Analysis Premier League

ပြိုင်ဘက်တွေ မနာလိုစရာပုံစံနဲ့ မန်စီးတီး 6-3 မန်ယူ ဒါဘီပွဲက မှတ်မှတ်ရရ ပြောစရာများ

တားဆီးလို့ မရတဲ့ ဟားလန်းနဲ့ စံချိန်သစ်များ
အိမ်ကွင်းနောက်ဆုံးသုံးပွဲမှာ ဟက်ထရစ်သွင်းပြခဲ့တဲ့ ဟားလန်းကို ဘယ်သူက တားဆီးနိုင်ဦးမှာလဲလို့ ပြိုင်ဘက်တွေ ကျောချမ်းချင်စရာ ဖြစ်ခဲ့ပါပြီ။ ပရီးမီးယားလိဂ်ဂိုး ၁၄ ဂိုးကို ၈ ပွဲနဲ့ သွင်းယူခဲ့တဲ့ ဟားလန်းဟာ မန်ချက်စတာဒါဘီမှာ ၃ ဂိုးသွင်း၊ ဖန်တီးမှု ၂ ကြိမ်နဲ့ ဂိုး ၅ ဂိုးမှာ ပါဝင်ပတ်သက်ခဲ့ပြီး အမြင့်ဆုံးခြေစွမ်းကို စံချိန်တင် ပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်လို့ ပြောင်းလဲခဲ့ပြီးကတည်းက မန်ချက်စတာဒါဘီမှာ ပထမဆုံး မန်ချက်စတာယူနိုက်တက်ဘက်ကို ဟက်ထရစ်သွင်းနိုင်တဲ့ စီးတီးကစားသမားဖြစ်လာခဲ့တဲ့ ဟားလန်းဟာ သူ့ရဲ့ ဒီရာသီမှာ ၈ ပွဲနဲ့ ဟက်ထရစ် ၃ ကြိမ်ကို ရယူနိုင်ခဲ့လို့ ဆာဂျီယို အဂွေရိုရဲ့ စံချိန်ကိုလည်း လိုက်မီသွားခဲ့ပြီး ဟာရီကိန်းနဲ့ အလန် ရှီးရားတို့ရဲ့ ၄ ကြိမ်နဲ့ ၅ ကြိမ် စံချိန်တွေကို ချိုးဖျက်ဖို့လည်း ခုကတည်းက လွယ်ကူလွန်းနေခဲ့ပါပြီ။

ဂွါဒီယိုလာကြောင့် ငိုရမလို ရယ်ရမလို
မန်ချက်စတာစီးတီးတို့ရဲ့ မြို့ခံပြိုင်ဘက်ကို ၆ ဂိုးအထိ သွင်းနိုင်ခဲ့တဲ့ ပွဲက မိုးပြာရောင် ပရိသတ်တွေ အပြတ်အသတ် အောင်ပွဲခံရမယ့်ပွဲမျိုး ဖြစ်ခဲ့ပြီး ပထမပိုင်းမှာ လေးဂိုး-ဂိုးမရှိဆိုတော့ ဘရန့်ဖို့ဒ်ကိုတောင် သတိရခဲ့သေးတာပါ။ ဒါပေမယ့် ဒုတိယပိုင်းမှာ ကွင်းလယ်က ဒီဘရိုင်းနား၊ ဂွန်ဒိုးဝမ်၊ ဂရီးလစ်ရှ်တို့လို အဓိက ကစားသမားကောင်းတွေကို တစ်ပြုံကြီးထုတ်ပြီး လူငယ်နဲ့ အရန်တွေကို တွဲဆော့ခိုင်းလိုက်တာက ခြောက်ဂိုး-တစ်ဂိုးနိုင်ပွဲကို မြင်ချင်တဲ့သူတွေအတွက်တော့ ရင်ထဲမှာ ကလိကလိဖြစ်ခဲ့ရပါတယ်။ ဘိုင်ယန်မြူးနစ်အရန်အသင်းကို နည်းပြပြီး သူ့ဆီက ပညာယူခဲ့တဲ့ တန်ဟတ်ကို ညှာတာပြီး အခွင့်အရေး ပေးခဲ့တာလားလို့တော့ ထင်ချင်စရာပါပဲ။

