Ligue1

ဘောလုံးသေချာမပေးနိုင်ခဲ့လို့ တောင်းပန်တဲ့အသင်းဖော်ကို အနိုင်ထပ်ကျင့်ခဲ့တဲ့ အမ်ဘာပေ

ပီအကစ်ဂျီကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေရဲ့ ပြီးခဲ့တဲ့ရာသီတုန်းက ဟာကီမီကို ဒေါသတကြီး ပေါက်ကွဲပြီး အော်ဟစ်နေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်ပေါ်မှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

အမ်ဘာပေဟာ ယခုရာသီအစကတည်းက ကွင်းတွင်းမှာရော ကွင်းပြင်ပမှာပါ အငြင်းပွားဖွယ်ရာ အပြုအမူတွေအတွက် မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာ နေရာယူခဲ့သူဖြစ်ပြီး သြဂုတ်လ ၁၃ ရက်နေ့က မောင့်ပယ်လီယေးကို ၅-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပင်နယ်တီနဲ့ပတ်သက်ပြီး နေမာနဲ့ ပြဿနာတက်ခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ အဲဒီ ပွဲစဉ်အတွင်းမှာလည်း ၎င်းရဲ့ တိုက်စစ်ကစားဖော်တွေနဲ့အတူ တန်ပြန်တိုက်စစ်မှာ လိုက်ပါကစားဖို့ အခွင့်အရေးကို လစ်လျူရှုခဲ့တာကို မြင်တွေ့ခဲ့ရပြီး နည်းပြ ဂဲလ်တီယာကတော့ ကြယ်ပွင့်တိုက်စစ်မှူး ၂ ဦးကြားက ပဋိပက္ခကို မဟုတ်သယောင် ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အမ်ဘာပေဟာ စိတ်ဆိုးဒေါသထွက်စရာအချိန်အတွင်းမှာ စိတ်မထိန်းနိုင်ဖြစ်ခဲ့တာက အဲဒီအကြိမ်က ပထမဆုံးတော့မဟုတ်ခဲ့ဘဲ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းဖော် နောက်ခံကစားသမား ဟာကီမီကို ဒေါသတကြီး အော်ဟစ်ဆူပူနေတဲ့ ဗီဒီယိုဖိုင် ရိုက်ကူးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဟာကီမီဟာ ပြင်သစ်တိုက်စစ်မှူးကို ၎င်းရဲ့ ညံ့ဖျင်းတဲ့ ပေးပို့မှုအတွက် တောင်းပန်စကား ပြောဆိုခဲ့ပြီး လက်ဆွဲနှုတ်ဆက်ဖို့အတွက် ကမ်းလှမ်းခဲ့တာကို မြင်တွေ့ခဲ့ရပြီး အမ်ဘာပေက လက်ဆွဲနှုတ်ဆက်ဖို့ သဘောတူညီခဲ့ပေမယ့်လည်း တောင်းပန်တာကို လက်မခံတဲ့အကြောင်း တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေက “ငါ တကယ်ကျိန်ပြောတယ် ဗီဒီယိုကို ကြည့်လိုက်”လို့ ပြောခဲ့ရာမှာ ဟာကီမီက “အဲဒီလိုမျိုး ဖြစ်သွားခဲ့ရင် ငါတောင်းပန်ပါတယ်”လို့ ပြန်လည်ပြောဆိုခဲ့တာဖြစ်ပြီး အမ်ဘာပေက ” တောင်းပန်ရုံလောက်နဲ့ မလုံလောက်ဘူးကွ။ ဘောလုံးကောင်းကောင်း ပေးစမ်းပါ”လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးရဲ့ အတ္တကြီးပြီး တကိုယ်ကောင်းဆန်တဲ့ အပြုအမူဟာ ပရိသတ်တွေအတွက် သဘောမတွေ့စရာ ဖြစ်ခဲ့ပေမယ့်လည်း အမ်ဘာပေရဲ့ အသင်းဖော် ဗာရက်တီကတော့ ကြယ်ပွင့်တိုက်စစ်မှူးရဲ့ ဒေါသကြီးမှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပင်နေခြင်း မရှိတာ ဖြစ်ပါတယ်။

အီတလီကွင်းလယ်ကစားသမား ပင်နယ်တီကန်မယ့်ကိစ္စနဲ့ပတ်သက်ပြီး နေမာနဲ့ ပြဿနာတက်ခဲ့တဲ့ အမ်ဘာပေရဲ့ အပြုအမူနဲ့ပတ်သက်ပြီး “ခီလီယန်က အမြဲတမ်း ကောင်းကောင်း လုပ်နိုင်ချင်တဲ့သူပါ။ ပင်နယ်တီလွဲချော်ခဲ့လို့ သူ နည်းနည်း စိတ်ပျက်နေခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အဲဒါက သာမန်ပါပဲ။ သူက အရမ်းကောင်းတဲ့ ကစားသမားပါ။ သူက အမြဲတမ်း ကွဲပြားခြားနားမှုတွေကို ပြုလုပ်ချင်ပြီး သူ တစ်စုံတရာ လွဲချော်သွားတဲ့အချိန်ကျရင် အဲဒီလို ဖြစ်တာပဲ။ သူ စိတ်ပျက်ဒေါသထွက်တယ်။ အဲဒါက သာမန်ပါ”လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအကစ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး အမ္ဘာေပရဲ႕ ၿပီးခဲ့တဲ့ရာသီတုန္းက ဟာကီမီကို ေဒါသတႀကီး ေပါက္ကြဲၿပီး ေအာ္ဟစ္ေနတဲ့ ဗီဒီယိုဖိုင္ဟာ လူမႈကြန္ရက္ေပၚမွာ ျပန္လည္ထြက္ေပၚလာခဲ့ပါတယ္။

