Bundesliga Premier League

လိုက်ပ်ဇစ်နဲ့ ချဲလ်ဆီးမှာ ကစားရတာ ဘာကွာခြားလဲ ပြောပြသွားတဲ့ တီမို ဗာနာ

ချဲလ်ဆီးတိုက်စစ်မှူးဟောင်း တီမို ဗာနာက မကြာသေးမီတုန်းက စတမ်းဖို့ဒ် ဘရစ်ချ်မှာ ရှိခဲ့တဲ့အချိန်တွေနဲ့ပတ်သက်ပြီး ဖွင့်ဟ ပြောဆိုသွားခဲ့ပြီး အချိန်တော်တော်များများမှာ ဘောလုံးကစားရတာကို ပျော်ရွှင်တဲ့စိတ်တွေပါ ပျောက်ဆုံးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

တီမို ဗာနာဟာ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဘွန်ဒက်စ်လီဂါကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လိုက်ပ်ဇစ်အသင်းမှာ ကမ္ဘာ့အဆင့် ခြေစွမ်း ပြန်လည်ပြသနေတဲ့ ကစားသမားဖြစ်ပါတယ်။ မကြာသေးမီက ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်နဲ့ အင်တာဗျူးမှာ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းက စတမ်းဖို့ဒ် ဘရစ်ချ်က အချိန်တွေနဲ့ပတ်သက်ပြီး ဖွင့်ဟဝန်ခံ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးဟာ အနောက်လန်ဒန်မှာ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက တော်တော်လေး ခါးသီးခဲ့တဲ့အကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်တစ်ဦးတည်းအမြင်အရ အရမ်းကောင်းတဲ့ အချိန်တွေ မဖြစ်ခဲ့ပါဘူး။ ကျွန်တော် တစုံတရာထက်ပိုပြီး စိတ်ကူးယဉ်မိခဲ့ပါတယ်။ ကျွန်တော် အများကြီး လေ့လာသင်ယူခဲ့ရတယ်။ ချန်ပီယံလိဂ်နဲ့ တခြားဆုဖလားတွေ ရရှိခဲ့တယ်။ ကျွန်တော် ပြည်ပမှာ ၂ နှစ်လောက် အရမ်းကို ပျော်ရွှင်ခဲ့ပြီး လန်ဒန်မှာ အရမ်းကို ပျော်ခဲ့ပါတယ်။ ကျွန်တော့်မှာ တစ်ဖက်က ရယ်မောနေတဲ့ မျက်လုံးရှိပြီး ကျန်တဲ့မျက်လုံးတစ်ဖက်ကတော့ ငိုကြွေးနေခဲ့တာပါ”

“လိုက်ပ်ဇစ်မှာ ပထမဆုံးရက်သတ္တပတ်အနည်းငယ်ကတော့ အရာအားလုံး ချောချောမွေ့မွေ့မဖြစ်ခဲ့ပေမယ့် နည်းပြသစ်လက်အောက်မှာ ဘောလုံးကစားရတာက ကျွန်တော်နဲ့ အရမ်းကို ကောင်းကောင်း အံဝင်ပါတယ်။ လက်ရွေးစင်အသင်းထဲမှာ ကစားဖို့ လိုအပ်တဲ့အရာတွေအတွက် ကျွန်တော့်ကို ကြိုတင်ပြင်ဆင်ပေးပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ တီမို ဗာနာက နည်းပြ သောမတ်စ် တူဟယ်ရဲ့ နည်းစနစ်ထဲ အံဝင်ဖို့ ပြဿနာတက်ခဲ့တဲ့အကြောင်းကိုလည်း ဆွေးနွေးခဲ့ပြီး ဂျာမန်လူမျိုးနည်းပြဟာ လိုက်ပ်ဇစ်တိုက်စစ်မှူးကို မကြာခဏ အရန်ခုံမှာ ချန်လှပ်ထားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တော့ ဘောလုံးကစားရလို့ ပျော်ရွှင်မှုက ထိပ်ဆုံးကပါ။ ဟုတ်တာပေါ့။ ကျွန်တော် ချဲလ်ဆီးမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့ပေမယ့် အဆုံးမှာတော့ အပျော်တွေ ပျောက်ဆုံးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ပုံမှန် မကစားရတော့လို့ပဲ။ နည်းပြရဲ့ ကစားကွက်က ကျွန်တော်နဲ့ အပြည့်အဝ အံမဝင်ခဲ့ဘူးလို့ ထင်ပါတယ်”

“အဲဒါကြောင့်ပဲ ကျွန်တော့်အတွက် ခြေလှမ်းသစ်လှမ်းချင်ခဲ့တယ်ဆိုတာက ရှင်းလင်းသွားခဲ့တာပါ။ ကျွန်တော်က ကစားနိုင်သလောက် ကစားချင်တဲ့ အသက်အရွယ်မှာ ရှိနေတာပါ။ ကျွန်တော်က ချဲလ်ဆီးနဲ့အတူ အရမ်းကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့မှုနဲ့ ဆက်စပ်ခဲ့ပါတယ်။ ကျွန်တော့်ကစားသမားဘဝရဲ့ အကောင်းဆုံးကာလတွေပါ”

“ချဲလ်ဆီးက ကျွန်တော့်အတွက်တော့ ထူးခြားတဲ့အသင်း အမြဲတမ်း ဖြစ်နေမှာပါ။ ချဲလ်ဆီးအသင်းက ကစားသမားအများအပြားနဲ့လည်း ကျွန်တော် အဆက်အသွယ်မပြတ် လုပ်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္း တီမို ဗာနာက မၾကာေသးမီတုန္းက စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ရွိခဲ့တဲ့အခ်ိန္ေတြနဲ႔ပတ္သက္ၿပီး ဖြင့္ဟ ေျပာဆိုသြားခဲ့ၿပီး အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ေဘာလုံးကစားရတာကို ေပ်ာ္႐ႊင္တဲ့စိတ္ေတြပါ ေပ်ာက္ဆုံးခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

