Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းတုိမ်ား စုစည္းမွဳ – ၂၁.၈.၂၀၂၀

– လီဗာပူးလ္ကြင္းလယ္ကစားသမားသစ္ ဂ်ပန္လက္ေရြးစင္ တာကူးမား မီနာမီႏိုက အသင္းသစ္နဲ႔အတူ ရာသီတစ္ဝက္သာ ကစားၿပီး ပရီးမီးယားလိဂ္ ခ်န္ပီယံဆုတံဆိပ္ကို ရရွိခဲ့ေပမယ့္ အသင္းရဲ႕ အဓိကေနရာကေန မပါဝင္ခဲ့ရတာကိုေတာ့ မေက်မနပ္ျဖစ္မိေၾကာင္းဆိုလိုက္ပါတယ္။

– ၂၀၁၈ ခ်န္ပီယံလိဂ္ဖိုင္နယ္မွာ တုိက္စစ္မွဴး မိုဟာမက္ ဆာလားကို ဒဏ္ရာရေစခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဆာဂ်ီယို ရာမို႔စ္ကို အီဂ်စ္သားနဲ႔ သူငယ္ခ်င္းေကာင္းေတြျဖစ္ၾကတဲ့ ဒီဂ်န္ လိုဗရန္က ခ႐ိုေအးရွားနဲ႔ စပိန္တုိ႔ ေတြ႕ဆုံတဲ့ ေနးရွင္းလိဂ္မွာ တံေတာင္နဲ႔ တုိက္ၿပီး လက္စားေခ်ခဲ့တယ္လို႔ ဝန္ခံလုိက္ပါတယ္။

– လီဗာပူးလ္အေနနဲ႔ ရာသီသစ္အတြက္ ဒီလူအင္အားနဲ႔ ဆက္သြားလုိ႔ မရဘဲ အင္အားျဖည့္တင္းဖို႔ လိုအပ္ေနၿပီး အထူးသျဖင့္ တုိက္စစ္မွဴးတစ္ေနရာနဲ႔ ကြင္းလယ္ဖန္တီးရွင္တစ္ဦးကို ေခၚယူသြားဖို႔ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔ လုပ္ေဆာင္သင့္တယ္လို႔ အသင္းရဲ႕ ခံစစ္မွဴးေဟာင္း ေဒါမနစ္ မက္တီယိုက တုိက္တြန္းလိုက္ပါတယ္။

– ဒီႏွစ္မွာေတာ့ လီဗာပူးလ္တုိ႔အေနနဲ႔ အေျပာင္းအေရႊ႕ ေဈးကြက္ကို ပါးပါးနပ္နပ္ ခ်ဥ္းကပ္ဖို႔ ရွိေနၿပီး ကစားသမားသစ္ေတြအတြက္ ရန္ပုံေငြရရွိဖို႔ ကြင္းလယ္လူေတြျဖစ္တဲ့ မာကို ဂ႐ူယစ္ခ်္နဲ႔ ဟာရီ ဝီလ္ဆန္တုိ႔ကို ေရာင္းခ်ၿပီး ေပါင္သန္း ၄၀ ေလာက္ ရွာေဖြသြားႏုိင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

– ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္လ္ ကိုးမန္းအေနနဲ႔ သူ႕ရဲ႕ ပထမဆုံးကစားသမားသစ္ ေခၚယူမွဳအျဖစ္ လီဗာပူးလ္အသင္းရဲ႕ အသက္ ၂၉ ႏွစ္အရြယ္ နယ္သာလန္ကြင္းလယ္လူ ေဂ်ာ္ဂ်င္နီယို ဗိုင္နယ္လ္ဒြမ္ကို အလိုရွိေနၿပီး ေပါင္ ၂၃ သန္းနဲ႔ ကမ္းလွမ္းႏုိင္မယ္လို႔ ယူဆေနပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်ကွင်းလယ်ကစားသမားသစ် ဂျပန်လက်ရွေးစင် တာကူးမား မီနာမီနိုက အသင်းသစ်နဲ့အတူ ရာသီတစ်ဝက်သာ ကစားပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုတံဆိပ်ကို ရရှိခဲ့ပေမယ့် အသင်းရဲ့ အဓိကနေရာကနေ မပါဝင်ခဲ့ရတာကိုတော့ မကျေမနပ်ဖြစ်မိကြောင်းဆိုလိုက်ပါတယ်။

– ၂၀၁၈ ချန်ပီယံလိဂ်ဖိုင်နယ်မှာ တိုက်စစ်မှူး မိုဟာမက် ဆာလားကို ဒဏ်ရာရစေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဆာဂျီယို ရာမို့စ်ကို အီဂျစ်သားနဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြတဲ့ ဒီဂျန် လိုဗရန်က ခရိုအေးရှားနဲ့ စပိန်တို့ တွေ့ဆုံတဲ့ နေးရှင်းလိဂ်မှာ တံတောင်နဲ့ တိုက်ပြီး လက်စားချေခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။

– လီဗာပူးလ်အနေနဲ့ ရာသီသစ်အတွက် ဒီလူအင်အားနဲ့ ဆက်သွားလို့ မရဘဲ အင်အားဖြည့်တင်းဖို့ လိုအပ်နေပြီး အထူးသဖြင့် တိုက်စစ်မှူးတစ်နေရာနဲ့ ကွင်းလယ်ဖန်တီးရှင်တစ်ဦးကို ခေါ်ယူသွားဖို့ နည်းပြ ယာဂန် ကလော့ပ်အနေနဲ့ လုပ်ဆောင်သင့်တယ်လို့ အသင်းရဲ့ ခံစစ်မှူးဟောင်း ဒေါမနစ် မက်တီယိုက တိုက်တွန်းလိုက်ပါတယ်။

– ဒီနှစ်မှာတော့ လီဗာပူးလ်တို့အနေနဲ့ အပြောင်းအရွှေ့ ဈေးကွက်ကို ပါးပါးနပ်နပ် ချဉ်းကပ်ဖို့ ရှိနေပြီး ကစားသမားသစ်တွေအတွက် ရန်ပုံငွေရရှိဖို့ ကွင်းလယ်လူတွေဖြစ်တဲ့ မာကို ဂရူယစ်ချ်နဲ့ ဟာရီ ဝီလ်ဆန်တို့ကို ရောင်းချပြီး ပေါင်သန်း ၄၀ လောက် ရှာဖွေသွားနိုင်ဖို့ မျှော်လင့်နေပါတယ်။

– ဘာစီလိုနာနည်းပြသစ် ရော်နယ်လ် ကိုးမန်းအနေနဲ့ သူ့ရဲ့ ပထမဆုံးကစားသမားသစ် ခေါ်ယူမှုအဖြစ် လီဗာပူးလ်အသင်းရဲ့ အသက် ၂၉ နှစ်အရွယ် နယ်သာလန်ကွင်းလယ်လူ ဂျော်ဂျင်နီယို ဗိုင်နယ်လ်ဒွမ်ကို အလိုရှိနေပြီး ပေါင် ၂၃ သန်းနဲ့ ကမ်းလှမ်းနိုင်မယ်လို့ ယူဆနေပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.