Match Report Premier League

ခေါင်းကြီးနဲ့ ဒဟေးယားတို့ အစွမ်းနဲ့ ဝက်စ်ဟမ်းကို နိုင်ပွဲယူခဲ့တဲ့ အဆင့် ၅ ရောက် မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ မက်ဂွိုင်းယား၊ မာတီနက်ဇ်၊ ဒါလော့နဲ့ လုခ်ရှောတို့ကို သုံးခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အီလန်ဂါ၊ ရက်ရှ်ဖို့ဒ်နဲ့ ရော်နယ်လ်ဒိုတို့ကို ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဝက်စ်ဟမ်းယူနိုက်တက်တို့ကတော့ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ ဒေါ်ဆန်၊ ဇူးမား၊ ခယ်ရာနဲ့ ခရက်စ်ဝဲလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဆိုးချက်ခ်နဲ့ ဖလင်း ဒေါင်းစ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာ ဘိုဝင်၊ ဘင်ရာမာနဲ့ ဆကာမက်ကာတို့ကို တင်ကစားလာခဲ့တာပါ။

ပွဲစကတည်းက ယူနိုက်တက်တို့ ဖိကစားနိုင်ခဲ့သလို အဲရစ်ဆန်ရဲ့ ချိတ်ဆက်မှုတွေက အသင်းကို စည်းလုံးမှု ပိုမိုစေခဲ့ချိန်မှာ ဝက်စ်ဟမ်းရဲ့ Focal Point ဖလင်း ဒေါင်းစ်ကတော့ စုတ်ပြတ်နေပြီး အသင်းအတွက် ကူညီနိုင်စွမ်း လုံးဝ မရှိခဲ့ချိန်မှာ ဖော်နယ်လ်စ်အစား သူ့ကို သုံးခဲ့တဲ့ ဒေးဗစ်မွိုက်စ်ရဲ့ ရွေးချယ်မှုကလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

အစပိုင်းမှာ အိမ်ရှင် ယူနိုက်တက်တို့ရဲ့ အဆုံးသတ်မှုတွေက အထင်ကြီးစရာနည်းခဲ့သလို ရော်နယ်လ်ဒိုက ဂိုးရချင်ဇော ကြီးနေခဲ့ပြီး ရက်ရှ်ဖို့ဒ်ရဲ့ တိုးအားနဲ့ ထိုးဖောက်မှုတွေကပဲ သူတို့တွေဘက်က ဖာနန်ဒက်စ်နဲ့ အဲရစ်ဆန်တို့အတွက် ဖန်တီးပေးသမျှကို ကျေနပ်နှစ်သိမ့်ခွင့်လောက် ပြန်ယူနိုင်ခဲ့ချိန်မှာ ဝက်စ်ဟမ်းခံစစ်ကတော့ ပိတ်ဆို့ကစားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၈ မိနစ်မှာတော့ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒါလော့ မြှောက်ပေးတဲ့ လက်ပစ်ဘောကို ရသွားတဲ့ အဲရစ်ဆန်က ညာခြမ်းကနေ သူ့ကို လာဖျက်ဖို့ ပျက်ကွက်နေတဲ့ ဒေါင်းစ်၊ ရိုက်စ်၊ ခရက်စ်ဝဲလ်တို့ သူလိုလိုငါလိုလိုဖြစ်နေချိန်မှာ ဖြတ်တင်ပေးခဲ့တာကို ရက်ရှ်ဖို့ဒ်က အဝေးတိုင်ဘက်ကနေ ခေါင်းပြေးတိုက်ပြီး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ယူနိုက်တက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ ဂိုးသမား ဖာဘီယန်စကီးအစား အာရီယိုးလား ဝင်ကစားခဲ့သလို သိပ်မကြာခင်မှာတော့ လေထဲက ဘောလုံးကို ခြေထောက်မြှောက်ရယူတဲ့ ဆကာမက်ကာနဲ့ မိုက်မိုက်ကန်းကန်း ခေါင်းဝင်တိုက်တဲ့ မာတီနက်ဇ်တို့ရဲ့ ပွဲကတော့ သတိထားပြောစရာဖြစ်ခဲ့သေးတာပါ။

တိုက်စစ်မှာ နေရာယူပုံတွေ လွဲနေတာကြောင့် ရော်နယ်လ်ဒို အလုပ်မဖြစ်ဘဲ အလေအလွင့်များခဲ့သလို ဒေါင်းစ်လို ချန်ပီယံရှစ်အဆင့်နဲ့ ကစားသမားကို သုံးပြီး ကွင်းလယ်မှာ ရှေ့မရ နောက်မရတဲ့ စုတ်ပြတ်နေမှုကို မိနစ် ၈၀ နီးပါးအထိ အချိန်ယူခဲ့တဲ့ ဒေးဗစ်မွိုက်စ်ကြောင့် အန်တိုနီယိုကို လူစားသွင်းခဲ့ပေမယ့် ဘာမှဖြစ်မလာခဲ့သလို ဂိုးဆီ လာသမျှကိုလည်း ခြေစွမ်းပြနေတဲ့ မက်ဂွိုင်းယားက အတော်လေး ပိတ်ဆို့ထားနိုင်ခဲ့ပါတယ်။

ဝက်စ်ဟမ်းတို့ရဲ့ ပွဲပြီးခါနီး ကြိုးစားမှုတွေကိုတော့ ဂိုးသမား ဒဟေးယားက အမှားအယွင်းမရှိ ဖမ်းသင့်တာဖမ်း၊ ပုတ်သင့်တာပုတ်နဲ့ ကာကွယ်သွားနိုင်ခဲ့သလို ဇူးမား၊ အန်တိုနီယိုနဲ့ ရိုက်စ်တို့ရဲ့ ဂိုးသွင်းဖို့ ကြိုးစားသမျှကို ရေဘဝဲတစ်ကောင်လို ကာကွယ်သွားနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ ကစားပုံ မကောင်းလှပေမယ့် သုံးမှတ်ရဖို့တော့ အကြောင်းဖန်လာခဲ့ပြီး တစ်ဂိုးတည်းနဲ့ပဲ ပွဲပြီးဆုံးခဲ့တာပါ။

ဒီပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဝက်စ်ဟမ်းကို အနိုင်ယူပြီး သုံးမှတ်မျက်နှာနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြသလို ချဲလ်ဆီး ခြေချော်မှုကို အခွင့်ကောင်းယူနိုင်ခဲ့ကြပြီး အပေါ်က စပါးစ်နဲ့ နယူးကာဆယ်လ်တို့ထက် တစ်ပွဲ လျှော့ကစားထားချိန်မှာ ကျော်တက်နိုင်ဖို့ပါ အခွင့်အရေးရှိလာခဲ့ပြီဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ မာတီနက္ဇ္၊ ဒါေလာ့နဲ႔ လုခ္ေရွာတို႔ကို သုံးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အီလန္ဂါ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ေရာ္နယ္လ္ဒိုတို႔ကို ပြဲထုတ္ခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဝက္စ္ဟမ္းယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား ဖာဘီယန္စကီး၊ ခံစစ္မွာ ေဒၚဆန္၊ ဇူးမား၊ ခယ္ရာနဲ႔ ခရက္စ္ဝဲလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဆိုးခ်က္ခ္နဲ႔ ဖလင္း ေဒါင္းစ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာ ဘိုဝင္၊ ဘင္ရာမာနဲ႔ ဆကာမက္ကာတို႔ကို တင္ကစားလာခဲ့တာပါ။

ပြဲစကတည္းက ယူႏိုက္တက္တို႔ ဖိကစားႏိုင္ခဲ့သလို အဲရစ္ဆန္ရဲ႕ ခ်ိတ္ဆက္မႈေတြက အသင္းကို စည္းလုံးမႈ ပိုမိုေစခဲ့ခ်ိန္မွာ ဝက္စ္ဟမ္းရဲ႕ Focal Point ဖလင္း ေဒါင္းစ္ကေတာ့ စုတ္ျပတ္ေနၿပီး အသင္းအတြက္ ကူညီႏိုင္စြမ္း လုံးဝ မရွိခဲ့ခ်ိန္မွာ ေဖာ္နယ္လ္စ္အစား သူ႔ကို သုံးခဲ့တဲ့ ေဒးဗစ္မြိဳက္စ္ရဲ႕ ေ႐ြးခ်ယ္မႈကလည္း ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။