ပြိုင်ဘက်တွေ မနာလိုလောက်တဲ့ တစ်ပွဲပျှမ်းမျှ မှတ်တမ်းများ
ဘောလုံးပွဲတွေမှာ တစ်ပွဲကို တစ်ဂိုးသွင်းတာ၊ ဒါမှမဟုတ် တစ်ဂိုးဖန်တီးနိုင်တာဆိုရင်ကို တော်တော်လေး ကောင်းတဲ့ မှတ်တမ်းမျိုး ဖြစ်နေပြီလို့ ဆိုရမှာပါ။ ဒါပေမယ့် မန်ချက်စတာစီးတီးတို့ရဲ့ ဒီရာသီ ပရီးမီးယားလိဂ် ၈ ပွဲမှာ ၂၉ ဂိုးအထိ ရရှိထားတဲ့ ဂိုးသွင်းအားကြောင့် ပြိုင်ဘက်တွေက မနာလိုလောက်တဲ့ နှုန်းထားတွေကို ပိုင်ဆိုင်နေခဲ့ပြီး တိုက်စစ်မှူး ဟားလန်းက ဂိုးသွင်းအများဆုံးအဖြစ် တစ်ပွဲကို ၁.၇၅ ဂိုးနှုန်း သွင်းယူထားခဲ့သလို ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားကတော့ တစ်ပွဲကို တစ်ဂိုးနှုန်း ဖန်တီးထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်နဲ့ Playmaker ဆုတွေအတွက် အောင်ပွဲခံဖို့ အဆင်သင့်ဖြစ်နေကြပြီလို့ ဆိုရတော့မှာဖြစ်ပါတယ်။

အီဒါဆန် – စီးတီးရဲ့ အကြီးမားဆုံး အားနည်းချက်
အန်တိုနီနဲ့ မာစီယယ်လ်တို့ ဘယ်လို ဂိုးတွေ ရသွားတယ်ဆိုတာကို မသိရင် မန်ချက်စတာယူနိုက်တက်တို့ ရုန်းကန် တုံ့ပြန်နိုင်ခဲ့တယ်လို့ ထင်နေကြမှာပါ။ တကယ်တမ်းတော့ ဂွါဒီယိုလာရဲ့ လူတစ်ပြုံကြီး အနားပေးမှုနဲ့ ဂိုးသမား အီဒါဆန်ရဲ့ နုံချာမှုတွေကြောင့် ချေပဂိုးတွေကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အန်တိုနီရဲ့ အဝေးကန်ချက်ကို ဘရာဇီးလ်သား မကာကွယ်နိုင်ခဲ့တာက လက်ရွေးစင်အသင်းမှာ ဘာဖြစ်လို့ အယ်လစ်ဆန်ရဲ့နောက် အရန်အဖြစ် ခစားနေရတာလဲဆိုတာ့ အဖြေပဲဖြစ်ပြီး ဖရက်ဒ်ရဲ့ ကန်ချက်ကိုလည်း ပိုကောင်းအောင် ကာကွယ်နိုင်ခဲ့သင့်ချိန်မှာ ကန်ဆယ်လိုရဲ့ လက်ဆောင် ပင်နယ်တီနဲ့ သုံးဂိုးအထိ စီးတီးတို့ ပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

ကစားသမားဘဝ ပထမဆုံး ဟက်ထရစ်နဲ့ ဖိုဒန်ရဲ့ ဂိုး ၅၀ ပြည့်
၁၈၇ ကြိမ်မြောက် မန်ချက်စတာဒါဘီမှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တဲ့ အင်္ဂလန်သားဟာ လက်ရွေးစင်အသင်းမှာ ဖွတ်ကျားကြီး ဆောက်ဂိတ်နဲ့ တွဲပြီး နာမည်ပျက်ခဲ့ရသမျှ ကလပ်အသင်းမှာတော့ ပေါက်ကွဲပြခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၈ မိနစ်၊ ၄၄ မိနစ်နဲ့ ၇၂ မိနစ်တွေမှာ ဂိုးတွေ သွင်းခဲ့ပြီး ဟက်ထရစ် ရယူခဲ့တဲ့ ဖိုဒန်ဟာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၀ ပြည့်မြောက်မှုကို ပထမပိုင်းမှာ ရရှိခဲ့သလို ဒုတိယပိုင်းမှာတော့ ၅၁ ဂိုးအထိ မှတ်တမ်း ရေးထိုးနိုင်ခဲ့တာဖြစ်ပြီး အသက် ၂၂ နှစ်နဲ့ ၁၂၇ နှစ်အရွယ်မှာ နည်းပြ ဂွါဒီယိုလာရဲ့ အားကိုးမှုကို ပြန်လည်ပေးဆပ်နိုင်ခဲ့တာပါ။