အမ္ဘာေပဟာ ယခုရာသီအစကတည္းက ကြင္းတြင္းမွာေရာ ကြင္းျပင္ပမွာပါ အျငင္းပြားဖြယ္ရာ အျပဳအမူေတြအတြက္ မီဒီယာေတြရဲ႕ ေခါင္းႀကီးပိုင္းမွာ ေနရာယူခဲ့သူျဖစ္ၿပီး ၾသဂုတ္လ ၁၃ ရက္ေန႔က ေမာင့္ပယ္လီေယးကို ၅-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပင္နယ္တီနဲ႔ပတ္သက္ၿပီး ေနမာနဲ႔ ျပႆနာတက္ခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ အဲဒီ ပြဲစဥ္အတြင္းမွာလည္း ၎ရဲ႕ တိုက္စစ္ကစားေဖာ္ေတြနဲ႔အတူ တန္ျပန္တိုက္စစ္မွာ လိုက္ပါကစားဖို႔ အခြင့္အေရးကို လစ္လ်ဴရႈခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး နည္းျပ ဂဲလ္တီယာကေတာ့ ၾကယ္ပြင့္တိုက္စစ္မႉး ၂ ဦးၾကားက ပဋိပကၡကို မဟုတ္သေယာင္ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အမ္ဘာေပဟာ စိတ္ဆိုးေဒါသထြက္စရာအခ်ိန္အတြင္းမွာ စိတ္မထိန္းႏိုင္ျဖစ္ခဲ့တာက အဲဒီအႀကိမ္က ပထမဆုံးေတာ့မဟုတ္ခဲ့ဘဲ ၿပီးခဲ့တဲ့ရာသီတုန္းက အသင္းေဖာ္ ေနာက္ခံကစားသမား ဟာကီမီကို ေဒါသတႀကီး ေအာ္ဟစ္ဆူပူေနတဲ့ ဗီဒီယိုဖိုင္ ႐ိုက္ကူးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဟာကီမီဟာ ျပင္သစ္တိုက္စစ္မႉးကို ၎ရဲ႕ ညံ့ဖ်င္းတဲ့ ေပးပို႔မႈအတြက္ ေတာင္းပန္စကား ေျပာဆိုခဲ့ၿပီး လက္ဆြဲႏႈတ္ဆက္ဖို႔အတြက္ ကမ္းလွမ္းခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး အမ္ဘာေပက လက္ဆြဲႏႈတ္ဆက္ဖို႔ သေဘာတူညီခဲ့ေပမယ့္လည္း ေတာင္းပန္တာကို လက္မခံတဲ့အေၾကာင္း တုံ႔ျပန္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

အမ္ဘာေပက “ငါ တကယ္က်ိန္ေျပာတယ္ ဗီဒီယိုကို ၾကည့္လိုက္”လို႔ ေျပာခဲ့ရာမွာ ဟာကီမီက “အဲဒီလိုမ်ိဳး ျဖစ္သြားခဲ့ရင္ ငါေတာင္းပန္ပါတယ္”လို႔ ျပန္လည္ေျပာဆိုခဲ့တာျဖစ္ၿပီး အမ္ဘာေပက ” ေတာင္းပန္႐ုံေလာက္နဲ႔ မလုံေလာက္ဘူးကြ။ ေဘာလုံးေကာင္းေကာင္း ေပးစမ္းပါ”လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးရဲ႕ အတၱႀကီးၿပီး တကိုယ္ေကာင္းဆန္တဲ့ အျပဳအမူဟာ ပရိသတ္ေတြအတြက္ သေဘာမေတြ႕စရာ ျဖစ္ခဲ့ေပမယ့္လည္း အမ္ဘာေပရဲ႕ အသင္းေဖာ္ ဗာရက္တီကေတာ့ ၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ ေဒါသႀကီးမႈနဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပင္ေနျခင္း မရွိတာ ျဖစ္ပါတယ္။

အီတလီကြင္းလယ္ကစားသမား ပင္နယ္တီကန္မယ့္ကိစၥနဲ႔ပတ္သက္ၿပီး ေနမာနဲ႔ ျပႆနာတက္ခဲ့တဲ့ အမ္ဘာေပရဲ႕ အျပဳအမူနဲ႔ပတ္သက္ၿပီး “ခီလီယန္က အၿမဲတမ္း ေကာင္းေကာင္း လုပ္ႏိုင္ခ်င္တဲ့သူပါ။ ပင္နယ္တီလြဲေခ်ာ္ခဲ့လို႔ သူ နည္းနည္း စိတ္ပ်က္ေနခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္ အဲဒါက သာမန္ပါပဲ။ သူက အရမ္းေကာင္းတဲ့ ကစားသမားပါ။ သူက အၿမဲတမ္း ကြဲျပားျခားနားမႈေတြကို ျပဳလုပ္ခ်င္ၿပီး သူ တစ္စုံတရာ လြဲေခ်ာ္သြားတဲ့အခ်ိန္က်ရင္ အဲဒီလို ျဖစ္တာပဲ။ သူ စိတ္ပ်က္ေဒါသထြက္တယ္။ အဲဒါက သာမန္ပါ”လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.