International Match Report World Cup

ဥရောပရဲ့ ဆွစ်ဇာလန်ကို ခြေစမ်းပွဲမှာ အနိုင်ယူလိုက်တဲ့ အာဖရိကကြယ်နက် ဂါနာ

ဂါနာအသင်းအနေနဲ့ ဂိုးသမား အတီ-ဇီဂီ၊ ခံစစ်မှာ အမာတေ၊ ဆာလီဆူး၊ ဘာဘာ ရာမန်၊ လမ့်ပ်တေတို့နဲ့ ပွဲထွက်လာခဲ့သလို ကွင်းလယ်မှာတော့ ပါတေးကို အနားပေးထားပြီး အိုဝုဆု၊ အက်ဘ်ဒူလ် ဆာမက်၊ အက်ဖရီယီ၊ အွန်ဒရေ အာယူး၊ ဂျော်ဒန် အာယူးတို့နဲ့ စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ အီညာကီ ဝီလီယမ်စ်ကို အထောင်ထားလာခဲ့တာဖြစ်ပါတယ်။

ဆွစ်ဇာလန်အသင်းကတော့ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ ရှား၊ အာကန်ဂျီ၊ ကြွမ်မိုင်တို့ကို ထားခဲ့သလို ကွင်းလယ်မှာတော့ ဗစ်ဒ်မာ၊ ဗားဂက်စ်၊ ဇာကာရီးယား၊ ဖရွိုင်လာနဲ့ ချာကာတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ အမ်ဘိုလိုနဲ့ ရှာကျီရီတို့အတွဲကို ခင်းကျင်းလာခဲ့တာပါ။

ရီကာဒို ရိုဒရီးရက်ဇ်ကို အရန်ခုံမှာ ထားခဲ့ပြီး ၃-၅-၂ ပုံစံနဲ့ ကစားကွက်စမ်းလာခဲ့တဲ့ ဆွစ်ဇာလန်တို့အနေနဲ့ အရင်လိုမျိုး ကစားနေကျ ၄-၃-၃ လို ထိရောက်တဲ့ ဖန်တီးမှုတွေ မလုပ်နိုင်ခဲ့ဘဲ ဘောလုံးပိုင်ဆိုင်မှုကို ပိုမိုရယူနိုင်ခဲ့တာကလွဲလို့ ဂါနာတို့ဘက်ကို ဂိုးပေါက်တည့်အောင်တောင် ခြိမ်းခြောက်နိုင်မှု မရှိတာက ဒီပွဲရဲ့ အထူးအဆန်းတစ်ခုဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ဂါနာတို့ရဲ့ တန်ပြန်တိုက်စစ်တွေက ပိုပြီးထိထိရောက်ရောက် ထိုးဖောက်ကစားနိုင်ခဲ့ပေမယ့် ဂိုးရှေ့မှာ ဝါရင့်စောင့်ရှောက်သူ ဆွမ်းမားကို မကျော်နိုင်ခဲ့တာကြောင့် စိတ်ပျက်ခဲ့ရသလို ညာတောင်ပံတိုက်စ်မှူး အက်ဖရီယီရဲ့ ပင်နယ်တီရနိုင်တဲ့ အခွင့်အရေးကို ပယ်ချခံခဲ့ရတာကြောင့် ဂိုးမရှိသရေ ရလဒ်ပဲ ထွက်ပေါ်နေခဲ့တာပါ။