တတိယမြောက် အတွဲလိုက်စံချိန်ကို ရခဲ့တဲ့ စီးတီး
အာဆင်နယ်နဲ့ လက်စတာစီးတီးအသင်းတွေရဲ့ နောက်မှာ မန်ချက်စတာစီးတီးတို့အနေနဲ့ မြို့ခံပြိုင်ဘက်ကို ၆ ဂိုးသွင်းခဲ့အပြီးမှာ ဒီစံချိန်ကို ပိုင်ဆိုင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ တစ်ပွဲတည်းမှာ ကစားသမားနှစ်ဦး ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ စံချိန်ဖြစ်ပြီး အာဆင်နယ်တို့က ၂၀၀၃ မေလမှာ ရောဘတ် ပီရက်စ်၊ ဂျာမိန်း ပင်းနန့်တို့နဲ့ စတင်ခဲ့တာဖြစ်ပြီး ဒါကို ၂၀၁၉ အောက်တိုဘာမှာ ၁၆ နှစ်ကြာမှ လက်စတာတို့က အယိုဇီ ပီရက်ဇ်၊ ဂျေမီ ဗာဒီတို့နဲ့ လိုက်မီခဲ့တာဖြစ်သလို စီးတီးတို့ကတော့ အာလင်း ဟားလန်း၊ ဖီးလ် ဖိုဒန်တို့နဲ့ ရှေ့ ၃ နှစ်က စံချိန်ကို လိုက်မီနိုင်ခဲ့တာပါ။

ပွဲစကတည်းက မှားခဲ့တဲ့ တန်ဟတ်
မက်တော်မီနေးလို ကြံ့ခိုင်မှုနဲ့ ဖျက်အားက လွဲရင် ဦးနှောက်မပါတဲ့ ကစားသမားမျိုးကို ကာစီမီရိုရဲ့ ရှေ့မှာ ပွဲထွက်စာရင်းထဲ ထည့်ခဲ့တာက တန်ဟတ်ရဲ့ မှားယွင်းမှုဖြစ်သလို မာလာစီယာလို သင်ယူစရာ တစ်ပုံတစ်ပင်ကြီးနဲ့ နောက်ခံလူကို မန်ချက်စတာဒါဘီမှာ ပွဲထုတ်ခဲ့တာကလည်း စွန့်စားရာ ကျလွန်းခဲ့တာပါ။ ညာနောက်ခံလူ ဒါလော့ရဲ့ စောစောစီးစီး အဝါထိခဲ့တဲ့ မိုက်မဲမှုနဲ့အတူ အသင်းက ခံစစ်မှာ မာမာချာချာ မကစားနိုင်တော့ချိန်မှာ တန်ဟတ်အနေနဲ့ ဒုတိယပိုင်းက ကွင်းလယ်အတွဲလိုမျိုး ဖရက်ဒ်နဲ့ ကာစီမီရိုကိုသာ ပွဲထုတ်ခဲ့ရင် ဂိုးဒါဇင်ဝက်ဆိုတာက ဖြစ်လာနိုင်ခြေနည်းမှာဖြစ်ပြီး နည်းပြရဲ့ မအောင်မြင်တဲ့ Zonal Marking ကလည်း စီးတီးတို့ကို ကစားရလွယ်ကူလွန်းစေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

