La Liga Premier League Transfer News

မန်ချက်စတာယူနိုက်တက်ရဲ့အနာဂတ်ကို လုယူဖို့ စောင့်ကြည့်နေတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်အသင်းဟာ မန်ချက်စတာယူနိုက်တက် အနာဂတ် ကြယ်ပွင့်လောင်း အလက်ဟန်းဒရိုး ဂါနာချိုရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Defensa Central ရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အာဂျင်တီးနား လူငယ်ပါရမီရှင် ဂါနာချိုကို အနီးကပ် စောင့်ကြည့်နေတယ်လို့ သိရပြီး အသက် ၁၇ နှစ်အရွယ် ကစားသမားဟာ ၂၀၂၃ ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ မက်ဒရစ်မြို့မှာ မွေးဖွားခဲ့တဲ့ ဂါနာချိုဟာ ၎င်းရဲ့ လူငယ်ကစားသမားဘဝအစောပိုင်းကာလတွေကို ရီးရဲလ်မက်ဒရစ်ရဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းမှာ ကုန်ဆုံးခဲ့တာဖြစ်ပါတယ်။

ဂါနာချိုဟာ မန်ချက်စတာယူနိုက်တက် ယူ-၁၈ အသင်းအတွက် ၃၁ ပွဲ ပါဝင်ကစားပေးခဲ့ပြီး သွင်းဂိုး ၁၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လူငယ်တောင်ပံကစားသမားဟာ ၂၀၂၀ နွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းမှာ လူငယ်အဆင့် တစ်ဆင့်ချင်းစီ လျင်လျင်မြန်မြန်ပဲ တက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၁၇ နှစ်အရွယ် အာဂျင်တီးနားတောင်ပံကစားသမားဟာ ၂၀၂၁-၂၀၂၂ ရာသီ လူငယ်အက်ဖ်အေဖလား အောင်ပွဲမှာ အရေးကြီးတဲ့အခန်းကဏ္ဍနေ ပါဝင်ကစားပေးခဲ့ပြီး ဗိုလ်လုပွဲမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂါနာချိုဟာ မန်ချက်စတာယူနိုက်တက် ယူ-၂၃ အသင်းထဲမှာလည်း ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၁၂ ပွဲ ကစားပေးခဲ့ရာမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂါနာချိုဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ယာယီနည်းပြ ရာ့လ်ဖ် ရန်းနစ်ခ်ရဲ့ စီနီယာကစားသမားဘဝ ပွဲဦးထွက်ခွင့်ပေးခြင်းခံခဲ့ရပြီး အာဂျင်တီးနားလူငယ်တောင်ပံကစားသမားဟာ မန်ချက်စတာယူနိုက်တက် ပထမအသင်းအတွက် ၂ ပွဲ ပါဝင်ကစားပေးထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ ကြယ်ပွင့်လောင်းလေးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဂါနာချိုကို မန်ချက်စတာယူနိုက်တက်အသင်းက လာမယ့်ရာသီ နည်းပြသစ် တန်ဟက်ဂ်လက်အောက်မှာ ပထမအသင်းအတွက် ပိုမိုကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားခွင့်ပေးသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အဲဒီလို မလုပ်ခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂါနာချိုရဲ့ စာချုပ်အခြေအနေကို ဖြေရှင်းဖို့ လိုအပ်နေပြီး အသက် ၁၇ နှစ်အရွယ် တောင်ပံကစားသမားဟာ အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဂါနာချိုရဲ့ စာချုပ်အခြေအနေကြောင့် ဥရောပတလွှားက အသင်းပေါင်းများစွာရဲ့ အာရုံစိုက်ခြင်းခံနေရပြီး ဂျူဗင်တပ်အသင်းဟာ ၂၀၂၃ ခုနှစ်မှာ ဘော့စ်မန် အပြောင်းအရွှေ့ ပြုလုပ်သွားဖို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သလို ရီးရဲလ်မက်ဒရစ်ကလည်း အာဂျင်တီးနားလူငယ်ကြယ်ပွင့်ကို ခေါ်ယူမယ့်ပြိုင်ပွဲထဲကို ဝင်ရောက်လာပြီလို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတွေမှာ လူငယ်အသင်းကို အင်အားတိုးမြှင့်ဖို့ စိတ်ဝင်စားကြောင်း ပြသခဲ့ပြီး အသင်းအတွင်းက လူငယ်ကစားသမားတွေနဲ့ အနာဂတ်ကို တည်ဆောက်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဥရောပနဲ့ စပိန်လာလီဂါချန်ပီယံတွေဟာ အလားအလာရှိတဲ့ လူငယ်ကစားသမားအများအပြားကို ခေါ်ယူခဲ့ပြီး နိုဝယ်လ် လိုပက်ဇ်ဟာ နောက်ဆုံး ခေါ်ယူထားတဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိမှာတော့ ဂါနာချိုကို စောင့်ကြည့်နေပြီး မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုဘူးဆိုရင် အရခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဂါနာချိုဟာ နိုင်ငံတကာအဆင့်မှာ အာဂျင်တီးနားကို ကိုယ်စားပြုကစားပေးနေတာတောင်မှပဲ စပိန်မှာ မွေးဖွားခဲ့တာကြောင့် ဥရောပအပြင်ဘက်က ကစားသမားအဖြစ် ထည့်တွက်ခြင်း မခံရတာကြောင့် လာလီဂါထိပ်သီးအသင်းကြီးအတွက် မန်ချက်စတာယူနိုက်တက်လူငယ်ကြယ်ပွင့်ကို စီနီယာအသင်းထဲ ချက်ချင်းတန်းထည့်ဖို့ အခက်အခဲမရှိတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ဂါနာချိုကို ကာလရှည် စာချုပ်သစ် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေသလို ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့လို အသင်းကြီးတွေကလည်း ခေါ်ယူချင်နေတာကြောင့် အာဂျင်တီးနားတောင်ပံကစားသမားအနေနဲ့ စာချုပ်သစ် မချုပ်ဆိုခဲ့ရင် ရွေးချယ်စရာတွေ ရှိနေမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:ရီးရဲလ္မက္ဒရစ္အသင္းဟာ မန္ခ်က္စတာယူႏိုက္တက္ အနာဂတ္ ၾကယ္ပြင့္ေလာင္း အလက္ဟန္းဒ႐ိုး ဂါနာခ်ိဳရဲ႕ အေျခအေနကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။

