International World Cup

ကမ္ဘာ့ဖလားနဲ့လွဲချော်ပြီးနောက် ပထမဆုံးပို့စ်တင်ခဲ့တဲ့ အမ်ဘာပေ

ပြင်သစ်ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ တနင်္ဂနွေနေ့ညက ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ၎င်းရဲ့အသင်းက အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြန်လာမယ်လို့ ကတိပေးခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးဟာ အာ၈ျင်တီးနားအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း သမိုင်းတလျှောက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ဟက်ထရစ်သွင်းယူနိုင်တဲ့ ဒုတိယမြောက် ကစားသမား ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

အမ်ဘာပေဟာ ၂ မိနစ်အတွင်း အချိန်ပိုအထိ ဆက်လက်ယှဉ်ပြိုင်ရစေမယ့် ချေပဂိုး ၂ ဂိုးကို သွင်းယူပေးခဲ့ပြီး တတိယမြောက် ဂိုးကိုတော့ နာကျင်အချိန်ပို ဒုတိယပိုင်း ပြီးဆုံးခါနီး ရရှိခဲ့တဲ့ ပင်နယ်တီကနေ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ပင်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာမှာ အမှားအယွင်းမရှိအဆုံးသတ်နိုင်ခဲ့ပေမယ့်လည်း အီမီလီယာနို မာတီနက်ဇ်က အာဂျင်တီးနားအတွက် ၂ ကြိမ်အထိ လက်စွမ်းပြကာကွယ်ပြီး သူရဲကောင်းဖြစ်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပီလီနောက်ပိုင်း ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက်တိုက် ကိုင်မြှောက်နိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာဖို့ ရည်မှန်းခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၄ နှစ်က ရုရှားမှာ ပြင်သစ်ကို ကမ္ဘာ့ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တနင်္ဂနွေနေ့ည အဆုံးမှာတော့ လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားအသင်းကပဲ ဗိုလ်စွဲသွားခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပိုမိုသန်မာတဲ့ပုံစံနဲ့ ပြန်လာမှာဖြစ်တယ်လို့ ပရိသတ်တွေကို ကတိပေးစကား ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ပြန်လာမှာပါ”လို့ အမ်ဘာပေက ၎င်းရဲ့ပို့စ်မှာ ပြင်သစ်အလံနဲ့ ဆုတောင်းတဲ့အီမိုဂျီပုံနဲ့အတူ တင်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သွင်းဂိုး ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္ၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ တနဂၤေႏြေန႔ညက ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ၎ရဲ႕အသင္းက အာဂ်င္တီးနားကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ျပန္လာမယ္လို႔ ကတိေပးခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အာ၈်င္တီးနားအသင္းကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း သမိုင္းတေလွ်ာက္ ကမာၻ႔ဖလား ဗိုလ္လုပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္တဲ့ ဒုတိယေျမာက္ ကစားသမား ျဖစ္လာခဲ့သူ ျဖစ္ပါတယ္။

အမ္ဘာေပဟာ ၂ မိနစ္အတြင္း အခ်ိန္ပိုအထိ ဆက္လက္ယွဥ္ၿပိဳင္ရေစမယ့္ ေခ်ပဂိုး ၂ ဂိုးကို သြင္းယူေပးခဲ့ၿပီး တတိယေျမာက္ ဂိုးကိုေတာ့ နာက်င္အခ်ိန္ပို ဒုတိယပိုင္း ၿပီးဆုံးခါနီး ရရွိခဲ့တဲ့ ပင္နယ္တီကေန သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ပင္နယ္တီ အဆုံးအျဖတ္ကန္သြင္းရာမွာ အမွားအယြင္းမရွိအဆုံးသတ္ႏိုင္ခဲ့ေပမယ့္လည္း အီမီလီယာႏို မာတီနက္ဇ္က အာဂ်င္တီးနားအတြက္ ၂ ႀကိမ္အထိ လက္စြမ္းျပကာကြယ္ၿပီး သူရဲေကာင္းျဖစ္ခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ ပီလီေနာက္ပိုင္း ကမာၻ႔ဖလားကို ၂ ႀကိမ္ဆက္တိုက္ ကိုင္ေျမႇာက္ႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာဖို႔ ရည္မွန္းခဲ့တာျဖစ္ၿပီး လြန္ခဲ့တဲ့ ၄ ႏွစ္က ႐ုရွားမွာ ျပင္သစ္ကို ကမာၻ႔ခ်န္ပီယံျဖစ္ေအာင္ ကူညီေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တနဂၤေႏြေန႔ည အဆုံးမွာေတာ့ လီယြန္နယ္ မက္ဆီရဲ႕ အာဂ်င္တီးနားအသင္းကပဲ ဗိုလ္စြဲသြားခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးက ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပိုမိုသန္မာတဲ့ပုံစံနဲ႔ ျပန္လာမွာျဖစ္တယ္လို႔ ပရိသတ္ေတြကို ကတိေပးစကား ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ျပန္လာမွာပါ”လို႔ အမ္ဘာေပက ၎ရဲ႕ပို႔စ္မွာ ျပင္သစ္အလံနဲ႔ ဆုေတာင္းတဲ့အီမိုဂ်ီပုံနဲ႔အတူ တင္ခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ သြင္းဂိုး ၈ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲရဲ႕ ေ႐ႊဖိနပ္ဆုကို ဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.