တားဆီးလို႔ မရတဲ့ ဟားလန္းနဲ႔ စံခ်ိန္သစ္မ်ား
အိမ္ကြင္းေနာက္ဆုံးသုံးပြဲမွာ ဟက္ထရစ္သြင္းျပခဲ့တဲ့ ဟားလန္းကို ဘယ္သူက တားဆီးႏိုင္ဦးမွာလဲလို႔ ၿပိဳင္ဘက္ေတြ ေက်ာခ်မ္းခ်င္စရာ ျဖစ္ခဲ့ပါၿပီ။ ပရီးမီးယားလိဂ္ဂိုး ၁၄ ဂိုးကို ၈ ပြဲနဲ႔ သြင္းယူခဲ့တဲ့ ဟားလန္းဟာ မန္ခ်က္စတာဒါဘီမွာ ၃ ဂိုးသြင္း၊ ဖန္တီးမႈ ၂ ႀကိမ္နဲ႔ ဂိုး ၅ ဂိုးမွာ ပါဝင္ပတ္သက္ခဲ့ၿပီး အျမင့္ဆုံးေျခစြမ္းကို စံခ်ိန္တင္ ျပသႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ပရီးမီးယားလိဂ္လို႔ ေျပာင္းလဲခဲ့ၿပီးကတည္းက မန္ခ်က္စတာဒါဘီမွာ ပထမဆုံး မန္ခ်က္စတာယူႏိုက္တက္ဘက္ကို ဟက္ထရစ္သြင္းႏိုင္တဲ့ စီးတီးကစားသမားျဖစ္လာခဲ့တဲ့ ဟားလန္းဟာ သူ႔ရဲ႕ ဒီရာသီမွာ ၈ ပြဲနဲ႔ ဟက္ထရစ္ ၃ ႀကိမ္ကို ရယူႏိုင္ခဲ့လို႔ ဆာဂ်ီယို အေဂြ႐ိုရဲ႕ စံခ်ိန္ကိုလည္း လိုက္မီသြားခဲ့ၿပီး ဟာရီကိန္းနဲ႔ အလန္ ရွီးရားတို႔ရဲ႕ ၄ ႀကိမ္နဲ႔ ၅ ႀကိမ္ စံခ်ိန္ေတြကို ခ်ိဳးဖ်က္ဖို႔လည္း ခုကတည္းက လြယ္ကူလြန္းေနခဲ့ပါၿပီ။

ဂြါဒီယိုလာေၾကာင့္ ငိုရမလို ရယ္ရမလို
မန္ခ်က္စတာစီးတီးတို႔ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ကို ၆ ဂိုးအထိ သြင္းႏိုင္ခဲ့တဲ့ ပြဲက မိုးျပာေရာင္ ပရိသတ္ေတြ အျပတ္အသတ္ ေအာင္ပြဲခံရမယ့္ပြဲမ်ိဳး ျဖစ္ခဲ့ၿပီး ပထမပိုင္းမွာ ေလးဂိုး-ဂိုးမရွိဆိုေတာ့ ဘရန႔္ဖို႔ဒ္ကိုေတာင္ သတိရခဲ့ေသးတာပါ။ ဒါေပမယ့္ ဒုတိယပိုင္းမွာ ကြင္းလယ္က ဒီဘ႐ိုင္းနား၊ ဂြန္ဒိုးဝမ္၊ ဂရီးလစ္ရွ္တို႔လို အဓိက ကစားသမားေကာင္းေတြကို တစ္ၿပဳံႀကီးထုတ္ၿပီး လူငယ္နဲ႔ အရန္ေတြကို တြဲေဆာ့ခိုင္းလိုက္တာက ေျခာက္ဂိုး-တစ္ဂိုးႏိုင္ပြဲကို ျမင္ခ်င္တဲ့သူေတြအတြက္ေတာ့ ရင္ထဲမွာ ကလိကလိျဖစ္ခဲ့ရပါတယ္။ ဘိုင္ယန္ျမဴးနစ္အရန္အသင္းကို နည္းျပၿပီး သူ႔ဆီက ပညာယူခဲ့တဲ့ တန္ဟတ္ကို ညႇာတာၿပီး အခြင့္အေရး ေပးခဲ့တာလားလို႔ေတာ့ ထင္ခ်င္စရာပါပဲ။

