Premier League Transfer News

21 Jun နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့သတင်းများ စုစည်းမှု

– လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ကြယ်ပွင့်တောင်ပံသမား ရာဖင်ညာကို အာဆင်နယ်တို့ ကမ်းလှမ်းဖို့ စီစဉ်နေပြီဖြစ်ပြီး ယော့ခ်ရှိုင်းယား ကလပ်ဘက်က အလိုရှိနေတဲ့ ကနဦးပြောင်းရွှေ့ကြေး ယူရို ၅၅ သန်း (ပေါင် ၄၇.၂ သန်း)နဲ့ အနာဂတ်ခံစားခွင့် ယူရို ၁၅ သန်း (ပေါင် ၁၂.၉ သန်း)ကို ဘာစီလိုနာတို့ ပေးနိုင်ဖို့ လုံးဝမဖြစ်နိုင်လို့ ဂန်းနားတွေ အခြေအနေကောင်းလာ။

– မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နည်းပြ လူဝီ ဗန်ဟားလ်ရဲ့ စည်းရုံးမှုကြောင့် အိုင်းယက်စ်လူငယ်နောက်ခံလူ ဂျူရီယန် တင်မ်ဘာကို ခေါ်ယူသွားနိုင်ဖို့ နီးစပ်နေတဲ့အတွက် အာဆင်နယ်အသင်းအနေနဲ့ သူတို့ လိုအပ်နေတဲ့ ဘယ်သန်ခံစစ်မှူး လီဆန်ဒရို မာတီနက်ဇ်ကို ရရှိနိုင်ဖို့ အခွင့်အရေးရှိနေ။

– ဘရိုက်တန်ရဲ့ မာ့ခ် ကူကူရဲယားနဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ကယ်လ်ဗင် ဖိလစ်တို့ နှစ်ဦးစလုံးကို ခေါ်ယူချင်နေတဲ့ မန်စီးတီးတို့အနေနဲ့ သူတို့ရဲ့ ဘဏ္ဏာရေးအသုံးစရိတ်ကို FFP နဲ့ မငြိအောင် ထိန်းညှိဖို့ ဂါဘရီယယ်လ် ဂျေဆူးစ်ကို အမြန်ဆုံး ရောင်းချရဖို့ ရှိနေပြီး အာဆင်နယ်တို့ရဲ့ အေးဂျင့်နဲ့အတူ ဆွေးနွေးမှုက အဆင်ပြေနိုင်ဖို့ နီးစပ်နေ။

– အာဆင်နယ်အသင်းအနေနဲ့ မန်စီးတီးတိုက်စစ်မှူး ဂျေဆူးစ်ကို မရရှိခဲ့ရင် အရန်အစီအစဉ်အဖြစ် အဲဗာတန်တိုက်စစ်မှူး ရစ်ချာလစ်ဆန်ကို စောင့်ကြည့်နေပြီး အသက် ၂၅ နှစ်အရွယ် ဘရာဇီးလ်ရှေ့တန်းလူအတွက် ပေါင်သန်း ၆၀ လောက် ပေးချေရနိုင်တဲ့အတွက် မူလ ပစ်မှတ်ကို အဆင်ပြေဖို့ အရင်ကြိုးစားနေ။

– လီလ်အသင်းကနေ ပြောင်းရွှေ့လာခဲ့ပြီး ပရီးမီးယားလိဂ် ၃ ရာသီအပြီးမှာ ဂျင်းကောင်အဖြစ် အဖြေပေါ်သွားခဲ့တဲ့ တောင်ပံသမား နီကိုလာ ပေပေအနေနဲ့ သူ့ကို အာဆင်နယ်က ထွက်ခွာဖို့ လုပ်ဆောင်မပေးနိုင်တဲ့ အေးဂျင့် ဆမီယာ ခီရတ်နဲ့ လမ်းခွဲခဲ့ပြီး ပြင်သစ်ကို ပြန်ဖို့အတွက် LF360 အေဂျင်စီကို ညွှန်ကြားထား။

– အာဆင်နယ်ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ လက်စတာစီးတီးကွင်းလယ်လူ ယူရီ တီးလီးမန်းစ်ရဲ့ အမ်းမရိတ်ကို ခြေချနိုင်ဖို့ အခွင့်အရေးမှာ အဓိက ပိတ်ဆို့နေမှုဖြစ်တဲ့ ဆွစ်ဇာလန်သား ဂရာနစ် ချာကာကို စီးရီးအေကလပ်တချို့က စိတ်ဝင်စားနေကြကြောင်း တိုင်းမ်စ် သတင်းဌာနက ဖော်ပြခဲ့ပြီး သူ့ရဲ့ နှေးကွေးတဲ့ ကစားဟန်နဲ့ အီတလီမြေက အံဝင်နိုင်မယ်လို့ ဆိုနေကြ။

