La Liga Premier League Transfer News

၂၀၁၉ က ပရီးမီးယားလိဂ္အသင္းေတြရဲ႕ ေပါင္ ၈၉ သန္းတန္ ပစ္မွတ္ကို ဖရီးရႏုိင္ေတာ့မွာလား

၂၀၁၉-၂၀ ရာသီက ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕ ျဖစ္ႏုိင္ဖြယ္ ပစ္မွတ္တစ္ခုျဖစ္ခဲ့တဲ့ ဂါရက္သ္ ေဘးလ္ကို အားလုံးက ေပါင္ ၈၉ သန္း ေပးဖို႔ အလိုရွိခဲ့ၾကေပမယ့္ ဒီရာသီမွာေတာ့ က်ဆင္းလာတဲ့ ဘဏၰာေရးအေျခအေနေတြအရ သူ႕ကို ေခၚယူလုိတဲ့ အသင္းက လစာေငြကို ေပးေခ်ရင္ ရီးရဲလ္မက္ဒရစ္ဘက္က စာခ်ဳပ္ဖ်က္သိမ္းေပးမယ္လုိ႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္မွာ အသင္းကို ေပါင္ ၈၆ သန္းနဲ႔ ေရာက္ရွိလာခဲ့တဲ့ ေဝးလ္စ္လက္ေရြးစင္ဟာ နည္းျပ ဇီနီဒန္း ဇီဒန္းရဲ႕ လက္ေအာက္မွာ တျဖည္းျဖည္းနဲ႔ ေခ်ာင္ထိုးခံလာခဲ့ရသလို ဘာေနဗ်ဴးမွာေတာ့ အခြန္ေဆာင္ၿပီးခ်ိန္မွာ တစ္ႏွစ္လုပ္ခ ေပါင္ ၁၅.၁ သန္း ရရွိေနၿပီး ဥကၠဌေဟာင္း ရာမြန္ ကယ္လ္ဒါရြန္ရဲ႕ အဆိုအရေတာ့ သူ႕ရဲ႕လုပ္ခကို ေပးေခ်မယ့္ အသင္းသစ္တစ္သင္းကို အလိုရွိေနတယ္လုိ႔ ဆုိပါတယ္။

အသင္းအတြက္ ထပ္မံပြဲထြက္ခြင့္ရဖို႔ ေတာ္ေတာ္ေလး ရာႏွဳန္းနည္းပါးေနတဲ့ ကစားသမားအတြက္ လစာေငြကို ေလွ်ာ့ခ်ဖို႔ ရီးရဲလ္မက္ဒရစ္ တာဝန္ရွိသူေတြကလည္း အလိုရွိေနၿပီး ကယ္လ္ဒါရြန္ကေတာ့ သူတုိ႔ေတြဟာ ၿပီးခဲ့တဲ့ႏွစ္က ေပါင္ ၈၉ သန္း (ယူ႐ိုသန္း ၁၀၀)နဲ႔ ေရာင္းဖို႔ကို တြန္႔ဆုတ္ေနခဲ့လုိ႔ လက္ရွိမွာေတာ့ ဒီလိုအျဖစ္နဲ႔ ရင္ဆုိင္ေနရတာလုိ႔ ေဝဖန္လုိက္ပါတယ္။

ဗုဒၶဟူးေန႔ကေတာ့ ေဘးလ္ရဲ႕ ေအးဂ်င့္ျဖစ္သူဟာ အဂၤလန္ကို ေရာက္ရွိလာခဲ့ၿပီး သူ႕ရဲ႕ ကစားသမားအတြက္ အသင္းသစ္ ရွာေဖြေနခဲ့ေပမယ့္ လက္ရွိဘဏၰာေရးအေျခအေနေတြအရေတာ့ သူ႕ရဲ႕လုပ္ခကို ေပးေခ်မယ့္ အသင္းမ်ဳိး ရွားပါးေနတာကို ေတြ႕ရွိရသလို လစာေလွ်ာ့ယူမွျဖစ္မယ့္ အေျခအေနမ်ဳိးကိုလည္း ရင္ဆုိင္ေနရၿပီလုိ႔ သိရပါတယ္။

