La Liga

ပြင်သစ်လက်ရွေးစင်အသင်းနဲ့ အက်ကြောင်းက ထင်တာထက်ကြီးတယ်ဆိုတာ ပြသခဲ့တဲ့ ဘန်ဇီးမား

ကာရင် ဘန်ဇီးမားဟာ လက်ရွေးစင်ကစားသမားဘဝကို အံ့အားသင့်ဖွယ် အဆုံးသတ်ခဲ့ပြီးနောက် ပြင်သစ်လက်ရွေးစင်အသင်းဖော်တွေအားလုံးနီးပါးကို အင်စတာဂရမ်ကနေ unfollowed လုပ်ခဲ့ပြီး နောက်ထပ် ပဟေဋ္ဌိတစ်ခု ပြုလုပ်ခဲ့ပြန်တယ်လို့ သိရပါတယ်။

ဘန်ဇီးမားဟာ ဒဏ်ရာရရှိသွားခဲ့ပြီးနောက် ကမ္ဘာ့ဖလားကနေ စောစောစီးစီး အိမ်ပြန်ပို့ခြင်း ခံခဲ့ရသူဖြစ်ပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အတွက် ခြေစမ်းပွဲကစားပေးခဲ့တာကြောင့် ပြင်သစ်ရဲ့ဗိုလ်လုပွဲမှာ ပါဝင်ကစားပေးနိုင်တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ကာရင် ဘန်ဇီးမားဟာ ကာတာက ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ကြည့်ရှုဖို့ သီးသန့်ဂျက်လေယာဉ်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်နဲ့အတူ လိုက်ပါခွင့် ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူးက ပြင်သစ်နည်းပြနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့ပြီးနောက် ဗိုလ်လုပွဲကစားမယ့် ပြင်သစ်ရဲ့ ပွဲစဉ်ကိုပါ လိုက်ပါကြည့်ရှုဖို့ ငြင်းဆန်ခဲ့ပြီး ဗိုလ်လုပွဲအပြီးနောက်တစ်နေ့မှာပဲ လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ Marca က နောက်ထပ် ထူးခြားတဲ့အခြေအနေ တစ်ခုရှိနေခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ဘန်ဇီးမားဟာ ပြင်သစ်လက်ရွေးစင်အသင်းဖော် ၅ ဦးကလွဲပြီး ကျန်တဲ့အသင်းဖော်တွေအားလုံးကို unfollowed လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဘန်ဇီးမားရဲ့ unfollowed အစုလိုက် အပြုံလိုက်လုပ်ခြင်းခံခဲ့ရသူတွေထဲကနေ လွတ်မြောက်ခဲ့သူတွေကတော့ အက်ဒွါဒို ကမာဗင်ဂါ၊ အော်ရယ်လီယန် ချွင်မင်နီ၊ ခီလီယန် အမ်ဘာပေ၊ ရာဖေးလ် ဗာရွမ်းနဲ့ မားကပ်စ် သူရမ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

ကမာဗင်ဂါနဲ့ ချွင်မေနီတို့ဟာ ဘန်ဇီးမားနဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်းမှာ ကစားနေကြတဲ့ အသင်းဖော်တွေဖြစ်ပြီး ဗာရွမ်းကတော့ ဘာနေဗျူးမှာ နှစ်အတော်ကြာ အတူတူ တွဲကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း တစ်ဦး ဖြစ်ပါတယ်။

ဘန်ဇီးမားဟာ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြသစ် ဖြစ်လာဖို့ စောင့်မျှော်နေတဲ့ နည်းပြဟောင်းနဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ ဇီဒန်းကိုလည်း follow ထားတယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကာရင္ ဘန္ဇီးမားဟာ လက္ေ႐ြးစင္ကစားသမားဘဝကို အံ့အားသင့္ဖြယ္ အဆုံးသတ္ခဲ့ၿပီးေနာက္ ျပင္သစ္လက္ေ႐ြးစင္အသင္းေဖာ္ေတြအားလုံးနီးပါးကို အင္စတာဂရမ္ကေန unfollowed လုပ္ခဲ့ၿပီး ေနာက္ထပ္ ပေဟ႒ိတစ္ခု ျပဳလုပ္ခဲ့ျပန္တယ္လို႔ သိရပါတယ္။

