International World Cup

၂၀၂၂ ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ရွေးချယ်မခံခဲ့ရတဲ့ ရော်နယ်လ်ဒို

ပြင်သစ်နေ့စဉ်သတင်းစာ L’Equipe က ၎င်းတို့ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းကို သတ်မှတ်ခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အကောင်းဆုံး ၁၁ ဦးစာရင်းထဲမှာ ပါဝင်ခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ ကလပ်အသင်းနဲ့ရော နိုင်ငံအသင်းနဲ့ပါ ခက်ခဲတဲ့ နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့သူဖြစ်တာကြောင့် အိပ်မက်အသင်းပွဲထွက်လူစာရင်းထဲမှာ ချန်လှပ်ခံခဲ့ရတာက အံ့အားသင့်စရာတော့မဟုတ်တော့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်လောက်မှာ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း ဒုတိယနှစ်ဝက်မှာတော့ လုံးဝ ခြေစွမ်းပျောက်ဆုံးသွားခဲ့ပြီး ပြီးခဲ့တဲ့လမှာ အိုးထရက်ဖို့ဒ်ကနေ အငြင်းပွားဖွယ်မထွက်ခွာမီ မန်ယူနိုက်တက်အတွက် ၁၆ ပွဲမှာ ၃ ဂိုးသာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရသူဖြစ်ပြီး ပေါ်တူဂီအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ကွင်းထဲကနေ မျက်ရည်စတွေနဲ့ ထွက်ခွာသွားခဲ့တာကို မြင်တွေ့ခဲ့ရပြီး လက်ရှိမှာတော့ နောက်ထပ် ပြောင်းရွှေ့မယ့်အသင်းကို ရှာဖွေနေပြီဖြစ်တာကြောင့် အယ်လ်နက်ဆာအသင်းက ကြီးမားတဲ့ငွေကြေးနဲ့ ခေါ်ယူနိုင်ဖို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။

L’Equipe ရဲ့ တစ်နှစ်တာအကောင်းဆုံးအသင်းထဲမှာ ပုံမှန်ပါဝင်နေကျကစားသမားတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ အမ်ဘာပေ၊ ကာရင် ဘန်ဇီးမားတို့လိုကစားသမားတွေ ပါဝင်ခဲ့ပြီး အားလုံးဟာ ထူးခြားဆန်းကြယ်တဲ့နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ကာလရှည်အဓိကပြိုင်ဘက်ဖြစ်တဲ့ လီယွ်နယ် မက်ဆီဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားရရှိအေင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပြိုင်ပွဲတလျှောက်အကောင်းဆုံးကစားသမားဆုဖြစ်တဲ့ ရွှေဘောလုံးဆုကိုလည်း ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္ေန႔စဥ္သတင္းစာ L’Equipe က ၎တို႔ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးအသင္းကို သတ္မွတ္ခဲ့ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အေကာင္းဆုံး ၁၁ ဦးစာရင္းထဲမွာ ပါဝင္ခဲ့ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ ကလပ္အသင္းနဲ႔ေရာ ႏိုင္ငံအသင္းနဲ႔ပါ ခက္ခဲတဲ့ ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့သူျဖစ္တာေၾကာင့္ အိပ္မက္အသင္းပြဲထြက္လူစာရင္းထဲမွာ ခ်န္လွပ္ခံခဲ့ရတာက အံ့အားသင့္စရာေတာ့မဟုတ္ေတာ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၂၀၂၂ ခုႏွစ္ ပထမႏွစ္ဝက္ေလာက္မွာ ပုံမွန္ေျခစြမ္းျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ဒုတိယႏွစ္ဝက္မွာေတာ့ လုံးဝ ေျခစြမ္းေပ်ာက္ဆုံးသြားခဲ့ၿပီး ၿပီးခဲ့တဲ့လမွာ အိုးထရက္ဖို႔ဒ္ကေန အျငင္းပြားဖြယ္မထြက္ခြာမီ မန္ယူႏိုက္တက္အတြက္ ၁၆ ပြဲမွာ ၃ ဂိုးသာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ခက္ခဲၾကမ္းတမ္းတဲ့ အခ်ိန္ေတြကို ျဖတ္သန္းခဲ့ရသူျဖစ္ၿပီး ေပၚတူဂီအသင္းဟာ ကြာတားဖိုင္နယ္အဆင့္မွာ ေမာ္႐ိုကိုအသင္းကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ကြင္းထဲကေန မ်က္ရည္စေတြနဲ႔ ထြက္ခြာသြားခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး လက္ရွိမွာေတာ့ ေနာက္ထပ္ ေျပာင္းေ႐ႊ႕မယ့္အသင္းကို ရွာေဖြေနၿပီျဖစ္တာေၾကာင့္ အယ္လ္နက္ဆာအသင္းက ႀကီးမားတဲ့ေငြေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။

L’Equipe ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးအသင္းထဲမွာ ပုံမွန္ပါဝင္ေနက်ကစားသမားေတြျဖစ္တဲ့ လီယြန္နယ္ မက္ဆီ၊ အမ္ဘာေပ၊ ကာရင္ ဘန္ဇီးမားတို႔လိုကစားသမားေတြ ပါဝင္ခဲ့ၿပီး အားလုံးဟာ ထူးျခားဆန္းၾကယ္တဲ့ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့ၾကတာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ ကာလရွည္အဓိကၿပိဳင္ဘက္ျဖစ္တဲ့ လီယြ္နယ္ မက္ဆီဟာ အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းကို ကမာၻ႔ဖလားရရွိေအင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲတေလွ်ာက္အေကာင္းဆုံးကစားသမားဆုျဖစ္တဲ့ ေ႐ႊေဘာလုံးဆုကိုလည္း ေပးအပ္ခ်ီးျမႇင့္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.