Analysis Article Premier League

ဟက်ထရစ်စံချိန် ချိုးဦးမယ့် ဟားလန်းနဲ့ အနီးဆုံးက ကျော်ဖြတ်ရမယ့် ကစားသမားများ

ပရီးမီးယားလိဂ်မှာ ၈ ပွဲကစားပြီး နောက်ဆုံး အိမ်ကွင်း ၃ ပွဲစလုံးမှာ ဟက်ထရစ် ရရှိထားတဲ့ မန်ချက်စတာစီးတီး တိုက်စစ်မှူး အာလင်း ဟားလန်းအနေနဲ့ ရောက်ရောက်ချင်းမှာပဲ ပြိုင်ဘက်တွေကို ဆောက်နဲ့ ထွင်းနိုင်ခဲ့တာဖြစ်သလို လက်ရှိအချိန်အထိ ၁၄ ဂိုး သွင်းယူထားခဲ့တဲ့ နှုန်းထားက တစ်ရာသီလုံးမှာ အမြင့်ဆုံး ဂိုးသွင်းရှင် မိုဟာမက် ဆာလားကို တောက်ချနိုင်မယ့် သဘောမှာ ရှိနေပါတယ်။

၈ ပွဲမှာ ၁၄ ဂိုးနှုန်းဟာ တစ်ပွဲပျမ်းမျှ ၁.၇၅ ဂိုး ဖြစ်နေတာကြောင့် ၃၈ ပွဲမှာ ၆၆ ဂိုးအထိ ရရှိသွားနိုင်သလို ၈ ပွဲမှာ ဟက်ထရစ် ၃ ကြိမ်ဆိုရင် တစ်ရာသီလုံးမှာ ၁၅ ကြိမ်များ ရသွားမလားလို့ သင်္ချာနည်းအရ အလွန်အကျူး တွေးစရာဖြစ်နေပြီး ဆာဂျီယို အဂွေရိုနဲ့ အလန် ရှီးရားတို့ တင်ရှိထားတဲ့ စံချိန်တွေကို တစ်ရာသီတည်းနဲ့ ကျော်ဖြတ်သွားနိုင်မှာပါ။

လက်ရှိအချိန်မှာတော့ ဟားလန်းအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ ဟက်ထရစ်ရှင်စာရင်းမှာ ဆွန်ဟောင်မင်၊ ဂျေမီ ဗာဒီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒို၊ သီယို ဝဲလ်ကော့၊ ဒီဒီယေး ဒရော့ဘာ၊ နီကိုလာ အနယ်လ်ကာ၊ ရော်ဘီကီးန်၊ အီမန်နျူယယ်လ် အဒီဘာယော၊ ဖရန့် လမ်းပတ်၊ ရိုမီလူ လူကာကူး၊ အိုလီဂန်နာ ဆိုးလ်ရှားတို့နဲ့အတူ အဆင့် ၂၇ မှာ ရပ်တည်ထားနိုင်ပြီး ဒီလို ရပ်တည်ဖို့ သူက ၈ ပွဲတည်းနဲ့ လုပ်ပြထားတာပါ။

တစ်ရာသီလုံးမှာ ဟက်ထရစ်အများဆုံး သွင်းတဲ့ စံချိန်ကိုတော့ အသက် ၂၂ နှစ်အရွယ် နော်ဝေတိုက်စစ်မှူးအနေနဲ့ မန်ချက်စတာစီးတီးလို ကွင်းလယ်နဲ့ တောင်ပံမှာ ဖန်တီးရှင်တွေ ပြည့်နှက်နေတဲ့ အသင်းရဲ့ ပံ့ပိုးမှု၊ နည်းပြ ဂွါဒီယိုလာရဲ့ တိုက်စစ်ကို အရှိန်အဟုန်မြှင့် ကစားမှုတွေနဲ့အတူ ရရှိသွားလိမ့်မယ်လို့ ယူဆရပြီး ဟားလန်း ဖြတ်ကျော်ရမယ့်သူတွေကို ဖော်ပြပေးလိုက်ပါတယ်။

