Bundesliga Premier League Serie A

ဥရောပထိပ်တန်းအသင်းကြီးရဲ့နည်းပြအဖြစ် ပြန်လည်မြင်တွေ့ရနိုင်တဲ့ တူဟယ်

ချဲလ်ဆီးနည်းပြဟောင်း သောမတ်စ် တူဟယ်ဟာ ဘိုင်ယန်မြူးနစ် သို့မဟုတ် ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရှိနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စက်တင်ဘာအစောပိုင်းမှာ တူဟယ်ဟာ ချဲလ်ဆီးရဲ့ ဆိုးရွားတဲ့ရာသီ စတင်မှုနဲ့ အသင်းပိုင်ရှင်သစ် တော့ဒ် ဘိုလီနဲ့ ဆက်ဆံရေး ဆိုးရွားပြီးနောက်ပိုင်း နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ့တားကို လျင်လျင်မြန်မြန်ပဲ အစားထိုးခန့်အပ်ခဲ့တာဖြစ်ပေမယ့်လည်း Bild Sport ရဲ့ ဖော်ပြချက်အရ ဂျာမန်လူမျိုးနည်းပြကလည်း ဥရောပရဲ့ အကြီးမားဆုံးကလပ်အသင်းကြီး ၂ သင်းက မျက်စိကျနေတာကြောင့် လျင်လျင်မြန်မြန်နဲ့ နည်းပြထိုင်ခုံမှာ ပြန်လည်မြင်တွေ့ရနိုင်တယ်လို့ သိရပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်တို့ ၂ သင်းစလုံးဟာ ယခုရာသီအစမှာ ခက်ခဲကြမ်းတမ်းတဲ့ စတင်မှုကို ရင်ဆိုင်နေရသူတွေဖြစ်ပြီး ဘိုင်ယန်မြူးနစ်နည်းပြ နာဂယ်စ်မန်းနဲ့ ဂျူဗင်တပ်နည်းပြ အယ်လီဂရီတို့ဟာ ဖိအားတွေအောက်ရောက်ရှိနေကြတာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ နောက်ဆုံး ဘွန်ဒက်စ်လီဂါ ၄ ပွဲအထိ နိုင်ပွဲမရှိခဲ့တာကြောင့် နိုင်ငံတကာပွဲစဉ် အားလပ်ရက်ကာလအတွင်း အမှတ်ပေးဇယားထိပ်ဆုံးက ယူနီယံ ဘာလင်နဲ့ ၅ မှတ်အကွာ အဆင့် ၅ နေရာကနေ ဖြတ်သန်းသွားရတော့မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်မှာတော့ အင်တာမီလန်၊ ဘာစီလိုနာတို့ကို အနိုင်ယူပြီး အကောင်းဆုံးပုံစံပြသထားပေမယ့်လည်း ဘွန်ဒက်စ်လီဂါမှာ ကောင်းကောင်း အာရုံစိုက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ အယ်လီဂရီအတွက်လည်း အရာအားလုံးက ထင်သလောက် မလွယ်ကူခဲ့ဘဲ ဂျူဗင်တပ်ဟာ စီးရီးအေအမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁ ပွဲသာ နိုင်ပွဲ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

တူရင်ကလပ်အသင်းရဲ့ ပရိသတ်တွေက အယ်လီဂရီရဲ့ နေရာမှာ နည်းပြသစ် အစားထိုးခန့်အပ်တာကို မြင်တွေ့ချင်နေပေမယ့်လည်း အီတလီထိပ်သီးအသင်းကြီးဟာ အလျင်စလို ဆုံးဖြတ်ချက် ချမှတ်သွားမှာမဟုတ်ဘဲ စပါးစ်နည်းပြ ကွန်တီကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ချက်နဲ့ ရာသီကုန်အထိတောင် စောင့်ဆိုင်းသွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

တူဟယ်ဟာ နည်းပြဘဝတလျှောက် မိုင့်ဇ်၊ ဒေ့ါမွန်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးတို့ကို နည်းပြခဲ့ပြီး အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလားအပါအဝင် အခြားဆုဖလားအများအပြား ရရှိခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ်ဲလ္ဆီးနည္းျပေဟာင္း ေသာမတ္စ္ တူဟယ္ဟာ ဘိုင္ယန္ျမဴးနစ္ သို႔မဟုတ္ ဂ်ဴဗင္တပ္အသင္းရဲ႕ နည္းျပသစ္ ျဖစ္လာဖို႔ ရွိေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

