Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းတိုမ်ား စုစည္းမွဳ – ၂၁.၈.၂၀၂၀

– အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္လူသစ္ ဝီလီယန္က သူ႕ကို နည္းျပ အာတီတာက သုံးႏွစ္စာခ်ဳပ္ ေပးအပ္ဖို႔ အလိုရွိခဲ့တဲ့ အေၾကာင္းက ၾကည္ႏူးစရာျဖစ္ၿပီး ပထမရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔နဲ႔ လက္က်န္ႏွစ္ရာသီမွာ ခ်န္ပီယံလိဂ္ကို ဗိုလ္စြဲႏုိင္ဖို႔ ပစ္မွတ္ထားတာကို ခ်ျပခဲ့တယ္လို႔ ေျပာလုိက္ပါတယ္။

– အာဆင္နယ္အသင္းရဲ႕ ဝန္ထမ္း ၅၅ ဦး ေလွ်ာ့ခ်မွဳမွာ အသင္းရဲ႕ နာမည္ႀကီးကင္းေထာက္ ဖရန္စစ္ ကာဂီဂါအုိသာမကဘဲ အာဆင္ဝင္းဂါးမတုိင္ခင္ကတည္းက အသင္းမွာ ေဂ်ာ့ဂေရဟမ္ရဲ႕ လက္ေထာက္ျဖစ္ခဲ့တဲ့ ဗီဒီယိုကင္းေထာက္ ပက္႐ိုက္စ္နဲ႔ အသင္းရဲ႕ ဟီး႐ိုးတစ္ဦးျဖစ္ခဲ့တဲ့ စတူးဝပ္ ေဟာက္စ္တန္တုိ႔လည္း ပါဝင္သြားခဲ့ၾကပါတယ္။

– အာဆင္နယ္အသင္းနဲ႔ အခ်ိတ္အဆက္ရွိတဲ့ မီဒီယာတခ်ဳိ႕ရဲ႕ ေနာက္ဆုံးသတင္းေတြအရေတာ့ ဂါဘရီယယ္လ္ မာဂါလိုင္စ္ဟာ ျပင္သစ္မွာ အာဆင္နယ္အသင္းအတြက္ ေဆးစစ္ခံခဲ့ၿပီလို႔ ေဖာ္ျပေနခဲ့ၾကပါတယ္။

– အာဆင္နယ္အသင္းမွာ အနာဂတ္မရွိေတာ့ဘူးလို႔ နည္းျပ အာတီတာက ေျပာၾကားထားခဲ့ၿပီး ေရာင္းထုတ္မယ့္ ေနာက္ခံလူေတြထဲက တစ္ဦးျဖစ္တဲ့ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ကို ေခၚယူဖို႔ ႀကဳိးစားေနတာ အမွန္တကယ္ျဖစ္ေၾကာင္း နာပိုလီအသင္းက အတည္ျပဳခဲ့ၿပီး အတိအက် မသိရေသးတဲ့ ၿပဳိင္ဘက္ စီးရီးေအတစ္သင္းကလည္း စိတ္ဝင္စားေနတယ္လို႔ ဆုိပါတယ္။

– အာဆင္နယ္အသင္းရဲ႕ ေက်ာနံပါတ္ ၁၂ ကစားသမားသစ္ ဝီလီယန္က အသင္းေခါင္းေဆာင္နဲ႔ အဓိကတုိက္စစ္မွဴး ပ်ယ္-အမ္မရိခ္ အူဘာမီယန္းကို တစ္ပတ္လုပ္ခ ေပါင္ႏွစ္သိန္းခြဲတန္ စာခ်ဳပ္သစ္အတြက္ အျမန္ဆုံးလက္မွတ္ထိုးဖို႔ တုိက္တြန္းလုိက္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူသစ် ဝီလီယန်က သူ့ကို နည်းပြ အာတီတာက သုံးနှစ်စာချုပ် ပေးအပ်ဖို့ အလိုရှိခဲ့တဲ့ အကြောင်းက ကြည်နူးစရာဖြစ်ပြီး ပထမရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့နဲ့ လက်ကျန်နှစ်ရာသီမှာ ချန်ပီယံလိဂ်ကို ဗိုလ်စွဲနိုင်ဖို့ ပစ်မှတ်ထားတာကို ချပြခဲ့တယ်လို့ ပြောလိုက်ပါတယ်။

– အာဆင်နယ်အသင်းရဲ့ ဝန်ထမ်း ၅၅ ဦး လျှော့ချမှုမှာ အသင်းရဲ့ နာမည်ကြီးကင်းထောက် ဖရန်စစ် ကာဂီဂါအိုသာမကဘဲ အာဆင်ဝင်းဂါးမတိုင်ခင်ကတည်းက အသင်းမှာ ဂျော့ဂရေဟမ်ရဲ့ လက်ထောက်ဖြစ်ခဲ့တဲ့ ဗီဒီယိုကင်းထောက် ပက်ရိုက်စ်နဲ့ အသင်းရဲ့ ဟီးရိုးတစ်ဦးဖြစ်ခဲ့တဲ့ စတူးဝပ် ဟောက်စ်တန်တို့လည်း ပါဝင်သွားခဲ့ကြပါတယ်။

– အာဆင်နယ်အသင်းနဲ့ အချိတ်အဆက်ရှိတဲ့ မီဒီယာတချို့ရဲ့ နောက်ဆုံးသတင်းတွေအရတော့ ဂါဘရီယယ်လ် မာဂါလိုင်စ်ဟာ ပြင်သစ်မှာ အာဆင်နယ်အသင်းအတွက် ဆေးစစ်ခံခဲ့ပြီလို့ ဖော်ပြနေခဲ့ကြပါတယ်။

– အာဆင်နယ်အသင်းမှာ အနာဂတ်မရှိတော့ဘူးလို့ နည်းပြ အာတီတာက ပြောကြားထားခဲ့ပြီး ရောင်းထုတ်မယ့် နောက်ခံလူတွေထဲက တစ်ဦးဖြစ်တဲ့ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ကို ခေါ်ယူဖို့ ကြိုးစားနေတာ အမှန်တကယ်ဖြစ်ကြောင်း နာပိုလီအသင်းက အတည်ပြုခဲ့ပြီး အတိအကျ မသိရသေးတဲ့ ပြိုင်ဘက် စီးရီးအေတစ်သင်းကလည်း စိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

– အာဆင်နယ်အသင်းရဲ့ ကျောနံပါတ် ၁၂ ကစားသမားသစ် ဝီလီယန်က အသင်းခေါင်းဆောင်နဲ့ အဓိကတိုက်စစ်မှူး ပျယ်-အမ်မရိခ် အူဘာမီယန်းကို တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခွဲတန် စာချုပ်သစ်အတွက် အမြန်ဆုံးလက်မှတ်ထိုးဖို့ တိုက်တွန်းလိုက်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.