၃။ ဆာဂျီယို အဂွေရို (မန်စီးတီး) – ၃ ကြိမ်
စီးတီးဂန္ထဝင်အနေနဲ့ တစ်ရာသီအတွင်း ဟက်ထရစ် ၃ ကြိမ် ရှာဖွေနိုင်ခဲ့တဲ့ မှတ်တမ်းကို ၂၀၁၇-၁၈ ရာသီမှာ တစ်ကြိမ်၊ ၂၀၁၈-၁၉ ရာသီမှာ တစ်ကြိမ် ရေးထိုးထားခဲ့တာပါ။ ဟားလန်းအနေနဲ့ လက်ရှိမှာ မန်စီးတီးအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူးဟောင်းနဲ့ စံချိန်ချင်း တူညီနိုင်ခဲ့ပြီဖြစ်တာကြောင့် ကျော်ဖြတ်ဖို့ကတော့ နောက်ထပ် ဟက်ထရစ်တစ်ကြိမ် ရရင်ကိုပဲ အာဂျင်တီးနားသားကို ထားခဲ့လို့ ရပြီဖြစ်ပါတယ်။ အဂွေရိုရဲ့ စစချင်းပွဲတွေမှာ သွင်းဂိုးရရှိမှု စံချိန်ကို ၈ ပွဲမှာ ၁၄ ဂိုးနဲ့ ကျော်ဖြတ်ပြီးခဲ့တဲ့ နော်ဝေသားဟာ ရှေ့လာမယ့် လက်ကျန် ပွဲ ၃၀ မှာ အာဂျင်တီးနားသားကို မကျော်နိုင်ဘူးဆိုရင် လည်ဖြတ်ခံမယ်လို့ပဲ စီးတီးပရိသတ်တွေက ပြောနေကြပါလိမ့်မယ်။

၂။ ဟာရီကိန်း (စပါးစ်) – ၄ ကြိမ်
ဟာရီကိန်းရဲ့ အမြင့်ဆုံးစံချိန်ကတော့ ၂၀၁၆-၁၇ ရာသီမှာ တင်ရှိခဲ့တဲ့ ဟက်ထရစ် ၄ ကြိမ် ရရှိမှုပဲ ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဆွန်ဟောင်မင်နဲ့ ဂိုးလုနေရလို့ အင်္ဂလန်ကပ္ပတိန်အနေနဲ့ သိပ်ပြီး အလုပ်မဖြစ်နိုင်တော့တာပါ။ ဝက်စ်ဘရွန်း၊ စတုတ်စီးတီး၊ လက်စတာ၊ ဟားလ်စီးတီးတို့နဲ့ တစ်ရာသီအတွင်းမှာ ၄ ကြိမ် ဟက်ထရစ်ရခဲ့တဲ့ ကိန်းအနေနဲ့ ဒီလေးပွဲမှာ ၁၃ ဂိုး သွင်းယူနိုင်ခဲ့ပြီး သူ့ကို ပြတ်ပြတ်သားသား နောက်ကောက်ချဖို့ ဆိုရင်တော့ ၄ ဂိုးသွင်းတဲ့ ပွဲမျိုးကိုပါ ဟားလန်းအနေနဲ့ ရှာဖွေသွားရဖွယ်ရှိနေပါတယ်။

၁။ အလန် ရှီးရား (ဘလက်ဘန်း) – ၅ ကြိမ်
ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းအများဆုံး ဂန္ထဝင်ကြီးအနေနဲ့ နယူးကာဆယ်လ်ကို မပြောင်းရွှေ့ခင် ဘလက်ဘန်းအသင်းမှာ သူ့ရဲ့ ကစားသမားဘဝ ဟက်ထရစ်တွေကို ၉ ကြိမ်အထိ ရယူနိုင်ခဲ့သလို ၁၉၉၅-၉၆ ရာသီမှာတော့ ၅ ကြိမ်အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ စက်တင်ဘာလကစပြီး ကစားခဲ့တဲ့ ကိုဗင်ထရီ၊ ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ဘော်လ်တန်နဲ့ စပါးစ်အသင်းတွေကို တစ်ရာသီတည်းမှာ သွင်းယူခဲ့တာဖြစ်ပြီး အဲ့ဒီရာသီမှာ အသက် ၂၅ နှစ်အရွယ် ရှီးရားအနေနဲ့ ၃၅ ပွဲကစား ၃၁ ဂိုးသွင်းပြီး ရွှေဖိနပ်ဆုကို ရရှိခဲ့တာပါ။ ဟားလန်းအနေနဲ့ ပရီးမီးယားလိဂ်မှာ တစ်ရာသီတည်းနဲ့ ဂန္ထဝင်ဖြစ်ဖို့ ဆိုရင်တော့ သူ့ကို ကျော်တက်နိုင်ဖို့ လိုအပ်နေပါတယ်။

