Ligue1 Match Report

မက်ဆီတို့သုံးယောက် သိပ်မကောင်းခဲ့ပေမယ့် အူဇဲရ်ကို ငါးဂိုးသွင်းခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီအသင်းဟာ ဒီနေ့မှာတော့ ဂိုးသမား ဒွန်နာရမ်မာ၊ ခံစစ်မှာ ဆာဂျီယို ရာမို့စ်၊ မူခီယေးလီ၊ ဟာကီမီနဲ့ နူနို မန်ဒက်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒါနီလို ပါရဲရား၊ ဗာရက်တီနဲ့ ကားလို့စ် ဆိုလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ မက်ဆီ၊ နေမာနဲ့ အမ်ဘာပေတို့ကိုပဲ ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အူဇဲရ်တို့ကတော့ ဂိုးသမား ကော့စတီလ်၊ ခံစစ်မှာ ရာဖယ်လိုဆန်၊ ဂျူဗယ်လ်၊ ယွန်ဗီယေး၊ ယိုလီနဲ့ မန်ဆားတို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ တိုရေး၊ ဆာခီ၊ ဆီနာယိုကိုနဲ့ အူထရဲတို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ အမ်ဘာယေး နီယန်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၁၁ မိနစ်မှာ ပီအက်စ်ဂျီတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဧရိယာထိပ်ကနေ မက်ဆီက အူဇဲရ်ခံစစ်ကို အသာကျော်ပြီး တင်ပေးလိုက်တဲ့ ဘောလုံးကို နူနို မန်ဒက်စ် ချိုးပေးရာမှာ အမ်ဘာပေ တစ်ဖက်ခံစစ်မှူး ဝင်ဖျက်ဖို့ ကြိုးစားနေတဲ့ကြားကနေ ခက်ခက်ခဲခဲ ကန်သွင်းပြီး ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မက်ဆီရဲ့ အခွင့်အရေးတွေ လွဲချော်နေခဲ့ပြီး ဒီနေ့မှာ တိုက်စစ်သုံးယောက်ဖြစ်တဲ့ နေမာရော အမ်ဘာပေတို့နဲ့ပါ အတွဲမမိခဲ့လို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်နိုင်ခဲ့တာဖြစ်သလို အူဇဲရ်ဘက်က နီယန်းရဲ့ ထိုးဖောက်မှုတွေကိုတော့ ဒွန်နာရမ်မာ လက်စွမ်းပြပြီး ကာကွယ်သွားခဲ့ရတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၁ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ နူနို မန်ဒက်စ်က တစ်ကိုယ်တော် ထိုးဖောက်ပြီး ဂိုးစည်းနား ရောက်မှ ပြန်လည်ဖြတ်တင်ပေးတာကို အူဇဲရ်နောက်ခံလူတွေကြားကနေ ကားလို့စ် ဆိုလာက ခေါင်းတိုက်ပြီး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၇ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ တတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖိကစားနေခဲ့တဲ့ အူဇဲရ်တို့ ထောင့်ကန်ဘောကနေ ဘောလုံးပျက်ရာက ကွင်းလယ်က ကားလို့စ် ဆိုလာ ပြန်ရပြီး ခင်းပေးလိုက်တဲ့ ဖန်တီးမှုကို ညာတောင်ပံ ခံစစ်မှူး ဟာကီမီက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ သွေးအေးအေးနဲ့ အဆုံးသတ်နိုင်ခဲ့လို့ သုံးဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ ကမ္ဘာ့ဖလားသွားမယ့်အထဲက မက်ဆီ၊ နေမာနဲ့ ဆာဂျီယို ရာမို့စ်တို့ကို အနားပေးသွားခဲ့ပြီး ဆာရားဘီးယား၊ အီကီတီကီနဲ့ ကင်ပမ်ဘီတို့ကို ထည့်သွင်းသွားခဲ့သလို တခြား လူစားဝင်ကစားသမားတွေ ဖြစ်ကြတဲ့ ရီနာတို ဆန်ချက်စ်၊ ဇိုင်ယာ-အမ်မရီတို့လို လူငယ်တွေရဲ့ အားနဲ့ ပီအက်စ်ဂျီတို့ တိုက်စစ်ပိုကစားဖို့ လုပ်လာခဲ့တာပါ။