ဒုတိယပိုင်း အစမှာတော့ ဆွစ်ဇာလန်တို့ဘက်က အမ်ဘိုလို၊ အာကန်ဂျီ၊ ဖရွိုင်လာတို့အစား အယ်ဘစ်ရှာ၊ အယ်လ်ဗီဒီနဲ့ အိုကာဖော်တို့ ဝင်ကစားလာခဲ့ကြပြီး ပွဲချိန် ၆၂ မိနစ်မှာတော့ ဂါနာတို့ဘက်က အီညာကီ ဝီလီယမ်စ်၊ အက်ဖရီယီ၊ ဂျော်ဒန် အာယူး၊ အိုဝုဆုတို့အစား ဆူလေမာနာ၊ ဆိုဝါ၊ ဆီမင်ညိုနဲ့ ကီယာရေးတို့ကို ထည့်ခဲ့ပြီး ဆွစ်တွေကတော့ ဗားဂက်စ်၊ ဗစ်ဒ်မာနဲ့ ရှားတို့အစား စတက်ဖင်၊ ဖက်စ်နက်ချ်နဲ့ ဆာဖာရိုဗစ်ချ်တို့ကို ပြောင်းလဲခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဂါနာတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ ကီယာရေး ကန်တင်ပေးတာကို ဆာလီဆူး ခေါင်းတိုက်တာ လွဲသွားခဲ့ပေမယ့် ဆွစ်ဇာလန်ခံစစ်က ရှင်းထုတ်ပုံ မပီပြင်ဘဲ ဂိုးရှေ့ကို ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို ဆာလီဆူးကပဲ နောက်တစ်ကြိမ် ခေါင်းတိုက်ရာမှာတော့ အရပ် ၆ ပေသာရှိတဲ့ ဂိုးသမား ဆွမ်းမားပေါ်က ကျော်ဝင်သွားခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာ ဂါနာတို့ပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်တောင်ပံက ဆူလေမာနာ တောက်လျှောက်ဆွဲပြေးပြီး ဂိုးရှေ့မှာ ဖြတ်ချိုးပေးတာကို ဆွစ်ဇာလန်ခံစစ်က မတားဆီးနိုင်ခဲ့ချိန်မှာ နောက်က ပါလာတဲ့ ဆီမင်ညိုက Volley အပိုင်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဆွစ်ဇာလန်တို့ ဂိုးပြန်ရနိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဥရောပ ထိပ်တန်းပြိုင်ပွဲတွေကနေ ရောက်လာပြီး အသင်းနဲ့ အတွဲမမိသလို လန်းဆန်းခြင်း သိပ်မရှိသေးတဲ့ ကစားသမားတွေအနေနဲ့ ဂါနာကြယ်နက်တွေဘက်ကို ဂိုးပေါက်တည့်အောင်တောင် မခြိမ်းခြောက်နိုင်ခဲ့ဘဲ လက်လျှော့ခဲ့ရတာပါ။

ဒီနေ့ပွဲကို ယူအေအီးနိုင်ငံ အဘူဒါဘီမှာ ကျင်းပသွားခဲ့တာဖြစ်ပြီး ပွဲချိန်အပြည့်မှာတော့ ဂါနာတို့က နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံသွားနိုင်ခဲ့သလို အုပ်စု(H)မှာ ပေါ်တူဂီနဲ့ တွေ့ဆုံနေတဲ့ ကြယ်နက်တွေအတွက်တော့ ဥရောအသင်းတစ်သင်းကို အနိုင်ရခြင်းနဲ့ ယုံကြည်မှု ပိုရှိလာနိုင်ခဲ့သလို ကင်းမရွန်းနဲ့ ကစားရမယ့် ဆွစ်ဇာလန်တို့အတွက်တော့ ရုန်းကန်ရဦးမလားလို့ သုံးသပ်ချင်စရာလည်းဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂါနာအသင္းအေနနဲ႔ ဂိုးသမား အတီ-ဇီဂီ၊ ခံစစ္မွာ အမာေတ၊ ဆာလီဆူး၊ ဘာဘာ ရာမန္၊ လမ့္ပ္ေတတို႔နဲ႔ ပြဲထြက္လာခဲ့သလို ကြင္းလယ္မွာေတာ့ ပါေတးကို အနားေပးထားၿပီး အိုဝုဆု၊ အက္ဘ္ဒူလ္ ဆာမက္၊ အက္ဖရီယီ၊ အြန္ဒေရ အာယူး၊ ေဂ်ာ္ဒန္ အာယူးတို႔နဲ႔ စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ အီညာကီ ဝီလီယမ္စ္ကို အေထာင္ထားလာခဲ့တာျဖစ္ပါတယ္။

ဆြစ္ဇာလန္အသင္းကေတာ့ ဂိုးသမား ဆြမ္းမား၊ ခံစစ္မွာ ရွား၊ အာကန္ဂ်ီ၊ ႂကြမ္မိုင္တို႔ကို ထားခဲ့သလို ကြင္းလယ္မွာေတာ့ ဗစ္ဒ္မာ၊ ဗားဂက္စ္၊ ဇာကာရီးယား၊ ဖ႐ြိဳင္လာနဲ႔ ခ်ာကာတို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ အမ္ဘိုလိုနဲ႔ ရွာက်ီရီတို႔အတြဲကို ခင္းက်င္းလာခဲ့တာပါ။