အစပိုင္းမွာ အိမ္ရွင္ ယူႏိုက္တက္တို႔ရဲ႕ အဆုံးသတ္မႈေတြက အထင္ႀကီးစရာနည္းခဲ့သလို ေရာ္နယ္လ္ဒိုက ဂိုးရခ်င္ေဇာ ႀကီးေနခဲ့ၿပီး ရက္ရွ္ဖို႔ဒ္ရဲ႕ တိုးအားနဲ႔ ထိုးေဖာက္မႈေတြကပဲ သူတို႔ေတြဘက္က ဖာနန္ဒက္စ္နဲ႔ အဲရစ္ဆန္တို႔အတြက္ ဖန္တီးေပးသမွ်ကို ေက်နပ္ႏွစ္သိမ့္ခြင့္ေလာက္ ျပန္ယူႏိုင္ခဲ့ခ်ိန္မွာ ဝက္စ္ဟမ္းခံစစ္ကေတာ့ ပိတ္ဆို႔ကစားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဒါေလာ့ ေျမႇာက္ေပးတဲ့ လက္ပစ္ေဘာကို ရသြားတဲ့ အဲရစ္ဆန္က ညာျခမ္းကေန သူ႔ကို လာဖ်က္ဖို႔ ပ်က္ကြက္ေနတဲ့ ေဒါင္းစ္၊ ႐ိုက္စ္၊ ခရက္စ္ဝဲလ္တို႔ သူလိုလိုငါလိုလိုျဖစ္ေနခ်ိန္မွာ ျဖတ္တင္ေပးခဲ့တာကို ရက္ရွ္ဖို႔ဒ္က အေဝးတိုင္ဘက္ကေန ေခါင္းေျပးတိုက္ၿပီး သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ယူႏိုက္တက္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ ဂိုးသမား ဖာဘီယန္စကီးအစား အာရီယိုးလား ဝင္ကစားခဲ့သလို သိပ္မၾကာခင္မွာေတာ့ ေလထဲက ေဘာလုံးကို ေျခေထာက္ေျမႇာက္ရယူတဲ့ ဆကာမက္ကာနဲ႔ မိုက္မိုက္ကန္းကန္း ေခါင္းဝင္တိုက္တဲ့ မာတီနက္ဇ္တို႔ရဲ႕ ပြဲကေတာ့ သတိထားေျပာစရာျဖစ္ခဲ့ေသးတာပါ။

တိုက္စစ္မွာ ေနရာယူပုံေတြ လြဲေနတာေၾကာင့္ ေရာ္နယ္လ္ဒို အလုပ္မျဖစ္ဘဲ အေလအလြင့္မ်ားခဲ့သလို ေဒါင္းစ္လို ခ်န္ပီယံရွစ္အဆင့္နဲ႔ ကစားသမားကို သုံးၿပီး ကြင္းလယ္မွာ ေရွ႕မရ ေနာက္မရတဲ့ စုတ္ျပတ္ေနမႈကို မိနစ္ ၈၀ နီးပါးအထိ အခ်ိန္ယူခဲ့တဲ့ ေဒးဗစ္မြိဳက္စ္ေၾကာင့္ အန္တိုနီယိုကို လူစားသြင္းခဲ့ေပမယ့္ ဘာမွျဖစ္မလာခဲ့သလို ဂိုးဆီ လာသမွ်ကိုလည္း ေျခစြမ္းျပေနတဲ့ မက္ဂြိဳင္းယားက အေတာ္ေလး ပိတ္ဆို႔ထားႏိုင္ခဲ့ပါတယ္။

ဝက္စ္ဟမ္းတို႔ရဲ႕ ပြဲၿပီးခါနီး ႀကိဳးစားမႈေတြကိုေတာ့ ဂိုးသမား ဒေဟးယားက အမွားအယြင္းမရွိ ဖမ္းသင့္တာဖမ္း၊ ပုတ္သင့္တာပုတ္နဲ႔ ကာကြယ္သြားႏိုင္ခဲ့သလို ဇူးမား၊ အန္တိုနီယိုနဲ႔ ႐ိုက္စ္တို႔ရဲ႕ ဂိုးသြင္းဖို႔ ႀကိဳးစားသမွ်ကို ေရဘဝဲတစ္ေကာင္လို ကာကြယ္သြားႏိုင္ခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ကစားပုံ မေကာင္းလွေပမယ့္ သုံးမွတ္ရဖို႔ေတာ့ အေၾကာင္းဖန္လာခဲ့ၿပီး တစ္ဂိုးတည္းနဲ႔ပဲ ပြဲၿပီးဆုံးခဲ့တာပါ။

ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဝက္စ္ဟမ္းကို အႏိုင္ယူၿပီး သုံးမွတ္မ်က္ႏွာနဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္ခဲ့ၾကသလို ခ်ဲလ္ဆီး ေျခေခ်ာ္မႈကို အခြင့္ေကာင္းယူႏိုင္ခဲ့ၾကၿပီး အေပၚက စပါးစ္နဲ႔ နယူးကာဆယ္လ္တို႔ထက္ တစ္ပြဲ ေလွ်ာ့ကစားထားခ်ိန္မွာ ေက်ာ္တက္ႏိုင္ဖို႔ပါ အခြင့္အေရးရွိလာခဲ့ၿပီျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.