Bundesliga Premier League Transfer News

ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဆီလာမယ်လို့ ပြောလိုက်တဲ့ ပါဗက်

ဘိုင်ယန်မြူးနစ်နောက်ခံကစားသမား ဘန်ဂျမင် ပါဗက်က ယခုနွေရာသီမှာ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းကြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်ပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါဖလား ၃ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိခဲ့တဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံကစားသမားအတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့်လည်း ငြင်းပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီး၊ အက်သလက်တီကို မက်ဒရစ်၊ ဂျူဗင်တပ်တို့ကလည်း ပါဗက်ကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပေမယ့်လည်း နောက်ဆုံးမှာတော့ ပြင်သစ်နောက်ခံကစားသမားက ဘွန်ဒက်စ်လီဂါချန်ပီယံတွေနဲ့အတူ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ပါဗက်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး ခံစစ်ပိုင်းမှာ ညာနောက်ခံ၊ ဗဟိုခံစစ် စတဲ့နေရာတွေအပြင် နေရာစုံ ကစားနိုင်စွမ်း ပိုင်ဆိုင်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ ယခုနွေရာသီမှာ အခြားအသင်းတွေဆီကနေ စိတ်ဝင်စားမှုနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ပါဗက်က ပြင်သစ်သတင်းဌာန Téléfoot ကို အခုလိုပဲ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော့်ဘာသာ မေးခွန်းထုတ်ခဲ့တယ်။ ကျွန်တော့်အေးဂျင့်နဲ့အတူ မတူညီတဲ့ ကလပ်အသင်းတွေဆီကနေ ဖုန်းခေါ်ဆိုမှုတွေ ရရှိခဲ့တယ်။ အဲဒါအပြီးမှာ ကျွန်တော်တို့နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ ဘိုင်ယန်မြူးနစ်နည်းပြနဲ့ စကားပြောခဲ့တယ်။ သူက ကျွန်တော့်ကို သူ့ရဲ့ အစီအစဉ်ထဲမှာ ရှိနေခဲ့ပြီး အသင်းအတွက် ကျွန်တော်က အရေးပါတဲ့သူဆိုတာကို နားလည်အောင် ပြောခဲ့တယ်”

“တစ်နေ့နေ့ကျရင်တော့ ကျွန်တော် ဒီအသင်းတွေထဲက တစ်သင်းကို သွားမှာပါ။ ခင်ဗျား အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို ဘယ်တော့မှ မသိနိုင်ပါဘူး။ ကျွန်တော် ဘိုင်ယန်မြူးနစ်မှာ ရှိနေပါသေးတယ်။ အဲဒါပြီးရင်တော့ ကျွန်တော်တို့မှာ အချိန်တွေ ရှိပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုရာသီ ပြည်တွင်းမှာ ခက်ခဲတဲ့ ရာသီစတင်မှုနဲ့ ရင်ဆိုင်နေခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ၄ ပွဲစလုံးမှာ နိုင်ပွဲတစ်ပွဲမှ ရယူနိုင်ခြင်းမရှိခဲ့ဘဲ စတုဂတ်၊ ယူနီယံ ဘာလင်၊ မွန်ချန်ဂလတ်ဘတ်တို့နဲ့ သရေကျပြီးနောက်ပိုင်း စနေနေ့က အောက်စ်ဘာ့ဂ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘိုင္ယန္ျမဴးနစ္ေနာက္ခံကစားသမား ဘန္ဂ်မင္ ပါဗက္က ယခုေႏြရာသီမွာ ပရီးမီးယားလိဂ္ထိပ္တန္းအသင္းႀကီးျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚခဲ့ၿပီးေနာက္ တိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ဘိုင္ယန္ျမဴးနစ္နဲ႔အတူ ဘြန္ဒက္စ္လီဂါဖလား ၃ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၁ ႀကိမ္ ရရွိခဲ့တဲ့ ျပင္သစ္လက္ေ႐ြးစင္ေနာက္ခံကစားသမားအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ေပမယ့္လည္း ျငင္းပယ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

ခ်ဲလ္ဆီး၊ အက္သလက္တီကို မက္ဒရစ္၊ ဂ်ဴဗင္တပ္တို႔ကလည္း ပါဗက္ကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ျပင္သစ္ေနာက္ခံကစားသမားက ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြနဲ႔အတူ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ပါဗက္ဟာ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔အတူ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္း က်န္ရွိေနေသးၿပီး ခံစစ္ပိုင္းမွာ ညာေနာက္ခံ၊ ဗဟိုခံစစ္ စတဲ့ေနရာေတြအျပင္ ေနရာစုံ ကစားႏိုင္စြမ္း ပိုင္ဆိုင္ထားတဲ့ ကစားသမားျဖစ္ပါတယ္။ ယခုေႏြရာသီမွာ အျခားအသင္းေတြဆီကေန စိတ္ဝင္စားမႈနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ ပါဗက္က ျပင္သစ္သတင္းဌာန Téléfoot ကို အခုလိုပဲ ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

“ကြၽန္ေတာ့္ဘာသာ ေမးခြန္းထုတ္ခဲ့တယ္။ ကြၽန္ေတာ့္ေအးဂ်င့္နဲ႔အတူ မတူညီတဲ့ ကလပ္အသင္းေတြဆီကေန ဖုန္းေခၚဆိုမႈေတြ ရရွိခဲ့တယ္။ အဲဒါအၿပီးမွာ ကြၽန္ေတာ္တို႔နဲ႔ ေကာင္းမြန္တဲ့ ဆက္ဆံေရးရွိတဲ့ ဘိုင္ယန္ျမဴးနစ္နည္းျပနဲ႔ စကားေျပာခဲ့တယ္။ သူက ကြၽန္ေတာ့္ကို သူ႔ရဲ႕ အစီအစဥ္ထဲမွာ ရွိေနခဲ့ၿပီး အသင္းအတြက္ ကြၽန္ေတာ္က အေရးပါတဲ့သူဆိုတာကို နားလည္ေအာင္ ေျပာခဲ့တယ္”

“တစ္ေန႔ေန႔က်ရင္ေတာ့ ကြၽန္ေတာ္ ဒီအသင္းေတြထဲက တစ္သင္းကို သြားမွာပါ။ ခင္ဗ်ား အနာဂတ္မွာ ဘာေတြ ျဖစ္လာမလဲဆိုတာကို ဘယ္ေတာ့မွ မသိႏိုင္ပါဘူး။ ကြၽန္ေတာ္ ဘိုင္ယန္ျမဴးနစ္မွာ ရွိေနပါေသးတယ္။ အဲဒါၿပီးရင္ေတာ့ ကြၽန္ေတာ္တို႔မွာ အခ်ိန္ေတြ ရွိပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ယခုရာသီ ျပည္တြင္းမွာ ခက္ခဲတဲ့ ရာသီစတင္မႈနဲ႔ ရင္ဆိုင္ေနခဲ့ရၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ဘြန္ဒက္စ္လီဂါ ၄ ပြဲစလုံးမွာ ႏိုင္ပြဲတစ္ပြဲမွ ရယူႏိုင္ျခင္းမရွိခဲ့ဘဲ စတုဂတ္၊ ယူနီယံ ဘာလင္၊ မြန္ခ်န္ဂလတ္ဘတ္တို႔နဲ႔ သေရက်ၿပီးေနာက္ပိုင္း စေနေန႔က ေအာက္စ္ဘာ့ဂ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.