ဘန္ဇီးမားဟာ ဒဏ္ရာရရွိသြားခဲ့ၿပီးေနာက္ ကမာၻ႔ဖလားကေန ေစာေစာစီးစီး အိမ္ျပန္ပို႔ျခင္း ခံခဲ့ရသူျဖစ္ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အတြက္ ေျခစမ္းပြဲကစားေပးခဲ့တာေၾကာင့္ ျပင္သစ္ရဲ႕ဗိုလ္လုပြဲမွာ ပါဝင္ကစားေပးႏိုင္တယ္လို႔ ေျပာဆိုမႈေတြ ရွိခဲ့တာျဖစ္ပါတယ္။ ကာရင္ ဘန္ဇီးမားဟာ ကာတာက ကမာၻ႔ဖလားဗိုလ္လုပြဲကို ၾကည့္ရႈဖို႔ သီးသန႔္ဂ်က္ေလယာဥ္နဲ႔ ျပင္သစ္သမၼတ မက္ခ႐ြန္နဲ႔အတူ လိုက္ပါခြင့္ ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အသက္ ၃၄ ႏွစ္အ႐ြယ္ တိုက္စစ္မႉးက ျပင္သစ္နည္းျပနဲ႔ ဆက္ဆံေရးမေျပမလည္ျဖစ္ခဲ့ၿပီးေနာက္ ဗိုလ္လုပြဲကစားမယ့္ ျပင္သစ္ရဲ႕ ပြဲစဥ္ကိုပါ လိုက္ပါၾကည့္ရႈဖို႔ ျငင္းဆန္ခဲ့ၿပီး ဗိုလ္လုပြဲအၿပီးေနာက္တစ္ေန႔မွာပဲ လက္ေ႐ြးစင္ကစားသမားဘဝကေန အနားယူၿပီလို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ Marca က ေနာက္ထပ္ ထူးျခားတဲ့အေျခအေန တစ္ခုရွိေနခဲ့တယ္လို႔ ေဖာ္ျပခဲ့ၿပီး ဘန္ဇီးမားဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းေဖာ္ ၅ ဦးကလြဲၿပီး က်န္တဲ့အသင္းေဖာ္ေတြအားလုံးကို unfollowed လုပ္ခဲ့တယ္လို႔ သိရပါတယ္။

ဘန္ဇီးမားရဲ႕ unfollowed အစုလိုက္ အၿပဳံလိုက္လုပ္ျခင္းခံခဲ့ရသူေတြထဲကေန လြတ္ေျမာက္ခဲ့သူေတြကေတာ့ အက္ဒြါဒို ကမာဗင္ဂါ၊ ေအာ္ရယ္လီယန္ ခြၽင္မင္နီ၊ ခီလီယန္ အမ္ဘာေပ၊ ရာေဖးလ္ ဗာ႐ြမ္းနဲ႔ မားကပ္စ္ သူရမ္တို႔ ျဖစ္တယ္လို႔ သိရပါတယ္။

ကမာဗင္ဂါနဲ႔ ခြၽင္ေမနီတို႔ဟာ ဘန္ဇီးမားနဲ႔အတူ ရီးရဲလ္မက္ဒရစ္အသင္းမွာ ကစားေနၾကတဲ့ အသင္းေဖာ္ေတြျဖစ္ၿပီး ဗာ႐ြမ္းကေတာ့ ဘာေနဗ်ဴးမွာ ႏွစ္အေတာ္ၾကာ အတူတူ တြဲကစားခဲ့ဖူးတဲ့ အသင္းေဖာ္ေဟာင္း တစ္ဦး ျဖစ္ပါတယ္။

ဘန္ဇီးမားဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းနည္းျပသစ္ ျဖစ္လာဖို႔ ေစာင့္ေမွ်ာ္ေနတဲ့ နည္းျပေဟာင္းနဲ႔ အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ဇီဒန္းကိုလည္း follow ထားတယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.