Defensa Central ရဲ႕ ေဖာ္ျပခ်က္အရ ရီးရဲလ္မက္ဒရစ္အသင္းဟာ အာဂ်င္တီးနား လူငယ္ပါရမီရွင္ ဂါနာခ်ိဳကို အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔ သိရၿပီး အသက္ ၁၇ ႏွစ္အ႐ြယ္ ကစားသမားဟာ ၂၀၂၃ ခုႏွစ္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ပါတယ္။ မက္ဒရစ္ၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ဂါနာခ်ိဳဟာ ၎ရဲ႕ လူငယ္ကစားသမားဘဝအေစာပိုင္းကာလေတြကို ရီးရဲလ္မက္ဒရစ္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ အက္သလက္တီကို မက္ဒရစ္အသင္းမွာ ကုန္ဆုံးခဲ့တာျဖစ္ပါတယ္။

ဂါနာခ်ိဳဟာ မန္ခ်က္စတာယူႏိုက္တက္ ယူ-၁၈ အသင္းအတြက္ ၃၁ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး သြင္းဂိုး ၁၆ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၈ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ လူငယ္ေတာင္ပံကစားသမားဟာ ၂၀၂၀ ေႏြရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေခၚယူျခင္းခံခဲ့ရတာျဖစ္ၿပီး ပရီးမီးယားလိဂ္အသင္းမွာ လူငယ္အဆင့္ တစ္ဆင့္ခ်င္းစီ လ်င္လ်င္ျမန္ျမန္ပဲ တက္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၁၇ ႏွစ္အ႐ြယ္ အာဂ်င္တီးနားေတာင္ပံကစားသမားဟာ ၂၀၂၁-၂၀၂၂ ရာသီ လူငယ္အက္ဖ္ေအဖလား ေအာင္ပြဲမွာ အေရးႀကီးတဲ့အခန္းက႑ေန ပါဝင္ကစားေပးခဲ့ၿပီး ဗိုလ္လုပြဲမွာ ၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂါနာခ်ိဳဟာ မန္ခ်က္စတာယူႏိုက္တက္ ယူ-၂၃ အသင္းထဲမွာလည္း ပါဝင္ကစားခြင့္ရရွိခဲ့ၿပီး ၁၂ ပြဲ ကစားေပးခဲ့ရာမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဂါနာခ်ိဳဟာ ၿပီးခဲ့တဲ့ရာသီကုန္ခါနီးမွာ ယာယီနည္းျပ ရာ့လ္ဖ္ ရန္းနစ္ခ္ရဲ႕ စီနီယာကစားသမားဘဝ ပြဲဦးထြက္ခြင့္ေပးျခင္းခံခဲ့ရၿပီး အာဂ်င္တီးနားလူငယ္ေတာင္ပံကစားသမားဟာ မန္ခ်က္စတာယူႏိုက္တက္ ပထမအသင္းအတြက္ ၂ ပြဲ ပါဝင္ကစားေပးထားတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြမွာ လူငယ္အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ ၾကယ္ပြင့္ေလာင္းေလးေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရတဲ့ ဂါနာခ်ိဳကို မန္ခ်က္စတာယူႏိုက္တက္အသင္းက လာမယ့္ရာသီ နည္းျပသစ္ တန္ဟက္ဂ္လက္ေအာက္မွာ ပထမအသင္းအတြက္ ပိုမိုႀကီးမားတဲ့အခန္းက႑ကေန ပါဝင္ကစားခြင့္ေပးသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း အဲဒီလို မလုပ္ခင္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဂါနာခ်ိဳရဲ႕ စာခ်ဳပ္အေျခအေနကို ေျဖရွင္းဖို႔ လိုအပ္ေနၿပီး အသက္ ၁၇ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္ထဲကို ေရာက္ရွိေနတာျဖစ္ပါတယ္။