ၿပိဳင္ဘက္ေတြ မနာလိုေလာက္တဲ့ တစ္ပြဲပွ်မ္းမွ် မွတ္တမ္းမ်ား
ေဘာလုံးပြဲေတြမွာ တစ္ပြဲကို တစ္ဂိုးသြင္းတာ၊ ဒါမွမဟုတ္ တစ္ဂိုးဖန္တီးႏိုင္တာဆိုရင္ကို ေတာ္ေတာ္ေလး ေကာင္းတဲ့ မွတ္တမ္းမ်ိဳး ျဖစ္ေနၿပီလို႔ ဆိုရမွာပါ။ ဒါေပမယ့္ မန္ခ်က္စတာစီးတီးတို႔ရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ ၈ ပြဲမွာ ၂၉ ဂိုးအထိ ရရွိထားတဲ့ ဂိုးသြင္းအားေၾကာင့္ ၿပိဳင္ဘက္ေတြက မနာလိုေလာက္တဲ့ ႏႈန္းထားေတြကို ပိုင္ဆိုင္ေနခဲ့ၿပီး တိုက္စစ္မႉး ဟားလန္းက ဂိုးသြင္းအမ်ားဆုံးအျဖစ္ တစ္ပြဲကို ၁.၇၅ ဂိုးႏႈန္း သြင္းယူထားခဲ့သလို ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားကေတာ့ တစ္ပြဲကို တစ္ဂိုးႏႈန္း ဖန္တီးထားႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ေ႐ႊဖိနပ္နဲ႔ Playmaker ဆုေတြအတြက္ ေအာင္ပြဲခံဖို႔ အဆင္သင့္ျဖစ္ေနၾကၿပီလို႔ ဆိုရေတာ့မွာျဖစ္ပါတယ္။

အီဒါဆန္ – စီးတီးရဲ႕ အႀကီးမားဆုံး အားနည္းခ်က္
အန္တိုနီနဲ႔ မာစီယယ္လ္တို႔ ဘယ္လို ဂိုးေတြ ရသြားတယ္ဆိုတာကို မသိရင္ မန္ခ်က္စတာယူႏိုက္တက္တို႔ ႐ုန္းကန္ တုံ႔ျပန္ႏိုင္ခဲ့တယ္လို႔ ထင္ေနၾကမွာပါ။ တကယ္တမ္းေတာ့ ဂြါဒီယိုလာရဲ႕ လူတစ္ၿပဳံႀကီး အနားေပးမႈနဲ႔ ဂိုးသမား အီဒါဆန္ရဲ႕ ႏုံခ်ာမႈေတြေၾကာင့္ ေခ်ပဂိုးေတြကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။ အန္တိုနီရဲ႕ အေဝးကန္ခ်က္ကို ဘရာဇီးလ္သား မကာကြယ္ႏိုင္ခဲ့တာက လက္ေ႐ြးစင္အသင္းမွာ ဘာျဖစ္လို႔ အယ္လစ္ဆန္ရဲ႕ေနာက္ အရန္အျဖစ္ ခစားေနရတာလဲဆိုတာ့ အေျဖပဲျဖစ္ၿပီး ဖရက္ဒ္ရဲ႕ ကန္ခ်က္ကိုလည္း ပိုေကာင္းေအာင္ ကာကြယ္ႏိုင္ခဲ့သင့္ခ်ိန္မွာ ကန္ဆယ္လိုရဲ႕ လက္ေဆာင္ ပင္နယ္တီနဲ႔ သုံးဂိုးအထိ စီးတီးတို႔ ျပန္လည္ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

ကစားသမားဘဝ ပထမဆုံး ဟက္ထရစ္နဲ႔ ဖိုဒန္ရဲ႕ ဂိုး ၅၀ ျပည့္
၁၈၇ ႀကိမ္ေျမာက္ မန္ခ်က္စတာဒါဘီမွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့တဲ့ အဂၤလန္သားဟာ လက္ေ႐ြးစင္အသင္းမွာ ဖြတ္က်ားႀကီး ေဆာက္ဂိတ္နဲ႔ တြဲၿပီး နာမည္ပ်က္ခဲ့ရသမွ် ကလပ္အသင္းမွာေတာ့ ေပါက္ကြဲျပခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ ၈ မိနစ္၊ ၄၄ မိနစ္နဲ႔ ၇၂ မိနစ္ေတြမွာ ဂိုးေတြ သြင္းခဲ့ၿပီး ဟက္ထရစ္ ရယူခဲ့တဲ့ ဖိုဒန္ဟာ မန္စီးတီးအသင္းအတြက္ ၿပိဳင္ပြဲစုံမွာ သြင္းဂိုး ၅၀ ျပည့္ေျမာက္မႈကို ပထမပိုင္းမွာ ရရွိခဲ့သလို ဒုတိယပိုင္းမွာေတာ့ ၅၁ ဂိုးအထိ မွတ္တမ္း ေရးထိုးႏိုင္ခဲ့တာျဖစ္ၿပီး အသက္ ၂၂ ႏွစ္နဲ႔ ၁၂၇ ႏွစ္အ႐ြယ္မွာ နည္းျပ ဂြါဒီယိုလာရဲ႕ အားကိုးမႈကို ျပန္လည္ေပးဆပ္ႏိုင္ခဲ့တာပါ။