ပွဲချိန် ၈၁ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ စတုတ္ထဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရီနာတို ဆန်ချက်စ်ရဲ့ ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်လို့ ပြန်ထွက်လာရာမှာ အီကီတီကီက လိုက်လံရယူပြီး ပြန်ချိုးပေးတာကို ရီနာတို ဆန်ချက်စ်ကပဲ ဘယ်ဘက်တိုင်ကို လှမ်းကန်သွင်းခဲ့ရာမှာ ဂိုးသမား ကော့စ်တီလ် နောက်တစ်ကြိမ်ပုတ်ဖို့ ကြိုးစားပေမယ့် လက်ဖျားနဲ့ပဲထိပြီး ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၄ မိနစ်မှာတော့ ပီအက်စ်ဂျီတို့ ပွဲသိမ်းအနိုင်ဂိုးကို ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ နောက်ခံလူ ယွန်ဗီယေးရဲ့ ဆုတ်ဆုတ်ဆိုင်းဆိုင်းနဲ့ ဘောလုံးပေးဖို့ ကြာနေတဲ့ အမှားကနေက နောက်က လိုက်လာတဲ့ အီကီတီကီက လုယူသွားခဲ့ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ထိုင်ချတဲ့ အပေါ်ကနေ ကန်သွင်းသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ပီအက်စ်ဂျီတို့ ငါးဂိုး-ဂိုးမရှိနဲ့ အူဇဲရ်တို့ကို အနိုင်ရရှိခဲ့ကြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကြောင့် ပြင်သစ်လိဂန်ရပ်နားချိန်မှာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကနေ ၁၅ ပွဲမှာ ၄၁ မှတ်နဲ့ ဒုတိယနေရာက လွန်းစ်ကို ၅ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်ခဲ့သလို အူဇဲရ်တို့ကတော့ ရမှတ် ၁၃ မှတ်နဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပီအက္စ္ဂ်ီအသင္းဟာ ဒီေန႔မွာေတာ့ ဂိုးသမား ဒြန္နာရမ္မာ၊ ခံစစ္မွာ ဆာဂ်ီယို ရာမို႔စ္၊ မူခီေယးလီ၊ ဟာကီမီနဲ႔ ႏူႏို မန္ဒက္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒါနီလို ပါရဲရား၊ ဗာရက္တီနဲ႔ ကားလို႔စ္ ဆိုလာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ မက္ဆီ၊ ေနမာနဲ႔ အမ္ဘာေပတို႔ကိုပဲ ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အူဇဲရ္တို႔ကေတာ့ ဂိုးသမား ေကာ့စတီလ္၊ ခံစစ္မွာ ရာဖယ္လိုဆန္၊ ဂ်ဴဗယ္လ္၊ ယြန္ဗီေယး၊ ယိုလီနဲ႔ မန္ဆားတို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ တိုေရး၊ ဆာခီ၊ ဆီနာယိုကိုနဲ႔ အူထရဲတို႔ကို စုဖြဲ႕ေပးခဲ့သလို တိုက္စစ္မွာေတာ့ အမ္ဘာေယး နီယန္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၁၁ မိနစ္မွာ ပီအက္စ္ဂ်ီတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဧရိယာထိပ္ကေန မက္ဆီက အူဇဲရ္ခံစစ္ကို အသာေက်ာ္ၿပီး တင္ေပးလိုက္တဲ့ ေဘာလုံးကို ႏူႏို မန္ဒက္စ္ ခ်ိဳးေပးရာမွာ အမ္ဘာေပ တစ္ဖက္ခံစစ္မႉး ဝင္ဖ်က္ဖို႔ ႀကိဳးစားေနတဲ့ၾကားကေန ခက္ခက္ခဲခဲ ကန္သြင္းၿပီး ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ မက္ဆီရဲ႕ အခြင့္အေရးေတြ လြဲေခ်ာ္ေနခဲ့ၿပီး ဒီေန႔မွာ တိုက္စစ္သုံးေယာက္ျဖစ္တဲ့ ေနမာေရာ အမ္ဘာေပတို႔နဲ႔ပါ အတြဲမမိခဲ့လို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္သလို အူဇဲရ္ဘက္က နီယန္းရဲ႕ ထိုးေဖာက္မႈေတြကိုေတာ့ ဒြန္နာရမ္မာ လက္စြမ္းျပၿပီး ကာကြယ္သြားခဲ့ရတာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ႏူႏို မန္ဒက္စ္က တစ္ကိုယ္ေတာ္ ထိုးေဖာက္ၿပီး ဂိုးစည္းနား ေရာက္မွ ျပန္လည္ျဖတ္တင္ေပးတာကို အူဇဲရ္ေနာက္ခံလူေတြၾကားကေန ကားလို႔စ္ ဆိုလာက ေခါင္းတိုက္ၿပီး သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ တတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဖိကစားေနခဲ့တဲ့ အူဇဲရ္တို႔ ေထာင့္ကန္ေဘာကေန ေဘာလုံးပ်က္ရာက ကြင္းလယ္က ကားလို႔စ္ ဆိုလာ ျပန္ရၿပီး ခင္းေပးလိုက္တဲ့ ဖန္တီးမႈကို ညာေတာင္ပံ ခံစစ္မႉး ဟာကီမီက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေသြးေအးေအးနဲ႔ အဆုံးသတ္ႏိုင္ခဲ့လို႔ သုံးဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ ကမာၻ႔ဖလားသြားမယ့္အထဲက မက္ဆီ၊ ေနမာနဲ႔ ဆာဂ်ီယို ရာမို႔စ္တို႔ကို အနားေပးသြားခဲ့ၿပီး ဆာရားဘီးယား၊ အီကီတီကီနဲ႔ ကင္ပမ္ဘီတို႔ကို ထည့္သြင္းသြားခဲ့သလို တျခား လူစားဝင္ကစားသမားေတြ ျဖစ္ၾကတဲ့ ရီနာတို ဆန္ခ်က္စ္၊ ဇိုင္ယာ-အမ္မရီတို႔လို လူငယ္ေတြရဲ႕ အားနဲ႔ ပီအက္စ္ဂ်ီတို႔ တိုက္စစ္ပိုကစားဖို႔ လုပ္လာခဲ့တာပါ။

ပြဲခ်ိန္ ၈၁ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ စတုတၳဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ရီနာတို ဆန္ခ်က္စ္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ပုတ္ထုတ္လို႔ ျပန္ထြက္လာရာမွာ အီကီတီကီက လိုက္လံရယူၿပီး ျပန္ခ်ိဳးေပးတာကို ရီနာတို ဆန္ခ်က္စ္ကပဲ ဘယ္ဘက္တိုင္ကို လွမ္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ေကာ့စ္တီလ္ ေနာက္တစ္ႀကိမ္ပုတ္ဖို႔ ႀကိဳးစားေပမယ့္ လက္ဖ်ားနဲ႔ပဲထိၿပီး ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၄ မိနစ္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ပြဲသိမ္းအႏိုင္ဂိုးကို ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေနာက္ခံလူ ယြန္ဗီေယးရဲ႕ ဆုတ္ဆုတ္ဆိုင္းဆိုင္းနဲ႔ ေဘာလုံးေပးဖို႔ ၾကာေနတဲ့ အမွားကေနက ေနာက္က လိုက္လာတဲ့ အီကီတီကီက လုယူသြားခဲ့ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ထိုင္ခ်တဲ့ အေပၚကေန ကန္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ပီအက္စ္ဂ်ီတို႔ ငါးဂိုး-ဂိုးမရွိနဲ႔ အူဇဲရ္တို႔ကို အႏိုင္ရရွိခဲ့ၾကၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲေၾကာင့္ ျပင္သစ္လိဂန္ရပ္နားခ်ိန္မွာ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံးကေန ၁၅ ပြဲမွာ ၄၁ မွတ္နဲ႔ ဒုတိယေနရာက လြန္းစ္ကို ၅ မွတ္ျဖတ္ၿပီး ဦးေဆာင္ထားႏိုင္ခဲ့သလို အူဇဲရ္တို႔ကေတာ့ ရမွတ္ ၁၃ မွတ္နဲ႔ အဆင့္ ၁၇ ေနရာမွာ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.