နော်ဝေသားအနေနဲ့ မန်စီးတီးနဲ့အတူ နောက်ထပ်တစ်ကြိမ် ဟက်ထရစ် ရယူနိုင်ခဲ့ရင် လီဗာပူးလ်အသင်းရဲ့ မိုဟာမက် ဆာလားကို ထာဝရ ဟက်ထရစ်ရှင်စာရင်းမှာ လိုက်မီနိုင်မှာဖြစ်ပြီး အဆင့် ၁၅ နေရာကို တက်ရောက်နိုင်ဖို့ ရှိနေသလို အဆင့်မှာတော့ ကားလို့စ် တီဗက်ဇ်၊ ဖာနန်ဒို တောရက်စ်၊ ဒွိုက်ယော့ခ်၊ ဂျာမိန်း ဒီဖိုး၊ တက်ဒီ ရှာရင်ဂမ်၊ လက်စ် ဖာဒီနန်၊ ဂျင်မီ ဖလွိုက် ဟက်ဆယ်လ်ဘိန့်ခ်တို့လို နာမည်ကြီးတွေကို လိုက်မီနိုင်မှာဖြစ်ပါတယ်။

နောက်ထပ်တစ်ကြိမ် ဟက်ထရစ်သွင်းနိုင်တာနဲ့ ဟားလန်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ဟက်ထရစ်အကြိမ်ရေ အများဆုံး နော်ဝေသားအဖြစ် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ရဲ့ Super Sub ကြီး ဆိုးလ်ရှားရဲ့ မှတ်တမ်းကို ကျော်ဖြတ်နိုင်မှာလည်းဖြစ်ပြီး ဒီရာသီတစ်ရာသီတည်းနဲ့ ဘယ်လောက်အထိ စံချိန်တွေ ချိုးမလဲဆိုတာတော့ စိတ်ဝင်စားရာ သိပ်ကောင်းနေပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္မွာ ၈ ပြဲကစားၿပီး ေနာက္ဆုံး အိမ္ကြင္း ၃ ပြဲစလုံးမွာ ဟက္ထရစ္ ရရွိထားတဲ့ မန္ခ်က္စတာစီးတီး တိုက္စစ္မႉး အာလင္း ဟားလန္းအေနနဲ႔ ေရာက္ေရာက္ခ်င္းမွာပဲ ၿပိဳင္ဘက္ေတြကို ေဆာက္နဲ႔ ထြင္းႏိုင္ခဲ့တာျဖစ္သလို လက္ရွိအခ်ိန္အထိ ၁၄ ဂိုး သြင္းယူထားခဲ့တဲ့ ႏႈန္းထားက တစ္ရာသီလုံးမွာ အျမင့္ဆုံး ဂိုးသြင္းရွင္ မိုဟာမက္ ဆာလားကို ေတာက္ခ်ႏိုင္မယ့္ သေဘာမွာ ရွိေနပါတယ္။

၈ ပြဲမွာ ၁၄ ဂိုးႏႈန္းဟာ တစ္ပြဲပ်မ္းမွ် ၁.၇၅ ဂိုး ျဖစ္ေနတာေၾကာင့္ ၃၈ ပြဲမွာ ၆၆ ဂိုးအထိ ရရွိသြားႏိုင္သလို ၈ ပြဲမွာ ဟက္ထရစ္ ၃ ႀကိမ္ဆိုရင္ တစ္ရာသီလုံးမွာ ၁၅ ႀကိမ္မ်ား ရသြားမလားလို႔ သခ်ၤာနည္းအရ အလြန္အက်ဴး ေတြးစရာျဖစ္ေနၿပီး ဆာဂ်ီယို အေဂြ႐ိုနဲ႔ အလန္ ရွီးရားတို႔ တင္ရွိထားတဲ့ စံခ်ိန္ေတြကို တစ္ရာသီတည္းနဲ႔ ေက်ာ္ျဖတ္သြားႏိုင္မွာပါ။

လက္ရွိအခ်ိန္မွာေတာ့ ဟားလန္းအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ ဟက္ထရစ္ရွင္စာရင္းမွာ ဆြန္ေဟာင္မင္၊ ေဂ်မီ ဗာဒီ၊ ခရစၥတီယာႏို ေရာ္နယ္လ္ဒို၊ သီယို ဝဲလ္ေကာ့၊ ဒီဒီေယး ဒေရာ့ဘာ၊ နီကိုလာ အနယ္လ္ကာ၊ ေရာ္ဘီကီးန္၊ အီမန္န်ဴယယ္လ္ အဒီဘာေယာ၊ ဖရန႔္ လမ္းပတ္၊ ႐ိုမီလူ လူကာကူး၊ အိုလီဂန္နာ ဆိုးလ္ရွားတို႔နဲ႔အတူ အဆင့္ ၂၇ မွာ ရပ္တည္ထားႏိုင္ၿပီး ဒီလို ရပ္တည္ဖို႔ သူက ၈ ပြဲတည္းနဲ႔ လုပ္ျပထားတာပါ။

