Premier League

ဟာရီ ကိန်းကို ကျော်ဖြတ်ပြီး တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရခဲ့တဲ့ ဆာကာ

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် တောက်ပတဲ့ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် အင်္ဂလန်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယနေ့ည မီလန်မှာ အီတလီအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လက်ရှိအချိန်အထိ ဆိုးရွားနေတဲ့ နေးရှင်းလိဂ်ပြိုင်ပွဲက စိတ်ပျက်ဖွယ် ခြေစွမ်းကို ပြန်လည် ကုစားဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဆာကာဟာ အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါးရတ် ဆောက်ဂိတ်ရဲ့ အဓိကကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့ပြီးနောက် ယနေ့ညပွဲစဉ်မှာ လက်ရွေးစင်အသင်း ပွဲထွက်လူစာရင်းမှာ ပွဲထွက်ပါဝင်လာမယ်လို့ မျှော်မှန်းခြင်း ခံနေရတာ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် အာဆင်နယ်တောင်ပံကြယ်ပွင့်ဟာ တော့တင်ဟမ်ဟော့စပါးအသင်းခေါင်းဆောင် ဟာရီ ကိန်းနဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင် ဒီကလန် ရိုက်စ်တို့လို ကစားသမားတွေကို ကျော်ဖြတ်ပြီး ပြီးခဲ့တဲ့တစ်နှစ်လုံးမှာ ပြသခဲ့တဲ့ ထူးခြားတဲ့ခြေစွမ်းကြောင့် ဆုရရှိခဲ့တာဖြစ်ပါတယ်။

ဆာကာဟာ ယခုရာသီမှာလည်း အာဆင်နယ်အသင်းအတွက် ပုံစံကောင်း ဆက်လက်ပြသနေတဲ့ကစားသမားဖြစ်ပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၇ ပွဲမှာ သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။

ဆာကာဟာ ဒေသတွင်း လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ရဲ့ ဆုပေးအပ်ချီးမြှင့်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး အင်္ဂလန်တောင်ပံကစားသမားဟာ ဆုချီးမြှင့်ခဲ့တာကို မသိခဲ့ဘဲ မယုံနိုင်ဟန်နဲ့ အံ့သြသွားပြီးမှ ပြုံးပြီး အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

“မဖြစ်နိုင်တာ။ ကျွန်တော် ဒီဆုကို ရိုးရိုးသားသားပြောရရင် မမျှော်မှန်းထားပါဘူး။ အဲဒီတော့ ဟုတ်ပါတယ်။ ကျွန်တော် ဂုဏ်ယူမိပါတယ်။ အဲဒါက တကယ်ကို ကောင်းမွန်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆာကာရဲ့ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာကြောင့် ရှေ့လျှောက် ကောင်းမွန်တဲ့အရာတွေ ရောက်လာမယ့်လက္ခဏာဖြစ်တယ်လို့ မျှော်လင့်နေမှာ ဖြစ်ပြီး လက်ရှိမှာတော့ ၂၀၂၁-၂၀၂၂ ရာသီအတွက် အင်္ဂလန်ရဲ့ အကောင်းဆုံးကစားသမားဆုကို ချီးမြှင့်ခြင်းခံခဲ့ရပြီဖြစ်ပါတယ်။ ဂါးရတ် ဆောက်ဂိတ်ရဲ့အသင်းဟာ နေးရှင်းလိဂ် A အုပ်စု ၃ ရဲ့ အောက်ခြေမှာ ရပ်တည်နေရတာဖြစ်ပြီး နောက်ဆုံး အုပ်စုပွဲစဉ် ၂ ပွဲမှာ အနိုင်ရလဒ် မရယူနိုင်ဘူးဆိုရင် တန်းဆင်းရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာဟာ ကလပ္အသင္းနဲ႔ ႏိုင္ငံအသင္းအတြက္ ေတာက္ပတဲ့ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ အဂၤလန္ရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အဂၤလန္အသင္းဟာ ယေန႔ည မီလန္မွာ အီတလီအသင္းနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ဆိုး႐ြားေနတဲ့ ေနးရွင္းလိဂ္ၿပိဳင္ပြဲက စိတ္ပ်က္ဖြယ္ ေျခစြမ္းကို ျပန္လည္ ကုစားဖို႔အတြက္ ႀကိဳးပမ္းသြားမွာ ျဖစ္ပါတယ္။ ဆာကာဟာ အဂၤလန္လက္ေ႐ြးစင္နည္းျပ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ အဓိကကစားသမားေတြထဲက တစ္ဦးျဖစ္လာခဲ့ၿပီးေနာက္ ယေန႔ညပြဲစဥ္မွာ လက္ေ႐ြးစင္အသင္း ပြဲထြက္လူစာရင္းမွာ ပြဲထြက္ပါဝင္လာမယ္လို႔ ေမွ်ာ္မွန္းျခင္း ခံေနရတာ ျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ အာဆင္နယ္ေတာင္ပံၾကယ္ပြင့္ဟာ ေတာ့တင္ဟမ္ေဟာ့စပါးအသင္းေခါင္းေဆာင္ ဟာရီ ကိန္းနဲ႔ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ ဒီကလန္ ႐ိုက္စ္တို႔လို ကစားသမားေတြကို ေက်ာ္ျဖတ္ၿပီး ၿပီးခဲ့တဲ့တစ္ႏွစ္လုံးမွာ ျပသခဲ့တဲ့ ထူးျခားတဲ့ေျခစြမ္းေၾကာင့္ ဆုရရွိခဲ့တာျဖစ္ပါတယ္။

ဆာကာဟာ ယခုရာသီမွာလည္း အာဆင္နယ္အသင္းအတြက္ ပုံစံေကာင္း ဆက္လက္ျပသေနတဲ့ကစားသမားျဖစ္ၿပီး ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ ၇ ပြဲမွာ သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ထားႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ဆာကာဟာ ေဒသတြင္း လူငယ္ကစားသမားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ အဖြဲ႕ရဲ႕ ဆုေပးအပ္ခ်ီးျမႇင့္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး အဂၤလန္ေတာင္ပံကစားသမားဟာ ဆုခ်ီးျမႇင့္ခဲ့တာကို မသိခဲ့ဘဲ မယုံႏိုင္ဟန္နဲ႔ အံ့ၾသသြားၿပီးမွ ၿပဳံးၿပီး အခုလို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“မျဖစ္ႏိုင္တာ။ ကြၽန္ေတာ္ ဒီဆုကို ႐ိုး႐ိုးသားသားေျပာရရင္ မေမွ်ာ္မွန္းထားပါဘူး။ အဲဒီေတာ့ ဟုတ္ပါတယ္။ ကြၽန္ေတာ္ ဂုဏ္ယူမိပါတယ္။ အဲဒါက တကယ္ကို ေကာင္းမြန္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆာကာရဲ႕ အာဆင္နယ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာေၾကာင့္ ေရွ႕ေလွ်ာက္ ေကာင္းမြန္တဲ့အရာေတြ ေရာက္လာမယ့္လကၡဏာျဖစ္တယ္လို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ၿပီး လက္ရွိမွာေတာ့ ၂၀၂၁-၂၀၂၂ ရာသီအတြက္ အဂၤလန္ရဲ႕ အေကာင္းဆုံးကစားသမားဆုကို ခ်ီးျမႇင့္ျခင္းခံခဲ့ရၿပီျဖစ္ပါတယ္။ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕အသင္းဟာ ေနးရွင္းလိဂ္ A အုပ္စု ၃ ရဲ႕ ေအာက္ေျခမွာ ရပ္တည္ေနရတာျဖစ္ၿပီး ေနာက္ဆုံး အုပ္စုပြဲစဥ္ ၂ ပြဲမွာ အႏိုင္ရလဒ္ မရယူႏိုင္ဘူးဆိုရင္ တန္းဆင္းရမယ့္အေရးနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.