆန်ကြောင့် တောင်ပံကနေ လွတ်ထွက်သွားခဲ့တဲ့ မီတိုမာက အတွင်းကို အမြန်နှုန်းနဲ့ ဆွဲဝင်ပြီး ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့ အတွေ့မှာ အနီးကပ် ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၂၀ မှာ မီတိုမာ ပေးတာကနေ ဖာဂူဆန် ကန်ရာမှာ တိုင်ထိထွက်ခဲ့လို့ အဲဗာတန်တို့ သက်သာခဲ့ရသလို ၄ မိနစ်အကြာမှာ သူ့ရဲ့ ကန်ချက်ကပဲ ဘားပေါ်ကပ်ကျော်သွားခဲ့ပြီး အိမ်ရှင်တွေဘက်က အီဝိုဘီ၊ ဂရေးနဲ့ မက်နီးလ်တို့ကတော့ ထိထိရောက်ရောက် ဖန်တီးနိုင်တာမျိုး မရှိခဲ့လို့ ပထမပိုင်းမှာ ဘရိုက်တန်တို့ကပဲ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ဘရိုက်တန်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အက်စ်တူပီညန်က အဲဗာတန်ခံစစ်ကြားထဲ လှမ်းထည့်ပေးတာကို ဆာမီယန်တိုက တစ်ကိုယ်တော် အလိမ်အခေါက်နဲ့ ဧရိယာ ဘယ်ဘက်ခြမ်းကနေ ဂိုးရှေ့ ချိုးပေးရာမှာ ဖာဂူဆန်က လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဘရိုက်တန်တို့အနေနဲ့ တတိယ ဦးဆောင်ဂိုးကိုလည်း ဆက်တိုက်ပဲ သွင်းယူနိုင်ခဲ့ပြီး ပွဲချိန် ၅၄ မိနစ်မှာ ကိုဒီရဲ့ အမှားကနေ တိုက်စစ်ဆင်လာခဲ့တဲ့ ဖာဂူဆန်က ကွင်းလယ်ကနေ ညာခြမ်းကို ထိုးပေးရာမှာ တောင်ပံကစားသမား မာ့ချ်က အတွင်းကို ဆွဲဝင်ပြီးမှ အဲဗာတန်နောက်ခံလူ ၅ ယောက်ကြားကနေ အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာ အချိန်တိုအတွင်းမှာပဲ စတုတ္ထမြောက်ဂိုးကို ဘရိုက်တန်တို့ ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို လူမကြည့်ဘဲ နောက်ပြန်ပေးတဲ့ ဂါနာ ဂေးယီရဲ့ လက်ဖျားခါလောက်အောင် ဆိုးရွားလွန်းတဲ့ အမှားကနေ ရယူသွားခဲ့တဲ့ ဂရော့စ်က ဂိုးသမား ပစ်ခ်ဖို့ဒ်နဲ့အတွေ့မှာ သူ့အပေါ်ကနေ အသာအယာ ကျော်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဗာတန်ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းနဲ့ နည်းပြ လမ်းပတ်ရဲ့ ဦးဆောင်မှုကတော့ တော်တော်လေး ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့တာကို တွေ့ရပြီး ပေးလိုက်ရတဲ့ ဂိုးအတွက် မထုံတက်တေးဖြစ်နေကြတာနဲ့ ဘောလုံးရယူဖို့ တိုက်ပွဲဝင်ရာမှာ အင်တိုက်အားတိုက် မကြိုးစားဘဲ စိတ်မပါ လက်မပါ လုပ်နေကြတာတွေက ဘရိုက်တန်တို့နဲ့ ယှဉ်ရင် မိုးနဲ့မြေလို ကွာခြားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ ဘရိုက်တန်တို့ လူတွေကို အနားပေးသွားခဲ့သလို နာကျင်အချိန်ပိုမှာတော့ သူ့စရိတ်နဲ့သူ အရှိန်လွန်သွားမယ့် အီဝိုဘီရဲ့ ခြေထောက်ကို ဧရိယာထဲမှာ ဝင်တိုက်ခဲ့တဲ့ ဂိုးသမား ဆန်းချက်ဇ်ကြောင့် ပင်နယ်တီ ပြန်ပေးခဲ့ရတာကို အဲဗာတန်ဘက်က ဂရေးက ဘယ်ဘက် အပေါ်ကို ကန်သွင်းပြီး အရှက်ပြေဂိုးတစ်ဂိုး ရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဂွတ်ဒီဆန်ပါ့ခ်မှာ လှပတဲ့ အဝေးကွင်းနိုင်ပွဲကို ဘရိုက်တန်တို့ လေးဂိုး-တစ်ဂိုးနဲ့ ရယူသွားခဲ့ကြပြီး ၁၇ ပွဲကစား ၂၇ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်ခဲ့သလို နောက်ဆုံး ၆ ပွဲဆက်တိုက် နိုင်ပွဲမရှိဘဲ ၅ ပွဲအထိ ရှုံးထားခဲ့တဲ့ အဲဗာတန်တို့ကတော့ အဆင့် ၁၆ မှာ ရပ်တည်နေခဲ့ပြီး မန်စီးတီးကို အဝေးကွင်းမှာ သရေယူခဲ့လို့ စိတ်သက်သာနေတဲ့ နည်းပြ လမ်းပတ်အဖို့တော့ ပြုတ်စော်ပြန်နံလာခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဆန္ခ်က္ဇ္၊ ခံစစ္မွာ လူးဝစၥ ဒန႔္ခ္၊ ေကာလ္ဝီလ္၊ ဗဲ့လ္မန္းနဲ႔ အက္စ္တူပီညန္တို႔ကို ပြဲထုတ္ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ ဂေရာ့စ္၊ ဆာမီယန္တို၊ ေဆာ္လီ မာ့ခ်္နဲ႔ မီတိုမာတို႔ကို စုဖြဲ႕ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အာဆင္နယ္နဲ႔ပြဲမွာ ဂိုးရခဲ့တဲ့ လူငယ္တိုက္စစ္မႉး ဖာဂူဆန္ကို ပထမဆုံး ပြဲထြက္အျဖစ္ အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ တာေကာ့ဗ္စကီး၊ ကိုဒီ၊ ပက္တာဆန္နဲ႔ မစ္ကိုလန္ကိုတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂါနာ ေဂးယီ၊ တြမ္ေဒးဗီးစ္၊ အီဝိုဘီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂေရး၊ မက္နီးလ္နဲ႔ ကဲလ္ဗတ္-လူဝင္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၅ မိနစ္မွာ ဖရီးကစ္ကေန ေဒးဗီးစ္ ေခါင္းတိုက္ရာမွာ ဘ႐ိုက္တန္ေနာက္ခံလူ ဒန႔္ခ္ရဲ႕ လက္နဲ႔ ထိခဲ့ေပမယ့္ ပင္နယ္တီ မေပးခဲ့လို႔ အဲဗာတန္တို႔ နစ္နာခဲ့ရသလို ေနာက္ဆုံး ၁၀ ပြဲမွာ ႏိုင္ပြဲတစ္ပြဲသာ ရွိခဲ့တဲ့ အိမ္ရွင္ေတြအေနနဲ႔ ပြဲအစ မိနစ္ေတြမွာ တိုက္စစ္ဆင္ကစားခဲ့ၿပီး ဂိုးရႏိုင္ဖို႔ အထူး အားထုတ္ေနခဲ့တာျဖစ္ပါတယ္။

ခံစစ္ပိုင္းမွာ အညစ္တကာ့ထိပ္ေခါင္ လူမိုက္ေကာင္ ေဂါ့ဖရီကို မထည့္ခဲ့တာက သူ႔ရဲ႕ ၾကမ္းတမ္းမႈကို ေပါင္းမထည့္ႏိုင္ခဲ့လို႔ ဘ႐ိုက္တန္ရဲ႕ တန္ျပန္တိုက္စစ္ေတြနဲ႔ တြဲလုံးေတြကို မဖ်က္ဆီးႏိုင္ခဲ့တာကေတာ့ လမ္းပတ္အတြက္ အျဖစ္ဆိုးေစခဲ့သလို အဲဗာတန္ခံစစ္ရဲ႕ စုဖြဲ႕မႈနဲ႔ အျမန္ႏႈန္းပိုင္းမွာက အားရစရာမရွိခဲ့ဘဲ တျဖည္းျဖည္းနဲ႔ အရွိန္ကုန္လာခဲ့တာပါ။

ပြဲခ်ိန္ ၁၄ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ အေဝးကြင္းမွာ အဖြင့္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဘယ္ျခမ္းကို လွမ္းပို႔ေပးတဲ့ ကိုင္စီဒိုရဲ႕ အေဝးေဘာကို လိုက္ဖ်က္တာ မမီခဲ့တဲ့ ပက္တာဆန္ေၾကာင့္ ေတာင္ပံကေန လြတ္ထြက္သြားခဲ့တဲ့ မီတိုမာက အတြင္းကို အျမန္ႏႈန္းနဲ႔ ဆြဲဝင္ၿပီး ဂိုးသမား ပစ္ခ္ဖို႔ဒ္နဲ႔ အေတြ႕မွာ အနီးကပ္ ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ မီတိုမာ ေပးတာကေန ဖာဂူဆန္ ကန္ရာမွာ တိုင္ထိထြက္ခဲ့လို႔ အဲဗာတန္တို႔ သက္သာခဲ့ရသလို ၄ မိနစ္အၾကာမွာ သူ႔ရဲ႕ ကန္ခ်က္ကပဲ ဘားေပၚကပ္ေက်ာ္သြားခဲ့ၿပီး အိမ္ရွင္ေတြဘက္က အီဝိုဘီ၊ ဂေရးနဲ႔ မက္နီးလ္တို႔ကေတာ့ ထိထိေရာက္ေရာက္ ဖန္တီးႏိုင္တာမ်ိဳး မရွိခဲ့လို႔ ပထမပိုင္းမွာ ဘ႐ိုက္တန္တို႔ကပဲ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန အက္စ္တူပီညန္က အဲဗာတန္ခံစစ္ၾကားထဲ လွမ္းထည့္ေပးတာကို ဆာမီယန္တိုက တစ္ကိုယ္ေတာ္ အလိမ္အေခါက္နဲ႔ ဧရိယာ ဘယ္ဘက္ျခမ္းကေန ဂိုးေရွ႕ ခ်ိဳးေပးရာမွာ ဖာဂူဆန္က လြတ္လြတ္ကြၽတ္ကြၽတ္ ပိတ္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဘ႐ိုက္တန္တို႔အေနနဲ႔ တတိယ ဦးေဆာင္ဂိုးကိုလည္း ဆက္တိုက္ပဲ သြင္းယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာ ကိုဒီရဲ႕ အမွားကေန တိုက္စစ္ဆင္လာခဲ့တဲ့ ဖာဂူဆန္က ကြင္းလယ္ကေန ညာျခမ္းကို ထိုးေပးရာမွာ ေတာင္ပံကစားသမား မာ့ခ်္က အတြင္းကို ဆြဲဝင္ၿပီးမွ အဲဗာတန္ေနာက္ခံလူ ၅ ေယာက္ၾကားကေန အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာ အခ်ိန္တိုအတြင္းမွာပဲ စတုတၳေျမာက္ဂိုးကို ဘ႐ိုက္တန္တို႔ ရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို လူမၾကည့္ဘဲ ေနာက္ျပန္ေပးတဲ့ ဂါနာ ေဂးယီရဲ႕ လက္ဖ်ားခါေလာက္ေအာင္ ဆိုး႐ြားလြန္းတဲ့ အမွားကေန ရယူသြားခဲ့တဲ့ ဂေရာ့စ္က ဂိုးသမား ပစ္ခ္ဖို႔ဒ္နဲ႔အေတြ႕မွာ သူ႔အေပၚကေန အသာအယာ ေက်ာ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဲဗာတန္ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္းနဲ႔ နည္းျပ လမ္းပတ္ရဲ႕ ဦးေဆာင္မႈကေတာ့ ေတာ္ေတာ္ေလး ဆိုးဆိုး႐ြား႐ြား ပ်က္စီးေနခဲ့တာကို ေတြ႕ရၿပီး ေပးလိုက္ရတဲ့ ဂိုးအတြက္ မထုံတက္ေတးျဖစ္ေနၾကတာနဲ႔ ေဘာလုံးရယူဖို႔ တိုက္ပြဲဝင္ရာမွာ အင္တိုက္အားတိုက္ မႀကိဳးစားဘဲ စိတ္မပါ လက္မပါ လုပ္ေနၾကတာေတြက ဘ႐ိုက္တန္တို႔နဲ႔ ယွဥ္ရင္ မိုးနဲ႔ေျမလို ကြာျခားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ဘ႐ိုက္တန္တို႔ လူေတြကို အနားေပးသြားခဲ့သလို နာက်င္အခ်ိန္ပိုမွာေတာ့ သူ႔စရိတ္နဲ႔သူ အရွိန္လြန္သြားမယ့္ အီဝိုဘီရဲ႕ ေျခေထာက္ကို ဧရိယာထဲမွာ ဝင္တိုက္ခဲ့တဲ့ ဂိုးသမား ဆန္းခ်က္ဇ္ေၾကာင့္ ပင္နယ္တီ ျပန္ေပးခဲ့ရတာကို အဲဗာတန္ဘက္က ဂေရးက ဘယ္ဘက္ အေပၚကို ကန္သြင္းၿပီး အရွက္ေျပဂိုးတစ္ဂိုး ရယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဂြတ္ဒီဆန္ပါ့ခ္မွာ လွပတဲ့ အေဝးကြင္းႏိုင္ပြဲကို ဘ႐ိုက္တန္တို႔ ေလးဂိုး-တစ္ဂိုးနဲ႔ ရယူသြားခဲ့ၾကၿပီး ၁၇ ပြဲကစား ၂၇ မွတ္နဲ႔ အဆင့္ ၈ ေနရာမွာ ရပ္တည္ခဲ့သလို ေနာက္ဆုံး ၆ ပြဲဆက္တိုက္ ႏိုင္ပြဲမရွိဘဲ ၅ ပြဲအထိ ရႈံးထားခဲ့တဲ့ အဲဗာတန္တို႔ကေတာ့ အဆင့္ ၁၆ မွာ ရပ္တည္ေနခဲ့ၿပီး မန္စီးတီးကို အေဝးကြင္းမွာ သေရယူခဲ့လို႔ စိတ္သက္သာေနတဲ့ နည္းျပ လမ္းပတ္အဖို႔ေတာ့ ျပဳတ္ေစာ္ျပန္နံလာခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.