International World Cup

ဟာကီမီရဲ့ ဓာတ်ပုံတွေကို ဖျက်ပစ်စေချင်နေတဲ့ ဖီဖာ

ဖီဖာဟာ မော်ရိုကိုအသင်းက ခရိုအေးရှားအသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဖီဖာဥက္ကဌ အင်ဖန်တီနိုကို ဟာကီမီက စောဒကတက်နေတဲ့ ဓာတ်ပုံတွေကို ဖျက်ပစ်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မော်ရိုကိုအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်အသင်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒိုင်လူကြီး ဆီဇာ ရာမို့စ်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကို တရားဝင် စောဒကတက်ခဲ့ပြီးနောက် စနေနေ့ညမှာ ခရိုအေးရှားအသင်းနဲ့ တတိယနေရာလုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာလည်း နောက်ထပ်တစ်ကြိမ် ဒိုင်လူကြီးရဲ့ ပြင်းထန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

တစ်ကြိမ်မှာ အန်နက်စရီရဲ့ ခေါင်းတိုက်ချက်က ဘရူနို ပတ်ကိုဗစ်ချ်ရဲ့ လက်မောင်းကို ထိခဲ့ပြီး မော်ရိုကိုအသင်းက ၎င်းတို့ရဲ့ ပင်နယ်တီကို ငြင်းပယ်ခြင်း ခံခဲ့ရတယ်လို့ ခံစားခဲ့ရတာ ဖြစ်ပါတယ်။

နောက်တစ်ကြိမ်မှာလည်း ဟာကီမီကို ပတ်ကိုဗစ်က ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပေမယ့်လည်း ကွင်းလယ်ဒိုင်က ပွဲကို ဆက်လက်ကစားခွင့်ပြုခဲ့တာဖြစ်ပြီး ပွဲအပြီးမှာတော့ ဟာကီမီဟာ ဆုပေးပွဲအခမ်းအနားပြုလုပ်နေစဉ်အတွင်း အင်ဖန်တီနိုကို ငြင်းခုန်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

မော်ရိုကို နောက်ခံကစားသမားဟာ ယဉ်ယဉ်ကျေကျေးနဲ့ တောင်းဆိုနေတဲ့ပုံပေါ်ပေမယ့်လည်း ဖီဖာက အဲဒီဓာတ်ပုံတွေကို လူအများဆီ ရောက်ရှိသွားမှာကို စိုးရိမ်တာကြောင့် ဖျက်ပစ်ဖို့အတွက် ကြိုးပမ်းနေတယ်လို့ SVT Sports သတင်းထောက် ဂျိုဟန် ကူကူကက်စ်လန်က ပြောကြားခဲ့ပါတယ်။

“သူတို့တွေက ကျွန်တော်တို့ကို ဓာတ်ပုံတွေ ဖျက်ပစ်စေချင်ခဲ့တယ်။ ဒီဟာက သူတို့အတွက် အရှက်စရာမြင်ကွင်းဆိုတာ ရှင်းပါတယ်။ ဂျာနယ်လစ် ဒါဇင်ပေါင်းများစွာက ဒီလိုဖြစ်ပျက်နေတာကို မြင်တွေ့နေတဲ့အချိန်မှာ ဒီအကြောင်းကို သတင်းမရေးဘူးလို့ တွေးတာက သူတို့အနေနဲ့ နည်းနည်း နုံအတာဖြစ်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မော်ရိုကိုအသင်းဟာ ခရိုအေးရှားကို တတိယနေရာလုပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စတုတ္ထနေရာနဲ့ကျေနပ်ခဲ့ရတာဖြစ်ပေမယ့်လည်း ကမ္ဘာ့ဖလားသမိုင်းတလျှောက်မှာ အာဖရိကအသင်းတစ်သင်းအဖြစ်နဲ့ အမြင့်မားဆုံး ရပ်တည်မှုကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖီဖာဟာ ေမာ္႐ိုကိုအသင္းက ခ႐ိုေအးရွားအသင္းကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး ဖီဖာဥကၠဌ အင္ဖန္တီႏိုကို ဟာကီမီက ေစာဒကတက္ေနတဲ့ ဓာတ္ပုံေတြကို ဖ်က္ပစ္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

ေမာ္႐ိုကိုအသင္းဟာ ဆီမီးဖိုင္နယ္အဆင့္မွာ ျပင္သစ္အသင္းကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ဒိုင္လူႀကီး ဆီဇာ ရာမို႔စ္ရဲ႕ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေတြကို တရားဝင္ ေစာဒကတက္ခဲ့ၿပီးေနာက္ စေနေန႔ညမွာ ခ႐ိုေအးရွားအသင္းနဲ႔ တတိယေနရာလုပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ ဒိုင္လူႀကီးရဲ႕ ျပင္းထန္တဲ့ဆုံးျဖတ္ခ်က္ေတြနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

တစ္ႀကိမ္မွာ အန္နက္စရီရဲ႕ ေခါင္းတိုက္ခ်က္က ဘ႐ူႏို ပတ္ကိုဗစ္ခ်္ရဲ႕ လက္ေမာင္းကို ထိခဲ့ၿပီး ေမာ္႐ိုကိုအသင္းက ၎တို႔ရဲ႕ ပင္နယ္တီကို ျငင္းပယ္ျခင္း ခံခဲ့ရတယ္လို႔ ခံစားခဲ့ရတာ ျဖစ္ပါတယ္။

ေနာက္တစ္ႀကိမ္မွာလည္း ဟာကီမီကို ပတ္ကိုဗစ္က ၾကမ္းၾကမ္းတမ္းတမ္း ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့ေပမယ့္လည္း ကြင္းလယ္ဒိုင္က ပြဲကို ဆက္လက္ကစားခြင့္ျပဳခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာေတာ့ ဟာကီမီဟာ ဆုေပးပြဲအခမ္းအနားျပဳလုပ္ေနစဥ္အတြင္း အင္ဖန္တီႏိုကို ျငင္းခုန္ေနတာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ေမာ္႐ိုကို ေနာက္ခံကစားသမားဟာ ယဥ္ယဥ္ေက်ေက်းနဲ႔ ေတာင္းဆိုေနတဲ့ပုံေပၚေပမယ့္လည္း ဖီဖာက အဲဒီဓာတ္ပုံေတြကို လူအမ်ားဆီ ေရာက္ရွိသြားမွာကို စိုးရိမ္တာေၾကာင့္ ဖ်က္ပစ္ဖို႔အတြက္ ႀကိဳးပမ္းေနတယ္လို႔ SVT Sports သတင္းေထာက္ ဂ်ိဳဟန္ ကူကူကက္စ္လန္က ေျပာၾကားခဲ့ပါတယ္။

“သူတို႔ေတြက ကြၽန္ေတာ္တို႔ကို ဓာတ္ပုံေတြ ဖ်က္ပစ္ေစခ်င္ခဲ့တယ္။ ဒီဟာက သူတို႔အတြက္ အရွက္စရာျမင္ကြင္းဆိုတာ ရွင္းပါတယ္။ ဂ်ာနယ္လစ္ ဒါဇင္ေပါင္းမ်ားစြာက ဒီလိုျဖစ္ပ်က္ေနတာကို ျမင္ေတြ႕ေနတဲ့အခ်ိန္မွာ ဒီအေၾကာင္းကို သတင္းမေရးဘူးလို႔ ေတြးတာက သူတို႔အေနနဲ႔ နည္းနည္း ႏုံအတာျဖစ္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ေမာ္႐ိုကိုအသင္းဟာ ခ႐ိုေအးရွားကို တတိယေနရာလုပြဲမွာ ရႈံးနိမ့္ခဲ့တာေၾကာင့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ စတုတၳေနရာနဲ႔ေက်နပ္ခဲ့ရတာျဖစ္ေပမယ့္လည္း ကမာၻ႔ဖလားသမိုင္းတေလွ်ာက္မွာ အာဖရိကအသင္းတစ္သင္းအျဖစ္နဲ႔ အျမင့္မားဆုံး ရပ္တည္မႈကို ပိုင္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.