ကစားသမားရဲ႕ လစာအခြန္အခကိုပါ တြက္ခ်က္ေပးေခ်ေနရတဲ့ ရီးရဲလ္မက္ဒရစ္ဟာ လက္ရွိမွာ တစ္ႏွစ္ကို ယူ႐ိုသန္း ၄၀ (ေပါင္ ၃၅.၇ သန္း) က်သင့္ေနၿပီး ဒီအတုိင္း ႏွစ္ႏွစ္စာ ဆက္လက္ေပးေခ်ေနရဦးမယ့္ ေငြကို အသက္ ၃၁ ႏွစ္အရြယ္ ကစားသမားတစ္ဦးအတြက္ အသုံးျပဳဖို႔ အလိုမရွိႏုိင္ေတာ့ဘူးလို႔ ကယ္လ္ဒါရြန္က တြက္ခ်က္ျပခဲ့သလို ေခၚယူမယ့္ အသင္းရွိရင္ စာခ်ဳပ္ဖ်က္သိမ္းႏုိင္ဖို႔ကိုသာ အလိုရွိေတာ့တယ္လို႔ စပိန္သတင္းဌာန မာကာကုိ ေျပာၾကားသြားခဲ့ေၾကာင္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ၂၀၁၉-၂၀ ရာသီက ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့ ဖြစ်နိုင်ဖွယ် ပစ်မှတ်တစ်ခုဖြစ်ခဲ့တဲ့ ဂါရက်သ် ဘေးလ်ကို အားလုံးက ပေါင် ၈၉ သန်း ပေးဖို့ အလိုရှိခဲ့ကြပေမယ့် ဒီရာသီမှာတော့ ကျဆင်းလာတဲ့ ဘဏ္ဏာရေးအခြေအနေတွေအရ သူ့ကို ခေါ်ယူလိုတဲ့ အသင်းက လစာငွေကို ပေးချေရင် ရီးရဲလ်မက်ဒရစ်ဘက်က စာချုပ်ဖျက်သိမ်းပေးမယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ အသင်းကို ပေါင် ၈၆ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဝေးလ်စ်လက်ရွေးစင်ဟာ နည်းပြ ဇီနီဒန်း ဇီဒန်းရဲ့ လက်အောက်မှာ တဖြည်းဖြည်းနဲ့ ချောင်ထိုးခံလာခဲ့ရသလို ဘာနေဗျူးမှာတော့ အခွန်ဆောင်ပြီးချိန်မှာ တစ်နှစ်လုပ်ခ ပေါင် ၁၅.၁ သန်း ရရှိနေပြီး ဥက္ကဌဟောင်း ရာမွန် ကယ်လ်ဒါရွန်ရဲ့ အဆိုအရတော့ သူ့ရဲ့လုပ်ခကို ပေးချေမယ့် အသင်းသစ်တစ်သင်းကို အလိုရှိနေတယ်လို့ ဆိုပါတယ်။

အသင်းအတွက် ထပ်မံပွဲထွက်ခွင့်ရဖို့ တော်တော်လေး ရာနှုန်းနည်းပါးနေတဲ့ ကစားသမားအတွက် လစာငွေကို လျှော့ချဖို့ ရီးရဲလ်မက်ဒရစ် တာဝန်ရှိသူတွေကလည်း အလိုရှိနေပြီး ကယ်လ်ဒါရွန်ကတော့ သူတို့တွေဟာ ပြီးခဲ့တဲ့နှစ်က ပေါင် ၈၉ သန်း (ယူရိုသန်း ၁၀၀)နဲ့ ရောင်းဖို့ကို တွန့်ဆုတ်နေခဲ့လို့ လက်ရှိမှာတော့ ဒီလိုအဖြစ်နဲ့ ရင်ဆိုင်နေရတာလို့ ဝေဖန်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ဘေးလ်ရဲ့ အေးဂျင့်ဖြစ်သူဟာ အင်္ဂလန်ကို ရောက်ရှိလာခဲ့ပြီး သူ့ရဲ့ ကစားသမားအတွက် အသင်းသစ် ရှာဖွေနေခဲ့ပေမယ့် လက်ရှိဘဏ္ဏာရေးအခြေအနေတွေအရတော့ သူ့ရဲ့လုပ်ခကို ပေးချေမယ့် အသင်းမျိုး ရှားပါးနေတာကို တွေ့ရှိရသလို လစာလျှော့ယူမှဖြစ်မယ့် အခြေအနေမျိုးကိုလည်း ရင်ဆိုင်နေရပြီလို့ သိရပါတယ်။

ကစားသမားရဲ့ လစာအခွန်အခကိုပါ တွက်ချက်ပေးချေနေရတဲ့ ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိမှာ တစ်နှစ်ကို ယူရိုသန်း ၄၀ (ပေါင် ၃၅.၇ သန်း) ကျသင့်နေပြီး ဒီအတိုင်း နှစ်နှစ်စာ ဆက်လက်ပေးချေနေရဦးမယ့် ငွေကို အသက် ၃၁ နှစ်အရွယ် ကစားသမားတစ်ဦးအတွက် အသုံးပြုဖို့ အလိုမရှိနိုင်တော့ဘူးလို့ ကယ်လ်ဒါရွန်က တွက်ချက်ပြခဲ့သလို ခေါ်ယူမယ့် အသင်းရှိရင် စာချုပ်ဖျက်သိမ်းနိုင်ဖို့ကိုသာ အလိုရှိတော့တယ်လို့ စပိန်သတင်းဌာန မာကာကို ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.