Premier League

မန်ချက်စတာဒါဘီအပြီး ဂေါင်းကြီးဘက်က ရပ်တည်ခဲ့ကြတဲ့ ပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ မန်ချက်စတာစီးတီးကို ၆ ဂိုးအထိ ခွင့်ပြုပြီး ရှုံးနိမ့်ခဲ့ရတဲ့ ဖရိုဖရဲ ခံစစ်ကို မြင်တွေ့ခဲ့ပြီးနောက် ဟာရီ မက်ဂွိုင်းယားဟာ ခံစစ်ပိုင်း ညံ့ဖျင်းမှုနောက်ကွယ်က အကြောင်းအရင်းမဟုတ်ဘူးလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ကြပါတယ်။

ဟာရီ မက်ဂွိုင်းယားဟာ အင်္ဂလန်အသင်းအတွက် ကစားပေးရင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့်ရော နည်းပြတန်ဟက်ရဲ့ ပွဲထွက်လူစာရင်းမှာပါ နေရာမရတာကြောင့်ပါ မန်ချက်စတာဒါဘီကို ပွဲကြည့်စင်ကနေ ကြည့်ရှုခဲ့ရတာဖြစ်ပြီး မာတီနက်ဇ်နဲ့ ရာဖေးလ် ဗာရွမ်းတို့က ပွဲထွက်ကစားခဲ့ကြတာဖြစ်ပါတယ်။ ဟာလန်းနဲ့ ဖိုဒန်တို့က ပထမပိုင်းမှာတင် တစ်ယောက် ၂ ဂိုးစီ သွင်းယူသွားခဲ့တာကြောင့် ဒဏ်ရာရထားတဲ့ ဗာရွမ်းရဲ့နေရာမှာ လင်ဒီလော့ဖ်ကို တန်ဟက်က လူစားဝင်ကစားစေခဲ့ပြီးနောက် နောက်ထပ် ၂ ဂိုး ထပ်ပေးခဲ့ရပြန်တာဖြစ်ပါတယ်။

စိတ်ပျက်စရာကောင်းတဲ့ မန်ချက်စတာဒါဘီကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဟာရီ မက်ဂွိုင်းယားဟာ အသင်းရဲ့ ခံစစ်ပိုင်း ညံ့ဖျင်းမှုနဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ထောက်ပြခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်ဟာ အန်တိုနီနဲ့ မာစီယယ်လ်ရဲ့ သွင်းဂိုး ၂ ဂိုးကြောင့်သာ သိက္ခာဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

“မက်ဂွိုင်းယားက အပြစ်ကင်းတယ်”လို့ ပွဲအပြီးမှာ တွစ်တာအသုံးပြုသူတစ်ဦးက ရေးသားခဲ့ပြီး “ငါတို့ရဲ့ ပြဿနာက ဟာရီ မက်ဂွိုင်းယားဖြစ်ခဲ့တာမဟုတ်ဘူးဆိုတာကို ငါတို့ အခု သိလိုက်ရပြီ”လို့ နောက်ထပ် တွစ်တာအသုံးပြုသူတစ်ဦးကလည်း မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ဟာရီ မက်ဂွိုင်းယားရဲ့ ခြေစွမ်းဟာ ပရီးမီးယားလိဂ်မှာ ပရိသတ်တွေ ပြောစရာအဖြစ်ဆုံး ကိစ္စတစ်ခု ဖြစ်ခဲ့တာကြောင့် တန်ဟက်ဟာ ၎င်းရဲ့ အသင်းခေါင်းဆောင်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့အတွက် ဆုံးဖြတ်ခဲ့တာဖြစ်ပေမယ့် အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်ကတော့ မန်ချက်စတာယူနိုက်တက်နောက်ခံလူကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကို ၆-၃ နဲ့ မရှုံးနိမ့်ခင် ဟာရီ မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး စကားပြောဆိုရာမှာ တန်ဟက်က “ကျွန်တော် သူ့ရဲ့ အလားအလာကို ယုံကြည်မှုရှိပြီး ကျွန်တော်က ကစားသမားအဖြစ်ရော လူပုဂ္ဂိုလ်အဖြစ်နဲ့ပါ ယုံကြည်မှုရှိတယ်လို့ သူ့ကို ပြောခဲ့ပါတယ်။ သူလည်း သူ့ဘာသာ ယုံကြည်မှုရှိနေသေးတယ်ဆိုတာ ကျွန်တော် သေချာပါတယ်။ သူ ပြန်ပြီး တိုက်ပွဲဝင်သွားမယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်”

“သူ့ရဲ့ အရမ်းကောင်းတဲ့ လုပ်နိုင်စွမ်းတွေကို သူ သတိပြုမိပါတယ်။ သူ ပြန်လာပါလိမ့်မယ်။ ခင်ဗျား သိလား နောက်ခံကစားသမားတစ်ယောက်အနေနဲ့ ခင်ဗျား အမှားတစ်ခု လုပ်မိတဲ့အခါမှာ ခင်ဗျား အဲဒီ အမှားကြောင့် ပြင်းပြင်းထန်ထန် အထောင်းခံရမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ မန္ခ်က္စတာစီးတီးကို ၆ ဂိုးအထိ ခြင့္ျပဳၿပီး ရႈံးနိမ့္ခဲ့ရတဲ့ ဖ႐ိုဖရဲ ခံစစ္ကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ ဟာရီ မက္ဂြိဳင္းယားဟာ ခံစစ္ပိုင္း ညံ့ဖ်င္းမႈေနာက္ကြယ္က အေၾကာင္းအရင္းမဟုတ္ဘူးလို႔ လူမႈကြန္ရက္ေပၚမွာ ေရးသားခဲ့ၾကပါတယ္။