ဂါနာခ်ိဳရဲ႕ စာခ်ဳပ္အေျခအေနေၾကာင့္ ဥေရာပတလႊားက အသင္းေပါင္းမ်ားစြာရဲ႕ အာ႐ုံစိုက္ျခင္းခံေနရၿပီး ဂ်ဴဗင္တပ္အသင္းဟာ ၂၀၂၃ ခုႏွစ္မွာ ေဘာ့စ္မန္ အေျပာင္းအေ႐ႊ႕ ျပဳလုပ္သြားဖို႔ ႀကိဳတင္ျပင္ဆင္ထားၿပီးျဖစ္သလို ရီးရဲလ္မက္ဒရစ္ကလည္း အာဂ်င္တီးနားလူငယ္ၾကယ္ပြင့္ကို ေခၚယူမယ့္ၿပိဳင္ပြဲထဲကို ဝင္ေရာက္လာၿပီလို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းဟာ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ကာလေတြမွာ လူငယ္အသင္းကို အင္အားတိုးျမႇင့္ဖို႔ စိတ္ဝင္စားေၾကာင္း ျပသခဲ့ၿပီး အသင္းအတြင္းက လူငယ္ကစားသမားေတြနဲ႔ အနာဂတ္ကို တည္ေဆာက္ဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ ဥေရာပနဲ႔ စပိန္လာလီဂါခ်န္ပီယံေတြဟာ အလားအလာရွိတဲ့ လူငယ္ကစားသမားအမ်ားအျပားကို ေခၚယူခဲ့ၿပီး ႏိုဝယ္လ္ လိုပက္ဇ္ဟာ ေနာက္ဆုံး ေခၚယူထားတဲ့ လူငယ္ၾကယ္ပြင့္ကစားသမား ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ လက္ရွိမွာေတာ့ ဂါနာခ်ိဳကို ေစာင့္ၾကည့္ေနၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုဘူးဆိုရင္ အရေခၚယူသြားဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ဂါနာခ်ိဳဟာ ႏိုင္ငံတကာအဆင့္မွာ အာဂ်င္တီးနားကို ကိုယ္စားျပဳကစားေပးေနတာေတာင္မွပဲ စပိန္မွာ ေမြးဖြားခဲ့တာေၾကာင့္ ဥေရာပအျပင္ဘက္က ကစားသမားအျဖစ္ ထည့္တြက္ျခင္း မခံရတာေၾကာင့္ လာလီဂါထိပ္သီးအသင္းႀကီးအတြက္ မန္ခ်က္စတာယူႏိုက္တက္လူငယ္ၾကယ္ပြင့္ကို စီနီယာအသင္းထဲ ခ်က္ခ်င္းတန္းထည့္ဖို႔ အခက္အခဲမရွိတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းက ဂါနာခ်ိဳကို ကာလရွည္ စာခ်ဳပ္သစ္ ကမ္းလွမ္းသြားဖို႔ ျပင္ဆင္ေနသလို ဂ်ဴဗင္တပ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔လို အသင္းႀကီးေတြကလည္း ေခၚယူခ်င္ေနတာေၾကာင့္ အာဂ်င္တီးနားေတာင္ပံကစားသမားအေနနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ဆိုခဲ့ရင္ ေ႐ြးခ်ယ္စရာေတြ ရွိေနမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.