ရီကာဒို ႐ိုဒရီးရက္ဇ္ကို အရန္ခုံမွာ ထားခဲ့ၿပီး ၃-၅-၂ ပုံစံနဲ႔ ကစားကြက္စမ္းလာခဲ့တဲ့ ဆြစ္ဇာလန္တို႔အေနနဲ႔ အရင္လိုမ်ိဳး ကစားေနက် ၄-၃-၃ လို ထိေရာက္တဲ့ ဖန္တီးမႈေတြ မလုပ္ႏိုင္ခဲ့ဘဲ ေဘာလုံးပိုင္ဆိုင္မႈကို ပိုမိုရယူႏိုင္ခဲ့တာကလြဲလို႔ ဂါနာတို႔ဘက္ကို ဂိုးေပါက္တည့္ေအာင္ေတာင္ ၿခိမ္းေျခာက္ႏိုင္မႈ မရွိတာက ဒီပြဲရဲ႕ အထူးအဆန္းတစ္ခုျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းမွာ ဂါနာတို႔ရဲ႕ တန္ျပန္တိုက္စစ္ေတြက ပိုၿပီးထိထိေရာက္ေရာက္ ထိုးေဖာက္ကစားႏိုင္ခဲ့ေပမယ့္ ဂိုးေရွ႕မွာ ဝါရင့္ေစာင့္ေရွာက္သူ ဆြမ္းမားကို မေက်ာ္ႏိုင္ခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ရသလို ညာေတာင္ပံတိုက္စ္မႉး အက္ဖရီယီရဲ႕ ပင္နယ္တီရႏိုင္တဲ့ အခြင့္အေရးကို ပယ္ခ်ခံခဲ့ရတာေၾကာင့္ ဂိုးမရွိသေရ ရလဒ္ပဲ ထြက္ေပၚေနခဲ့တာပါ။

ဒုတိယပိုင္း အစမွာေတာ့ ဆြစ္ဇာလန္တို႔ဘက္က အမ္ဘိုလို၊ အာကန္ဂ်ီ၊ ဖ႐ြိဳင္လာတို႔အစား အယ္ဘစ္ရွာ၊ အယ္လ္ဗီဒီနဲ႔ အိုကာေဖာ္တို႔ ဝင္ကစားလာခဲ့ၾကၿပီး ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဂါနာတို႔ဘက္က အီညာကီ ဝီလီယမ္စ္၊ အက္ဖရီယီ၊ ေဂ်ာ္ဒန္ အာယူး၊ အိုဝုဆုတို႔အစား ဆူေလမာနာ၊ ဆိုဝါ၊ ဆီမင္ညိဳနဲ႔ ကီယာေရးတို႔ကို ထည့္ခဲ့ၿပီး ဆြစ္ေတြကေတာ့ ဗားဂက္စ္၊ ဗစ္ဒ္မာနဲ႔ ရွားတို႔အစား စတက္ဖင္၊ ဖက္စ္နက္ခ်္နဲ႔ ဆာဖာ႐ိုဗစ္ခ်္တို႔ကို ေျပာင္းလဲခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဂါနာတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန ကီယာေရး ကန္တင္ေပးတာကို ဆာလီဆူး ေခါင္းတိုက္တာ လြဲသြားခဲ့ေပမယ့္ ဆြစ္ဇာလန္ခံစစ္က ရွင္းထုတ္ပုံ မပီျပင္ဘဲ ဂိုးေရွ႕ကို ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ဆာလီဆူးကပဲ ေနာက္တစ္ႀကိမ္ ေခါင္းတိုက္ရာမွာေတာ့ အရပ္ ၆ ေပသာရွိတဲ့ ဂိုးသမား ဆြမ္းမားေပၚက ေက်ာ္ဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာ ဂါနာတို႔ပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ေတာင္ပံက ဆူေလမာနာ ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးေရွ႕မွာ ျဖတ္ခ်ိဳးေပးတာကို ဆြစ္ဇာလန္ခံစစ္က မတားဆီးႏိုင္ခဲ့ခ်ိန္မွာ ေနာက္က ပါလာတဲ့ ဆီမင္ညိဳက Volley အပိုင္ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ဆြစ္ဇာလန္တို႔ ဂိုးျပန္ရႏိုင္ဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္ ဥေရာပ ထိပ္တန္းၿပိဳင္ပြဲေတြကေန ေရာက္လာၿပီး အသင္းနဲ႔ အတြဲမမိသလို လန္းဆန္းျခင္း သိပ္မရွိေသးတဲ့ ကစားသမားေတြအေနနဲ႔ ဂါနာၾကယ္နက္ေတြဘက္ကို ဂိုးေပါက္တည့္ေအာင္ေတာင္ မၿခိမ္းေျခာက္ႏိုင္ခဲ့ဘဲ လက္ေလွ်ာ့ခဲ့ရတာပါ။

ဒီေန႔ပြဲကို ယူေအအီးႏိုင္ငံ အဘူဒါဘီမွာ က်င္းပသြားခဲ့တာျဖစ္ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ ဂါနာတို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့သလို အုပ္စု(H)မွာ ေပၚတူဂီနဲ႔ ေတြ႕ဆုံေနတဲ့ ၾကယ္နက္ေတြအတြက္ေတာ့ ဥေရာအသင္းတစ္သင္းကို အႏိုင္ရျခင္းနဲ႔ ယုံၾကည္မႈ ပိုရွိလာႏိုင္ခဲ့သလို ကင္းမ႐ြန္းနဲ႔ ကစားရမယ့္ ဆြစ္ဇာလန္တို႔အတြက္ေတာ့ ႐ုန္းကန္ရဦးမလားလို႔ သုံးသပ္ခ်င္စရာလည္းျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.