Premier League Serie A Transfer News

ပေါင် ၇၇.၅ သန်းတန်ကြယ်ပွင့်အတွက် ကွင်းလယ်ကစားသမားကို အလိုက်ပေးသွားမယ့် လီဗာပူးလ်

လီဗာပူးလ်အသင်းဟာ ဒါဝင် နူးညက်ဇ်ကို ကနဦး ပေါင် ၆၈.၅ သန်းနဲ့ ခေါ်ယူခဲ့ပြီးနောက် ဘတ်ဂျက်အင်အားလျော့ပါးသွားခဲ့ပြီဖြစ်တာကြောင့် ယခုနွေရာသီမှာ ကွင်းလယ်ကစားသမားသစ် ခေါ်ယူသွားမလားဆိုတာ မသိရသေးပါဘူး။

ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဟာ အပြောင်းအရွှေ့ကာလအတွင်း လုပ်ဆောင်တဲ့ နည်းလမ်းကို ဆန်းသစ်သွားဖို့ ဆန္ဒရှိနေတာဖြစ်ကောင်းဖြစ်နိုင်ပြီး အီတလီသတင်းဝက်ဘ်ဆိုက် CMW ရဲ့ ဖော်ပြချက်အရ လီဗာပူးလ်ဟာ အင်တာမီလန်က ဘာရယ်လာကို ခေါ်ယူဖို့ နာဘီ ကီးတားကို အလိုက်ပေးကမ်းလှမ်းသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အင်တာမီလန်အသင်းဟာ အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၇၇.၅ သန်းဝန်းကျင် သတ်မှတ်ထားတယ်လို့ သိရပြီး လီဗာပူးလ်ဟာ ၂၀၁၇ ခုနှစ်တုန်းက နာဘီ ကီးတားကို လိုက်ပ်ဇစ်ကနေ စာချုပ်လျော်ကြေး ပေါင် ၄၈ သန်းပေးချေပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နာဘီ ကီးတားဟာ အန်းဖီးမှာ မျှော်မှန်းထားသလောက် လုပ်ပြနိုင်ခဲ့ခြင်းမရှိဘဲ ယခုနွေရာသီမှာ လီဗာပူးလ်အသင်းကို စွန့်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ဈေးကွက် အစောပိုင်းမှာ နာဘီ ကီးတားကို ပီအက်စ်ဂျီအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပေမယ့်လည်း လက်ရှိမှာတော့ စိတ်ဝင်စားမှု အေးစက်သွားခဲ့ပြီဖြစ်ပြီး အဲဒီအချိန်ကတည်းက အသက် ၂၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အသင်းမှာ ဆက်နေဖို့ စာချုပ်သစ်ကိစ္စ ပြောဆိုဆွေးနွေးနေခဲ့တာ ဖြစ်ပါတ်ယ။

ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဟာ နီကိုလို ဘာရယ်လာအတွက် ကစားသမားအလိုက်ပေးကမ်းလှမ်းမှုကို စိတ်ဝင်စားတယ်ဆိုရင် ကီးတားကို အလိုက်အဖြစ် ထည့်သွင်းသွားမှာဖြစ်ပြီး အီတလီကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ဥရောပရဲ့ထိပ်တန်းကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဆိုတာ သက်သေပြသခဲ့သူဖြစ်ပါတယ်။

ဘာရယ်လာကို ခေါ်ယူလိုက်ခြင်းက သက်ကြီးကစားသမားတွေများနေတဲ့ လီဗာပူးလ်ကွင်းလယ်အတွက် သွေးသစ်လောင်းမှုဖြစ်လာမှာဖြစ်ပြီး အင်တာမီလန်အနေနဲ့ အီတလီကွင်းလယ်ကြယ်ပွင့်ကို ရောင်းထုတ်ချင်တယ်ဆိုရင် ပေါင်သန်း ၇၀ ထက်ပိုပြီး လိုချင်မှာဖြစ်ပါတယ်။

အဲဒါကြောင့် လီဗာပူးလ်အသင်းအနေနဲ့ နာဘီ ကီးတားထက် ပိုပြီး တန်ဖိုးမြင့်မားတဲ့ ကစားသမားကို အလိုက်ပေးဖို့ စဉ်းစားရမှာဖြစ်ပြီး အင်တာမီလန်အသင်းကတော့ ကစားသမားအလဲအထပ်ထက်စာရင် ငွေကြေးပိုမို လိုချင်နေဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:လီဗာပူးလ္အသင္းဟာ ဒါဝင္ ႏူးညက္ဇ္ကို ကနဦး ေပါင္ ၆၈.၅ သန္းနဲ႔ ေခၚယူခဲ့ၿပီးေနာက္ ဘတ္ဂ်က္အင္အားေလ်ာ့ပါးသြားခဲ့ၿပီျဖစ္တာေၾကာင့္ ယခုေႏြရာသီမွာ ကြင္းလယ္ကစားသမားသစ္ ေခၚယူသြားမလားဆိုတာ မသိရေသးပါဘူး။

