La Liga Match Report

ဘင်ဇီးမားရဲ့ အချိန်ကိုက် ပေါက်ကွဲမှုနဲ့ အဆင့်တစ်ကို ဘာစီလိုနာဆီက ပြန်လုတဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ချွာမင်နီနဲ့ မိုဒရစ်ချ်တို့ကို အနားပေးထားခဲ့ပြီး ဂိုးသမား ကူတွာ၊ ခံစစ်မှာ အလာဘာ၊ ရူဒီဂါ၊ မန်ဒီနဲ့ ကာဗာဟယ်လ်တို့ကို ပွဲထုတ်ခဲ့သလို ကွင်းလယ်မှာတော့ တိုနီ ခရူးစ်၊ စီဘာယော့စ်နဲ့ ဗယ်လ်ဗာဒီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အဆန်စီယို၊ ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘင်ဇီးမားတို့ ကစားလာခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် ဗယ်လာဒိုလစ်အသင်းကတော့ ဂိုးသမား မာဆစ်ပ်၊ ခံစစ်ဟာ ဟာဗီ ဆန်ချက်ဇ်၊ ဖာနန်ဒက်ဇ်၊ အက်စ်ကူဒေရိုနဲ့ ဖရက်စ်နီဒါတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ ရိုကေး မီဆာ၊ မွန်ချူနဲ့ အာဂွါဒိုတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ ဆာဂျီယို လီယွန်၊ ပလာနိုနဲ့ အီဗန် ဆန်ချက်ဇ်တို့ကို အသုံးပြုလာခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာ အဆန်စီယိုရဲ့ အနိမ့်ဘော ကန်သွင်းချက်ကို ဂိုးသမား မာဆစ်ပ် ပုတ်ထုတ်နိုင်ခဲ့သလို ဒီကနေ ထွက်လာတာကို စီဘာယော့စ် ချိုးပေးခဲ့ရာမှာ လျှောထိုးဖျက်တဲ့ ဗယ်လာဒိုလစ်နောက်ခံလူ ဟာဗီ ဆန်ချက်ဇ်က လက်နဲ့ သိသိသာသာ ပုတ်ခဲ့မိပေမယ့် ဒိုင်လူကြီး မူနူရာနဲ့ VAR က မယုံနိုင်စရာ ဆုံးဖြတ်ချက်အဖြစ် ပင်နယ်တီ မပေးဘဲ ပယ်ချသွားခဲ့လို့ ရီးရဲလ်တို့ နစ်နာခဲ့ရပါတယ်။

ပွဲချိန် ၁၇ မိနစ်မှာ ဗီနီးရှပ်စ် ချိုးပေးလို့ ပြန်ထွက်လာတာကို ရှုပ်ယှက်ခတ်နေတဲ့ကြားက ဘင်ဇီးမား ကန်ရာမှာ ဘားပေါ်ကျော်သွားခဲ့သလို ထိတာနဲ့ လှဲချပြီး ဒိုက်ဗင်ထိုးခဲ့တဲ့ အဆန်စီယိုကတော့ အဝါမထိဘဲ သက်သာသွားခဲ့ပြီး အိမ်ရှင် ဗယ်လာဒိုလစ်တို့ကတော့ အဝေးဘောတွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားနေခဲ့ပေမယ့် အလာဘာနဲ့ ကူတွာတို့အဖွဲ့ ကာကွယ်သွားနိုင်ခဲ့ကြပြီး ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အားနေရင် ဖြုန်းနေတဲ့ အဆန်စီယိုကြောင့် တိုက်စစ်က အလုပ်မဖြစ်ခဲ့သလို ခရူးစ်ရဲ့ ထောင့်ကန်ဘောကနေ ရူဒီဂါ ခေါင်းတိုက်ချက်ကလည်း ဘေးထွက်သွားခဲ့လို့ ဂိုးရဖို့ ဝေးနေခဲ့တာကြောင့် ပွဲချိန် မိနစ် ၆၀ မှာ ကာဗာဟယ်လ်နဲ့ အဆန်စီယိုတို့အစား ရိုဒရီဂိုနဲ့ လူးကပ်စ် ဗက်ဇ်ကက်ဇ်တို့ကို ထည့်သွင်းခဲ့သလို သိပ်မကြာခင်မှာတော့ စီဘာယော့စ်အစား ကာမာဗင်ဂါကိုပါ ထပ်မံအားဖြည့်သွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ ထောင့်ကန်ဘောကနေ လက်ထိမိပြန်တဲ့ ဗယ်လာဒိုလစ်နောက်ခံလူ ဟာဗီ ဆန်ချက်ဇ်ကြောင့် ဒီတစ်ခါမှာတော့ ပင်နယ်တီ သတ်မှတ်ခံခဲ့ရပြီး ပထမတစ်ကြိမ်ကလောက်တောင် မဆိုးရွားတဲ့ ကျူးလွန်မှုကို VAR နဲ့ အတည်ပြုသွားခဲ့အပြီးမှာ ဘင်ဇီးမားက ဂိုးသမား မာဆစ်ပ် ဒိုက်ပစ်တဲ့ဘက်နဲ့ ဆန့်ကျင်ဘက်ကို ကန်သွင်းယူနိုင်ခဲ့လို့ ပွဲချိန် ၈၃ မိနစ်မှာ ရီးရဲလ်တို့ စတင်ဦးဆောင်နိုင်ခဲ့တာပါ။

ထောင့်ကန်ဘောတစ်ဆင့် လက်ထိခဲ့တဲ့ ဖြစ်ရပ်မှာ ရူဒီဂါရဲ့ ခေါင်းတိုက်ချက်က ဂိုးဆီကို မသွားတာ၊ လွတ်ထွက်လာရင် ပိတ်သွင်းမယ့် ရီးရဲလ် အသင်းသားတွေ ရှိမနေတာတွေက ပင်နယ်တီ မပေးသင့်တဲ့ အကြောင်းရင်းတွေအဖြစ် ခိုင်လုံခဲ့ပေမယ့် ပထမတစ်ကြိမ်မှာ ဘင်ဇီးမား ငုတ်တုတ်ကြီး ရှိနေတဲ့ ရှေ့မှာ လက်ထိခဲ့တာကို VAR နဲ့ ပင်နယ်တီ မပေးခဲ့တဲ့ အမှားကို အလျော်ပေးသွားခဲ့တဲ့ ခပ်ညံ့ညံ့လုပ်ရပ်အဖြစ်ပဲ ရယ်စရာတစ်ခုဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ အနိုင်သေချာစေမယ့် ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ လူစားဝင် ကွင်းလယ်လူ မိုဒရစ်ချ်နဲ့ ဝမ်းတူးရိုက်ထွက်ခဲ့တဲ့ ကာမာဗင်ဂါရဲ့ အနိမ့်ဘော ချိုးပေးတဲ့ ဖန်တီးမှုကို ဘင်ဇီးမားက ဂိုးရှေ့မှာ တစ်ချက်ထိန်းပြီးမှ ထောင့်ထဲကို အပြင်းကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ရီးရဲလ်မက်ဒရစ်တို့က ဗယ်လာဒိုလစ်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် ၁၅ ပွဲမှာ ၃၈ မှတ် စုဆောင်းနိုင်ခဲ့သလို အဓိကပြိုင်ဘက် ဘာစီလိုနာထက် တစ်ပွဲပိုကစားပြီး တစ်မှတ်အသာနဲ့ လာလီဂါ အမှတ်ပေးဇယားကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ခြၽာမင္နီနဲ႔ မိုဒရစ္ခ်္တို႔ကို အနားေပးထားခဲ့ၿပီး ဂိုးသမား ကူတြာ၊ ခံစစ္မွာ အလာဘာ၊ ႐ူဒီဂါ၊ မန္ဒီနဲ႔ ကာဗာဟယ္လ္တို႔ကို ပြဲထုတ္ခဲ့သလို ကြင္းလယ္မွာေတာ့ တိုနီ ခ႐ူးစ္၊ စီဘာေယာ့စ္နဲ႔ ဗယ္လ္ဗာဒီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အဆန္စီယို၊ ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ဘင္ဇီးမားတို႔ ကစားလာခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ ဗယ္လာဒိုလစ္အသင္းကေတာ့ ဂိုးသမား မာဆစ္ပ္၊ ခံစစ္ဟာ ဟာဗီ ဆန္ခ်က္ဇ္၊ ဖာနန္ဒက္ဇ္၊ အက္စ္ကူေဒ႐ိုနဲ႔ ဖရက္စ္နီဒါတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုေကး မီဆာ၊ မြန္ခ်ဴနဲ႔ အာဂြါဒိုတို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ ဆာဂ်ီယို လီယြန္၊ ပလာႏိုနဲ႔ အီဗန္ ဆန္ခ်က္ဇ္တို႔ကို အသုံးျပဳလာခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာ အဆန္စီယိုရဲ႕ အနိမ့္ေဘာ ကန္သြင္းခ်က္ကို ဂိုးသမား မာဆစ္ပ္ ပုတ္ထုတ္ႏိုင္ခဲ့သလို ဒီကေန ထြက္လာတာကို စီဘာေယာ့စ္ ခ်ိဳးေပးခဲ့ရာမွာ ေလွ်ာထိုးဖ်က္တဲ့ ဗယ္လာဒိုလစ္ေနာက္ခံလူ ဟာဗီ ဆန္ခ်က္ဇ္က လက္နဲ႔ သိသိသာသာ ပုတ္ခဲ့မိေပမယ့္ ဒိုင္လူႀကီး မူႏူရာနဲ႔ VAR က မယုံႏိုင္စရာ ဆုံးျဖတ္ခ်က္အျဖစ္ ပင္နယ္တီ မေပးဘဲ ပယ္ခ်သြားခဲ့လို႔ ရီးရဲလ္တို႔ နစ္နာခဲ့ရပါတယ္။

ပြဲခ်ိန္ ၁၇ မိနစ္မွာ ဗီနီးရွပ္စ္ ခ်ိဳးေပးလို႔ ျပန္ထြက္လာတာကို ရႈပ္ယွက္ခတ္ေနတဲ့ၾကားက ဘင္ဇီးမား ကန္ရာမွာ ဘားေပၚေက်ာ္သြားခဲ့သလို ထိတာနဲ႔ လွဲခ်ၿပီး ဒိုက္ဗင္ထိုးခဲ့တဲ့ အဆန္စီယိုကေတာ့ အဝါမထိဘဲ သက္သာသြားခဲ့ၿပီး အိမ္ရွင္ ဗယ္လာဒိုလစ္တို႔ကေတာ့ အေဝးေဘာေတြနဲ႔ ထိုးေဖာက္ဖို႔ ႀကိဳးစားေနခဲ့ေပမယ့္ အလာဘာနဲ႔ ကူတြာတို႔အဖြဲ႕ ကာကြယ္သြားႏိုင္ခဲ့ၾကၿပီး ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း အားေနရင္ ျဖဳန္းေနတဲ့ အဆန္စီယိုေၾကာင့္ တိုက္စစ္က အလုပ္မျဖစ္ခဲ့သလို ခ႐ူးစ္ရဲ႕ ေထာင့္ကန္ေဘာကေန ႐ူဒီဂါ ေခါင္းတိုက္ခ်က္ကလည္း ေဘးထြက္သြားခဲ့လို႔ ဂိုးရဖို႔ ေဝးေနခဲ့တာေၾကာင့္ ပြဲခ်ိန္ မိနစ္ ၆၀ မွာ ကာဗာဟယ္လ္နဲ႔ အဆန္စီယိုတို႔အစား ႐ိုဒရီဂိုနဲ႔ လူးကပ္စ္ ဗက္ဇ္ကက္ဇ္တို႔ကို ထည့္သြင္းခဲ့သလို သိပ္မၾကာခင္မွာေတာ့ စီဘာေယာ့စ္အစား ကာမာဗင္ဂါကိုပါ ထပ္မံအားျဖည့္သြားခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ ေထာင့္ကန္ေဘာကေန လက္ထိမိျပန္တဲ့ ဗယ္လာဒိုလစ္ေနာက္ခံလူ ဟာဗီ ဆန္ခ်က္ဇ္ေၾကာင့္ ဒီတစ္ခါမွာေတာ့ ပင္နယ္တီ သတ္မွတ္ခံခဲ့ရၿပီး ပထမတစ္ႀကိမ္ကေလာက္ေတာင္ မဆိုး႐ြားတဲ့ က်ဴးလြန္မႈကို VAR နဲ႔ အတည္ျပဳသြားခဲ့အၿပီးမွာ ဘင္ဇီးမားက ဂိုးသမား မာဆစ္ပ္ ဒိုက္ပစ္တဲ့ဘက္နဲ႔ ဆန႔္က်င္ဘက္ကို ကန္သြင္းယူႏိုင္ခဲ့လို႔ ပြဲခ်ိန္ ၈၃ မိနစ္မွာ ရီးရဲလ္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့တာပါ။

ေထာင့္ကန္ေဘာတစ္ဆင့္ လက္ထိခဲ့တဲ့ ျဖစ္ရပ္မွာ ႐ူဒီဂါရဲ႕ ေခါင္းတိုက္ခ်က္က ဂိုးဆီကို မသြားတာ၊ လြတ္ထြက္လာရင္ ပိတ္သြင္းမယ့္ ရီးရဲလ္ အသင္းသားေတြ ရွိမေနတာေတြက ပင္နယ္တီ မေပးသင့္တဲ့ အေၾကာင္းရင္းေတြအျဖစ္ ခိုင္လုံခဲ့ေပမယ့္ ပထမတစ္ႀကိမ္မွာ ဘင္ဇီးမား ငုတ္တုတ္ႀကီး ရွိေနတဲ့ ေရွ႕မွာ လက္ထိခဲ့တာကို VAR နဲ႔ ပင္နယ္တီ မေပးခဲ့တဲ့ အမွားကို အေလ်ာ္ေပးသြားခဲ့တဲ့ ခပ္ညံ့ညံ့လုပ္ရပ္အျဖစ္ပဲ ရယ္စရာတစ္ခုျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ အႏိုင္ေသခ်ာေစမယ့္ ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန လူစားဝင္ ကြင္းလယ္လူ မိုဒရစ္ခ်္နဲ႔ ဝမ္းတူး႐ိုက္ထြက္ခဲ့တဲ့ ကာမာဗင္ဂါရဲ႕ အနိမ့္ေဘာ ခ်ိဳးေပးတဲ့ ဖန္တီးမႈကို ဘင္ဇီးမားက ဂိုးေရွ႕မွာ တစ္ခ်က္ထိန္းၿပီးမွ ေထာင့္ထဲကို အျပင္းကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔က ဗယ္လာဒိုလစ္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္းမွာ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ ၁၅ ပြဲမွာ ၃၈ မွတ္ စုေဆာင္းႏိုင္ခဲ့သလို အဓိကၿပိဳင္ဘက္ ဘာစီလိုနာထက္ တစ္ပြဲပိုကစားၿပီး တစ္မွတ္အသာနဲ႔ လာလီဂါ အမွတ္ေပးဇယားကို ျပန္လည္ ဦးေဆာင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.