– ဂျူဗင်တပ်စ်အသင်းက စိတ်ဝင်စားနေတဲ့ အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်လ် မာဂါလိုင်စ်ကို အင်တာမီလန်အသင်းက သူတို့ရဲ့ ထိန်းလို့ မရနိုင်တဲ့ နောက်ခံလူ အလက်ဆန်ဒရို ဘက်စတိုနီနေရာမှာ အစားထိုးဖို့ ကမ်းလှမ်းခဲ့ပြီး အသက် ၃၀ အရွယ် နယ်သာလန် ဝါရင့်ခံစစ်မှူး စတီဖန် ဒီဗရိုင်းကို အလိုက်ပေးမယ်လို့ ဆိုလာပေမယ့် အမ်းမရိတ်ဘက်က ပယ်ချဖို့များနေ။

– အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်ပိုင်းကို အတွေ့အကြုံနဲ့ ထိန်းညှိပေးဖို့ ကစားသမားဟောင်း ဆန်တီ ကာဇိုလာရဲ့ အကောင်းဆုံး ခေါ်ယူမှုလို့ ချီးကျူးခံခဲ့ရဖူးတဲ့ ချီလီတိုက်စစ်မှူး အလက်ဆစ် ဆန်ချက်ဇ်ကို အင်တာမီလန်အသင်းကနေ လက်ကျန်တစ်နှစ်စာချုပ်ကို နှစ်ဦးသဘောတူ ဖျက်သိမ်းပြီး ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးစားနေ။

– ပေါ်တိုအသင်းကနေ ပေါင် ၃၄ သန်းနဲ့ ကနဦးပေးချေပြီး ခေါ်ယူဖို့ သဘောတူညီထားတဲ့ ကွင်းလယ်လူ ဖာဘီယို ဗီယာရာကို အာဆင်နယ်တို့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ဆေးစစ်ရင်း ကစားသမားသစ်အဖြစ် တရားဝင်ကြေငြာနိုင်ဖွယ်ရှိနေပြီး ပေါ်တူဂီသားကတော့ သူ့ရဲ့ အင်စတာဂရမ်မှာ ပထမဆုံးအကြိမ် အင်္ဂလိပ်လို ပို့စ်တင်သွားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– လိဒ္စ္ယူႏိုက္တက္အသင္းရဲ႕ ၾကယ္ပြင့္ေတာင္ပံသမား ရာဖင္ညာကို အာဆင္နယ္တို႔ ကမ္းလွမ္းဖို႔ စီစဥ္ေနၿပီျဖစ္ၿပီး ေယာ့ခ္ရႈိင္းယား ကလပ္ဘက္က အလိုရွိေနတဲ့ ကနဦးေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၅၅ သန္း (ေပါင္ ၄၇.၂ သန္း)နဲ႔ အနာဂတ္ခံစားခြင့္ ယူ႐ို ၁၅ သန္း (ေပါင္ ၁၂.၉ သန္း)ကို ဘာစီလိုနာတို႔ ေပးႏိုင္ဖို႔ လုံးဝမျဖစ္ႏိုင္လို႔ ဂန္းနားေတြ အေျခအေနေကာင္းလာ။

– မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ နည္းျပ လူဝီ ဗန္ဟားလ္ရဲ႕ စည္း႐ုံးမႈေၾကာင့္ အိုင္းယက္စ္လူငယ္ေနာက္ခံလူ ဂ်ဴရီယန္ တင္မ္ဘာကို ေခၚယူသြားႏိုင္ဖို႔ နီးစပ္ေနတဲ့အတြက္ အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ လိုအပ္ေနတဲ့ ဘယ္သန္ခံစစ္မႉး လီဆန္ဒ႐ို မာတီနက္ဇ္ကို ရရွိႏိုင္ဖို႔ အခြင့္အေရးရွိေန။

– ဘ႐ိုက္တန္ရဲ႕ မာ့ခ္ ကူကူရဲယားနဲ႔ လိဒ္စ္ယူႏိုက္တက္ရဲ႕ ကယ္လ္ဗင္ ဖိလစ္တို႔ ႏွစ္ဦးစလုံးကို ေခၚယူခ်င္ေနတဲ့ မန္စီးတီးတို႔အေနနဲ႔ သူတို႔ရဲ႕ ဘဏၰာေရးအသုံးစရိတ္ကို FFP နဲ႔ မၿငိေအာင္ ထိန္းညႇိဖို႔ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ကို အျမန္ဆုံး ေရာင္းခ်ရဖို႔ ရွိေနၿပီး အာဆင္နယ္တို႔ရဲ႕ ေအးဂ်င့္နဲ႔အတူ ေဆြးေႏြးမႈက အဆင္ေျပႏိုင္ဖို႔ နီးစပ္ေန။