တီမို ဗာနာဟာ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလအတြင္း ဘြန္ဒက္စ္လီဂါကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး လိုက္ပ္ဇစ္အသင္းမွာ ကမာၻ႔အဆင့္ ေျခစြမ္း ျပန္လည္ျပသေနတဲ့ ကစားသမားျဖစ္ပါတယ္။ မၾကာေသးမီက ဂ်ာမန္ေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ တရားဝင္ဝက္ဘ္ဆိုက္နဲ႔ အင္တာဗ်ဴးမွာ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းက စတမ္းဖို႔ဒ္ ဘရစ္ခ်္က အခ်ိန္ေတြနဲ႔ပတ္သက္ၿပီး ဖြင့္ဟဝန္ခံ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အေနာက္လန္ဒန္မွာ ႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္အပ်က္ေတြက ေတာ္ေတာ္ေလး ခါးသီးခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ့္တစ္ဦးတည္းအျမင္အရ အရမ္းေကာင္းတဲ့ အခ်ိန္ေတြ မျဖစ္ခဲ့ပါဘူး။ ကြၽန္ေတာ္ တစုံတရာထက္ပိုၿပီး စိတ္ကူးယဥ္မိခဲ့ပါတယ္။ ကြၽန္ေတာ္ အမ်ားႀကီး ေလ့လာသင္ယူခဲ့ရတယ္။ ခ်န္ပီယံလိဂ္နဲ႔ တျခားဆုဖလားေတြ ရရွိခဲ့တယ္။ ကြၽန္ေတာ္ ျပည္ပမွာ ၂ ႏွစ္ေလာက္ အရမ္းကို ေပ်ာ္႐ႊင္ခဲ့ၿပီး လန္ဒန္မွာ အရမ္းကို ေပ်ာ္ခဲ့ပါတယ္။ ကြၽန္ေတာ့္မွာ တစ္ဖက္က ရယ္ေမာေနတဲ့ မ်က္လုံးရွိၿပီး က်န္တဲ့မ်က္လုံးတစ္ဖက္ကေတာ့ ငိုေႂကြးေနခဲ့တာပါ”

“လိုက္ပ္ဇစ္မွာ ပထမဆုံးရက္သတၱပတ္အနည္းငယ္ကေတာ့ အရာအားလုံး ေခ်ာေခ်ာေမြ႕ေမြ႕မျဖစ္ခဲ့ေပမယ့္ နည္းျပသစ္လက္ေအာက္မွာ ေဘာလုံးကစားရတာက ကြၽန္ေတာ္နဲ႔ အရမ္းကို ေကာင္းေကာင္း အံဝင္ပါတယ္။ လက္ေ႐ြးစင္အသင္းထဲမွာ ကစားဖို႔ လိုအပ္တဲ့အရာေတြအတြက္ ကြၽန္ေတာ့္ကို ႀကိဳတင္ျပင္ဆင္ေပးပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ တီမို ဗာနာက နည္းျပ ေသာမတ္စ္ တူဟယ္ရဲ႕ နည္းစနစ္ထဲ အံဝင္ဖို႔ ျပႆနာတက္ခဲ့တဲ့အေၾကာင္းကိုလည္း ေဆြးေႏြးခဲ့ၿပီး ဂ်ာမန္လူမ်ိဳးနည္းျပဟာ လိုက္ပ္ဇစ္တိုက္စစ္မႉးကို မၾကာခဏ အရန္ခုံမွာ ခ်န္လွပ္ထားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ့္အတြက္ေတာ့ ေဘာလုံးကစားရလို႔ ေပ်ာ္႐ႊင္မႈက ထိပ္ဆုံးကပါ။ ဟုတ္တာေပါ့။ ကြၽန္ေတာ္ ခ်ဲလ္ဆီးမွာ ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရခဲ့ေပမယ့္ အဆုံးမွာေတာ့ အေပ်ာ္ေတြ ေပ်ာက္ဆုံးခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ပုံမွန္ မကစားရေတာ့လို႔ပဲ။ နည္းျပရဲ႕ ကစားကြက္က ကြၽန္ေတာ္နဲ႔ အျပည့္အဝ အံမဝင္ခဲ့ဘူးလို႔ ထင္ပါတယ္”

“အဲဒါေၾကာင့္ပဲ ကြၽန္ေတာ့္အတြက္ ေျခလွမ္းသစ္လွမ္းခ်င္ခဲ့တယ္ဆိုတာက ရွင္းလင္းသြားခဲ့တာပါ။ ကြၽန္ေတာ္က ကစားႏိုင္သေလာက္ ကစားခ်င္တဲ့ အသက္အ႐ြယ္မွာ ရွိေနတာပါ။ ကြၽန္ေတာ္က ခ်ဲလ္ဆီးနဲ႔အတူ အရမ္းေကာင္းမြန္တဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့မႈနဲ႔ ဆက္စပ္ခဲ့ပါတယ္။ ကြၽန္ေတာ့္ကစားသမားဘဝရဲ႕ အေကာင္းဆုံးကာလေတြပါ”

“ခ်ဲလ္ဆီးက ကြၽန္ေတာ့္အတြက္ေတာ့ ထူးျခားတဲ့အသင္း အၿမဲတမ္း ျဖစ္ေနမွာပါ။ ခ်ဲလ္ဆီးအသင္းက ကစားသမားအမ်ားအျပားနဲ႔လည္း ကြၽန္ေတာ္ အဆက္အသြယ္မျပတ္ လုပ္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.