ဒါေပမယ့္လည္း လီဗာပူးလ္အသင္းဟာ အေျပာင္းအေ႐ႊ႕ကာလအတြင္း လုပ္ေဆာင္တဲ့ နည္းလမ္းကို ဆန္းသစ္သြားဖို႔ ဆႏၵရွိေနတာျဖစ္ေကာင္းျဖစ္ႏိုင္ၿပီး အီတလီသတင္းဝက္ဘ္ဆိုက္ CMW ရဲ႕ ေဖာ္ျပခ်က္အရ လီဗာပူးလ္ဟာ အင္တာမီလန္က ဘာရယ္လာကို ေခၚယူဖို႔ နာဘီ ကီးတားကို အလိုက္ေပးကမ္းလွမ္းသြားဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

အင္တာမီလန္အသင္းဟာ အီတလီလက္ေ႐ြးစင္ကြင္းလယ္ကစားသမားအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္ ၇၇.၅ သန္းဝန္းက်င္ သတ္မွတ္ထားတယ္လို႔ သိရၿပီး လီဗာပူးလ္ဟာ ၂၀၁၇ ခုႏွစ္တုန္းက နာဘီ ကီးတားကို လိုက္ပ္ဇစ္ကေန စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၄၈ သန္းေပးေခ်ၿပီး ေခၚယူခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နာဘီ ကီးတားဟာ အန္းဖီးမွာ ေမွ်ာ္မွန္းထားသေလာက္ လုပ္ျပႏိုင္ခဲ့ျခင္းမရွိဘဲ ယခုေႏြရာသီမွာ လီဗာပူးလ္အသင္းကို စြန႔္ခြာဖို႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ အေျပာင္းအေ႐ႊ႕ေဈးကြက္ အေစာပိုင္းမွာ နာဘီ ကီးတားကို ပီအက္စ္ဂ်ီအသင္းက ေခၚယူဖို႔ စိတ္ဝင္စားေနခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ စိတ္ဝင္စားမႈ ေအးစက္သြားခဲ့ၿပီျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက အသက္ ၂၇ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ အသင္းမွာ ဆက္ေနဖို႔ စာခ်ဳပ္သစ္ကိစၥ ေျပာဆိုေဆြးေႏြးေနခဲ့တာ ျဖစ္ပါတ္ယ။

ဒါေပမယ့္လည္း လီဗာပူးလ္အသင္းဟာ နီကိုလို ဘာရယ္လာအတြက္ ကစားသမားအလိုက္ေပးကမ္းလွမ္းမႈကို စိတ္ဝင္စားတယ္ဆိုရင္ ကီးတားကို အလိုက္အျဖစ္ ထည့္သြင္းသြားမွာျဖစ္ၿပီး အီတလီကြင္းလယ္ကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ ဥေရာပရဲ႕ထိပ္တန္းကြင္းလယ္ကစားသမားေတြထဲက တစ္ဦးဆိုတာ သက္ေသျပသခဲ့သူျဖစ္ပါတယ္။

ဘာရယ္လာကို ေခၚယူလိုက္ျခင္းက သက္ႀကီးကစားသမားေတြမ်ားေနတဲ့ လီဗာပူးလ္ကြင္းလယ္အတြက္ ေသြးသစ္ေလာင္းမႈျဖစ္လာမွာျဖစ္ၿပီး အင္တာမီလန္အေနနဲ႔ အီတလီကြင္းလယ္ၾကယ္ပြင့္ကို ေရာင္းထုတ္ခ်င္တယ္ဆိုရင္ ေပါင္သန္း ၇၀ ထက္ပိုၿပီး လိုခ်င္မွာျဖစ္ပါတယ္။

အဲဒါေၾကာင့္ လီဗာပူးလ္အသင္းအေနနဲ႔ နာဘီ ကီးတားထက္ ပိုၿပီး တန္ဖိုးျမင့္မားတဲ့ ကစားသမားကို အလိုက္ေပးဖို႔ စဥ္းစားရမွာျဖစ္ၿပီး အင္တာမီလန္အသင္းကေတာ့ ကစားသမားအလဲအထပ္ထက္စာရင္ ေငြေၾကးပိုမို လိုခ်င္ေနဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.