– အာဆင္နယ္အသင္းအေနနဲ႔ မန္စီးတီးတိုက္စစ္မႉး ေဂ်ဆူးစ္ကို မရရွိခဲ့ရင္ အရန္အစီအစဥ္အျဖစ္ အဲဗာတန္တိုက္စစ္မႉး ရစ္ခ်ာလစ္ဆန္ကို ေစာင့္ၾကည့္ေနၿပီး အသက္ ၂၅ ႏွစ္အ႐ြယ္ ဘရာဇီးလ္ေရွ႕တန္းလူအတြက္ ေပါင္သန္း ၆၀ ေလာက္ ေပးေခ်ရႏိုင္တဲ့အတြက္ မူလ ပစ္မွတ္ကို အဆင္ေျပဖို႔ အရင္ႀကိဳးစားေန။

– လီလ္အသင္းကေန ေျပာင္းေ႐ႊ႕လာခဲ့ၿပီး ပရီးမီးယားလိဂ္ ၃ ရာသီအၿပီးမွာ ဂ်င္းေကာင္အျဖစ္ အေျဖေပၚသြားခဲ့တဲ့ ေတာင္ပံသမား နီကိုလာ ေပေပအေနနဲ႔ သူ႔ကို အာဆင္နယ္က ထြက္ခြာဖို႔ လုပ္ေဆာင္မေပးႏိုင္တဲ့ ေအးဂ်င့္ ဆမီယာ ခီရတ္နဲ႔ လမ္းခြဲခဲ့ၿပီး ျပင္သစ္ကို ျပန္ဖို႔အတြက္ LF360 ေအဂ်င္စီကို ၫႊန္ၾကားထား။

– အာဆင္နယ္ပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ လက္စတာစီးတီးကြင္းလယ္လူ ယူရီ တီးလီးမန္းစ္ရဲ႕ အမ္းမရိတ္ကို ေျခခ်ႏိုင္ဖို႔ အခြင့္အေရးမွာ အဓိက ပိတ္ဆို႔ေနမႈျဖစ္တဲ့ ဆြစ္ဇာလန္သား ဂရာနစ္ ခ်ာကာကို စီးရီးေအကလပ္တခ်ိဳ႕က စိတ္ဝင္စားေနၾကေၾကာင္း တိုင္းမ္စ္ သတင္းဌာနက ေဖာ္ျပခဲ့ၿပီး သူ႔ရဲ႕ ေႏွးေကြးတဲ့ ကစားဟန္နဲ႔ အီတလီေျမက အံဝင္ႏိုင္မယ္လို႔ ဆိုေနၾက။

– ဂ်ဴဗင္တပ္စ္အသင္းက စိတ္ဝင္စားေနတဲ့ အာဆင္နယ္ေနာက္ခံလူ ဂါဘရီယယ္လ္ မာဂါလိုင္စ္ကို အင္တာမီလန္အသင္းက သူတို႔ရဲ႕ ထိန္းလို႔ မရႏိုင္တဲ့ ေနာက္ခံလူ အလက္ဆန္ဒ႐ို ဘက္စတိုနီေနရာမွာ အစားထိုးဖို႔ ကမ္းလွမ္းခဲ့ၿပီး အသက္ ၃၀ အ႐ြယ္ နယ္သာလန္ ဝါရင့္ခံစစ္မႉး စတီဖန္ ဒီဗ႐ိုင္းကို အလိုက္ေပးမယ္လို႔ ဆိုလာေပမယ့္ အမ္းမရိတ္ဘက္က ပယ္ခ်ဖို႔မ်ားေန။

– အာဆင္နယ္အသင္းအေနနဲ႔ တိုက္စစ္ပိုင္းကို အေတြ႕အႀကဳံနဲ႔ ထိန္းညႇိေပးဖို႔ ကစားသမားေဟာင္း ဆန္တီ ကာဇိုလာရဲ႕ အေကာင္းဆုံး ေခၚယူမႈလို႔ ခ်ီးက်ဴးခံခဲ့ရဖူးတဲ့ ခ်ီလီတိုက္စစ္မႉး အလက္ဆစ္ ဆန္ခ်က္ဇ္ကို အင္တာမီလန္အသင္းကေန လက္က်န္တစ္ႏွစ္စာခ်ဳပ္ကို ႏွစ္ဦးသေဘာတူ ဖ်က္သိမ္းၿပီး ျပန္လည္ေခၚယူႏိုင္ဖို႔ ႀကိဳးစားေန။

– ေပၚတိုအသင္းကေန ေပါင္ ၃၄ သန္းနဲ႔ ကနဦးေပးေခ်ၿပီး ေခၚယူဖို႔ သေဘာတူညီထားတဲ့ ကြင္းလယ္လူ ဖာဘီယို ဗီယာရာကို အာဆင္နယ္တို႔ လာမယ့္ ဗုဒၶဟူးေန႔မွာ ေဆးစစ္ရင္း ကစားသမားသစ္အျဖစ္ တရားဝင္ေၾကျငာႏိုင္ဖြယ္ရွိေနၿပီး ေပၚတူဂီသားကေတာ့ သူ႔ရဲ႕ အင္စတာဂရမ္မွာ ပထမဆုံးအႀကိမ္ အဂၤလိပ္လို ပို႔စ္တင္သြားခဲ့။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.