စက္တင္ဘာအေစာပိုင္းမွာ တူဟယ္ဟာ ခ်ဲလ္ဆီးရဲ႕ ဆိုး႐ြားတဲ့ရာသီ စတင္မႈနဲ႔ အသင္းပိုင္ရွင္သစ္ ေတာ့ဒ္ ဘိုလီနဲ႔ ဆက္ဆံေရး ဆိုး႐ြားၿပီးေနာက္ပိုင္း နည္းျပရာထူးကေန ထုတ္ပယ္ခံခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ဘ႐ိုက္တန္နည္းျပ ဂေရဟမ္ ေပါ့တားကို လ်င္လ်င္ျမန္ျမန္ပဲ အစားထိုးခန႔္အပ္ခဲ့တာျဖစ္ေပမယ့္လည္း Bild Sport ရဲ႕ ေဖာ္ျပခ်က္အရ ဂ်ာမန္လူမ်ိဳးနည္းျပကလည္း ဥေရာပရဲ႕ အႀကီးမားဆုံးကလပ္အသင္းႀကီး ၂ သင္းက မ်က္စိက်ေနတာေၾကာင့္ လ်င္လ်င္ျမန္ျမန္နဲ႔ နည္းျပထိုင္ခုံမွာ ျပန္လည္ျမင္ေတြ႕ရႏိုင္တယ္လို႔ သိရပါတယ္။

ဘိုင္ယန္ျမဴးနစ္နဲ႔ ဂ်ဴဗင္တပ္တို႔ ၂ သင္းစလုံးဟာ ယခုရာသီအစမွာ ခက္ခဲၾကမ္းတမ္းတဲ့ စတင္မႈကို ရင္ဆိုင္ေနရသူေတြျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္နည္းျပ နာဂယ္စ္မန္းနဲ႔ ဂ်ဴဗင္တပ္နည္းျပ အယ္လီဂရီတို႔ဟာ ဖိအားေတြေအာက္ေရာက္ရွိေနၾကတာျဖစ္ပါတယ္။ ဘိုင္ယန္ျမဴးနစ္ဟာ ေနာက္ဆုံး ဘြန္ဒက္စ္လီဂါ ၄ ပြဲအထိ ႏိုင္ပြဲမရွိခဲ့တာေၾကာင့္ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ကာလအတြင္း အမွတ္ေပးဇယားထိပ္ဆုံးက ယူနီယံ ဘာလင္နဲ႔ ၅ မွတ္အကြာ အဆင့္ ၅ ေနရာကေန ျဖတ္သန္းသြားရေတာ့မွာ ျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ခ်န္ပီယံလိဂ္မွာေတာ့ အင္တာမီလန္၊ ဘာစီလိုနာတို႔ကို အႏိုင္ယူၿပီး အေကာင္းဆုံးပုံစံျပသထားေပမယ့္လည္း ဘြန္ဒက္စ္လီဂါမွာ ေကာင္းေကာင္း အာ႐ုံစိုက္ဖို႔ လိုအပ္ေနတာ ျဖစ္ပါတယ္။ အယ္လီဂရီအတြက္လည္း အရာအားလုံးက ထင္သေလာက္ မလြယ္ကူခဲ့ဘဲ ဂ်ဴဗင္တပ္ဟာ စီးရီးေအအမွတ္ေပးဇယား အဆင့္ ၈ ေနရာမွာ ရပ္တည္ေနရၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၈ ပြဲမွာ ၁ ပြဲသာ ႏိုင္ပြဲ ရရွိထားခဲ့တာ ျဖစ္ပါတယ္။

တူရင္ကလပ္အသင္းရဲ႕ ပရိသတ္ေတြက အယ္လီဂရီရဲ႕ ေနရာမွာ နည္းျပသစ္ အစားထိုးခန႔္အပ္တာကို ျမင္ေတြ႕ခ်င္ေနေပမယ့္လည္း အီတလီထိပ္သီးအသင္းႀကီးဟာ အလ်င္စလို ဆုံးျဖတ္ခ်က္ ခ်မွတ္သြားမွာမဟုတ္ဘဲ စပါးစ္နည္းျပ ကြန္တီကို ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ရာသီကုန္အထိေတာင္ ေစာင့္ဆိုင္းသြားႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

တူဟယ္ဟာ နည္းျပဘဝတေလွ်ာက္ မိုင့္ဇ္၊ ေဒ့ါမြန္၊ ပီအက္စ္ဂ်ီ၊ ခ်ဲလ္ဆီးတို႔ကို နည္းျပခဲ့ၿပီး အေကာင္းဆုံးနည္းျပေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသႏိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဖလားအပါအဝင္ အျခားဆုဖလားအမ်ားအျပား ရရွိခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.