Premier League

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၃.၉.၂၀၂၀

– သူ႕ရဲ႕ ေနာက္ဆုံးကမ္းလွမ္းမွဳျဖစ္တဲ့ ယူ႐ို သန္း ၇၀ + ၅ သန္းအတြက္ အျမန္ဆုံးအေျဖေပးဖို႔နဲ႔ ကူလီေဘလီကို ေခၚယူဖို႔ စက္တင္ဘာလ ၁၅ ရက္ေန႔အထိပဲ ေနာက္ဆုံးထားေစာင့္ႏုိင္မယ္လို႔ မန္စီးတီးဘက္က နာပိုလီကို ရာဇသံေပးထားၿပီး ကစားသမားရဲ႕ ေအးဂ်င့္ကလည္း ေတာင္းဆုိမွဳျပဳလုပ္ေန။

– City Football Group ရဲ႕ အင္ပါယာကို ဆက္လက္ခ်ဲ႕ထြင္ေနၿပီး ၿပီးခဲ့တဲ့ ေမလက ဘယ္လ္ဂ်ီယမ္ကလပ္ လြမ္းမဲလ္ SK အသင္းကို ဝယ္ယူခဲ့ၿပီးတဲ့ေနာက္ ဒီေန႔မွာ ျပင္သစ္လီဂူးတူးကလပ္ ထြာေယးကို လႊဲေျပာင္းဝယ္ယူခဲ့ၿပီး ဒီအုပ္စုရဲ႕ ဒသမေျမာက္အသင္းျဖစ္လာ။

– မက္ဆီကို ေခၚယူဖို႔ကိစၥက ပ်က္ျပယ္ဖြယ္ရွိေနၿပီး ဘာစီလိုနာအသင္းနဲ႔ တရားဝင္တစ္ႏွစ္စာခ်ဳပ္ က်န္ရွိေနမွဳဟာ ဥပေဒေၾကာင္းအရ ဇာတ္လမ္းရွဳပ္ရဦးမယ့္ အေျခအေနေၾကာင့္ ကစားသမားအေနနဲ႔ တစ္ႏွစ္သည္းခံၿပီး ကာတာလန္ကလပ္မွာ ဆက္ေနဖြယ္ရွိၿပီး ဥကၠဌ ဘာတိုမူနဲ႔ ေဆြးေႏြးမွဳေတြကလည္း အျပဳသေဘာေဆာင္ခဲ့တယ္လို႔ ဖခင္ျဖစ္သူ ေဟာ္ဟဲေျပာၾကား။

– ဦးစားေပး ပစ္မွတ္ျဖစ္တဲ့ နာပိုလီေနာက္ခံလူ ကူလီေဘလီကို မရခဲ့ရင္ ဆီဗီလာေနာက္ခံလူ ဒီေယဂို ကားလို႔စ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ ေနၿပီး ယူ႐ုိပါလိဂ္ခ်န္ပီယံ စပိန္ကလပ္ဘက္ေတာ့ သူတုိ႔ကစားသမားကို စာခ်ဳပ္ေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္ ၆၈ သန္း (ယူ႐ို ၇၅ သန္း)နဲ႔ပဲ ေရာင္းခ်သြားႏုိင္မယ္လုိ႔ တုံ႔ျပန္ထား။