တစ္ရာသီလုံးမွာ ဟက္ထရစ္အမ်ားဆုံး သြင္းတဲ့ စံခ်ိန္ကိုေတာ့ အသက္ ၂၂ ႏွစ္အ႐ြယ္ ေနာ္ေဝတိုက္စစ္မႉးအေနနဲ႔ မန္ခ်က္စတာစီးတီးလို ကြင္းလယ္နဲ႔ ေတာင္ပံမွာ ဖန္တီးရွင္ေတြ ျပည့္ႏွက္ေနတဲ့ အသင္းရဲ႕ ပံ့ပိုးမႈ၊ နည္းျပ ဂြါဒီယိုလာရဲ႕ တိုက္စစ္ကို အရွိန္အဟုန္ျမႇင့္ ကစားမႈေတြနဲ႔အတူ ရရွိသြားလိမ့္မယ္လို႔ ယူဆရၿပီး ဟားလန္း ျဖတ္ေက်ာ္ရမယ့္သူေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

၃။ ဆာဂ်ီယို အေဂြ႐ို (မန္စီးတီး) – ၃ ႀကိမ္
စီးတီးဂႏၴဝင္အေနနဲ႔ တစ္ရာသီအတြင္း ဟက္ထရစ္ ၃ ႀကိမ္ ရွာေဖြႏိုင္ခဲ့တဲ့ မွတ္တမ္းကို ၂၀၁၇-၁၈ ရာသီမွာ တစ္ႀကိမ္၊ ၂၀၁၈-၁၉ ရာသီမွာ တစ္ႀကိမ္ ေရးထိုးထားခဲ့တာပါ။ ဟားလန္းအေနနဲ႔ လက္ရွိမွာ မန္စီးတီးအသင္းရဲ႕ ဂႏၴဝင္တိုက္စစ္မႉးေဟာင္းနဲ႔ စံခ်ိန္ခ်င္း တူညီႏိုင္ခဲ့ၿပီျဖစ္တာေၾကာင့္ ေက်ာ္ျဖတ္ဖို႔ကေတာ့ ေနာက္ထပ္ ဟက္ထရစ္တစ္ႀကိမ္ ရရင္ကိုပဲ အာဂ်င္တီးနားသားကို ထားခဲ့လို႔ ရၿပီျဖစ္ပါတယ္။ အေဂြ႐ိုရဲ႕ စစခ်င္းပြဲေတြမွာ သြင္းဂိုးရရွိမႈ စံခ်ိန္ကို ၈ ပြဲမွာ ၁၄ ဂိုးနဲ႔ ေက်ာ္ျဖတ္ၿပီးခဲ့တဲ့ ေနာ္ေဝသားဟာ ေရွ႕လာမယ့္ လက္က်န္ ပြဲ ၃၀ မွာ အာဂ်င္တီးနားသားကို မေက်ာ္ႏိုင္ဘူးဆိုရင္ လည္ျဖတ္ခံမယ္လို႔ပဲ စီးတီးပရိသတ္ေတြက ေျပာေနၾကပါလိမ့္မယ္။

၂။ ဟာရီကိန္း (စပါးစ္) – ၄ ႀကိမ္
ဟာရီကိန္းရဲ႕ အျမင့္ဆုံးစံခ်ိန္ကေတာ့ ၂၀၁၆-၁၇ ရာသီမွာ တင္ရွိခဲ့တဲ့ ဟက္ထရစ္ ၄ ႀကိမ္ ရရွိမႈပဲ ျဖစ္ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ ဆြန္ေဟာင္မင္နဲ႔ ဂိုးလုေနရလို႔ အဂၤလန္ကပၸတိန္အေနနဲ႔ သိပ္ၿပီး အလုပ္မျဖစ္ႏိုင္ေတာ့တာပါ။ ဝက္စ္ဘ႐ြန္း၊ စတုတ္စီးတီး၊ လက္စတာ၊ ဟားလ္စီးတီးတို႔နဲ႔ တစ္ရာသီအတြင္းမွာ ၄ ႀကိမ္ ဟက္ထရစ္ရခဲ့တဲ့ ကိန္းအေနနဲ႔ ဒီေလးပြဲမွာ ၁၃ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး သူ႔ကို ျပတ္ျပတ္သားသား ေနာက္ေကာက္ခ်ဖို႔ ဆိုရင္ေတာ့ ၄ ဂိုးသြင္းတဲ့ ပြဲမ်ိဳးကိုပါ ဟားလန္းအေနနဲ႔ ရွာေဖြသြားရဖြယ္ရွိေနပါတယ္။

