La Liga
နူးကမ့်ကို မက်ဆီ ပြန်လာနိုင်ခြေရှိတယ်လို့ ပြောလိုက်တဲ့ လာပေါ်တာ
ဘာစီလိုနာဥက္ကဌ ယိုအန်း လာပေါ်တာက နူးကမ့်ကို လီယွန်နယ် မက်ဆီ ပြန်လာနိုင်ခြေနဲ့ပတ်သက်ပြီး ၎င်းရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တဲ့ နူးကမ့်ကို ပြန်လည်ပြောင်းရွှေ့ဖို့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ဘာစီလိုနာအတွက် ၇၇၈ ပွဲမှာ သွင်းဂိုး ၆၇၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၀၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ဘာစီလိုနာဥက္ကဌ လာပေါ်တာက လီယွန်နယ် မက်ဆီကို ဘာစီလိုနာအသင်းဆီ ပြန်လည်ခေါ်ယူချင်တဲ့ဆန္ဒကို အဆက်မပြတ် ထုတ်ဖော်ပြောကြားခဲ့ပြီး လက်ရှိမှာလည်း နောက်ထပ်တစ်ကြိမ် ပြောကြားခဲ့ပြန်တာ ဖြစ်ပါတယ်။
လာပေါ်တာက မက်ဆီရဲ့ နှလုံးခုန်သံဟာ ဘာစီလိုနာအသင်းအတွက် ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ ဘောလုံးသမိုင်းမှာ အကြီးကျယ်အခမ်းနားဆုံး ကစားသမားလို့ ချီးကျူးခဲ့ပါတယ်။
“မက်ဆီက တသက်တာအကောင်းဆုံးကစားသမားပါ။ သူက ဘာဆာ ပရိသတ်ပါ။ သူ့ရဲ့ နှလုံးခုန်သံက ဘာဆာအတွက်ပါ။ အဲဒီတော့ သတင်းတွေ ထွက်ပေါ်နေတာက သာမန်ပါပဲ။ မက်ဆီ ပြန်လာမှာလားဆိုရင် သူက ပီအက်စ်ဂျီကစားသမားပါ။ ကျွန်တော်တို့ လီယို တစ်နေ့ ဒီကို ပြန်လာတာ မြင်ချင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကြည့်ရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
လာပေါ်တာရဲ့မှတ်ချက်ဟာ လီယွန်နယ် မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ တစ်နှစ် စာချုပ်သက်တမ်းတိုးဖို့အတွက် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းတွေ ထွက်ပေါ်ပြီးနောက် ပြောကြားခဲ့တာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ လက်ရှိမှာ ကမ္ဘာ့ဖလားအောင်ပွဲကို အာဂျင်တီးနားနိုင်ငံသားတွေနဲ့အတူ အောင်ပွဲခံနေတာဖြစ်ပါတယ်။
ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားအသင်းအတွက် ၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူဖြစ်ပြီး ပြိုင်ပွဲတလျှောက်အကောင်းဆုံးကစားသမားကို ပေးအပ်တဲ့ ရွှေဘောလုံးဆုကိုလည်း မယုံနိုင်ဖွယ်စွမ်းဆောင်ရည်ကြောင့် ရရှိခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
REF: INTERNET SOURCES
SPORTS A2Z.