– အဂၤလန္လက္ေရြးစင္အသင္းႀကီးမွာ ပြဲထြက္ကစားခြင့္ရရွိဖို႔ နီးစပ္ေနၿပီျဖစ္တဲ့ မန္စီးတီးလူငယ္ကစားသမား ဖီးလ္ ဖိုဒန္က ဒီလိုမ်ဳိး ႏိုင္ငံ့ ကိုယ္စားျပဳ ေရြးခ်ယ္ခံခဲ့ရၿပီး ေျခစြမ္းေကာင္းမြန္ေနႏုိင္တာဟာ နည္းျပ ဂြါဒီယိုလာ ေပးခဲ့တဲ့ အခြင့္အေရးနဲ႔ စိတ္ရွည္မွဳတုိ႔ေၾကာင့္ ျဖစ္တယ္လို႔ ေက်းဇူးတင္စကားဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– သူ့ရဲ့ နောက်ဆုံးကမ်းလှမ်းမှုဖြစ်တဲ့ ယူရို သန်း ၇၀ + ၅ သန်းအတွက် အမြန်ဆုံးအဖြေပေးဖို့နဲ့ ကူလီဘေလီကို ခေါ်ယူဖို့ စက်တင်ဘာလ ၁၅ ရက်နေ့အထိပဲ နောက်ဆုံးထားစောင့်နိုင်မယ်လို့ မန်စီးတီးဘက်က နာပိုလီကို ရာဇသံပေးထားပြီး ကစားသမားရဲ့ အေးဂျင့်ကလည်း တောင်းဆိုမှုပြုလုပ်နေ။

– City Football Group ရဲ့ အင်ပါယာကို ဆက်လက်ချဲ့ထွင်နေပြီး ပြီးခဲ့တဲ့ မေလက ဘယ်လ်ဂျီယမ်ကလပ် လွမ်းမဲလ် SK အသင်းကို ဝယ်ယူခဲ့ပြီးတဲ့နောက် ဒီနေ့မှာ ပြင်သစ်လီဂူးတူးကလပ် ထွာယေးကို လွှဲပြောင်းဝယ်ယူခဲ့ပြီး ဒီအုပ်စုရဲ့ ဒသမမြောက်အသင်းဖြစ်လာ။

– မက်ဆီကို ခေါ်ယူဖို့ကိစ္စက ပျက်ပြယ်ဖွယ်ရှိနေပြီး ဘာစီလိုနာအသင်းနဲ့ တရားဝင်တစ်နှစ်စာချုပ် ကျန်ရှိနေမှုဟာ ဥပဒေကြောင်းအရ ဇာတ်လမ်းရှုပ်ရဦးမယ့် အခြေအနေကြောင့် ကစားသမားအနေနဲ့ တစ်နှစ်သည်းခံပြီး ကာတာလန်ကလပ်မှာ ဆက်နေဖွယ်ရှိပြီး ဥက္ကဌ ဘာတိုမူနဲ့ ဆွေးနွေးမှုတွေကလည်း အပြုသဘောဆောင်ခဲ့တယ်လို့ ဖခင်ဖြစ်သူ ဟော်ဟဲပြောကြား။

– ဦးစားပေး ပစ်မှတ်ဖြစ်တဲ့ နာပိုလီနောက်ခံလူ ကူလီဘေလီကို မရခဲ့ရင် ဆီဗီလာနောက်ခံလူ ဒီယေဂို ကားလို့စ်ကို ခေါ်ယူဖို့ စောင့်ကြည့် နေပြီး ယူရိုပါလိဂ်ချန်ပီယံ စပိန်ကလပ်ဘက်တော့ သူတို့ကစားသမားကို စာချုပ်လျော်ကြေးဖြစ်တဲ့ ပေါင် ၆၈ သန်း (ယူရို ၇၅ သန်း)နဲ့ပဲ ရောင်းချသွားနိုင်မယ်လို့ တုံ့ပြန်ထား။

– အင်္ဂလန်လက်ရွေးစင်အသင်းကြီးမှာ ပွဲထွက်ကစားခွင့်ရရှိဖို့ နီးစပ်နေပြီဖြစ်တဲ့ မန်စီးတီးလူငယ်ကစားသမား ဖီးလ် ဖိုဒန်က ဒီလိုမျိုး နိုင်ငံ့ ကိုယ်စားပြု ရွေးချယ်ခံခဲ့ရပြီး ခြေစွမ်းကောင်းမွန်နေနိုင်တာဟာ နည်းပြ ဂွါဒီယိုလာ ပေးခဲ့တဲ့ အခွင့်အရေးနဲ့ စိတ်ရှည်မှုတို့ကြောင့် ဖြစ်တယ်လို့ ကျေးဇူးတင်စကားဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.