၁။ အလန္ ရွီးရား (ဘလက္ဘန္း) – ၅ ႀကိမ္
ပရီးမီးယားလိဂ္ရဲ႕ ဂိုးသြင္းအမ်ားဆုံး ဂႏၴဝင္ႀကီးအေနနဲ႔ နယူးကာဆယ္လ္ကို မေျပာင္းေ႐ႊ႕ခင္ ဘလက္ဘန္းအသင္းမွာ သူ႔ရဲ႕ ကစားသမားဘဝ ဟက္ထရစ္ေတြကို ၉ ႀကိမ္အထိ ရယူႏိုင္ခဲ့သလို ၁၉၉၅-၉၆ ရာသီမွာေတာ့ ၅ ႀကိမ္အထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ စက္တင္ဘာလကစၿပီး ကစားခဲ့တဲ့ ကိုဗင္ထရီ၊ ေဖာရက္စ္၊ ဝက္စ္ဟမ္း၊ ေဘာ္လ္တန္နဲ႔ စပါးစ္အသင္းေတြကို တစ္ရာသီတည္းမွာ သြင္းယူခဲ့တာျဖစ္ၿပီး အဲ့ဒီရာသီမွာ အသက္ ၂၅ ႏွစ္အ႐ြယ္ ရွီးရားအေနနဲ႔ ၃၅ ပြဲကစား ၃၁ ဂိုးသြင္းၿပီး ေ႐ႊဖိနပ္ဆုကို ရရွိခဲ့တာပါ။ ဟားလန္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ တစ္ရာသီတည္းနဲ႔ ဂႏၴဝင္ျဖစ္ဖို႔ ဆိုရင္ေတာ့ သူ႔ကို ေက်ာ္တက္ႏိုင္ဖို႔ လိုအပ္ေနပါတယ္။

ေနာ္ေဝသားအေနနဲ႔ မန္စီးတီးနဲ႔အတူ ေနာက္ထပ္တစ္ႀကိမ္ ဟက္ထရစ္ ရယူႏိုင္ခဲ့ရင္ လီဗာပူးလ္အသင္းရဲ႕ မိုဟာမက္ ဆာလားကို ထာဝရ ဟက္ထရစ္ရွင္စာရင္းမွာ လိုက္မီႏိုင္မွာျဖစ္ၿပီး အဆင့္ ၁၅ ေနရာကို တက္ေရာက္ႏိုင္ဖို႔ ရွိေနသလို အဆင့္မွာေတာ့ ကားလို႔စ္ တီဗက္ဇ္၊ ဖာနန္ဒို ေတာရက္စ္၊ ဒြိဳက္ေယာ့ခ္၊ ဂ်ာမိန္း ဒီဖိုး၊ တက္ဒီ ရွာရင္ဂမ္၊ လက္စ္ ဖာဒီနန္၊ ဂ်င္မီ ဖလြိဳက္ ဟက္ဆယ္လ္ဘိန႔္ခ္တို႔လို နာမည္ႀကီးေတြကို လိုက္မီႏိုင္မွာျဖစ္ပါတယ္။

ေနာက္ထပ္တစ္ႀကိမ္ ဟက္ထရစ္သြင္းႏိုင္တာနဲ႔ ဟားလန္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ဟက္ထရစ္အႀကိမ္ေရ အမ်ားဆုံး ေနာ္ေဝသားအျဖစ္ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ Super Sub ႀကီး ဆိုးလ္ရွားရဲ႕ မွတ္တမ္းကို ေက်ာ္ျဖတ္ႏိုင္မွာလည္းျဖစ္ၿပီး ဒီရာသီတစ္ရာသီတည္းနဲ႔ ဘယ္ေလာက္အထိ စံခ်ိန္ေတြ ခ်ိဳးမလဲဆိုတာေတာ့ စိတ္ဝင္စားရာ သိပ္ေကာင္းေနပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.