ဟာရီ မက္ဂြိဳင္းယားဟာ အဂၤလန္အသင္းအတြက္ ကစားေပးရင္း ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ေရာ နည္းျပတန္ဟက္ရဲ႕ ပြဲထြက္လူစာရင္းမွာပါ ေနရာမရတာေၾကာင့္ပါ မန္ခ်က္စတာဒါဘီကို ပြဲၾကည့္စင္ကေန ၾကည့္ရႈခဲ့ရတာျဖစ္ၿပီး မာတီနက္ဇ္နဲ႔ ရာေဖးလ္ ဗာ႐ြမ္းတို႔က ပြဲထြက္ကစားခဲ့ၾကတာျဖစ္ပါတယ္။ ဟာလန္းနဲ႔ ဖိုဒန္တို႔က ပထမပိုင္းမွာတင္ တစ္ေယာက္ ၂ ဂိုးစီ သြင္းယူသြားခဲ့တာေၾကာင့္ ဒဏ္ရာရထားတဲ့ ဗာ႐ြမ္းရဲ႕ေနရာမွာ လင္ဒီေလာ့ဖ္ကို တန္ဟက္က လူစားဝင္ကစားေစခဲ့ၿပီးေနာက္ ေနာက္ထပ္ ၂ ဂိုး ထပ္ေပးခဲ့ရျပန္တာျဖစ္ပါတယ္။

စိတ္ပ်က္စရာေကာင္းတဲ့ မန္ခ်က္စတာဒါဘီကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရတဲ့ မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ဟာရီ မက္ဂြိဳင္းယားဟာ အသင္းရဲ႕ ခံစစ္ပိုင္း ညံ့ဖ်င္းမႈနဲ႔ ဘာမွမသက္ဆိုင္ဘူးလို႔ ေထာက္ျပခဲ့ၾကၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ အန္တိုနီနဲ႔ မာစီယယ္လ္ရဲ႕ သြင္းဂိုး ၂ ဂိုးေၾကာင့္သာ သိကၡာဆယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

“မက္ဂြိဳင္းယားက အျပစ္ကင္းတယ္”လို႔ ပြဲအၿပီးမွာ တြစ္တာအသုံးျပဳသူတစ္ဦးက ေရးသားခဲ့ၿပီး “ငါတို႔ရဲ႕ ျပႆနာက ဟာရီ မက္ဂြိဳင္းယားျဖစ္ခဲ့တာမဟုတ္ဘူးဆိုတာကို ငါတို႔ အခု သိလိုက္ရၿပီ”လို႔ ေနာက္ထပ္ တြစ္တာအသုံးျပဳသူတစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ဟာရီ မက္ဂြိဳင္းယားရဲ႕ ေျခစြမ္းဟာ ပရီးမီးယားလိဂ္မွာ ပရိသတ္ေတြ ေျပာစရာအျဖစ္ဆုံး ကိစၥတစ္ခု ျဖစ္ခဲ့တာေၾကာင့္ တန္ဟက္ဟာ ၎ရဲ႕ အသင္းေခါင္းေဆာင္ကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ဖို႔အတြက္ ဆုံးျဖတ္ခဲ့တာျဖစ္ေပမယ့္ အဂၤလန္လက္ေ႐ြးစင္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္ကေတာ့ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးကို ၆-၃ နဲ႔ မရႈံးနိမ့္ခင္ ဟာရီ မက္ဂြိဳင္းယားနဲ႔ပတ္သက္ၿပီး စကားေျပာဆိုရာမွာ တန္ဟက္က “ကြၽန္ေတာ္ သူ႔ရဲ႕ အလားအလာကို ယုံၾကည္မႈရွိၿပီး ကြၽန္ေတာ္က ကစားသမားအျဖစ္ေရာ လူပုဂၢိဳလ္အျဖစ္နဲ႔ပါ ယုံၾကည္မႈရွိတယ္လို႔ သူ႔ကို ေျပာခဲ့ပါတယ္။ သူလည္း သူ႔ဘာသာ ယုံၾကည္မႈရွိေနေသးတယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာပါတယ္။ သူ ျပန္ၿပီး တိုက္ပြဲဝင္သြားမယ္ဆိုတာ ကြၽန္ေတာ္ ယုံၾကည္ပါတယ္”

“သူ႔ရဲ႕ အရမ္းေကာင္းတဲ့ လုပ္ႏိုင္စြမ္းေတြကို သူ သတိျပဳမိပါတယ္။ သူ ျပန္လာပါလိမ့္မယ္။ ခင္ဗ်ား သိလား ေနာက္ခံကစားသမားတစ္ေယာက္အေနနဲ႔ ခင္ဗ်ား အမွားတစ္ခု လုပ္မိတဲ့အခါမွာ ခင္ဗ်ား အဲဒီ အမွားေၾကာင့္ ျပင္းျပင္းထန္ထန္ အေထာင္းခံရမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.