တတိယေျမာက္ အတြဲလိုက္စံခ်ိန္ကို ရခဲ့တဲ့ စီးတီး
အာဆင္နယ္နဲ႔ လက္စတာစီးတီးအသင္းေတြရဲ႕ ေနာက္မွာ မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ကို ၆ ဂိုးသြင္းခဲ့အၿပီးမွာ ဒီစံခ်ိန္ကို ပိုင္ဆိုင္သြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒါကေတာ့ တစ္ပြဲတည္းမွာ ကစားသမားႏွစ္ဦး ဟက္ထရစ္သြင္းႏိုင္ခဲ့တဲ့ စံခ်ိန္ျဖစ္ၿပီး အာဆင္နယ္တို႔က ၂၀၀၃ ေမလမွာ ေရာဘတ္ ပီရက္စ္၊ ဂ်ာမိန္း ပင္းနန႔္တို႔နဲ႔ စတင္ခဲ့တာျဖစ္ၿပီး ဒါကို ၂၀၁၉ ေအာက္တိုဘာမွာ ၁၆ ႏွစ္ၾကာမွ လက္စတာတို႔က အယိုဇီ ပီရက္ဇ္၊ ေဂ်မီ ဗာဒီတို႔နဲ႔ လိုက္မီခဲ့တာျဖစ္သလို စီးတီးတို႔ကေတာ့ အာလင္း ဟားလန္း၊ ဖီးလ္ ဖိုဒန္တို႔နဲ႔ ေရွ႕ ၃ ႏွစ္က စံခ်ိန္ကို လိုက္မီႏိုင္ခဲ့တာပါ။

ပြဲစကတည္းက မွားခဲ့တဲ့ တန္ဟတ္
မက္ေတာ္မီေနးလို ႀကံ့ခိုင္မႈနဲ႔ ဖ်က္အားက လြဲရင္ ဦးေႏွာက္မပါတဲ့ ကစားသမားမ်ိဳးကို ကာစီမီ႐ိုရဲ႕ ေရွ႕မွာ ပြဲထြက္စာရင္းထဲ ထည့္ခဲ့တာက တန္ဟတ္ရဲ႕ မွားယြင္းမႈျဖစ္သလို မာလာစီယာလို သင္ယူစရာ တစ္ပုံတစ္ပင္ႀကီးနဲ႔ ေနာက္ခံလူကို မန္ခ်က္စတာဒါဘီမွာ ပြဲထုတ္ခဲ့တာကလည္း စြန႔္စားရာ က်လြန္းခဲ့တာပါ။ ညာေနာက္ခံလူ ဒါေလာ့ရဲ႕ ေစာေစာစီးစီး အဝါထိခဲ့တဲ့ မိုက္မဲမႈနဲ႔အတူ အသင္းက ခံစစ္မွာ မာမာခ်ာခ်ာ မကစားႏိုင္ေတာ့ခ်ိန္မွာ တန္ဟတ္အေနနဲ႔ ဒုတိယပိုင္းက ကြင္းလယ္အတြဲလိုမ်ိဳး ဖရက္ဒ္နဲ႔ ကာစီမီ႐ိုကိုသာ ပြဲထုတ္ခဲ့ရင္ ဂိုးဒါဇင္ဝက္ဆိုတာက ျဖစ္လာႏိုင္ေျခနည္းမွာျဖစ္ၿပီး နည္းျပရဲ႕ မေအာင္ျမင္တဲ့ Zonal Marking ကလည္း စီးတီးတို႔ကို ကစားရလြယ္ကူလြန္းေစခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.